သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ် ရမ်းပစ်တဲ့ လက်နက်ကြီးကျည်ထိမှန်ကာ အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။
ကျိုက်ထိုမြို့နယ်၊ လက်ပံပင်ရွာအခြေစိုက် ခလရ-၂ စခန်းကနေ လက်နက်ကြီးနဲ့ ၂ လုံး ပစ်ခတ်ခဲ့ရာ မဲရုံး လေးရွာနေ တီးစောခူးရဲ့ ခြံဝန်းထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး အိမ်ထဲမှာထိုင်နေတဲ့ အသက် ၂၇ နှစ်အရွယ် သမီးဖြစ်သူရဲ့ ဘယ်ဘက်ချိုင်းအောက် လက်နက်ကြီးကျည် ထိမှန်ခဲ့ကြောင်း ကေအဲန်ယူ-ဗဟိုက သတင်း ထုတ်ပြန်ပါတယ်။
“ဘာလို့ပစ်သလဲဆိုတော့ ကျမတို့ပြည်သူတွေအမြင်က PDF တွေ လာတိုက်မှာ ကြောက်တာရော။ပြည်သူတွေကို တမင်ဒုက္ခပေးချင်တာရောပါ။ စစ်သားတွေမှာ ပြည်သူကိုသတ်ချင်စိတ်က အမြဲ ရှိနေတယ်” လို့ ကျိုက်ထိုမြို့ခံ အိမ်ရှင်မတစ်ဦးက ပြောပါတယ်။
ခလရ-၂ တပ်ရင်းဟာ လက်ပံပင်ရွာထိပ်က သင်္ချိုင်းနားမှာ တပ်စွဲထားပြီး မတ်လ ၂၆ ရက်နေ့က အဲဒီစခန်းကနေ လက်နက်ကြီးနဲ့ပစ်ခတ်လို့ ဒေသခံ ၃ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။
ကျိုက်ထိုအခြေစိုက် တပ်ရင်းတွေနဲ့ ရဲစခန်းတွေက ကျေးရွာတွေထဲ လက်နက်ကြီးနဲ့ပစ်ခတ်မှုများစွာရှိ ပြီး ပြည်သူတွေ သေဆုံးထိခိုက်ခြင်းအပြင် ကျောင်း၊ဆေးရုံ၊ ဘာသာရေးအဆောက်အအုံနဲ့ လူနေအိမ်ထိခိုက်ပျက်စီးမှုများစွာ ရှိနေကြောင်း ကေအဲန်ယူ-ဗဟို ကဆိုပါတယ်။
~~~~~~~~~~

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။