တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အတွင်း တစ်ရက်တည်းနဲ့ တိုက်ပွဲ (၃)ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်သား (၅)ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။
စက်တင်ဘာ (၂၈)ရက်၊ မနက် (၇)နာရီလောက်မှာ ပုလောမြို့နယ်၊ (၆)မိုင်အနီး ကင်းပုန်းဝပ် နေတဲ့ အကြမ်းဖက်စစ်တပ်နဲ့ မြိတ်ခရိုင်၊ PDF အမှတ်(၁)တပ်ရင်းတို့ ထိတွေ့မှု ဖြစ်ပွားခဲ့ပြီး PDF တွေက ရှေ့ထွက်မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်မှုကြောင့် စစ်သား (၃)ဦး သေဆုံးကာ (၆)ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း တနင်္သာရီစစ်ဒေသခွဲ က သတင်းထုတ်ပြန်ပါတယ်။
စက်တင်ဘာ (၂၈)ရက်၊ မနက် (၇)နာရီခွဲလောက်ကလည်း ပုလောမြို့နယ်၊ နန်းပရုပ်ရွာ၊ ဖားအောက်တောရအနီး ကင်းပုန်းဝပ်နေတဲ့ စစ်တပ်နဲ့ PDF တို့ ထိတွေ့မှုဖြစ်ပွားခဲ့ပြီး စစ်သား (၂)ဦး ထက်မနည်းဒဏ်ရာ ရရှိကာ PDFရဲဘော် (၂)ဦးလည်း မစိုးရိမ်ရဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။
အဲဒီနေ့ မနက် (၈)နာရီ၊ (၁၅)မိနစ်မှာပဲ ပုလောမြို့နယ်၊ မျှစ်ချဉ်စုရွာ စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်သားအင်အား (၃၀)လောက်ကို မြိတ်ခရိုင် PDF အမှတ်(၁)တပ်ရင်းနဲ့ မဟာမိတ်တို့က အလစ်အငိုက် ဝင်တိုက်ခဲ့ရာ စစ်သား (၂)ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။
အထိနာသွားတဲ့ စစ်တပ်ဟာ တစ်နေကုန် လက်နက်ကြီး ရမ်းသမ်းပစ်ခဲ့ကြောင်းလည်း တနင်္သာရီ စစ်ဒေသခွဲက ထုတ်ပြန်ထားပါတယ်။
~~~~~~~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။