Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ထားဝယ်ခရိုင်အတွင်းရှိ စစ်အုပ်စုဝင်တွေ ပြည်သူ့ရင်ခွင် ဝင်ကြဖို့ PDF တိုက်တွန်း

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်းရှိ စစ်သား၊ ရဲနဲ့ ပြည်သူ့စစ် အဖွဲ့ဝင်တွေ ပြည်သူ့ရင်ခွင် ဝင်ကြဖို့ ထားဝယ် ခရိုင် PDF တပ်ရင်း (၂)ခုက တိုက်တွန်းလိုက်ပါတယ်။


ထားဝယ်ခရိုင်အတွင်းရှိ စစ်အုပ်စုဝင်တွေအနေနဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ ရဲရဲဝံ့ဝံ့ပူးပေါင်းကာ အလင်းဝင်ကြဖို့နဲ့ အလင်းဝင်လာသူတွေကို နှိပ်စက်ညှင်းပန်းခြင်း၊ အသက်အန္တရာယ်ပြုခြင်း လုံးဝမလုပ်ဘဲ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ချိတ်ဆက်ကာ လိုအပ်တဲ့ ကူညီပံ့ပိုးမှုတွေကို အပြည့်အဝ ဆောင်ရွက်ပေးသွားမယ်လို့ ထားဝယ်ခရိုင် PDF တပ်ရင်း(၁)နဲ့ (၂)တို့က ဒီနေ့မနက်ပိုင်းမှာ ပူးတွဲသတင်း ထုတ်ပြန်ပါတယ်။


လက်နက်နဲ့ လာရောက်ပူးပေါင်းမယ့် သူတွေအတွက် ထိုက်တန်တဲ့ ဆုကြေးတွေ ရရှိစေဖို့  အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနနဲ့  ချိတ်ဆက်ဆောင်ရွက် ပေးသွားမယ်လို့ လည်း ဆိုပါတယ်။


နွေဦးတော်လှန်ရေး (၂) နှစ်ကျော်ကာလအတွင်း အမျိုးသားညီညွတ်ရေးအစိုးရဟာ ပြည်သူ့ရင်ခွင် ခိုလှုံရေး အစီအစဉ် အကောင်အထည်ဖော်မှု ကော်မတီကို ဖွဲ့စည်းကာ အကြမ်းဖက်စစ်အုပ်စု လက်အောက်ကနေ ရုန်းထွက်ပြီး ပြည်သူနဲ့ ပူးပေါင်းခဲ့တဲ့ တပ်မတော်အရာရှိ၊ စစ်သည်တွေနဲ့ ရဲတပ်ဖွဲ့ဝင် ဦးရေ တစ်သောင်း လေးထောင်ကျော်ကို ကူညီပံ့ပိုးခဲ့ကြောင်းလည်း ဆိုပါတယ်။


ထားဝယ်ခရိုင်အတွင်း ပြည်သူ့ရင်ခွင် ဝင်လိုပါက ထားဝယ်ခရိုင်အမှတ် (၁)တပ်ရင်း - (+959 888 224 627)နဲ့ ထားဝယ်ခရိုင်အမှတ် (၂) တပ်ရင်း - (+959 774 546 517) Telegram နံပါတ်တွေဆီ ဆက်သွယ်နိုင်ကြောင်းလည်း ဆိုပါတယ်။


~~~~~~~~~~ 

ကိုငြိမ်း

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။