Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

တနင်္သာရီမှာ စစ်ကြောင်းထိုးလာတဲ့တပ်ကို PDF စောင့်တိုက်၊ စစ်သား ၅ ဦး ဘဝကူး

တနင်္သာရီမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို ဒေသတွင်းတော်လှန်ရေး အင်အားစုက စောင့်ဆိုင်းတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး သေဆုံးကြောင်း သိရပါတယ်။


နိုဝင်ဘာ ၆ ရက်၊ မွန်းလွဲ ၁၂ နာရီခွဲလောက်က တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း စစ်ကြောင်း(၁)ဟာ သကျက်ကျေးရွာအုပ်စု၊ ကျွဲထိန်းကုန်းရွာနဲ့ ကဏန်းကွင်းရွာကြားမှာ အကြမ်းဖက်စစ်တပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်သား ၄ ဦးလည်း ဒဏ်ရာရခဲ့ကြောင်း People Defense Organization-Tanintharyi Division က သတင်းထုတ်ပြန်ပါတယ်။


အဲဒီတိုက်ပွဲဟာ ၅ နာရီကျော် ကြာခဲ့ပြီး ၆၀ မမ ဗုံးသီး ၇လုံးနဲ့ MA1 ကျည်အိမ် ၁ ခု လည်း သိမ်းဆည်းရရှိခဲ့ပါတယ်။
“စစ်ကြောင်းလာနေတာ သတင်းကြိုရလို့ ဂွင်ကောင်းကောင်းကနေ စောင့်တိုက်ကြတာ။ အဲဒါကြောင့်လည်း အပေါ်စီးကနေ တိုက်နိုင်ခဲ့တယ်။ ကျနော်တို့ဘက်က ထိတာ နည်းနည်းပါးပါးပါ။ လုံးဝမစိုးရိမ်ရဘူး”လို့ မြိတ်ခရိုင်PDFရဲဘော်တစ်ဦးက ပြောပါတယ်။


ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်းနဲ့ အတူ တနင်္သာရီမြို့နယ်အခြေစိုက် ကော်သူးလေအာမီ (KTLA) ကလည်း ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး PDF ရဲဘော် ၃ ဦး မစိုးရိမ်ရ ဒဏ်ရာရခဲ့ပါတယ်။


တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း စစ်ကြောင်း(၁)ကို တနင်္သာရီပကဖ၊မြိတ် ပကဖ နဲ့ မြိတ်ခရိုင် တပ်ရင်း(၂) ၊တပ်ခွဲ(၁) တို့ ပူးပေါင်းဖွဲ့စည်းထားခြင်းဖြစ်ပါတယ်။


တနင်္သာရီမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်းနဲ့ မဟာမိတ်တော်လှန်ရေးအဖွဲ့တွေလက်တွဲကာ စစ်ဆင်ရေးတိုးမြှင့်လုပ်ဆောင်သွားမှာဖြစ်လို့ ခရီးသွားပြည်သူတွေနဲ့ ဒေသခံတွေ စစ်ရေးသတိရှိကြဖို့နဲ့ မဟာမိတ်တော်လှန်ရေးအင်အားစုတွေရဲ့ စစ်ရေးလိုအပ်ချက်အရ ထုတ်ပြန်တာတွေကို လိုက်နာဆောင်ရွက်ပေးကြ ဖို့ People Defense Organization-Tanintharyi Division က ဆိုပါတယ်။
~~~~~

ကိုဦး

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။