မန္တလေးတိုင်း၊ နွားထိုးကြီးမြို့မရဲစခန်းကို (၂_ရက်ဆက်တိုက် ဗုံးကြဲခဲ့ရာ ရဲ (၅)ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။
စက်တင်ဘာ (၃၀)ရက်၊ မနက် (၁၀)နာရီလောက်က နွားထိုးကြီးမြို့မရဲစခန်းကို ဒရုန်းနဲ့ ဗုံး (၁)လုံး ကြဲချခဲ့ရာ ရဲ (၂)ဦး သေဆုံးပြီး စက်တင်ဘာ (၂၉)ရက်၊ ည (၉)နာရီလောက်က ဗုံး (၂)လုံးကြဲခဲ့ရာ ရဲ (၃)ဦး သေဆုံးကာ ဒဏ်ရာရသူတွေလည်း ရှိကြောင်း Natogyi People Defence Force မြင်းခြံခရိုင် အမှတ်(၄) ကသတင်းထုတ်ပြန်ပါတယ်။
“သေတဲ့အရေအတွက်က ခိုင်မာမှုရှိတယ်။ ဖြစ်ဖြစ်ချင်း အရေးပေါ်ကုဖို့ကျတော့ နွားထိုးကြီးဆေးရုံပဲ ခဏတင်တယ်။ စခ တွေက အရပ်ဘက်ဆေးရုံတွေကျတော့ သတင်းပေါက်မှာစိုးတာရော ဆေးရုံတွေမှာ ကုပေးမယ့်ဆရာဝန်တွေ အင်အား နည်းတာကြောင့်ရောပေါ့။ ကျနော်တို့ဘက်တစ်ကြောက ထိတာတွေကို မိတ္ထီလာစစ်ဆေးရုံ ပို့လိုက်တာ များတယ်” လို့ မြင်းခြံခရိုင် ပကဖခေါင်းဆောင်တစ်ဦးက ပြောပါတယ်။
စက်တင်ဘာ (၂၉)ရက်ညက စစ်သားတွေတပ်စွဲထားတဲ့ နွားထိုးကြီးမြို့၊ ဆောက်လုပ်ရေး ရုံးဝန်းထဲကိုလည်း ဗုံး (၁)လုံးကြဲချခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
အဲဒီတိုက်ခိုက်မှုတွေကို Natogyi People Defence Force မြင်းခြံခရိုင်အမှတ်(၄)နဲ့ Natogyi Regional Defence Force မြင်းခြံခရိုင်အမှတ်(၈)တပ်ရင်း တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။
~~~~~~~~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။