Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ဘုတလင်ထွေအုပ်ရုံးနဲ့ OSS ရုံးမှာ နားနေတဲ့ အကြမ်းဖက် စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးကြဲ၊ ၅ ဦး ဘဝကူး

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ် ထွေအုပ်ရုံးနဲ့ OSS ရုံးသို့ ရောက်ရှိအနားယူနေတဲ့ အကြမ်းဖက်စ စ်တပ်ကို ဒရုန်းနဲ့ ဗုံးကြဲခဲ့ရာ စစ်သား ၅ ဦး သေဆုံးကြောင်း သိရပါတယ်။


ဩဂုတ် ၂၄ ရက်၊ မနက် ၇ နာရီက ဘုတလင်မြို့ပေါ် ထွေအုပ်ရုံးခန်းမနဲ့  OSS ရုံးသို့ ရောက်ရှိကာ အိပ်စက်အနားယူနေတဲ့ အကြမ်းဖက် စစ်ကြောင်းကို ဩဂုတ် ၂၄ ရက်၊ မွန်းလွဲ ၂ နာရီခွဲနဲ့  ၃ နာရီ ၄၈ မိနစ် တို့မှာ ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း Chindwin Brothers က သတင်းထုတ်ပြန်ပါတယ်။


“ဒရုန်းနဲ့ ဗုံးချတာ သိလိုက်တယ်။ ဗုံးတည့်တည့်ကျတယ်လို့လည်း ပြောကြတယ်၊ စစ်သားတွေ သေ၊ မသေတော့ သေချာမသိဘူး”လို့ ဘုတလင်မြို့ခံတစ်ဦးက ပြောပါတယ်။


ပြင်းထန်ဒဏ်ရာရတဲ့ စစ်သားတစ်ဦးကို ဘုတလင်ပြည်သူ့ဆေးရုံခွဲစိတ်ခန်းမှာ ချက်ချင်း ခွဲခဲ့ကြောင်း သိရပါတယ်။ အဲဒီစစ်ကြောင်းဟာ မုံရွာမြို့၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကနေ ညသန်းခေါင်ယံမှာ စထွက်လာခြင်း ဖြစ်ပါတယ်။


အဲဒီတိုက်ခိုက်မှုကို Chindwin brothers(DGF-တပ်ခွဲ)၊ မုံရွာခရိုင် တပ်ရင်း ၁၆ ၊ တပင် ရွှေထီး (ဆံ ရှည်)၊ ပျံလွှား (တစ်ကိုယ်တော်)၊ ဗိုလ်ပွကြီး၊ Anonymous Heros နဲ့ နင်ဂျာတပ်ဖွဲ့ တို့ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါတယ်။


~~~~~~~~~~~

ကိုဦး

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။