Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ကျိုက်ထို စစ်ရှောင် ၅၀၀ အရေးပေါ် ရိက္ခာ လိုအပ်နေ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ စစ်ရှောင်ပြည်သူ ၅၀၀ လောက်ဟာ အရေးပေါ် စားနပ် ရိက္ခာလိုအပ်နေကြောင်း သိရပါတယ်။


ကျိုက်ထိုမြို့နယ်၊ ဇီးကုန်းရွာက အိမ်ထောင်စု ၅၁ စု၊ ပိတောက်တောရွာက အိမ်ထောင်စု ၈၀ နဲ့ ကရဝေးဆိပ် အထက်စုတို့က ဒေသခံတွေဟာ ဇူလိုင် ၁၆ ရက် ကစပြီး အကြမ်းဖက် စစ်တပ် စစ်ကြောင်း ထိုးလာတဲ့အတွက် ဒီနေ့ထိတိုင် နေရပ်မပြန်နိုင်သေးဘဲ နီးစပ်လုံခြုံရာ နေရာတွေမှာ စစ်ရှောင်နေရကြောင်း ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ KIT ကထုတ်ပြန်ပါတယ်။


"အိမ်ကိုတော့ မပြန်ရဲသေးဘူး။ စစ်တပ်က လက်နက်ကြီးတွေ နေ့တိုင်းနီးပါး ထုထည့်နေတာ။ အခုလ ၁၆ ရက်နေ့ဆို ၂ လရှိပြီ။ တချိုကျတော့ သူတို နီးစပ်ရာ အမျိုးတွေဆီမှာ သွားနေကြ တယ်။ အခု စစ်ရှောင်နေတာပဲ ၅၀၀ လောက်ရှိတယ်။ အရေးပေါ် လိုအပ်နေတာက ဆန်ပဲ။ ဆန်ရှိရင် ဘာနဲ့ပဲစားစား ရတယ်လေ "လို စစ်ရှောင်တစ်ဦးက ပြောကြောင်း KIT က ဖော်ပြပါတယ်။


စက်တင်ဘာ ၅ ရက်နေ့ကလည်း အထက်ပါ စစ်ရှောင်ရွာတွေဘက်ကို ဘီးလင်းမြို့နယ်၊ သံတံတားဂိတ်နဲ့ ကျိုက်ထိုမြို့နယ်၊ ကင်မွန်း ချောင်းဂိတ်တို့ကနေ အကြမ်းဖက် စစ်တပ်က လက်နက်ကြီးနဲ့ အချက်ရေ  ၂၀ လောက် ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။


စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာကို  KIT ကနေတစ်ဆင့်လည်း ကူညီနိုင်ကြောင်း သိရပါတယ်။


~~~~~~~~

ကိုထက်

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။