ယဉ်ကျေးသော လူ့အဖွဲ့အစည်းက ဘယ်လိုအကြောင်းနဲ့မှ လက်ခံလို့မရတဲ့ ရက်စက်ကြမ်းကြုတ်မှုဖြစ်ပေမဲ့ အကြမ်းဖက်စစ်ကောင်စီအတွက်တော့ မထူးဆန်းတဲ့ ဇာတ်လမ်းတစ်ပုဒ်မျှသာ ဖြစ်တယ်။
ဇွန် ၉ ရက်မှာ လူမှုကွန်ရက်ပေါ် ရုပ်သံဖိုင်တက်လာတယ်။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်းရှိ နယ်ခြားစောင့်စခန်း ၂ ခုက ရဲတပ်ဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို တင်ဆောင်လာတဲ့ စက်လှေ ၂ စီး ၊ စစ်ကောင်စီတပ်ရဲ့ ကမ်းထိုးသင်္ဘောပေါ် တက်မလို့အလာ စစ်တပ်က သေနတ်ပစ်ခတ်လို့ လှည့်ပြန်ခဲ့ရ။ လှိုင်းကြီးလို့ စက်လှေ တိမ်းမှောက်ခဲ့တာကြောင့် စက်လှေပေါ်က အမျိုးသမီး ၂ ဦးနဲ့ ကလေး ၂ ဦး ပျောက်ဆုံးခဲ့သတဲ့။
အဲဒီစက်လှေပေါ်မှာက ရဲမိသားစုဝင်တွေ၊ ကလေးတွေနဲ့ ဒဏ်ရာရသူတွေ ပါလာပြီး ကိုယ့်သဘောနဲ့ ကိုယ် တပ်စခန်းစွန့်ခွာ ဆုတ်ပြေးလာတာမျိုး မဟုတ်တဲ့သူတွေ။ သူတို့က မောင်တောမြို့နယ်၊ မောရဝတီ ကျေးရွာအခြေစိုက် အမှတ် (၄) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ ၄) နဲ့ မြင်းလွှတ်မြို့နယ်ခွဲအခြေစိုက် အမှတ် (၉) နယ်ခြားစောင့်ရဲ တပ်ဖွဲ့ခွဲ (နခခ ၉)ကဖြစ်ပြီး တပ်မမှူးနဲ့ ကွပ်ကဲရေးမှူးအမိန့်နဲ့ ဆုတ်ခွာလာကြသူတွေ။ ပြီးတော့ တပ်မမှူးနဲ့ကွပ်ကဲရေးမှူးရဲ့ ညွှန်ကြားချက်အရ ကမ်းထိုးသင်္ဘောပေါ်တက်ဖို့ စက်လှေနဲ့ ထွက်လာကြတာတဲ့။
အမိန့်အရပဲလာလာ၊ ကိုယ့်သဘောနဲ့ကိုယ် ဆုတ်ပြေးလာတာပဲဖြစ်ဖြစ် စက်လှေ ပေါ်မှာ အမျိုးသမီးတွေ၊ ကလေးတွေနဲ့ ဒဏ်ရာရသူတွေ ပါလာတာမို့ အရပ်သား ဒါမှမဟုတ် ရန်သူဖြစ်နေရင် တောင် သင်္ဘောပေါ် ကယ်ကို ကယ်တင်ပေးရမယ့်အခြေအနေမှာ သေနတ်နဲ့ပါ ပစ်ခတ်ခဲ့လေခြင်း။
ဒါပေမဲ့၊ သင်္ဘောနားပင် အသီမခံ၊ သေနတ်နဲ့ပစ်ခတ်လို့ ပြန်လှည့်ပြေးရာကနေ လှိုင်းကြီးလို့ စက်လှေ မှောက်သွားတဲ့ အဖြစ်ဆိုး။ အမိန့်အရပဲလာလာ၊ ကိုယ့်သဘောနဲ့ကိုယ် ဆုတ်ပြေးလာတာပဲဖြစ်ဖြစ် စက်လှေပေါ်မှာ အမျိုးသမီးတွေ၊ ကလေးတွေနဲ့ ဒဏ်ရာရသူတွေ ပါလာတာမို့ အရပ်သား ဒါမှမဟုတ် ရန်သူဖြစ်နေရင် တောင် သင်္ဘောပေါ်ကယ်ကို ကယ်တင်ပေးရမယ့်အခြေအနေမှာ သေနတ်နဲ့ပါ ပစ်ခတ်ခဲ့လေခြင်း။ အကြမ်းဖက်စစ်တပ်ရဲ့ ရက်စက်မှုက နေပြည်တော်ဗဟိုချက်မှသည် ဟိုးအောက်ခြေအဆင့်ထိတိုင် လူသားဆန်မှု တစ်စွန်းတစ်စတောင် ရှာမတွေ့တော့တဲ့အထိ ကြောက်မက်ဖွယ်ရာ။
သတင်းတွေအရ အဲဒီရုပ်သံဖိုင်ကို ရိုက်ကူးကာ ဖေ့စ်ဘွတ်ခ်ပေါ် တင်သူက နယ်ခြားစောင့်ရဲလို့ ဆိုတယ်။ ဘယ်လောက်ထိအောင် ရင်နာနာနဲ့ ရိုက်ကူးခဲ့လေသလဲ။ အကြမ်းဖက်စစ်ကောင်စီ မတရားသိမ်းပိုက် ထားတဲ့ အာဏာ သက်ဆိုးရှည်စေရေးအတွက် နယ်စပ်ဒေသအထိ မိသားစုကိုပါခေါ်ကာ လာဒုက္ခခံနေကြတဲ့ သူတွေအပေါ် ရေနစ်သူကို ဝါးကူထိုးခဲ့တဲ့ တာဝန်မဲ့လုပ်ရပ်။
ရခိုင်ပြည်နယ်ရောက်နေတဲ့ စစ်သားနဲ့ရဲဆိုတာ ရက္ခိုင့်တပ်တော် AA ရဲ့ တိုက်ခိုက်မှုကြောင့် ဘယ်နေ့ သေမှာလဲလို့ သေနေ့ကို စောင့်နေရသူတွေပမာ။
လတ်တလော ရခိုင်ပြည်နယ်ရောက်နေတဲ့ စစ်သားနဲ့ရဲဆိုတာ ရက္ခိုင့်တပ်တော် AA ရဲ့ တိုက်ခိုက်မှုကြောင့် ဘယ်နေ့ သေမှာလဲလို့ သေနေ့ကို စောင့်နေရသူတွေပမာ။ ရခိုင်ပြည်နယ်အတွင်း ဘယ်နေရာတိုက်တိုက် စစ်ကောင်စီတပ်တွေ အလဲလဲအကွဲကွဲ နိုင်ငံရပ်ခြား ဘင်္ဂလားဒေ့ရှ်ရောက်တဲ့အထိ ထွက်ပြေးကြသူတွေ ဖွေးဖွေးကို လှုပ်လို့။
မောင်တောမြို့နယ်အတွင်း ဇွန်လပထမပတ် AA ရဲ့ တစ်ပတ်တာထိုးစစ်မှာ စစ်သား ၄၀၀ ကျော် သေ ဆုံးခဲ့ပြီး တိုက်ပွဲထဲကနေ ထွက်ပြေးသူတချို့ဟာ ကျောက်ပန္ဒူကမ်းခြေ၊ အလယ်သံကျော်ကမ်းခြေ၊ ဥဒေါင်း ချောင်းနဲ့ ဘင်္ဂလားပင်လယ်အော်အတွင်း ရေနစ်သေဆုံးသွားကြကြောင်း AA က ထုတ်ပြန်ထားသေးတယ်။
ဆိုလိုတာက ရခိုင်ပြည်နယ်အတွင်း မြို့တွေလည်း ပြုန်း၊ စစ်သားတွေလည်း သောက်သောက်လဲ သေပြီး တပ်စွန့် ပြေးလွှားကြသူတွေ မနည်းမနောရှိနေတဲ့အချိန်မှာတောင် စက်လှေပေါ်က ရဲနဲ့သူတို့ရဲ့မိသားစုဝင် တွေက ထွက်ပြေးတိမ်းရှောင်ခြင်းမရှိ၊ ညွှန်ကြားချက်အတိုင်း ဆုတ်ခွာလာချိန် ကိုယ့်လူကိုယ် အလေးထားရ ကောင်းမှန်းမသိ။ တာဝန်ယူစိတ်ကင်းမဲ့ရုံတင်မက သေလမ်းသို့ပင် ပို့ဆောင်ခဲ့သော အမှု။ မြန်မာနိုင်ငံတစ်ဝန်း က ရဲတပ်ဖွဲ့ဝင်တွေ ရင်နာနာနဲ့ ကြည့်ကြရမယ့် ရုပ်သံ။
ရဲတွေဟာ စစ်တပ်လက်အောက်ခံမဟုတ်ဘဲ ကိုယ့်ကမ္ဘာနဲ့ကိုယ် လူတစ်လုံးသူတစ်လုံးဖြစ်ခွင့်ရရေးအတွက် အရပ်သားအစိုးရ NLD လက်ထက်မှာ စတင် ခြေလှမ်းနိုင်ခဲ့ပြီး အိပ်မက်တွေ အကြီးအကျယ်မက်ခဲ့ကြတယ်။
ပြောရရင် အကြမ်းဖက်စစ်တပ်ဟာ အစဉ်အဆက်ဆိုသလို ရဲတပ်ဖွဲ့ဝင်တွေကို သူတို့ရဲ့ လက်အောက် ငယ်သားအဖြစ် သဘောထားကာ ခွဲခြားဆက်ဆံရုံတင်မက ဒဏ်ရာရရဲနဲ့ ရဲမိသားစုဝင်တွေကိုတောင် ထောက်ထားညှာတာစိတ် ကင်းမဲ့ကြောင်း ဒီရုပ်သံက သက်သေခံနေတယ်။
ရဲတွေဟာ စစ်တပ်လက်အောက်ခံမဟုတ်ဘဲ ကိုယ့်ကမ္ဘာနဲ့ကိုယ် လူတစ်လုံးသူတစ်လုံးဖြစ်ခွင့်ရရေးအတွက် အရပ်သားအစိုးရ NLD လက်ထက်မှာ စတင် ခြေလှမ်းနိုင်ခဲ့ပြီး အိပ်မက်တွေ အကြီးအကျယ်မက်ခဲ့ကြတယ်။ ဒါပေမဲ့၊အဲ ဒီအိပ်မက်ဟာ မအောင်မြင်တဲ့ အာဏာသိမ်းပွဲနဲ့အတူ ရိုက်ချိုးခံခဲ့ရတယ်။ဒါ့အပြင် မအောင်မြင်တဲ့ အာဏာသိမ်းပွဲကာလ တောက်လျှောက် လုံခြုံရေးအခြေအနေသာ နံပါတ်တစ်မို့ ရဲတွေရဲ့ မူလအလုပ် တာဝန်ပျောက်ဆုံးခဲ့တယ်။
“ကျနော့် ရဲသက်တမ်းတစ်လျှောက် စစ်သားတွေ ဗိုလ်ကျတာ အခံရဆုံးက အာဏာသိမ်းပြီးတဲ့အ ချိန်ပဲ” လို့ ရဲလုပ်သက် နှစ် ၂၀ ကျော်ပြီဖြစ်တဲ့ ရဲအရာရှိတစ်ဦးက ၂၀၂၃ ခုနှစ်မှာ ပြောပြခဲ့ဖူးတယ်။
စစ်သားတွေလည်း မြို့ပေါ်ရောက်လာတယ်။ စစ်သားနဲ့ရဲ နေရာများစွာမှာ လုံခြုံရေးတာဝန် အတူယူ ကြရတယ်။ မအောင်မြင်တဲ့ အာဏာသိမ်းကာလတစ်လျှောက် ရပ်တွင်းရွာတွင်း အမှုအခင်းပြဿနာ ဘာဖြစ် ဖြစ် လုံခြုံရေးသာ အခရာမို့ ရဲတွေလည်း သေနတ်ကိုင် တိုက်ကြရ။ ရဲစခန်းထဲ လာရောက်အခြေစိုက်တဲ့ စစ် သားတွေတွေကိုလည်း ရေပူရေချမ်း ကမ်းရပြန်သေးတယ်။
“ကျနော့် ရဲသက်တမ်းတစ်လျှောက် စစ်သားတွေ ဗိုလ်ကျတာ အခံရဆုံးက အာဏာသိမ်းပြီးတဲ့အ ချိန်ပဲ” လို့ ရဲလုပ်သက် နှစ် ၂၀ ကျော်ပြီဖြစ်တဲ့ ရဲအရာရှိတစ်ဦးက ၂၀၂၃ ခုနှစ်မှာ ပြောပြခဲ့ဖူးတယ်။
စစ်သားတွေဟာ ရဲတွေအပေါ် ဗိုလ်ကျရုံတင်မက ရဲတွေရဲ့ အဂတိလိုက်စားမှုဂွင်ထဲအထိ နယ်ချဲ့လာ တာကြောင့် စစ်သားနဲ့ရဲကြား အကျိုးစီးပွားပဋိပက္ခဟာ နေရာတိုင်းမှာ ဖြစ်ပေါ်နေခဲ့တယ်။ စစ်ကောင် စီစိုးမိုး ထားတဲ့ မြို့တွေပေါ်က လောင်းကစားနဲ့ မူးယစ်ဆေးဝါးဂွင်ထဲသို့ စစ်တပ်က ဝင်ချလာကာ လိုင်းကြေးယူ လုပ် စားနေတာကြောင့် ရဲတွေက အရိုးအရင်းသာ ကိုက်ရတဲ့ဘဝသို့ အလိုလိုရောက်သွားခဲ့တယ်။
ရဲတချို့ကတော့ မ လွန်ဆန်နိုင်လို့ သည်းခံနေပေမဲ့ လက်သီးကို တင်းတင်းဆုပ်ထားကြတယ်။ ရဲအများစုဟာ စစ်တပ်အပေါ် မ ကြည်လင်မှု အခံကြီးကြီးရှိကြတယ်။
တချို့ရဲတွေက စစ်တပ်နဲ့တည့်အောင်ပေါင်းကာ လည်သလို လုပ်စားကြတယ်။ ရဲတချို့ကတော့ မ လွန်ဆန်နိုင်လို့ သည်းခံနေပေမဲ့ လက်သီးကို တင်းတင်းဆုပ်ထားကြတယ်။ ရဲအများစုဟာ စစ်တပ်အပေါ် မ ကြည်လင်မှု အခံကြီးကြီးရှိကြတယ်။ စစ်ကောင်စီအပေါ်လည်း အယုံအကြည်မရှိကြသူ များတယ်။ ရဲတွေ ဟာ စစ်တပ်ကိုလည်း ကြောက်ရ၊ PDF ကိုလည်းကြောက်ရဆိုပေမဲ့ အဲဒီအကြောက်တရားတွေရဲ့ဟိုဘက်ကို ရဲရဲမလှမ်းရဲကြတာကြောင့် အသက်ပျောက်သွားသူ မနည်းဘူးလို့ ထင်တယ်။
ကျနော့်မိတ်ဆွေရဲအရာရှိတစ်ယောက် စစ်တပ်ခိုင်းတာ မလုပ်ချင်၊ ပြည်သူနဲ့ ထိပ်တိုက်ရင်ဆိုင် ရ တာမျိုးလည်း မလုပ်နိုင်၊ ရဲ CDM လည်း မလုပ်နိုင်တာကြောင့် ၂၀၂၁ ခုနှစ်မှာ ပဲခူးတိုင်းကနေ ရခိုင်နယ်ခြား စောင့်တပ်ဆီ သူ့ဘာသာ စာရင်းပေးပြီး ရွှေ့ခဲ့တယ်။ အဲဒီအချိန် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲ ကင်းစင်ကာလမို့ ရွှေ့ခဲ့ခြင်းဖြစ်တယ်။ ၂၀၂၂ ခုနှစ်အထိ ကျနော်နဲ့ ဖုန်းအဆက်အသွယ်မပြတ်။ သူ့ခမျာ ဘယ်လိုမှမလွန်ဆန် နိုင်တဲ့ အခြေအနေတစ်ခုမှာ ပိတ်မိနေတာမို့ စစ်ကောင်စီ ဘယ်တော့ပြုတ်နိုင်မလဲဆိုပြီး ဖုန်းဆက်ဖို့အခွင့်သာတိုင်း လှမ်းဆက်မေးရတာ အမော။ ဒါပေမဲ့၊ ၂၀၂၂ နှစ်ကုန်ပိုင်းလား၊ ၂၀၂၃ ခုနှစ်အတွင်းလား မပြောတတ်။ ရခိုင်မှာရှိတဲ့ သူတို့ရဲကင်းကို AA ဝင်တိုက်ရာမှာ သူအပါအဝင် ရဲ ၁၀ ယောက်ထက်မနည်း သေသွားခဲ့ဖူးတယ်။
ကျနော့်မိတ်ဆွေ ရဲအရာရှိလို စစ်ကောင်စီကို လုံးဝမကြိုက်ပေမဲ့ စစ်ကောင်စီ အမှုတော်ထမ်းကာ သေဆုံးသွားကြတဲ့ ရဲတွေ ဘယ်လောက်ထိအောင် များနေပြီလဲ။ အခု စစ်တပ်ရဲ့ ယုတ်မာရက်စက်မှုကြောင့် စက်လှေမှောက်သွားတဲ့ဖြစ်စဉ်ကို သိရတော့ အဲဒီလို အတွေးပွားမိတယ်။ စက်လှေမှောက်သွားတဲ့ ရဲနဲ့သူတို့ရဲ့ မိသားစုဝင်တွေရော သူတို့နဲ့လုပ်ဖော်ကိုင်ဘက်ရဲတွေရော မြန်မာနိုင်ငံတစ်ဝန်းက ရဲတွေမှာပါ မစွန့်စားရဲလို့ စစ်ကောင်စီလက်အောက် ကြောက်ကြောက်နဲ့ အမှုထမ်းနေကြတာ မနည်းဘူးဆိုတာ မျက်စိစုံမှိတ်လို့ ယုံ ပစ်လိုက်လို့ ရပါတယ်။
စစ်ကောင်စီတပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ၊ ရဲဘော်စိတ်ကင်းမဲ့မှုတွေနဲ့ ခွဲခြားဆက်ဆံအနိုင်ကျင့် ဗိုလ်ကျခြင်းတွေနဲ့ ကင်းဝေးရေးရဲ့ သော့ချက်ဟာ စစ်ကောင်စီကို အမြစ်ပြတ် ချေမှုန်းနိုင်ရေးဖြစ်တယ်။
အခုလို ညွှန်ကြားချက်အရ ဆုတ်ခွာလာတဲ့ ရဲတွေနဲ့ မိသားစုဝင်တွေကို ပစ်ခတ်ငြင်းပယ်ကာ သေတွင်းထဲပို့ခြင်းဟာ စစ်တပ်ရဲ့ သဘောထားလို့ ဆိုနိုင်သလို ဒီဖြစ်စဉ်ကနေ ရဲတပ်ဖွဲ့ဝင်တွေ ဘာဆက်လုပ်ကြမှာလဲ လို့ မေးခွန်းထုတ်လိုက်ခြင်းလည်းဖြစ်တယ်။
စစ်ကောင်စီတပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ၊ ရဲဘော်စိတ်ကင်းမဲ့မှုတွေနဲ့ ခွဲခြားဆက်ဆံအနိုင်ကျင့် ဗိုလ်ကျခြင်းတွေနဲ့ ကင်းဝေးရေးရဲ့ သော့ချက်ဟာ စစ်ကောင်စီကို အမြစ်ပြတ် ချေမှုန်းနိုင်ရေးဖြစ်တယ်။ CDM ဝင်နိုင်သူဝင်၊ CDM မဝင်နိုင်လည်း ဖရဲသီး၊ စစ်ကောင်စီကို ကိုယ်တတ်နိုင်တဲ့နည်းတွေနဲ့ ဝိုင်းဝန်းဆန့်ကျင်ကြဖို့ လိုတယ်။
အင်မတန်လူစိတ်ကင်းမဲ့ပြီး ခေတ်အဆက်ဆက် တိုင်းပြည်ကို ဒုက္ခပေးနေတဲ့စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးဟာ ဒီခေတ်ကြီးက လူတိုင်းရဲ့ ပခုံးပေါ်တင်ပေးလိုက်တဲ့ သမိုင်းပေးတာဝန်လည်း ဖြစ် ပေရဲ့။
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။