‘ငါတို့ သံအမတ်၊ ငါတို့ အသံ၊ ငါတို့ရဲ့ ကိုယ်စားလှယ် ဆိုတဲ့ တောင်းဆိုဆန္ဒပြမှုကို ရွာပေါင်းစုံ သပိတ်နဲ့ လောင်းလုံးမြို့နယ်ထဲမှာ ပြုလုပ်ခဲ့ကြပါတယ်။
ဒီနေ့ စက်တင်ဘာ (၁၉)ရက် မနက်မှာ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်က (၉၁၁)ရက်မြောက်အဖြစ် ဆန္ဒပြချီတက်ရာမှာ ‘ငါတို့ သံအမတ်၊ ငါတို့ အသံ ဗီနိုင်း ကိုင်ဆောင်ခဲ့ကြပါတယ်။
“ပြည်သူ့အစိုးရ NUG အတွက်၊ ကုလ သံအမတ်ကြီး ဦးကျော်မိုးထွန်းအတွက် တရားဝင်မှု အရေးတိုက်ပွဲ (Credential Campaign) ကို ပြည်သူအားလုံးက ဝိုင်းဝန်းကြိုးပမ်း၊ ဆင်နွှဲကြဖို့ အချိန်ကျရောက်လာပါပြီ” လို့ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ် ဦးဆောင် ကော်မတီက ဆိုပါတယ်။
စက်တင်ဘာ (၁၈)ရက်နေ့ကလည်း ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီက ဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုအဖြစ် လောင်းလုံးမြို့နယ်အတွင်း ပြုလုပ်ခဲ့ရာမှာ ကမ္ဘာ့ကုလသမဂ္ဂ အရည်အချင်းစစ်ကော်မတီ (Credential Committee)အစည်းအဝေးကနေ ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံဆိုင်ရာ ကုလသံအမတ်အဖြစ် ဆက်လက်ထားရှိရေး တောင်းဆိုတဲ့အနေနဲ့ “Our Ambassador , Our Voice, Our Representative၊ ငါတို့ သံအမတ်၊ ငါတို့ အသံ၊ ငါတို့ ကိုယ်စားလှယ်” ဘန်နာနဲ့ လှုပ်ရှားခဲ့ပါတယ်။
~~~~~~~~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။