Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

မြန်မာ့အရေး ကုလရင်ပြင်မှာ တရုတ် ဘာ့ကြောင့် အသံမထွက်ရဲတာလဲ (Opinion)

တရုတ်နယ်စပ်က မြန်မာတိုင်းရင်းသားလက်နက်ကိုင်တွေကို ဟိန်းဟောက် ခြိမ်းခြောက် စော်ကားနေရုံတင်မက ရှမ်းမြောက်ပြည်သူတွေကိုပါ စီးပွားရေးပိတ်ဆို့ကာ မြန်မာ့အရေးကို ထင်သလို ဝင်စွက်ဖက်နေ တဲ့ တရုတ်ဟာ သံကြီးတမန်ကြီးတို့ရဲ့ နိုင်ငံရေးဂုဏ်သိက္ခာရှိမှုအပေါ် အခြေခံဖွဲ့စည်းထားတဲ့ ကုလသမဂ္ဂ ရင်ပြင်မှာတော့ သနားစရာကောင်းလောက်အောင်ပင် အသံတစ်ချက်မထွက်ရဲခဲ့ပေ။

 

တရုတ်ဟာ အကြမ်းဖက်လူသတ် အောက်တန်းကျလှတဲ့ စစ်ကောင်စီကို ထောက်ခံကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ ဩဂုတ် ၁၄ ရက်၊ နေပြည်တော်ခရီးစဉ်မှာ အတိအလင်းပြောကြားခဲ့ပြီး နောက် အတည်ပေါက်ခြိမ်းခြောက်တာတွေရော၊ အောက်လမ်းနည်းတွေနဲ့ရော ပြတ်ပြတ်သားသား လက် တွေ့ကျကျ။ အထူးသဖြင့် တရုတ်အရင်းအမြစ်တွေကို မှီခိုနေရတဲ့ တရုတ်နယ်စပ်က ကိုးကန့်တပ် MNDAA နဲ့ တအောင်းတပ် TNLA အပြင် UWSA ‘ဝ’ တောင်ပါလိုက်သေး။ နယ်စပ်ဂိတ်တွေ အကုန်ပိတ်၊ ဖြတ်ငါးဖြတ်နဲ့ ရှမ်းမြောက်ပြည်သူတွေကို အငတ်ဘေးသင့်စေတဲ့ လုပ်ရပ်။ ဒါ့အပြင် MNDAA၊ TNLA နဲ့ KIA တို့ကို တိုက်ပွဲတွေ ချက်ချင်းရပ်ဖို့ ဟိန်းဟောက်နေပေမဲ့ စစ်ကောင်စီတပ်က ရှမ်းမြောက်နဲ့ကချင်ဒေသက ပြည်သူတွေကို ပစ်မှတ်ထားကာ လေကြောင်းကနေ ဗုံးကြဲနေတာကျတော့ တရုတ်က မမြင်ချင်ယောင်ဆောင်ပြန်တယ်။

 

MNDAA ကို လားရှိုးကနေ ဆုတ်ပေးဖို့ ခြိမ်းခြောက်မှုမအောင်မြင်တော့ တရုတ်နဲ့ ဆွေးနွေးဖို့ ရောက်နေတဲ့ MNDAA ခေါင်းဆောင်ကို တရုတ်မှာပဲ အကျယ်ချုပ်ဖမ်းလိုက်တယ်။ 

 

MNDAA ကို လားရှိုးကနေ ဆုတ်ပေးဖို့ ခြိမ်းခြောက်မှုမအောင်မြင်တော့ တရုတ်နဲ့ ဆွေးနွေးဖို့ ရောက်နေတဲ့ MNDAA ခေါင်းဆောင်ကို တရုတ်မှာပဲ အကျယ်ချုပ်ဖမ်းလိုက်တယ်။ အခုလည်း ကေအိုင်အေက နယ်စပ် ကုန်သွယ်ရေးမြို့ ကန်ပိုင်တီကို သိမ်းတော့ တရုတ်ထဲဝင်ပြေးတဲ့ မင်းအောင်လှိုင်တပ်သား ရာနဲ့ချီကို ကောင်း မွန်စွာစောင့်ရှောက်ပြီး မူဆယ်ဘက်ခြမ်းကနေ ပြန်ပို့ပေးတယ်။ အခု ဗန်းမော်မြို့သိမ်းစစ်ဆင်ရေး ဆင်နွှဲတော့ ကေအိုင်အေခေါင်းဆောင် ဗိုလ်ချုပ်ကြီး အင်ဘန်လ ကို ဘေဂျင်းအထိခေါ်ပြီး ဆွေးနွေးပြန်တယ်။ ပြောရရင် မြန်မာ့အရေး တရုတ်ရဲ့ ဗျာများနေမှုက စစ်ကောင်စီနဲ့ အပြိုင်။

 

ဒါပေမဲ့၊ ပြည်သူ့သံအမတ်ကြီး  ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် အဖြစ် ဆက်လက်ခန့်အပ်မှုကိုတော့ မင်းပေါင်းစုံလင်လှတဲ့ ကုလရင်ပြင်ထက်မှာ တရုတ်က မကန့်ကွက်။ အခုမှ မဟုတ်၊ ၂၀၂၁ ခုနှစ်က စလို့။

 

ကုလသမဂ္ဂစင်မြင့်ထက်မှာ ဦးကျော်မိုးထွန်းက အာဏာသိမ်းမှုကို ဆန့်ကျင်ကာ ပြည်သူတွေဘက်က တရားဝင်ရပ်တည်ပြခဲ့တဲ့သူ။ ထုံးစံအတိုင်း စစ်ဗိုလ်ချုပ်တွေက ဒေါသတကြီး နိုင်ငံတော်သစ္စာဖောက်မှုတွေဘာတွေ စွဲချက်တင်ရုံတင်မက လုပ်ကြံရန်လည်း ကြံစည်။

 

သံအမတ်ကြီးဦးကျော်မိုးထွန်းဟာ NLD အစိုးရခန့်အပ်ထားတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်။ ၂၀၂၁၊ ဖေဖေါ်ဝါရီ ၂၆ ရက်၊ ကုလသမဂ္ဂစင်မြင့်ထက်မှာ ဦးကျော်မိုးထွန်းက အာဏာသိမ်းမှုကို ဆန့်ကျင်ကာ ပြည်သူတွေဘက်က တရားဝင်ရပ်တည်ပြခဲ့တဲ့သူ။ ထုံးစံအတိုင်း စစ်ဗိုလ်ချုပ်တွေက ဒေါသတကြီး နိုင်ငံတော်သစ္စာဖောက်မှုတွေဘာတွေ စွဲချက်တင်ရုံတင်မက လုပ်ကြံရန်လည်း ကြံစည်။ ပြီးတော့ ၂၀၂၁ ခုနှစ်ကစလို့ စစ်ကောင်စီကို ကိုယ်စားပြုသူ ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်ဖြစ်ရေး လျှောက်ထားခဲ့တာ အခု ၂၀၂၄ ထိတိုင်။ အခု ၄ နှစ် ဆက်တိုက် ကုလသမဂ္ဂက စစ်ကောင်စီကို အသိအမှတ်မပြု။ ကုလမှာ စစ်ကောင်စီ ခွက်ခွက်လန် အရှုံး။

 

၂၀၂၁ ကစလို့ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ကိုယ်စားပြုခွင့် အမည်စာရင်းတင်သွင်းမှုက NUG အစိုးရနဲ့ စစ်ကောင်စီ နှစ်ယောက်ဖြစ်နေလေတော့ ကုလသမဂ္ဂနိုင်ငံကိုယ်စားပြု ကိုယ်စားလှယ် စိစစ်ရေးကော်မတီ (Credential Committee) က ပထမအဆင့်အနေနဲ့ ဆုံးဖြတ်ရတယ်။

 

Credential Committee မှာက အမြဲတမ်းအဖွဲ့ဝင် ၃ နိုင်ငံနဲ့ အလှည့်ကျအဖွဲ့ဝင် ၆ နိုင်ငံပါဝင်တာမို့ စုစုပေါင်း ၉ နိုင်ငံ။ အမြဲတမ်းအဖွဲ့ဝင် ၃ နိုင်ငံက အမေရိကန်၊ ရုရှားနဲ့ တရုတ်။ အမြဲတမ်း ၃ နိုင်ငံမှာ ဗီတိုအာဏာ မရှိ၊ မဲခွဲ ဆုံးဖြတ်စရာရှိရင် အဖွဲ့ဝင်၉နိုင်ငံစလုံးက တစ်နိုင်ငံ တစ်မဲကျ။ မြန်မာနိုင်ငံလို ကိုယ်စားလှယ်အမည်စာရင်း တင်သွင်းမှု တစ်ယောက်ထက်ပိုနေပြီး ကော်မတီတွင်း သဘောမညီရင် မဲခွဲဆုံးဖြတ်။ ပြီးတော့ Credential Committeeရဲ့ ဆုံးဖြတ်ချက်အစီရင်ခံစာကို ကုလသမဂ္ဂအထွေထွေညီလာခံသို့ ပေးပို့။ ဒုတိယအဆင့်အနေနဲ့ ကော်မတီရဲ့ဆုံးဖြတ်ချက်ကို အထွေထွေညီလာခံက လက်ခံတယ်ဆိုရင် အိုကေ။ တကယ်လို့ လက်မခံဘူးဆိုရင်တော့ နိုင်ငံအားလုံးက မဲခွဲဆုံးဖြတ်။ မဲများတဲ့ဘက်က အတည်။

 

တရုတ်နဲ့ ရုရှားက Credential Committee မှာ ဦးကျော်မိုးထွန်းကို ကန့်ကွက်တာ၊ ဒါမှမဟုတ် စစ်ကောင်စီလူကို မဲခွဲဆုံးဖြတ်ချက်နဲ့ အတည်ပြုနိုင်ခဲ့ရင်တောင် အထွေထွေညီလာခံမှာ မဲခွဲရင် ရှုံးနိမ့်နိုင်တာကြောင့်ပါပဲ။ 

 

၂၀၂၁ ကနေ ၂၀၂၄ အထိ မြန်မာနိုင်ငံကိုယ်စားပြုခွင့်နဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်က Credential Committee အနေနဲ့ တင်သွင်းမှုနှစ်မျိုးကို စဉ်းစားဆုံးဖြတ်နိုင်ရေး ရွှေ့ဆိုင်းထားဖို့ ကော်မတီဥက္ကဌက အ ဆိုပြုတဲ့အပေါ် ကော်မတီဝင်တွေက မဲမခွဲဘဲ အတည်ပြုခဲ့သလို  ကော်မတီရဲ့ ဆုံးဖြတ်ချက်မူကြမ်းအတိုင်း ပဲ ကုလအထွေထွေညီလာခံကလည်း မဲမခွဲဘဲ တူညီဆန္ဒနဲ့ ဆက်လက်အတည်ပြုခဲ့တယ်။

 

ပြောရရင် NUG ကိုယ်စားလှယ်နဲ့ စစ်ကောင်စီအမည်စာရင်းတင်တဲ့ကိုယ်စားလှယ် ဘယ်သူ့ကိုရွေး မလဲဆိုတာ ကုလသမဂ္ဂက မဆုံးဖြတ်သေးဘဲ အရင်ကတည်းက တာဝန်ယူထားတဲ့ သံအမတ်ကြီးဦးကျော် မိုးထွန်းကိုသာ ဆက်လက်တာဝန်ယူစေခြင်းဖြစ်တယ်။ ဒါကို ထပ်အသေးစိတ်ရရင် ကုလသမဂ္ဂမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ ကိုယ်စားပြုခွင့် ကြိုးပမ်းမှုကို ပယ်ချလိုက်ပြီး မြန်မာပြည်သူကိုယ်စားပြု၊ လက်ရှိ NUG အစိုးရကိုယ်စားပြုလည်း ဖြစ်တဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်းကိုသာ ဆက်လက်ခန့်အပ်လိုက်ခြင်းဖြစ်တယ်။

 

ဆိုတော့ Credential Committee မှာ စစ်ကောင်စီကို မြန်မာပြည်သူတွေ များများသတ်နိုင်အောင် ပခုံးထမ်းတင် ထောက်ခံမှုအပြည့်ပေးနေတဲ့ တရုတ်နဲ့ ရုရှား နှစ်နိုင်ငံစလုံးက ရှိနေပါလျက်၊ ပြီးတော့ မအောင်မြင်တဲ့အာဏာသိမ်းပွဲစတင်တဲ့ ၂၀၂၁ ကနေ ၂၀၂၄ ဩဂုတ်အထိ တရုတ်က မြန်မာ့အရေး ခြံစည်းရိုးပေါ်ခွထိုင်ခဲ့ပေမဲ့ ဩဂုတ်ဒီဘက်ကစလို့ စစ်ကောင်စီအသက်ဆက်နိုင်ရေး စိတ်ရောကိုယ်ပါ ပုံအောထောက်ခံနေပါလျက် ဦးကျော်မိုးထွန်း ကို ဆက်လက်ခန့်အပ်မှုအပေါ် ဘာ့ကြောင့် မကန့်ကွက်ပါသလဲ။

 

တရုတ်နဲ့ ရုရှားက Credential Committee မှာ ဦးကျော်မိုးထွန်းကို ကန့်ကွက်တာ၊ ဒါမှမဟုတ် စစ်ကောင်စီလူကို မဲခွဲဆုံးဖြတ်ချက်နဲ့ အတည်ပြုနိုင်ခဲ့ရင်တောင် အထွေထွေညီလာခံမှာ မဲခွဲရင် ရှုံးနိမ့်နိုင်တာကြောင့်ပါပဲ။ အမေရိကန်နဲ့ အနောက်အုပ်စုရဲ့ ပါဝါကို တရုတ်နဲ့ရုရှားက ကုလရင်ပြင်မှာ ယှဉ်နိုင်စွမ်း မရှိသလို ကိုယ့်ပြည်သူ ကိုယ် ဗုံးကြဲသတ်ဖြတ်နေတဲ့ စစ်ကောင်စီကို ကမ္ဘာပေါ်က အာဏာရှင်နိုင်ငံနည်း နည်း ကလွဲလို့ ဂုဏ်သိက္ခာရှိတဲ့နိုင်ငံတွေက လုံးဝမထောက်ခံဘူးဆိုတာ တရုတ်က ကောင်းကောင်းသိနေတာကြောင့် ကုလရင်ပြင်မှာ အရှက်ကွဲခံပြီး စစ်ကောင်စီဘက် တရုတ် ရပ်မပြရဲခြင်းဖြစ်တယ်။

 

မြန်မာ့အရေးဆုံးဖြတ်ချက်-၂၆၆၉ ဆိုတာ ၇၄ နှစ်တာကာလအတွင်း မြန်မာ့အရေးနဲ့ပတ်သက်ပြီး လုံခြုံရေးကောင်စီရဲ့ ပထမဆုံး ဆုံးဖြတ်ချက်။ အဲဒီဆုံးဖြတ်ချက်ကို မဲခွဲအတည်ပြုရာမှာ တရုတ်၊ ရုရှားနဲ့ အိန္ဒိယတို့ က မဲမပေးဘဲကြားနေခဲ့ပြီး ကျန်လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၂ နိုင်ငံက ထောက်ခံတာကြောင့် အတည်ပြုနိုင်ခဲ့ခြင်းဖြစ်တယ်။

 

 ၂၀၂၂ ဒီဇင်ဘာ ၂၁ ရက်ကလည်း ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်-၂၆၆၉ ထွက်ခဲ့ဖူးတယ်။ ဗြိတိန်နိုင်ငံက ဦးဆောင်ရေးဆွဲခဲ့တဲ့ အဲဒီဆုံးဖြတ်ချက်မှာ အကြမ်းဖက်မှုတွေ ချက်ချင်း ရပ်ဖို့၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အားလုံးကိုလွှတ်ပေးဖို့၊ အာဆီယံသ ဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့၊ မြန်မာပြည်သူတို့ရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို လေး စားလိုက်နာဖို့၊ စာနာမှုအကူအညီတွေကို အကန့်အသတ်မရှိ ခွင့်ပြုပေးဖို့ စတဲ့ အချက်တွေ ပါဝင်တယ်။

 

မြန်မာ့အရေးဆုံးဖြတ်ချက်-၂၆၆၉ ဆိုတာ ၇၄ နှစ်တာကာလအတွင်း မြန်မာ့အရေးနဲ့ပတ်သက်ပြီး လုံခြုံရေးကောင်စီရဲ့ ပထမဆုံး ဆုံးဖြတ်ချက်။ အဲဒီဆုံးဖြတ်ချက်ကို မဲခွဲအတည်ပြုရာမှာ တရုတ်၊ ရုရှားနဲ့ အိန္ဒိယတို့ က မဲမပေးဘဲကြားနေခဲ့ပြီး ကျန်လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၂ နိုင်ငံက ထောက်ခံတာကြောင့် အတည်ပြုနိုင်ခဲ့ခြင်းဖြစ်တယ်။

 

အဲဒီအချိန်တုန်းက တရုတ်ဟာ မြန်မာ့အရေး ခြံစည်းရိုးပေါ် ခွထိုင်နေသေးတဲ့ကာလမို့ ကြားနေလိုက်တယ်ဆိုဦးတော့ ဗီတိုအာဏာပိုင် ရုရှားကရော ဘာ့ကြောင့် ဒီဆုံးဖြတ်ချက်ကို ဗီတိုအာဏာနဲ့ မပယ်ချခဲ့တာပါ လဲ။

 

ဆုံးဖြတ်ချက်-၂၆၆၉ ဆိုတာ ကမ္ဘာ့အမြင့်ဆုံးအာဏာပိုင်အဖွဲ့ လုံခြုံရေး ကောင်စီရဲ့ တောင်းဆိုချက်ဖြစ်ပေမဲ့ မလိုက်နာဘူးဆိုလည်း ဘာမှမဖြစ်တဲ့ ဆုံးဖြတ်ချက်။ ဆုံးဖြတ်ချက်-၂၆၆၉ ကို မလိုက်နာလည်း ထိရောက်တဲ့ အရေးယူမှုမပါတဲ့ ဆုံးဖြတ်ချက်။ 

 

ဗီတိုအာဏာနဲ့ ပယ်ချရင် နိုင်ငံတကာအလယ် အရှက်ရစေမှာကြောင့်ဖြစ်ပြီး ဆုံးဖြတ်ချက်- ၂၆၆၉ ဟာ အရှက်သိက္ခာမရှိတဲ့ စစ်ကောင်စီအတွက် အရှက်ရစေရုံကလွဲလို့ တခြားလက်တွေ့ထိခိုက်မှုမရှိတာ ကြောင့်လည်း ဖြစ်နိုင်တယ်။ ပြောရရင် ဆုံးဖြတ်ချက်-၂၆၆၉ ဆိုတာ ကမ္ဘာ့အမြင့်ဆုံးအာဏာပိုင်အဖွဲ့ လုံခြုံရေး ကောင်စီရဲ့ တောင်းဆိုချက်ဖြစ်ပေမဲ့ မလိုက်နာဘူးဆိုလည်း ဘာမှမဖြစ်တဲ့ ဆုံးဖြတ်ချက်။ ဆုံးဖြတ်ချက်-၂၆၆၉ ကို မလိုက်နာလည်း ထိရောက်တဲ့ အရေးယူမှုမပါတဲ့ ဆုံးဖြတ်ချက်။ နိုင်ငံရေးအရှက်သိက္ခာမရှိတဲ့စစ်ကောင်စီအတွက် သင်္ကြန်အမြောက်နဲ့တူတဲ့ ဆုံးဖြတ်ချက်။

 

တကယ်လို့ နောက်တစ်ဆင့်တက်ကာ ဆုံးဖြတ်ချက်-၂၆၆၉ ကို မလိုက်နာရင် လက်တွေ့ထိရောက်တဲ့ အရေးယူမှုတစ်ခုခုလုပ်ဖို့ လုံခြုံရေးကောင်စီမှာ ဆက်ဆွေးနွေးကြမယ်ဆိုရင် တရုတ်နဲ့ရုရှားက ဗီတိုအာဏာသုံး ပယ်ချမှာ သိပ်သေချာတယ်။

 

တရုတ်ရဲ့ ရုရှားရဲ့ ကုလရင်ပြင်ထက် မြန်မာ့အရေး ရပ်တည်ချက်က စစ်ကောင်စီကို လက်တွေ့ထိ ရောက်တဲ့ အရေးယူမှု မလုပ်မချင်း အရှက်ကွဲခံကာ ကန့်ကွက်နေမှာ မဟုတ်ပေမဲ့ အရေးယူမယ်ဆိုရင်တော့ ငြိမ်ခံမှာမဟုတ်တဲ့သဘော။

 

နွေဦးတော်လှန်ရေး ၄ နှစ်နီးပါး ကြာခဲ့ပေမဲ့ ကုလသမဂ္ဂမှာ ပြောရေးဆိုခွင့် တစ်နေရာရထားတာထက် ရှေ့တစ်လှမ်းမတိုးနိုင်သေးတာကိုလည်း နာနာရှုမှတ်ကြဖို့ လိုပါမယ်။

 

အခုဦးကျော်မိုးထွန်းကိစ္စဆိုရင်လည်း ကန့်ကွက်ရင် အရှုံးနဲ့ရင်ဆိုင်ရနိုင်ပြီး ဦးကျော်မိုးထွန်း ဆက်လက်တည်ရှိနေခြင်းက မြန်မာ့အရေး ကုလရင်ပြင်မှာ ပြောရေးဆိုခွင့်ရရှိနေခြင်းထက် နောက်တစ်လှမ်း ဆက်တိုးဖို့ရာ ခက်ခဲနိုင်တာကြောင့် တရုတ်က ဆိတ်ဆိတ်နေလိုက်ခြင်းဖြစ်နိုင်တယ်။

 

ဘယ်လိုပဲဖြစ်ဖြစ် ကုလရင်ပြင်မှာ မြန်မာ့အရေး တရုတ်အသံမထွက်ရဲခြင်း၊ စစ်ကောင်စီငြင်းပယ်ခံရပြီး ဦးကျော်မိုးထွန်းသာ ဆက်လက်တည်ရှိနေခြင်းနဲ့ ကုလသမဂ္ဂ Blue Book မှာ မြန်မာနိုင်ငံရဲ့ နိုင်ငံ့ ခေါင်းဆောင်တွေအဖြစ် သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ကိုသာ ဆက်လက်ဖော်ပြထားခြင်းဟာ ပြည်သူတွေရဲ့ အောင်ပွဲပဲဖြစ်တယ်။

 

ဒါပေမဲ့၊ နွေဦးတော်လှန်ရေး ၄ နှစ်နီးပါး ကြာခဲ့ပေမဲ့ ကုလသမဂ္ဂမှာ ပြောရေးဆိုခွင့် တစ်နေရာရထားတာထက် ရှေ့တစ်လှမ်းမတိုးနိုင်သေးတာကိုလည်း နာနာရှုမှတ်ကြဖို့ လိုပါမယ်။

~~~~

ထွန်းလင်း

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။