စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့၊ ကြောင်ပန်းဂိတ်ကို ဒရုန်းနဲ့ ဗုံးကြဲခဲ့ရာ ဗိုလ် (၁)ဦး အပါအဝင် စစ်သား (၄)ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။
ဘုတလင်မြို့၊ ကြောင်ပန်းလမ်းခွဲဂိတ်ကို ဒေသခံ PDF တပ်ဖွဲ့တွေက ဒီဇင်ဘာ (၁၄)ရက်၊ နေ့ခင်း (၁၁)နာရီခွဲကျော်မှာ ဗုံး (၂)လုံး ကြဲချခဲ့ခြင်း ဖြစ်ကြောင်း Chindwin Brothers က သတင်းထုတ်ပြန်ပါတယ်။
သေဆုံးသွားတဲ့ စစ်သားတွေကို ဟိုက်ဂျက်ကားနဲ့ လာသယ်သွားကြောင်း မျက်မြင်တွေက သတင်းပေးပို့တယ်လို့ ဆိုပါတယ်။
ဒီဇင်ဘာ (၁၄)ရက်၊ နေ့ခင်း (၁၂)နာရီ (၁၈)မိနစ်မှာလည်း စစ်သားတွေ အစောင့်ချထားတဲ့ ဘုတလင်မြို့ပေါ် က CB ဘဏ်ရှေ့ကို ဒရုန်းနဲ့ ဗုံး (၁)လုံး ထပ်ချသေးကြောင်း Chindwin Brothers က ဆိုပါတယ်။
“CB ဘဏ်ရှေ့ကတော့ စခတွေ ထိတယ်လို့ မကြားမိဘူး။ ကြောင်ပန်းဂိတ်ကတော့ တကယ်ထိတာ။ သေတာစစ်ဗိုလ်ပါ၊ မပါတော့မသိဘူး။ ဘုတလင်ဆေးရုံ တန်းပို့ပြီးတော့မှ မီးရှို့လိုက်တယ် ထင်တယ်” လို့ ဘုတလင်မြို့ခံတစ်ဦးက ပြောပါတယ်။
ဒရုန်းနဲ့တိုက်ခိုက်မှုကို Chindwin Brothers ၊ B21(ကနီ)၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ တပင်ရွှေထီး၊ ကိုဘရာနဲ့ ယင်းမာပင်ခရိုင်တပ်ရင်း-၃၅ တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြပြီး PDF ရဲဘော်တွေ အထိအခိုက် မရှိကြပါဘူး။
~~~~~~~~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။