Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ပုသိမ်သားအောင်ခန့်ဇော် (Poem)

ပုသိမ်သားအောင်ခန့်ဇော်

မင်းကိုငဝံကခေါ်နေပြီ။

 

သားကြီးအောင်ခန့်ဇော်

မင်းကိုငဝံမြစ်ကြီးကခေါ်နေပြီ။

 

ဂျပန်ကြီးအောင်ခန့်ဇော်

အာရက္ခတပ်တော်က

မင်းကိုခေါ်နေပြီ။

 

သာလီစွပါ

ရခိုင်ရိုးမ၊ အာရက္ခ။

 

နပခ အလွန်

တောင်ကုတ်အလွန်။

 

ဂွကိုရရင်

မြစ်ဝကျွန်းပေါ်ကိုရမယ်။

 

မြစ်ဝကျွန်းပေါ်သားကြီးအောင်ခန့်ဇော်

ရခိုင်ရိုးမက

မင်းကိုခေါ်နေပြီ။

 

နွေဦးတော်လှန်ရေးဆိုတာ

သွေးနဲ့သစ္စာပြုထားတဲ့

လူထုအရေးတော်ပဲ။

 

လူထုပုံရိပ်မထင်ဟပ်ရင်

ရာဇဝင်မဟုတ်ဘူး။

 

အားလုံးဟာလူထုဖြစ်တယ်

လူထုဟာအားလုံးဖြစ်တယ်။

 

ယာယီသမ္မတကြီးဒူဝါလရှီးလလည်း

လူထုပဲ

ဗိုလ်ချုပ်ထွန်းမြတ်နိုင်လည်းလူထုပဲ

ဒေါက်တာတေဇာစန်းလည်းလူထုပဲ။

 

လူထုဟာသူရဲကောင်း

အဆုံးသတ်တိုက်ပွဲမှာ

တောင်ကုန်းကိုသိမ်းမဲ့သူဟာ

လူထု။

 

နွေဦးရဲ့ဆူးသရဖူကို

ဆောင်းမဲ့သူဟာ

လူထု။

 

လူထုက

မင်းကိုခေါ်နေပြီအောင်ခန့်ဇော်။

 

ဂွကိုကျော်နိုင်ရင်

ငါးသိုင်းချောင်းကိုလည်းကျော်နိုင်ရမယ်။

 

ငါးသိုင်းချောင်းတံတားအောက်က

စစ်ခွေးတစ္ဆေ၊ ခံစစ်သေ

ငါတို့​​ချေမှုန်းပစ်ရမယ်။

 

စစ်ခွေးတွေ

ချောင်းသာ၊ ငွေဆောင်၊ ငရုတ်ကောင်း

ပင်လယ်ခွင်ထဲကမထွက်ရဲတော့ပါဘူး။

 

စစ်ခွေးတွေ

ခံစစ်သေ၊ ခွာစစ်၊ အလံဖြူထောင်

မြစ်ခွင်ထဲကမထွက်ရဲတော့ပါဘူး။

 

သူတို့က

ယူဘုတ်နဲ့လိုက်ရင်

ငါတို့ကပဲ့ထောင်နဲ့ပြေးမယ်။

 

သူတို့က

ယူဘုတ်နဲ့ပြေးရင်

ငါတို့ကပဲ့ထောင်နဲ့လိုက်မယ်။

 

မြစ်ဝကျွန်းပေါ်ရဲ့ အဆုံးအဖြတ်ဟာ

ရေတပ်၊ လေတပ်တွေမဟုတ်ဘူး

လူထုရဲ့သေရဲ၊ တိုက်ရဲတဲ့

ပြောက်ကျားစိတ်ဓာတ်ပဲ။

 

အောင်ခန့်ဇော်

ငါတို့မှာသမိုင်းတွေစီးခဲ့တယ်။

 

ပမ္မဝတီ၊ ငဝံ၊ ရွေး

ပြာမလော့၊ ရာဇူဒိုင်၊ တိုး

ငါတို့မြစ်ရိုးမှာကြီးခဲ့တယ်။

 

ငဝံသားအောင်ခန့်ဇော်

အောင်ပွဲကမင်းကိုခေါ်နေပြီ။

 

နပခ အလွန်

နတခ ဟာ

ငါတို့ပိုက်ကွန်ထဲမှာ။

 

ရခိုင်ရိုးမကိုကျော်

မြစ်ဝကျွန်းပေါ်

တော်လှန်ရေးအလံစိုက်ကြမယ်။

 

သာလီစွပါ

ချိုက်လှစွာသောငါရို့အာရက္ခ

အောင်ခန့်ဇော်ကိုခေါ်ပါတော့။ ။

....................

(၁၂၊ ၂၃၊ ၂၀၂၄)

ပုသိမ်ခရိုင်၊ တပ်ရင်း(၁)၊ တပ်ခွဲ(၄)၊

တပ်ခွဲမှူးအောင်ခန့်ဇော်(ခ)ဂျပန်ကြီး

မတ် ၂၂၊ ၂၀၂၄ ကျဆုံးသည်။

~~~~

အောင်ဝေး

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။