စစ်အုပ်စုဝင်တွေဟာ လွိုင်ကော်ထောင်ကို ခံတပ်သဖွယ် အသုံးပြုကာ အကျဉ်းသားတွေ အပေါ် ဖိနှိပ်နေ ကြောင်း Political Prisoners Network –Myanmar က သတင်းထုတ်ပြန်ပါတယ်။
ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အတွင်း ကရင်နီတော်လှန်ရေး တပ်ဖွဲ့တွေနဲ့ စစ်တပ် လက်အောက်ခံ တပ်တွေကြား နှစ်ဘက်တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး လွိုင်ကော်မြို့တွင်း တိုက်ပွဲတွေကြောင့် ပိတ်မိ နေတဲ့ပြည်သူများစွာထဲမှာ လွိုင်ကော်အကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူများ အပါအဝင် စုစုပေါင်းအကျဉ်းသား (၅၀၀)ကျော်လည်း ပါဝင်နေကြောင်း အကြမ်းဖက်စစ်တပ်က အကျဉ်းသားတွေကို လူသားတံတိုင်းသဖွယ် အသုံးချနိုင်ခြေရှိကြောင်း ဆိုပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်နဲ့ ကရင်နီနိုင်ငံရေး အကျဉ်းသား များ အစည်းအရုံးတို့ ကနဦးစုံစမ်းရရှိထားတဲ့ လွိုင်ကော် ထောင်တွင်းအခြေအနေမှာ အလွန်ဆိုးရွားလျက်ရှိပြီး အစားအသောက်နဲ့ ဆေးဝါးတွေ အရေးတကြီး လိုအပ်နေကြောင်း သိရပါတယ်။
လိုအပ်လာပါက လွိုင်ကော်ထောင်တွင်းသို့ အကူအညီတွေ ချက်ချင်းပေးနိုင်ဖို့ မိတ်ဖက် အဖွဲ့တွေနဲ့အတူ ကြိုတင်ပြင်ဆင်ထားကြောင်းလည်း Political Prisoners Network –Myanmar က ဆိုပါတယ်။
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ အစောပိုင်း ကာလတိုက်ပွဲများ ဖြစ်ပွားခဲ့ချိန်မှာလည်း လွိုင်ကော် ထောင်တွင်းမှာ ဆေးဝါးနဲ့ စားနပ်ရိက္ခာ ပြတ်တောက်မှုကြောင့် စားသောက်ရေးခက်ခဲမှုနဲ့အတူ ကျန်းမာရေးထိခိုက်မှုတို့ခံစားခဲ့ရကြောင်း သိရပါတယ်။
~~~~~~~~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။