Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ရေတလျောက် စခန်းသိမ်းတိုက်ပွဲမှာ အကြမ်းဖက် စစ်သား ၉ ဦးသေ၊ RPG နဲ့ ငါးကြင်းမြီး စက်လက် အပါအဝင် သေနတ်မျိုးစုံ ၁၂ လက်၊ ကျည်နှင့် ခဲယမ်းမျိုးစုံ ၄၀၀၀ နီးပါး သိမ်းဆည်းရမိ

ကရင် အမျိုးသား အစည်းအရုံး (KNU) အုပ်ချုပ် နယ်မြေ၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်၊ ထိုင်း - မြန်မာနယ်စပ်ရှိ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီ ရေတလျောက် စစ်စခန်းကို ကရင် အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ တပ်ရင်း (၁၈) နဲ့ တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့တွေက မနေ့က စက်တင်ဘာလ ၁၄ ရက်နေ့မှာ တိုက်ခိုင် သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

 

ရေတလျောက် စခန်းသိမ်းတိုက်ပွဲတွင် သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ (ဒူးပလာယာခရိုင် - သတင်းနှင့် ပြန်ကြားရေး)

KNLA နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေဟာ အကြမ်းဖက် စစ်ကောင်စီ ရေတလျောက် စစ်စခန်းကို စက်တင်ဘာလ ၁၄ ရက် မနက် ၇ နာရီ ၅၅ မိနစ်မှာ စတင် ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး မနက် ၈ နာရီ ၂၀ မိနစ် ဝန်းကျင်မှာ စခန်းတစ်ခုလုံးကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU ဒူးပလာယာခရိုင်၊ သတင်းနဲ့ ပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။

 

ရေတလျောက် စခန်းသိမ်းတိုက်ပွဲတွင် သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ (ဒူးပလာယာခရိုင် - သတင်းနှင့် ပြန်ကြားရေး)

အဆိုပါ စခန်းသိမ်းတိုက်ပွဲမှာ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီ စစ်သား ၉ ဦး သေဆုံးပြီး စစ်သားတချို့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရပါတယ်။

 

ရေတလျောက် စခန်းသိမ်းတိုက်ပွဲတွင် သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ (ဒူးပလာယာခရိုင် - သတင်းနှင့် ပြန်ကြားရေး)

ရေတလျောက် စခန်းကနေ သိမ်းဆည်းရမိခဲ့တဲ့ လက်နက်များမှာ MA-1 (၁) လက်၊ MA-2 (၂) လက်၊ MA-3 (၁) လက်၊ MA-4 ပူးတွဲ (၂) လက်၊ RPG-7 (၁) လက်၊ 60mm ပြောင်းတို (၂) လက်၊ ပစ္စတို (၂) လက် နှင့် ငါးကြင်းမြိး စက်လက် (၁) လက် တို့ဖြစ်ပြီး ခဲယမ်း ကျည်ဆံနှင့် အခြားပစ္စည်းများမှာ RPG-7 ကျည် (၇၀) လုံး၊ 81mm ကျည် (၄၀) လုံး၊ 60mm ကျည် (၁၁၀) လုံး၊ M-79 ကျည် (၄၀) လုံး၊ 5.56 ကျည် (၂၈၀၀) တောင့်၊ 7.62 ကျည် (၈၀၀) တောင့်၊ တိုက်မိုင်း (၂၀) လုံး၊ နင်းမိုင်း (၂၃) လုံး၊ ရှေ့ထွက်မိုင်း (၃) လုံး၊ ဆက်သွယ်ရေးစက်ကြီး (၁) လုံး၊ မြေပုံ (၁) ရွက်၊ လက်ပစ်ဗုံး (၂၀) လုံး နဲ့ Compass (၂) လုံးတို့ ဖြစ်ပါတယ်။

 

ရေတလျောက် စခန်းသိမ်းတိုက်ပွဲတွင် သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ (ဒူးပလာယာခရိုင် - သတင်းနှင့် ပြန်ကြားရေး)

စခန်းသိမ်းတိုက်ပွဲအတွင်း KNLA - တော်လှန်ရေး ပူးပေါင်းတပ်ဖွဲမှ (၃) ဦး ဒဏ်ရာရပြီး (၁) ဦးမှာ တိုင်းပြည်နှင့် လူမျိုးအတွက် မြင့်မြတ်စွာ အသက်ပေးလှူ သွားခဲ့ရတယ်လို့ သိရပါတယ်။

 

˜˜˜˜

နောင်ဘို

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။