Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ထားဝယ် အရှေ့တောမှာ ကျေးရွာတွေထဲကို အကြမ်းဖက် စစ်ကောင်စီ လက်နက်ကြီးနဲ့ ပစ်၊ ရဟတ်ယာဉ်နဲ့  ဗုံးကြဲ၊ တောင်သုံးလုံးရွာ ဓမ္မရသရိပ်သာကျောင်းဆောင် ထိခိုက်ပျက်စီး

ထားဝယ် အရှေ့တောဒေသ တောင်သုံးလုံးရွာနဲ့ ရွှေချောင်းရွာတွေမှာ အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းနဲ့ KNLA/PDF ပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။

 

ကျောက်မဲတောင်ရွာဘက်မှာ ရှိတဲ့ စခန်းကနေ မေတ္တာ ဗျူဟာစခန်းနဲ့ ပူးပေါင်းဖို့ လာတဲ့ အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းနဲ့ KNLA/PDF ပူးပေါင်းတပ်တွေ ဖေဖော်ဝါရီလ ၂၅ ရက် ညနေ ၃ နာရီဝန်းကျင်ကစပြီး ထိတွေ့တိုက်ပွဲ ဖြစ်ပွါးခဲ့တာ ဖြစ်ပါတယ်။

 

တိုက်ပွဲ ဆက်လက်ဖြစ်ပွါးနေပြီး ဒီကနေ့ ဖေဖော်ဝါရီ ၂၆ ရက် နေ့လည် ၁၂ နာရီ ဝန်းကျင်မှာတော့ အကြမ်းဖက် စစ်ကောင်စီဘက်က ရဟတ်ယာဉ် တစ်စီးနဲ့ ဗုံးနှစ်လုံး လာကြဲသွားပေမယ့် တော်လှန်ရေး ပူးပေါင်းတပ်တွေ ထိခိုက်မှု မရှိခဲ့ဘူးလို့ Dawei Watch သတင်းမှာ ဖော်ပြပါတယ်။

 

ရွှေချောင်းရွာ ဘုန်းကြီးကျောင်းနားက ချုံထဲမှာ အကြမ်းဖက် စစ်ကောင်စီ စစ်သား အလောင်းတစ်လောင်း တွေ့ရပြီး ကျည်ဆန်အချို့လည်း ရရှိတယ်လို့ တိုက်ပွဲမှာ ပါဝင်တဲ့ PDF ရဲဘော်တစ်ဦးက ပြောပါတယ်။

 

“မနေ့က မေတ္တာဗျူဟာ စခန်းဘက်ကနေ ပစ်လိုက်တဲ့ လက်နက်ကြီး ကျည်ကျလို့ တောင်သုံးလုံးရွာ ဓမ္မရသရိပ်သာကျောင်းက ကျောင်းဆောင်တစ်ဆောင် ပျက်စီးသွားတယ်။ လူထိခိုက်မိတယ်တော့ မကြားဘူး”လို့ မြေပြင်ရှိ စစ်သတင်းရင်းမြစ်တစ်ခုက ပြောပါတယ်။ 

 

“တောင်သုံးလုံးရွာနဲ့ ရွှေချောင်းရွာတွေ ဘက်ကိုလည်း လက်နက်ကြီးကျည်တွေ ကျတယ်၊ အဆောက်အအုံတွေ မီးလောင် ပျက်စီးတာတွေ ရှိတယ်၊ အဲ့ရွာတွေမှာ လူတွေ မနေရဲတော့လို့ လူတွေကတော့ ထိခိုက်တယ် မကြားဘူး”လို့ ၎င်းက ဆက်ပြောပြပါတယ်။ 

 

မေတ္တာဗျူဟာစခန်းဘက်ကို လူနဲ့ ရိက္ခာတွေ ပို့ဆောင်ဖို့ လာတဲ့ အကြမ်းဖက် စစ်ကောင်စီ ယာဉ်တန်းကို KNLA နဲ့ PDF ပူးပေါင်းတပ်တွေက ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ စတင်ပြီး ကြားဖြတ် တိုက်ခိုက်ခဲ့ရာကနေ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွါးနေတာ ဖြစ်ပါတယ်။ 


ဓာတ်ပုံ - ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ပျက်စီးသွားတဲ့ တောင်သုံးလုံးရွာ ဓမ္မရသရိပ်သာကျောင်း (Dawei Watch)

~~~~

နောင်ဘို

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။