Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

လွိုင်ကော် ခလရ-၅၄ တပ်ရင်းထဲက လက်နက်တိုက်ကို ဒရုန်းနဲ့ မီးလောင်တိုက်သွင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ အခြေစိုက် ခလရ-၅၄ တပ်ရင်းထဲက လက်နက်တိုက်ကို တပ်တွင်း သတင်းပေးမှုအရ ဒရုန်းနဲ့ မီးလောင်တိုက်သွင်းခဲ့ကြောင်း လွိုင်ကော် PDF က ရုပ်သံဖိုင်နဲ့ တကွ သတင်းထုတ်ပြန်ပါတယ်။


၁၁.၁၁ စစ်ဆင်ရေး (၂၁)ရက်မြောက်မှာ လွိုင်ကော်မြို့က အကြမ်းဖက်စစ်တပ် တပ်စွဲထားတဲ့နေရာတွေ နဲ့ ခလရ-၅၄ တပ်ဝန်းထဲက လက်နက်ခဲယမ်းတိုက်ကို ဖျက်ဆီးနိုင်ခဲ့ကြောင်း လွိုင်ကော် PDF က ယမန်နေ့ ညက ထုတ်ပြန်ပါတယ်။


ဒရုန်းနဲ့ ဗုံးသီးပစ်ချပြီးနောက် ဗုံးသီးပေါက်ကွဲတဲ့ ပမာဏထက်များစွာ ကျော်လွန်ကာ ပေါက်ကွဲမှုအကြီး စားတစ်ခု ဖြစ်ပြီး မီးခိုးလုံးတွေ အလုံးလိုက်ထွက်ပေါ်လာတာကို ရုပ်သံဖိုင်မှာ မြင်ရပါတယ်။


အကြမ်းဖက်စစ်တပ်ရဲ့  ပစ်ခတ်မှုကြောင့် အရပ်သားတွေ ထိခိုက်လျက်ရှိနေတာကြောင့် ပြည်သူတွေအနေနဲ့  လွိုင်ကော်မြို့သို့ ပြန်လည်ဝင်ရောက်ခြင်း မပြုကြသေးဖို့ လွိုင်ကော် PDF က မေတ္တာရပ်ခံထားပါတယ်။


1111 Operartion စတင်ချိန်ကနေ ဒီနေ့အထိ မဟာမိတ်တပ်ပေါင်းစုနဲ့အတူ ဦးလည်မသုန် ပါဝင်နေပြီး အကြမ်းဖက်စစ်တပ် ကရင်နီဒေသမှာ  အမြစ်ပြတ်ရေးကို မြေပြင်ရော ဝေဟင်မှာပါ အဆက်မပြတ် တိုက်ပွဲဝင်လျက်ရှိကြောင်းလည်း ဆိုပါတယ်။


အဲဒီတိုက်ခိုက်မှုကို Loikaw PDF နဲ့ Falcon Wings တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါတယ်။


~~~~~ 

ကိုငြိမ်း

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။