တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အတွင်းအကြမ်းဖက် စစ်တပ်ကို မိုင်း ၂ ကြိမ်ဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၂၇ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။
စက်တင်ဘာ (၇)ရက်၊ မနက် ၄ နာရီလောက်က ပုလောအခြေစိုက် ခလရ-၂၈၅ တပ်ရင်းက စစ်သားတွေ တပ်ချိန်းဖို့အတွက် ထားဝယ်မြို့ဘက်သို့ ထွက်ခွာလာစဉ် ပုလောမြို့အလွန် စပူပြင်ရွာအနီးလမ်းပိုင်း တစ်နေရာမှာ မိုင်းဆွဲခဲ့ရာ ၁၀ ဦးကျော်သေဆုံးပြီး ထိခိုက်မှုလည်းများကြောင်း တောကြီးမြွေဟောက်တပ်ဖွဲ့(King Cobra Force)က သတင်းထုတ်ပြန်ပါတယ်။
ဆက်လက်ပြီး ထားဝယ်ဘက်ကနေ တပ်ချိန်းပြီး ပုလောဘက် ပြန်ထွက်လာတဲ့ အကြမ်းဖက် စစ်တပ်ကို မနက် ၇ နာရီကျော်မှာ ဒုတိယအကြိမ်မိုင်းဆွဲခဲ့ရာ ၁၀ ယောက်ကျော် ထပ်မံသေဆုံးခဲ့ကြောင်း ထုတ်ပြန်ပါတယ်။
“သေတဲ့ကောင်တွေကို ကားတစ်စီး။ မသေမရှင်တွေကကို ကားသပ်သပ်နဲ့ စခ တွေ လာသယ်သွားတယ်လို့ သိရတယ်”လို့ ပုလောမြို့ခံတစ်ဦးက ပြောပါတယ်။
အဲဒီမိုင်းဆွဲမှု ၂ ကြိမ်အပြီး PDF ရဲဘော်တွေ အထိအခိုက်မရှိ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ကြောင်း တောကြီးမြွေဟောက်တပ်ဖွဲ့ (King Cobra Force)က ဆိုပါတယ်။
˜˜˜˜
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။