ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းနဲ့ သုံးခွမြို့တို့က စစ်ရေးပစ်မှတ် (၄)နေရာကို ပြင်းအားမြင့် ဗုံးနဲ့ ၄၀(မမ) ဗုံးသီးတို့နဲ့ ဒီနေ့မနက်ပိုင်းမှာ တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
ဒီနေ့ နိုဝင်ဘာ (၃၀)ရက်၊ မနက် (၄)နာရီခွဲလောက်မှာ ခရမ်းမြို့မရဲစခန်းနဲ့ ရေကျော်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်တပ်ကို ပြင်းအားမြင့် ဗုံးသီးတွေနဲ့ တိုက်ခိုက်ခဲ့ပြီး ဆည်မြောင်း(ကျုံမရေ) စစ်ဆေးရေးဂိတ်ကို ၄၀ (မမ) ဗုံးသီးနဲ့ တိုက်ခိုက်ခဲ့ကြောင်း၊ မနက် (၄)နာရီ (၄၅)မိနစ်လောက် မှာလည်း သုံးခွမြို့မရဲစခန်းကို ၄၀(မမ)ဗုံးသီး၃လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ခရမ်းချန် နယ်က ထုတ်ပြန်ပါတယ်။
သုံးခွ မြို့မရဲစခန်းတိုက်ခိုက်မှုကို သုံးခွ ပကဖ နဲ့ ခရမ်း PDF တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။
“ခရမ်း PDF ပြန်လာပြီပေါ့ဗျာ။ ဒီနေ့ ခရမ်းရော သုံးခွရော စစ်သားတွေ ခြေရှုပ်နေတယ်။ ခရမ်းမှာ တိုက်ပွဲ မဖော်တာ ၄-၅ လလောက်ရှိပြီ။ အခု စစ်ဆင်ရေးတွေနဲ့အတူ ခရမ်းတင်မကဘူး။ သုံးခွမှာပါ ပြန်စပြီပေါ့” လို့ ခရမ်းမြို့ခံတစ်ဦးက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုတွေကြောင့် စစ်သားနဲ့ရဲတွေ သေဆုံးထိခိုက် ရှိနိုင်ပြီး အသေးစိတ်ကို အတည်ပြုနိုင် ခြင်း မရှိသေးဘူးလို့ ခရမ်းချန်နယ်က ဆိုပါတယ်။
တိုက်ခိုက်မှုတွေ အပြီး PDF ရဲဘော်တွေ အထိအခိုက်မရှိ အောင်မြင်စွာပြန်လည် ဆုတ်ခွာလာခဲ့ကြောင်း သိရပါတယ်။
~~~~~~~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။