မန္တလေးမြို့မှာ ရွှေတောင်ပံစစ်ဆင်ရေးကို ဒီနေ့ စတင်လိုက်ပြီဖြစ်ကြောင်း သိရပါတယ်။
ရွှေတောင်ပံ ရဲဘော်တွေဟာ မန္တလေးမြို့ရဲ့ မြို့နယ်တွေထဲ စိမ့်ဝင်ရောက်ရှိနေပြီဖြစ်ပြီး ဒီနေ့ နိုဝင်ဘာ (၂၈)ရက်မှာ မန္တလေးမြို့နယ် (၃)ခုအတွင်း တစ်ပြိုင်တည်း ဖောက်ခွဲခဲ့ကြောင်း အောင်စည်တော်ရဲ့ ရွှေ တောင်ပံစစ်ဆင်ရေးက ထုတ်ပြန်ပါတယ်။
၁၀၂၇ စစ်ဆင်ရေးနဲ့အတူ တော်လှန်ရေးမှာ ပူးပေါင်းပါဝင်တဲ့ ပထမဆုံး စစ်ဆင်ရေးအဖွင့် အဖြစ် ဒီနေ့ စတင်လိုက်ခြင်းလို့လည်း ဆိုပါတယ်။
ဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့ မြို့နယ် (၃)ခုအမည်နဲ့ အသေးစိတ် အချက်အလက်တွေကို ထုတ်ပြန်ထားခြင်းတော့ မရှိပါဘူး။
ဒီနေ့မနက် (၆)နာရီလောက်က မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ရတနာဂူအနီးနဲ့ ၈၄လမ်း ကန်တော်ကြီးအနီးမှာ ပေါက်ကွဲသံကြားခဲ့ရပြီး မနက် (၇)နာရီလောက်မှာလည်း ပြည်ကြီးတံခွန်မြို့နယ်၊ ၁၁၅လမ်း၊ ၆၁လမ်း ၆၂ လမ်းအနီး ပေါက်ကွဲသံတစ်ချက်ကြားကာ နောက်ဆက်တွဲ ပစ်ခတ်သံ (၂)ချက် ကြားရကြောင်း MDY Revolution က ထုတ်ပြန်ထားကာ ဖြစ်စဉ်အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
ပြည်သူတွေ မျှော်လင့် စောင့်စားနေခဲ့တဲ့ မြို့သိမ်းတိုက်ပွဲအတွက် အထောက်အကူဖြစ်စေမယ့် စစ်ရေးတိုက်ခိုက်မှုတွေကို အချိန်အခါကောင်းကောင်းမှာ သတိကြီးကြီးနဲ့ အရှိန်အဟုန်မြှင့် လုပ်ဆောင်သွားမယ်လို့လည်း ရွှေတောင်ပံစစ်ဆင်ရေးက ထုတ်ပြန်ထားပါတယ်။
~~~~~~~~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။