မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့က ဧကထောင်ချီရှိတဲ့ စစ်တပ်သိမ်းမြေတွေကို ပြန်လည် သိမ်းယူကာ တော်လှန်ရေးရန်ပုံငွေအတွက် နွေဦး ပြင်ဦးလွင် ရင်းနှီးမြုပ်နှံမှု စီမံကိန်းကို စတင်ပြီလို့ အာဏာရှင် အဆုံးသတ်နိဂုံး (The End of Dictatorship-EOD) က သတင်း ထုတ်ပြန်လိုက်ပါတယ်။
အကြမ်းဖက်စစ်အုပ်စု မတရားသဖြင့် သိမ်းပိုက်ရယူထားတဲ့ နိုင်ငံတော်ပိုင် ပြင်ဦးလွင်မြို့ နယ်နမိတ်အတွင်းရှိ မြေနဲ့အဆောက်အအုံကို အများပြည်သူ အကျိုးရှိမယ့် စီမံကိန်းတွေအဖြစ် စက်တင်ဘာလ (၁၅)ရက်နေ့က စတင်ကာ ဖော်ဆောင်ပြီလို့ ဆိုပါတယ်။
နွေဦး ပြင်ဦးလွင် ရင်းနှီးမြုပ်နှံမှု စီမံကိန်းဟာ တော်လှန်ရေးလွန်ကာလမှာ Educational Services, Tourism and Hill Resortနဲ့ Organic Agriculture စီမံကိန်းတွေနဲ့ အနာဂတ်ပြင်ဦးလွင်ကို အဆင့်ဆင့်ဖေါ်ဆောင်သွားဖို့ ရည်ရွယ်ကြောင်း EOD ကဆိုပါတယ်။
အထက်ပါမြို့ရဲ့ဖွံ့ဖြိုးတိုးတက်မှု အစီအမံတွေကို မထိခိုက်စေဘဲ တော်လှန်ရေးကာလအတွင်း လိုအပ်တဲ့ ဘဏ္ဍာငွေ ရရှိစေဖို့ သင့်တော်တဲ့ မြေကွက်များကိုလည်း ပိုင်းခြားဖေါ်ထုတ် ရောင်းချပေးသွားမယ်လို့ သိရပါတယ်။
တော်လှန်ရေးကာလအတွင်း ဖော်ဆောင်မယ့် စီမံကိန်း အသေးစိတ်ကိုမကြာမီ ထပ်မံ အသိပေးသွားမယ်လို့လည်း EOD ကဆိုပါတယ်။
~~~~~~~~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။