Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ညောင်ဦးမှာ အကြမ်းဖက် စစ်ကောင်စီ စစ်ကား မိုင်းခွဲခံရပြီး စစ်သား ၃ ဦး သေ၊ ၂ ဦး ပြင်းထန်ဒဏ်ရာရ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ အမှတ် ၅ ရပ်ကွက်  ရှိ မြို့နယ်အားကစားကွင်းအနီးမှာ အကြမ်းဖက် စစ်ကောင်စီ Double Cab ယာဉ်တစ်စီး မိုင်းဆွဲခံရပြီး စစ်သား ၃ ဦး သေဆုံးကာ ၂ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

 

ညောင်ဦးမြို့နယ် အကြမ်းဖက် စစ်ကောင်စီ ဥက္ကဋ္ဌ ဖလား ဘောလုံးပြိုင်ပွဲမှာ စစ်ကောင်စီဝန်ထမ်းတွေကို လုံခြုံရေး ယူပေးထားတဲ့ ညောင်ဦး အခြေစိုက် ခမရ ၄၁၅ တပ်ရင်းမှ Double Cab စစ်ကားကို စက်တင်ဘာ ၄ ရက်နေ့ ညနေ ၃ နာရီခွဲ ဝန်းကျင်မှာ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

 

မိုင်းဆွဲ ခံခဲ့ပြီး ပျက်စီးသွားတဲ့ အကြမ်းဖက် စစ်တပ်ပိုင် Double Cab ယာဉ်

စစ်ကားပေါ်မှာ ညောင်ဦးမြို့အခြေစိုက် ခမရ ၄၁၅ တပ်ရင်းမှ စစ်သား ၇ ဦးဝန်းကျင် လိုက်ပါလာတာ ဖြစ်ပြီး ၎င်းတို့အနက် တပ်ကြပ် အောင်စိုးမိုး အပါအဝင် စစ်သား ၃ ဦး သေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာ ပြင်းထန်တယ်လို့ သိရပါတယ်။

 

မိုင်းပေါက်ကွဲမှု ဖြစ်ပွါးပြီးနောက်ပိုင်းမှာ ညောင်ဦးမြို့တစ်မြို့လုံးကို အကြမ်းဖက် စစ်ကောင်စီတပ်တွေ ပိတ်ဆို့စစ်ဆေးခဲ့ပြီး မိုင်းထိမှန်ပျက်စီးသွားတဲ့ စစ်ကားကို ကရိန်းကားနဲ့ ခမရ ၄၁၅ တပ်ထဲကို ပြန်သယ်သွားတယ်လို့ သိရပါတယ်။

 

ဒီမိုင်းပေါက်ကွဲမှုမှာ အရပ်သား ပြည်သူတွေ ထိခိုက်မှု မရှိအောင် အထူး သတိထား ဆောင်ရွက်ခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်တွေလည်း ဘေးကင်းလုံခြုံတဲ့ နေရာကို ပြန်လည် ဆုတ်ခွါ နိုင်ခဲ့ပြီလို့ သိရပါတယ်။

 

အဆိုပါ မိုင်းဆွဲ တိုက်ခိုက်မှုကို Bagan-Nyaung-U Special Task Force (ပုဂံ-ညောင်ဦးမြို့နယ်အထူးတိုက်ခိုက်ရေးအဖွဲ့) နဲ့ Pakokku - Special Task Force (ပခုက္ကူမြို့နယ် အထူးတိုက်ခိုက်ရေးတပ်ဖွဲ့) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

 

˜˜˜˜

နှင်းမြ

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။