KNU အုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်၊ ဝေါ်လေအခြေစိုက် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီ တပ်မ (၄၄) လက်အောက်ခံ ခမရ-၅၅၆ တပ်ရင်းမှ တပ်ရင်းမှူး ဝင်းနောင်ထွန်း နှင့် ဒုတပ်ရင်းမှူး သက်စိုး ဦးဆောင်တဲ့ လှုပ်ရှားစစ်ကြောင်းမှ တပ်သား ၂ ဦးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၆ ရက်နေ့က KNU - တပ်မဟာ (၆)၊ KNLA - တပ်ရင်း (၁၀၃)၊ တပ်ခွဲ (၁)ထံသို့ လာရောက် ပူးပေါင်းခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ တပ်သား ၂ ဦးမှာ တပ်သား ကိုကိုနိုင်နဲ့ တပ်သား အိုက်လျှန်းတို့ ဖြစ်ပြီး နှစ်ဦးစလုံးမှာ အသက် ၂၀ အရွယ်တွေ ဖြစ်ပါတယ်။
၎င်းတို့နှစ်ဦးအနက် တစ်ဦးမှာ MA-1 (၁) လက်၊ ၎င်းကျည်ဘောက် (၄) ဘောက်၊ ၅.၅၆ ကျည်တောင့် (၂၃၉) တောင့်နဲ့ အီကွေးမင့် (၁) စုံ ကို ယူဆောင်ကာ KNLA နဲ့ လာရောက် ပူးပေါင်းခဲ့တာ ဖြစ်ပါတယ်။
အခြားတစ်ဦးမှာမူ လမ်းခရီး အခြေအနေအရ ၎င်းတပ်ရင်းမှ လက်နက်ကို ပြန်လည် သိမ်းဆည်းရမိခဲ့တာကြောင့် ကိုယ်လွတ်ရုန်း ထွက်လာခဲ့ရတယ်လို့ သိရပါတယ်။
၎င်းတို့နှစ်ဦးမှာ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်မှ အထက်အရာရှိကြီးတွေရဲ့ မတရား ဖိနှိပ် အုပ်ချုပ်မှုကို မနှစ်သက်တာကြောင့် တပ်မှ ကြိုးစားရုန်းထွက်လာကာ နွေးထွေးတဲ့ ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာတာလို့ သိရပါတယ်။
၎င်းတို့နှစ်ဦးဟာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းသွားတဲ့အထိ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းကူညီသွားမယ်လို့ သိရပါတယ်။
အကြမ်းဖက် စစ်ကောင်စီတပ်ကို စွန့်ခွါထွက်ပြေးကာ လက်နက်ခဲယမ်းနဲ့အတူ ပူးပေါင်းဝင်ရောက် လာခဲ့တဲ့ အဆိုပါ တပ်သား (၂) ဦးကို KNLA - ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်မှ ထိုင်းဘတ်ငွေ ငါးသောင်းတိတိ ကူညီထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။
အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ တပ်များမှ မည့်သည့် စစ်သားမဆို မိမိတို့ရဲ့ တပ်ကို စွန့်ခွါကာ KNU - ကရင်အမျိုးသားအစည်းအရုံးနဲ့ ပြည်သူလူထုရဲ့ ရင်ခွင်သို့ လက်နက်ခဲယမ်းများနှင့်အတူ ပူးပေါင်းလာမယ့် စစ်သားတွေကို ကြိုဆိုလျက် ရှိပြီး KNU - ကရင်အမျိုးသားအစည်းအရုံးမှ ၎င်းတို့ရဲ့ ရှေ့ဆက် ဘဝရပ်တည်နိုင်ရေးအတွက် ကူညီထောက်ပံ့ပေးသွားမယ်လို့ ဒူးပလာယာခရိုင် - သတင်းနှင့် ပြန်ကြားရေးက ပြောပါတယ်။
~~~~

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။