မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့တပ်ကို ဒရုန်းနဲ့ ဗုံးကြဲခဲ့ရာ ၇ ဦးသေဆုံးပြီး ၁၃ ဦး ပြင်းထန်ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။
စက်တင်ဘာ (၁၀)ရက်၊ နေ့ခင်း ၁၂ နာရီကနေ ညနေ ၅ နာရီအထိ ငါန်းဇွန်မြို့နယ်၊ လက်ပံ သာရွာသို့ သွားနေတဲ့ အကြမ်းဖက် စစ်ကြောင်းကို PDF တပ်ဖွဲ့တွေက ဗုံး ၈ လုံး ကြဲချ ခဲ့ခြင်းဖြစ်ကြောင်း ငါန်းဇွန် ပကဖ က သတင်းထုတ်ပြန်ပါတယ်။
“သားကျင်ရွာဆိုတာ သူတို့အခြေစိုက်စခန်းရှိတယ်။ အဲစခန်းကို စစ်သားအလောင်းတွေနဲ့ ဒဏ်ရာရသူတွေ ပြန်တင်သွားတာ။ သူတို့သွားတဲ့ လမ်းတစ်လျှောက် ပစ်မှတ်ငြိမ်တဲ့အချိန်မှာ ဗုံးချတာ။ ဒဏ်ရာရတဲ့အထဲက နောက်ထပ် သေနိုင်ခြေရှိပေမဲ့ ဒီမနက်အထိ အတိအကျ မသိရသေးဘူး”လို့ မြင်းမူ PDF ရဲ ဘော်တစ်ဦးက ပြောပါတယ်။
သေဆုံးနဲ့ဒဏ်ရာရ စစ်သားတွေကို ထော်လာဂျီ ၂ စီးနဲ့ သားကျင်ရွာကို ပြန်သယ်သွားကြောင်း ငါန်းဇွန်ပကဖ က ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုကို ငါန်းဇွန် ပကဖ၊ T.G.R people defence force မြောင်မြို့နယ် T.G.Rပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ T.G.R Women Drone Force၊ Black Eagle Defence Force – MMU၊ Black Eagle Drone force ၊ ကျောက်ဆည်ခရိုင် တပ်ရင်း ၂၊ ငန်းနက်ပြောက်ကျားအဖွဲ့၊ မီနဂါးပြောက်ကျားအဖွဲ့၊ မြင်းခြံခရိုင်တပ်ရင်း ၇ တပ်ခွဲ ၁၊ ငါန်းဇွန်ပကဖ အဖွဲ့ဝင်တွေဖြစ်တဲ့ 925 ပြောက်ကျားအဖွဲ့၊ TGYR ပြောက်ကျားအဖွဲ့ ဒေါင်းဖိုက်တာပြောက်ကျားအဖွဲ့၊ပြည်တော်ဝင်ပြောက်ကျားအဖွဲ့၊ လက်ရုံးပြောက်ကျားအဖွဲ့နဲ့ ဖက်ဒရယ်ညီအကိုပြောက်ကျားအဖွဲ့တို့ပူးပေါင်း လုပ်ဆောင်ခဲ့ကြတာပါ။
~~~~~~~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။