ခရမ်းပြည်သူတွေအနေနဲ့ မြို့ပြပြောက်ကျားစစ်ဆင်ရေးတွေကို နည်းလမ်းမျိုးစုံနဲ့ အားပေးကူညီကြဖို့ ခရမ်း PDF က မေတ္တာရပ်ခံလိုက်ပါတယ်။
နိုဝင်ဘာ (၃၀)ရက်၊ မနက်ပိုင်းက ခရမ်းမြို့မရဲစခန်း၊ ရေကျော်ဘုန်းကြီးကျောင်း အခြေစိုက်စစ်တပ်စခန်းနဲ့ ဆည်မြောင်းစစ်ဆေးရေးဂိတ်တို့ကို ခရမ်း PDF က တိုက်ခိုက်ပြီးနောက် အဲဒီလို ထုတ်ပြန်လိုက်ခြင်း ဖြစ်ပါတယ်။
“ခရမ်း PDF ပြန်လာပြီပေါ့ဗျာ။ ခရမ်းက စခ တွေ မနေ့က အတိုက်ခံရပြီးတော့ ပြာခါနေတယ်။ အရင် အတွေ့အကြုံတွေအရ စခ တွေ တော်တော်အထိနာခဲ့တော့ ကြောက်နေကြပြီ” လို့ ခရမ်းမြို့ခံတစ်ဦး က ပြောပါတယ်။
ပြည်သူတွေအနေနဲ့ စစ်တပ် သတင်းအချက်အလက်စုဆောင်းပေးခြင်း၊ စစ်ဆင်ရေး သတင်းအချက်အလက်တွေကို လျှို့ဝှက်ပေးခြင်း ၊ ပြည်သူ့ရဲဘော်တွေ စစ်ဆင်ရေး လုပ်ဆောင်နေစဉ်အတွင်း အနှောက် အယှက်မပေးခြင်းတို့နဲ့ ပူးပေါင်းပါဝင်ကြဖို့ လည်းခရမ်း PDF က တိုက်တွန်းထားပါတယ်။
အခုအချိန်ဟာ တိုက်ပွဲတွေ အချိန်မရွေး၊ နေရာမရွေး ဖြစ်ပွားနိုင်တာကြောင့် ပြည်သူတွေ အသွားအလာ ဂရုစိုက်ကြဖို့လည်း ခရမ်း PDF ကဆိုပါတယ်။
~~~~~~~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။