Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

လမ်းနှစ်သွယ် ကြိုက်ရာရွေးပေတော့ (OPINION)

ကိုင်း ပြောစမ်းပါဦး။ အကြမ်းဖက်ခေါင်းဆောင် အယုတ်တမာထိပ်ခေါင် မ.အ.လ ။ မင်းက အုပ်ချုပ်ခွင့် နောက် ၆လ သက်တမ်းတိုးယူရအောင် ဘာလုပ်နိုင်မှာမို့လဲ။ အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးထောင်ချမယ်။ လူသားဒိုင်းအဖြစ် အသုံးပြုမယ်။ ရက်ရက်စက်စက် သတ်ဖြတ်မယ်။ ပြီးတော့ ရွာတွေကို အကြောင်းမဲ့မဲ့ လက်နက်ကြီးနဲ့ထုမယ်။ ပစ္စည်းတွေ ခိုးဝှက်ယူငင်မယ်။ မီးရှို့မယ်။ အဲဒါတွေပဲ ဆက်လက်ကျူးလွန် လုပ်ဆောင်ဦးမယ်မဟုတ်လား။ အဲဒီလို ကျူးလွန်ခဲ့တာလည်း ၂နှစ်ခွဲ ရှိလာပြီလေ။ ဘယ်မှာ ငြိမ်ဝပ်ပိပြား ထိန်းချုပ်နိုင်ခဲ့လို့လဲ။ တော်လှန်ရေးအရှိန်အဟုန်ကသာ ပိုမိုအားကောင်း ရှင်သန်ကြီးထွားလာတာမဟုတ်ပါလား။

 

ဒါပေမဲ့ မင်းလိုကောင်က မင်းအတ္တအကျိုးအတွက် နိုင်ငံကို ဖျက်ဆီးပစ်ဖို့လည်း ဝန်လေးမယ့်အကောင်မဟုတ်ပါဘူး။ နိုင်ငံပျက်စီးရင် ငါ့ရဲ့အကျိုးစီးပွားတွေလည်း ပျက်စီးသွားမှာပါလားဆိုတာကိုတောင် မသိနိုင်လောက်အောင် မင်းမှာ အသိဉာဏ်ကင်းမဲ့နေပါပေါ့လား။ ခွေးရူးလိုအကောင်ရေ။ ဒီမှာ နိုင်ငံက မင်းတို့စစ်အာဏာရှင်တွေအပိုင် မဟုတ်ပါဘူး။ တို့ပြည်သူအားလုံး ပိုင်ဆိုင်ကြတဲ့ နိုင်ငံပါကွ။ ဒီတော့ မင်းတို့က မစားရတဲ့အမဲ သဲနဲ့ပက်ဆိုတာလို နိုင်ငံကိုဖျက်ဆီးချင်ပေမဲ့ တို့ပြည်သူတွေက အနာဂတ် အစဉ်အဆက် မျိုးဆက်တွေအတွက် ဘဝတွေအသက်တွေပေးပြီး အစွမ်းကုန် ခုခံတော်လှန်သွားရမှာပဲ။ အောင်မြင်သည်အထိပေါ့ကွာ။ မင်းတို့က နိုင်ငံကို ဖျက်ဆီးနေကြတဲ့အကောင်တွေ။

 

ဘုရင်ရူးနဲ့ ဘုန်းကြီးရူး အဟပ်ကိုညီလို့။ သကြားသာသနာလည်း ပျက်စီးသွားပြီ။ ဟုတ်တယ်။ မင်းတို့က နိုင်ငံတင်မက သာသနာကိုပါ ဖျက်ဆီးတဲ့ သာသနာဖျက်အကောင်တွေ။

 

ပြီးတော့ ပြည်သူကိုသတ်ဖတ်ပြီး လက်သွေးစွန်းနေတဲ့အကောင်က သာသနာပြုမင်းအဖြစ် ခံယူလိုသေးသတဲ့။ ရွံရှာဖွယ် အလွန်တရာ ကောင်းပ။ အဲဒီမှာ သင်္ကန်းခြုံ ကတုံးကောင်အချို့ကလည်း ငါတို့ကိုပေး၊ ငါတို့ရရင် ပြီးတာပဲဆိုပြီး သူသနာပြုမင်း၊ သာသနာပြုမင်းကြီးနဲ့ ချီးမြှောက်နေလိုက်ကြသေး။ ဘုရင်ရူးနဲ့ ဘုန်းကြီးရူး အဟပ်ကိုညီလို့။ သကြားသနာလည်း ပျက်စီးသွားပြီ။ ဟုတ်တယ်။ မင်းတို့က နိုင်ငံတင်မက သာသနာကိုပါ ဖျက်ဆီးတဲ့ သာသနာဖျက်အကောင်တွေ။ 

 

သာသနာကို နိုင်ငံရေးခုတုံးလုပ်လာကြတာ မောင်နုလက်ထက်က အတိုင်းအတာတစ်ခုထိ အောင်မြင်မှုရခဲ့ပေမဲ့ မောင်နေဝင်းလက်ထက်မှာရော၊ မင်းရဲ့ဆရာ မောင်သန်းရွှေလက်ထက်မှာပါ အောင်မြင်မှုမရခဲ့ကြဘူး။ အခု မင်းက အဲဒါကိုပဲ ခုတုံးလုပ်ဖို့ကြိုးစားလာတော့ ညံ့ချက်က အူတဲ့အဆင့်ထိအောင် ရောက်နေပါပေါ့လားဟ။ ဒါကြောင့်လည်း အာဏာသိမ်းတာ မအောင်မမြင်ဖြစ်ရုံမက မင်းတို့ စစ်အာဏာရှင်တေ မျိုးတုံးတော့မယ့်ကိန်း ဆိုက်နေတာပေါ့။ ကမ႓ာဦးတုန်းက အင်အားကြီးမားတဲ့ ဒိုင်နိုဆောကြီးတွေ မျိုးတုံးပျောက်ကွယ်သွားကြတဲ့ သဘောမျိုး။

 

အာဆီယံထိပ်သီးအစည်းအဝေးကလည်း နီးကပ်နေတာကိုး။ အဲဒီမှာ တရုတ်၊ အင်ဒိုနီးရှား၊ စင်္ကာပူနဲ့ မလေးရှားတို့ကလည်း တွေခွင့်တောင်းလာကြတော့ အခက်တွေ့ရော။

 

ခုဆို ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်းနဲ့ မကွေးတိုင်းမြောက်ပိုင်းတို့ကို အုပ်ချုပ်လို့မရရုံမက လက်လွှတ်ရတော့မယ့် အခြေအနေမျိုး ရောက်နေပြီမဟုတ်လား။ အဲဒီမှာ မင်းတို့က မျက်လှည့်ဆရာ ပဏ္ဏဝတို့လို ထမိန်ခြုံပြီး လင်းဒအသွင်ပြောင်းကာ ထွက်ပြေးဖို့ ကြိုးစားလာကြတယ်။ ရာထူးကပြုတ်တော့မယ့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကို ပေးတွေ့တယ်။ အာဆီယံထိပ်သီးအစည်းအဝေးကလည်း နီးကပ်နေတာကိုး။ အဲဒီမှာ တရုတ်၊ အင်ဒိုနီးရှား၊ စင်္ကာပူနဲ့ မလေးရှားတို့ကလည်း တွေခွင့်တောင်းလာကြတော့ အခက်တွေ့ရော။ 

 

အဲဒီမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း မင်းလို အောက်တန်းကျတဲ့လူယုတ်မာကို ထမီနဲ့အုပ်လိုက်ရင် သူ့အနေနဲ့ သနသွားမှာမို့ အုပ်မပေးပြန်ဘူး။ ဒီတော့ မင်းက ထောင်ထဲပြန်ပို့လိုက်တယ်။ ပို့ ဘတို့ပေါ့။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံအတွက် အသက်စွန့်လွှတ်ဖို့တောင် ဝန်မလေးသူပဲ။ ဇာမဏီမျိုးကွ။ အသက်သာ ဆုံးရှုံးခံသွားမယ်။ သူ့အတောင် ဆစ်ချောင်းတလေမှတောင် အဆုံးရှုံးမခံဘူးမှတ်ပါ။ မင်းလို သတ္တိကြောင်တဲ့သူ မှတ်နေလား။

 

ဒီတော့ မင်းအနေနဲ့ ရွေးကောက်ပွဲနည်းလမ်းကို ပြန်လည်စဉ်းစားရတော့မယ်။ အကြားအလပ်မရှိ ရွေးကောက်ပွဲလုပ်မလား။ ကွက်ကြားရွေးကောက်ပွဲ လုပ်မလား။ လွှတ်တော်မှာ မင်းခိုင်းစေထားတဲ့အမတ်က ၂၅ရာခိုင်နှုန်း ရှိပြီးသား။ နောက်ထပ် ၂၆ရာခိုင်နှုန်းဖြည့်စွက်လိုက်တာနဲ့ လွှတ်တော်က ၅၀ရာခိုင်နှုန်း ကျော်သွားပြီ။ လွှတ်တော်ကျင့်ပလို့ ဖြစ်ပြီ။ ဒါပေမဲ့ ပုံရိပ်ကျဆင်းစေမယ်။ ပုံရိပ်မကောင်းဘူး ဖြစ်မယ်ပေါ့။

 

ကိုယ်စားလှယ်လောင်းတွေ ကိုယ်စားလှယ်ဖြစ်ဖို့ မကျိန်းသေပေမဲ ကိုယ်စားလှယ်အလောင်းတြွေဖစ်ဖို့ ကျိန်းသေလွန်းလှသဗျာ။ ကိုယ့်အသက်ထက် ရာထူးမက်မောရင်လည်း စည်းရုံးရေးဆင်းကြပေါ့။ အသက်ဆိုတာ စပယ်ယာ အပိုပစ္စည်းမပါဘူးနော်။

 

ကျားသားမိုးကြိုး။ မင်းလိုအကြမ်းဖက်ခေါင်းေဆာင်ကများ ပုံရိပ်မကောင်းမှာကို စိုးကြောက်နေသတဲ့လား။ ခွေးဖြစ်မှတော့ မစင်စားဖို့ ဝန်လေးမနေပါနဲ့တော့။ ပြောရရင် မင်းတို့အနေနဲ့ ကွက်ကြားရွေးကောက်ပွဲတောင် မလုပ်နိုင်တဲ့အနေအထားမဟုတ်လား။ ကိုယ်စားလှယ်တွေ မဲဆွယ်စည်းရုံးရေး ဘယ်လိုဆင်းကြမလဲ။ ဘယ်သူတွေက လုံခြုံမှုပေးကြမလဲ။ ကိုယ်စားလှယ်လောင်းတွေ ကိုယ်စားလှယ်ဖြစ်ဖို့ မကျိန်းသေပေမဲ ကိုယ်စားလှယ်အလောင်းတြွေဖစ်ဖို့ ကျိန်းသေလွန်းလှသဗျာ။ ကိုယ့်အသက်ထက် ရာထူးမက်မောရင်လည်း စည်းရုံးရေးဆင်းကြပေါ့။ အသက်ဆိုတာ စပယ်ယာ အပိုပစ္စည်းမပါဘူးနော်။ 

 

အကြားအလပ်မရှိရွေးငေါက်ပွဲဆိုတာတော့ စိတ်ကူးယဉ်ကြည်လို့တောင် မရနိုင်တဲ့အနေအထားပါ။ ကိုင်း မင်းတို့ နောက်ထပ်သက်တမ်းတိုးငါလမှာ ဘာလုပ်ကြမှာလဲ။ အသက်ဆက်ဖို့ ၂သောင်းတန်ငွေစက္ကူ အတိုင်းအဆမရှိ ထုတ်ထားတယ်တဲ့လား။

 

အဲဒီမှာ ပြန်ကြားရေးဝန်ကြီးဟောင်းရဲထွဋ် ရေးတင်ထားတာလေးကို အမှတ်ရမိသကွ။ ဇမ်ဘီယာနိုင်ငံက မူဂါဘီဆိုတဲ့အာဏာရူးက စီးပွားရေးကျဆင်းတော့ တရားမဝင်ငွေစက္ကူတွေကို ရိုက်နှိပ်ထုတ်ဝေနေသတဲ့။ စီးပွားရေးတိုးတက်မလာဘဲ ကြည်သူတွေသာ ငွေကြေးဖောင်းပွမှုဒဏ်ကို အလူးအလဲခံကြရတာပေါ့။ နောက်ဆုံးတော့လည်း မူဂါဘီကြီဂ ပြုတ်ကျသွားရှာရောတဲ့။ ခုလည်း မင်းတို့အနေနဲ့ စီးပွားရေးကျဆင်းလို့ တရားဝင်အစိုးရတစ်ရပ်မဟုတ်ဘဲ တရားမဝင်ငွေစက္ကူတွေ ရိုက်နှိပ်ထုတ်ဝေတာပေါ့ေလ။ အဟင်း ဟင်း။ မူဂါဘီကြီးလို ခွေးကျ ကျမှာကို မြင်ယောင်မိပါသေးတယ်ကွာ။

 

မင်းတောင် အခိုးကြမ်းလို့ နံပါတ်တစ်သူဌေးကြီး ဖြစ်နေပြီမဟုတ်လား။ သူခိုးကြီးက သူခိုးလေးတွေကို ဖမ်းတယ်ဆိုတော့ ယုံနိုင်စရာရှိပါ့မလားကွာ။ ပြောရရင်တော့ စစ်ရေးအခြေအနေတွေ ဖုံးဖိလို့မရအောင် ရှုံးနိမ့်နေလို့ မဟုတ်ပါလား။

 

ဒါထက် ရဲထွဋ်ကတော့ မင်းတို့ကို စောင်းမြောင်းရေးသားဟန်မတူဘူး။ သူ သိဖူး၊ ဖတ်ဖူးတာလေး ရေးတင်ထားဟန်တူရဲ့။ အဲဒါကို ငါက ငါ့အတွေးနဲ့ မင်းတို့ကလည်း ငွေ၂သောင်းတန်ထုတ်ဝေလို့ ထပ်တူဖြစ်လေမလားဆိုပြီး ဆက်စပ်ကြည့်လိုက်မိတာပါ။ ဟုတ်တယ်။ မင်းတို့က ခွေးရူးတွေလို မဲမဲမြင်ရာ လိုက်ကိုက်နေတာဆိုတော့ တော်ကြာ ငါ့ပယောဂနဲ့ ရဲထွဋ်ကြီးဒုက္ခရောက်မှာ စိုးရိမ်လို့ပါ။ ပြီးတော့ ရဲထွဋ် ရေးသားထုတ်ဝေထားတဲ့ စာအုပ်ကလည်း ပြည်သူတွေကြား ပြောဆိုဆွေးနွေးစရာ ဖြစ်နေတယ် ဆိုကိုး။

 

ခုတော့ အကြမ်းဖက်ခေါင်းဆောင် အယုတ်တမာထိပ်ခေါင် မ.အ.လ ရေ။ မင်းရဲ့ အကြမ်းဖက်အဖွဲ့အစည်းကလည်း ကဂျိုးဂဂျောင်နဲ့ပါလားဟ။ မြောက်ပိုင်းတိုင်းက တိုင်းမှူးကို ဖမ်းဆီးစစ်ဆေးရတာနဲ့၊ ကမ်းရိုးတန်း ဒုတိုင်းမှူးကို ဖမ်းဆီးစစ်ဆေးရတာနဲ့။ မင်းတို့ သတင်းထုတ်ပြန်တာကတော့ အခိုးကြမ်းလို့ပါတဲ့။ တို့ကတော့ မယုံရေးချ မယုံ။ မင်းတောင် အခိုးကြမ်းလို့ နံပါတ်တစ်သူဌေးကြီး ဖြစ်နေပြီမဟုတ်လား။ သူခိုးကြီးက သူခိုးလေးတွေကို ဖမ်းတယ်ဆိုတော့ ယုံနိုင်စရာရှိပါ့မလားကွာ။ ပြောရရင်တော့ စစ်ရေးအခြေအနေတွေ ဖုံးဖိလို့မရအောင် ရှုံးနိမ့်နေလို့ မဟုတ်ပါလား။

 

ပြီးတော့ မင်း အာဏာသိမ်းတာ ၂နစ်ခွဲရှိသေးတယ်။ ရဲချုပ်ရာထူး အပြောင်းအလဲလုပ်တာ သုံးကောင်ရှိသွားပြီ။ မင်းတို့စစ်ဆင်ရေးတွေ မအောင်မြင်၊ ရှုံးနိမ့်နေရတာ၊ အသေအပျောက် များနေကြတာတွေဟာ သတင်းထောက်လှမ်းမှု အသုးမကျလို့ဆိုပြီး သုံးသပ်ကြဟန်တူပါရဲ့။ အမှန်က ပြည်သူတွေ မင်းတို့နဲ့ပူးပေါင်းမှုအားနည်းလို့၊ မရှိတော့လို့ပဲကွ။ ဒီတော့ ဘယ်မှာ စတင်းထောက်လှမ်းလို့ ရပါတော့မလဲ။ ပြည်သူတွေက မင်းတို့ကို အင်မတန်ရွံရှာမုန်းတီးပြီး အသည်းခိုက်အောင် နာကျည်းနေကြပြီဆိုတာကိုရော မင်းတို့ သိကြရဲ့လား။ ဘယ်ကွာ။ အပြစ်မဲ့တဲ့ပြည်သူတွေကို ဥပဒေမဲ့ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်။ ပြည်သူ့အိုးအိမ်ပစ္စည်းတွေကို အကြောင်းမဲ့ လုယူခိုးဝှက်၊ မီးရှို့ဖျက်ဆီး။ အဲဒီလို အကြမ်းဖက်အဖွဲ့အစည်းကို ကြည်သူအားလုံးက အမှုန့်ကြိတ်ပစ်ချင်ကြတာပေါ့ကြာ။

 

မင်းတို့လုပ်ရပ်နဲ့ မင်းတို့အကျိုးပေးကြောင့် လျောင်ပိတ်မိတဲ့ ခွေးတွေလို ဖြစ်နေပြီ။ ထွက်ပေါက် လုံးဝမရှိတော့။ ဖမ်းဆီးခြင်းခံကြမလား။ အသေခံကြမယ်လား။ လမ်း၂သွယ်ထဲက ကြိုက်တဲ့လမ်းကိုသာ ရွေးချယ်ကြပေတော့။

 

ခုဆို မင်းတို့က မင်းတို့ရဲ့ စခ၊ ရခ စခန်းတွေကို ခံစစ်အသွင် ပြင်ဆင်ထားကြဖို့ ညွှန်ကြားထားတယ်ဆိုကွ။ ကတုတ်ကျင်းတွေတူးဖို့၊ မြေမြုပ်မိုင်းတွေ မြုပ်ထားဖို့ ဒရုန်းတွေလည်း ဂရုစိုက်ဖို့၊ အန္တရာယ်ကင်းပရိတ်တွေလည်း အမြဲရွတ်ဆိုကြဖို့။ ဟုတ်တယ်။ မင်းတို့ရဲ့အလှည့်က ပြီးဆုံးသွားပြီ။ ဒါပေမဲ့ ပွဲက မသိမ်းသေးဘူး။ ငါတို့အလှည့် ရှိသေးတယ်။ ခုတော မင်းတို့စစ်အာဏာရှင်တွေ မင်းတို့လုပ်ရပ်နဲ့ မင်းတို့အကျိုးပေးကြောင့် လျောင်ပိတ်မိတဲ့ ခွေးတွေလို ဖြစ်နေပြီ။ ထွက်ပေါက် လုံးဝမရှိတော့။ ဖမ်းဆီးခြင်းခံကြမလား။ အသေခံကြမယ်လား။ လမ်း၂သွယ်ထဲက ကြိုက်တဲ့လမ်းကိုသာ ရွေးချယ်ကြပေတော့။

 

နွေဦးတော်လှန်ရေး အောင်ရမည်။ 

˜˜˜˜

ဒေါင်းနီ

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။