Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ကူမင်းမှာ အသံညှိကြတဲ့ ကြောင်ခံတွင်းပျက်နဲ့ ဆက်ရက်တောင်ပံကျိုး (Opinion)

အာဏာရူး မင်းအောင်လှိုင်တစ်ယောက် ကူမင်းမှာ တရုတ်ကျွေးတဲ့ အမဲသား စားပြီးအပြန် သိပ်ကို ပျော်လွန်းနေတာကြောင့် အလိုက်သိလွန်းတဲ့ တပည့်ကျော်တွေက တခမ်းတနားကြိုဆိုခြင်းတွေနဲ့ ဘုံခုနှစ် ဆင့်မက မြှောက်ပင့်ကြကုန်တယ်။

 

မအောင်မြင်တဲ့ အာဏာသိမ်းကာလ ၃ နှစ်ခွဲကျော်အတွင်း တရုတ်မြေပေါ် မင်းအောင်လှိုင်ခြေချခွင့်ရ ဖို့ မျှော်လင့်ချက်ကြီးခဲ့သမျှ အခုအစည်းအဝေးလေးဘာလေး တက်ခွင့်ရတယ်ဆိုတော့ ကော်ဇောနီခင်း ကြို ဆိုခြင်းမဟုတ်ပေမဲ့ ဘာပဲဖြစ်ဖြစ် သိပ်ပျော်ရတာ ဘယ်ဆန်းမလဲ။

 

နိုဝင်ဘာ ၇ ရက်က ကူမင်းမှာ ပြုလုပ်ခဲ့တဲ့ မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးနဲ့ ကမ္ဘောဒီးယား-လာအို-မြန်မာ- ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေး။ မအောင်မြင်တဲ့ အာဏာသိမ်းပွဲ စတင်ချိန်ကစလို့ ကာချုပ်လည်း မင်းအောင်လှိုင်၊ ဝန်ကြီးချုပ်လည်း မင်းအောင်လှိုင်အပြင် ကိုယ့်ဘာသာပေးထားတဲ့ ရာထူးမျိုးစုံနဲ့ ပြည်သူတွေကိုသတ်ကာ မင်းမူနေတဲ့ မင်းအောင်လှိုင်ဟာ ထိပ်သီးအစည်းအဝေးတွေနဲ့ ဝေးခဲ့ရတာမို့ ပျော်လိုက်တာမှ အမြှုပ်တစီစီ မထွက်ရုံတမယ်ပေါ့။

 

အခွင့်ရတုန်း တရုတ်စက်ရုံတကာလည်း လှည့်လည်ကာ နိုင်ငံ့ခေါင်းဆောင်ကြီးဂိုက်ဖမ်းခွင့်ရခဲ့တာကြောင့် အပျော်တွေက မင်းအောင်လှိုင်ငယ်ထိပ် တက်ဆောင့်တဲ့အထိ။

 

ပြီးတော့ ကူမင်းမှာ တရုတ်ဝန်ကြီးချုပ်နဲ့လည်း သီးခြားတွေ့ဆုံခွင့်ရ။ ထိုင်းဝန်ကြီးချုပ်၊ ကမ္ဘောဒီးယား ဝန်ကြီးချုပ်၊ လာအိုဝန်ကြီးချုပ်တို့နဲ့လည်း သီးခြားစီ တွေ့ဆုံကာ စစ်ကောင်စီရွေးကောက်ပွဲအကြောင်းလည်း ရှင်းပြခွင့်ရ။ အခွင့်ရတုန်း တရုတ်စက်ရုံတကာလည်း လှည့်လည်ကာ နိုင်ငံ့ခေါင်းဆောင်ကြီးဂိုက်ဖမ်းခွင့်ရခဲ့တာကြောင့် အပျော်တွေက မင်းအောင်လှိုင်ငယ်ထိပ် တက်ဆောင့်တဲ့အထိ။ အလိုက်သိတဲ့ တပည့်သာဝက တွေက တရုတ်ကနေ အောင်ပွဲခံပြန်လာတဲ့ မင်းအောင်လှိုင်ဆိုပြီး မင်းအောင်လှိုင်အကြိုက် အခမ်းနားဆုံး ကြိုဆိုကြတယ်။

 

နိုဝင်ဘာ ၁၀ ရက်၊ မွန်းလွဲပိုင်းမှာ နေပြည်တော်စစ်တပ်လေဆိပ်ကို ပြန်ရောက်တယ်။ နိုဝင်ဘာ ၁၁ ရက်၊ စစ်ကောင်စီသတင်းစာကြေးမုံရဲ့ မြှောက်ပင့်ချက်က  “တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ထိပ်သီးအစည်းအဝေးများ တက်ရောက်ခဲ့ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးဆောင်ရွက်နိုင်ခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့အား ပြည်သူများက သောင်းသောင်းဖြဖြကြိုဆိုနှုတ်ဆက်”ဆိုတဲ့ ကမ္ဘာ့အရှည်လျားဆုံး သတင်းခေါင်းစဉ်ကြီးနဲ့။ တရုတ်နွယ်ဖွားပြည်သူတွေက နဂါးအက၊ ခြင်္သေ့အကတွေနဲ့ ကြိုဆိုကြသတဲ့။ တိုင်းရင်းသားယဉ်ကျေးမှု အဖွဲ့တွေ၊ အကအဖွဲ့တွေကလည်း ကပြကြိုဆိုကြသတဲ့။ ပြီးတော့ ဗုဒ္ဓကလျာဏယုဝ အသင်းကလည်း ကြို၊ ဘာသာပေါင်းစုံအသင်းအဖွဲ့တွေကလည်း ကြို၊ အနုပညာရှင်တွေ၊ ကျောင်းသား/သူတွေနဲ့ ဒေသခံပြည်သူတွေကလည်း ကြိုဆိုကြသတဲ့။

 

နေပြည်တော်စစ်တပ်လေဆိပ်ဆိုတာက အရပ်သားမပြောနဲ့၊ တာဝန်မရှိတဲ့ စစ်တပ်အရာရှိတွေတောင် ဝင်ထွက်လို့မရတဲ့နေရာ။ 

 

နေပြည်တော်စစ်တပ်လေဆိပ်ဆိုတာက အရပ်သားမပြောနဲ့၊ တာဝန်မရှိတဲ့ စစ်တပ်အရာရှိတွေတောင် ဝင်ထွက်လို့မရတဲ့နေရာ။ အခုလိုကြိုဆိုမှုဟာ မကြိုမနေရ လုပ်ဇာတ်ကြီးမှန်း ပြည်သူတိုင်းက သိရုံတင်မက မင်းအောင်လှိုင်ကိုယ်တိုင်လည်း သိပေမဲ့ မြန်မာစစ်ဗိုလ်ချုပ်တို့ရဲ့ထုံးစံအတိုင်း အခုလိုဟန်လုပ်ရတာ သိပ်ကြိုက်တာမို့ ဘာဖြစ်ဖြစ် မင်းအောင်လှိုင်မျက်နှာ ဟန်မဆောင်နိုင်အောင် ဖြီးလို့။

 

တကယ်တော့ ထိပ်သီးအစည်းအဝေးတွေ တက်ရောက်ခြင်းက ဘာမှအရေးမပါပေမဲ့ ထိပ်သီး အစည်းအဝေး တက်ခွင့်ရခြင်းနဲ့ တရုတ်ဝန်ကြီးချုပ်နဲ့ သီးခြားတွေ့ဆုံဆွေးနွေးခွင့်ရခြင်းဟာ မင်းအောင်လှိုင် ကို တရုတ်အစိုးရက အသိအမှတ်ပြုခြင်းဖြစ်တာကြောင့် မင်းအောင်လှိုင် လုံချည်ဂွင်းသိုင်း မကရုံတမယ်ပေါ့။

 

ရခိုင်ပြည်နယ်မှာဆိုရင်လည်း မြို့တွေ၊ ရွာတွေ၊ တပ်စခန်းတွေ ကုန်လုကုန်ခင်ရုံတင်မက အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တောင် နေ့လားညလား အသက်ထွက်တော့မယ့် အခြေအနေ။ 

 

တော်လှန်ရေးတပ်တွေက မြို့ပေါင်း ၈၆ မြို့ သိမ်းပိုက်ထားတယ်။ တော်လှန်ရေးတပ်တွေရဲ့ ထိန်းချုပ် နယ်မြေက စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာတင် ကျေးလက်ဒေသများစွာ။ နိုဝင်ဘာ ၁၁ ရက်၊ တစ်လေးလုံးစစ် ဆင်ရေးတစ်နှစ်ပြည့်မှာ ကရင်နီပြည်နယ်ရဲ့ ရာခိုင်နှုန်း ၉၀ ကျော်ကို ထိန်းချုပ်ထားနိုင်ပြီလို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ဆိုတယ်။ ရခိုင်ပြည်နယ်မှာဆိုရင်လည်း မြို့တွေ၊ ရွာတွေ၊ တပ်စခန်းတွေ ကုန်လုကုန်ခင်ရုံတင်မက အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တောင် နေ့လားညလား အသက်ထွက်တော့မယ့် အခြေအနေ။ ကချင်ပြည်နယ်ကို ကြည့်ဦးမလား၊ အကြောတင်းလှပါတယ်ဆိုတဲ့ မင်းအောင်လှိုင်ရဲ့ပါး ကေအိုင်အေ နဲ့မဟာမိတ်တွေက ဖြတ်ရိုက်နေတာမှ နေ့စဉ်ဆိုသလို။ နွေဦးတော်လှန်ရေးကို အလှည့်အပြောင်းဖြစ်စေခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကြီးက ရှမ်းပြည်နယ်မြောက်ပိုင်းမြို့တွေ ကုန်လုနီး သိမ်းပိုက်ခဲ့တာလည်း အားလုံးရဲ့ မျက်မြင်။

 

အဲဒီလို ဆိုးရွားလွန်းလှတဲ့ အခြေအနေအောက်မှာ တရုတ်အစိုးရက မင်းအောင်လှိုင်ကို ကူမင်းခေါ် ကာ စစ်ကောင်စီကို မြန်မာပြည်သူတွေ မထောက်ခံပေမဲ့ ငါတို့ ထောက်ခံပါတယ်လို့ ရဲဆေးတင်ပေးလိုက်ခြင်းက သေခါနီး လူမမာကို အသက်ကယ်ဆေးထိုးပေးလိုက်ခြင်းဖြစ်တယ်။

 

မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်တွေ သိမ်းထားတဲ့ တရုတ်-မြန်မာနယ်စပ်ဂိတ်တွေကို တရုတ်အနေနဲ့ ဆက်လက်ပိတ်ပေးဖို့ တောင်းဆိုတယ်။ အကြောင်းပြချက်က နယ်စပ်ဒေသရှိ တိုင်းရင်းသားလက်နက်ကိုင်တွေကို အထောက်အပံ့ ဖြစ်စေတဲ့ တရားမဝင်ကုန်သွယ်မှုကို တိုက်ဖျက်ရမယ်လို့ ဆိုတယ်။

 

ကူမင်းမှာ တရုတ်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံချိန် မင်းအောင်လှိုင်ဟာ အင်မတန်အတိုင်းအတောထူတဲ့ကလေးတစ်ယောက် ဆရာမရှေ့ရောက်တာနဲ့ တန်းစီတိုင်သလိုမျိုး တိုင်တော့တယ်။ မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်တွေ သိမ်းထားတဲ့ တရုတ်-မြန်မာနယ်စပ်ဂိတ်တွေကို တရုတ်အနေနဲ့ ဆက်လက်ပိတ်ပေးဖို့ တောင်းဆိုတယ်။ အကြောင်းပြချက်က နယ်စပ်ဒေသရှိ တိုင်းရင်းသားလက်နက်ကိုင်တွေကို အထောက်အပံ့ ဖြစ်စေတဲ့ တရားမဝင်ကုန်သွယ်မှုကို တိုက်ဖျက်ရမယ်လို့ ဆိုတယ်။

 

နယ်စပ်ဒေသ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးရေးဟာ ဒေသနဲ့နိုင်ငံ ဖွံ့ဖြိုးရေးအတွက် အလွန်အရေးပါပြီး နှစ်နိုင်ငံ ကုန်သွယ်ရေးမြှင့်တင်ဖို့အတွက် နယ်စပ်ကုန်သွယ်ရေးဟာ အရေးပါတယ်လို့လည်း မင်းအောင်လှိုင် ကဆိုတယ်။

 

မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်တွေကို အထောက်အပံ့မဖြစ်အောင် သူတို့ သိမ်းထားတဲ့ နယ်စပ်ဂိတ်တွေကို တရုတ်အနေနဲ့ ဆက်ပိတ်ပေးဖို့နဲ့ နှစ်နိုင်ငံအတွက် နယ်စပ်ကုန်သွယ်ရေးက အရေးပါတာကြောင့် နယ်စပ်လမ်းကြောင်းတွေပွင့်အောင် တရုတ်အနေနဲ့ မြန်မြန်လုပ်ပေးဖို့ ပြောခဲ့ဟန်တူပါတယ်။ ဒါကို နောက်တစ်မျိုးထပ်ပြောရရင် တရုတ်-မြန်မာနယ်စပ်က သိမ်းပိုက်ထားတဲ့ နယ်မြေတွေကနေ တိုင်းရင်းသားလက်နက်ကိုင်တွေ ပြန်ဆုတ်ခွာအောင် ဖိအားဆက်ပေးဖို့နဲ့ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပွင့်ဖို့ကိုလည်း တရုတ်အနေနဲ့ တာဝန်ယူပေးဖို့ တိုင်တောတောင်းပန်ခဲ့ဟန်တူတယ်။

 

လီချန်းနဲ့တွေ့ဆုံချိန်မှာ မင်းအောင်လှိုင်က ညီနောင် ၃ ဖွဲ့အနေနဲ့ ငြိမ်းချမ်းရေးကို လိုလားကြောင်း ရှင်းလင်းပြတ်သားတဲ့ လုပ်ဆောင်ချက်တွေ ပြသလာမှသာ ဆွေးနွေးနိုင်မယ်လို့ ဆိုခဲ့သေးတယ်။

 

ဘာလို့လဲဆိုတော့ မင်းအောင်လှိုင်နဲ့တွေ့ဆုံစဉ် တရုတ်ဝန်ကြီးချုပ်လီချန်းက နှစ်နိုင်ငံနယ်စပ်ဂိတ် တွေဟာ အစိုးရရဲ့စီမံခန့်ခွဲမှုအောက်မှာ ရှိရမှာဖြစ်ပြီး အပြည့်အဝစီမံခန့်ခွဲနိုင်ရေးအတွက် ဆက်လက်ဆောင် ရွက်သွားမယ်လို့ ပြောကြားခဲ့တာကြောင့်ပါပဲ။

 

လီချန်းနဲ့တွေ့ဆုံချိန်မှာ မင်းအောင်လှိုင်က ညီနောင် ၃ ဖွဲ့အနေနဲ့ ငြိမ်းချမ်းရေးကို လိုလားကြောင်း ရှင်းလင်းပြတ်သားတဲ့ လုပ်ဆောင်ချက်တွေ ပြသလာမှသာ ဆွေးနွေးနိုင်မယ်လို့ ဆိုခဲ့သေးတယ်။ မင်းအောင်လှိုင် ပြောတဲ့ ရှင်းလင်းပြတ်သားတဲ့ လုပ်ဆောင်ချက်ဆိုတာက ညီနောင် ၃ ဖွဲ့သိမ်းထားတဲ့ မြို့တွေကို စစ်ကောင်စီထံ ခြွင်းချက်မရှိ ပြန်အပ်ရေးလို့ ကောက်ယူရင် မမှားလောက်ပါဘူး။

 

စစ်ကောင်စီသတင်းစာထဲမှာ ညီနောင် ၃ ဖွဲ့နဲ့ဆွေးနွေးရေး မင်းအောင်လှိုင် အဲဒီလို မောက်မာခဲ့ကြောင်းဖော်ပြထားပေမဲ့ လားရှိုးမြို့ကနေ ကိုးကန့်တပ် MNDAA ဆုတ်ခွာဖို့ တရုတ်က အပြင်းအထန်ဖိအားပေးနေတာကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသက တော်လှန်ရေးတပ်တွေ သိမ်းထားတဲ့ မြို့တွေ၊ စခန်း တွေကို စစ်ကောင်စီလက်ထဲ ပြန်အပ်ဖို့ တရုတ်အနေနဲ့ ဖိအားပေးစေလိုကြောင်း တရုတ်ဝန်ကြီးချုပ်ထံ  မင်းအောင်လှိုင် တောင်းပန် တိုးလျှိုးနိုင်ပါသေးတယ်။

 

တရုတ်ရဲ့ ပြင်းထန်တဲ့ဖိအားတွေကြောင့် MNDAA ဟာ ရှေ့တစ်လှမ်းမတိုးလာပေမဲ့ နောက်တစ်လှမ်းမဆုတ်ဘဲ ရောက်တဲ့နေရာမှာ ကြံ့ကြံ့ခံရပ်နေသလို TNLA၊ AA နဲ့ ကေအိုင်အေတို့ကလည်း ကိုယ့်အလုပ်ကိုယ် ဆက်လုပ်နေပါတယ်။ 

 

သေချာတာကတော့ ၁၀၂၇ စစ်ဆင်ရေးအတွင်း MNDAA နဲ့ TNLA သိမ်းပိုက်ထားတဲ့ မြို့တွေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲနေတာကလွဲလို့ မြို့တစ်မြို့ကိုတောင်မှ ပြန်မသိမ်းနိုင်ခြင်းက စစ်ကောင်စီ မျက်ဖြူလန်နေကြောင်း ဖော်ပြနေသလို ရှမ်းမြောက်အရေး တိုင်းရင်းသားလက်နက်ကိုင်တွေကို ဖိအားနာနာပေးဖို့ တရုတ်ကိုသာ ပုံအားကိုးမယ့်ပုံပါပဲ။

 

စစ်ကောင်စီဘက် တရုတ်က မျက်နှာပြောင်တိုက် ရပ်တည်လိုက်ခြင်းကြောင့် ရှမ်းမြောက်ဒေသ ၁၀၂၇ စစ်ဆင်ရေးတင်မက ရှမ်းမန်းစစ်ဆင်ရေးပါ အရှိန်လျော့ကျသွားတာ လက်ရှိမျက်မြင်ပါပဲ။ ဒါပေမဲ့၊ တရုတ်ရဲ့ ပြင်းထန်တဲ့ဖိအားတွေကြောင့် MNDAA ဟာ ရှေ့တစ်လှမ်းမတိုးလာပေမဲ့ နောက်တစ်လှမ်းမဆုတ်ဘဲ ရောက်တဲ့နေရာမှာ ကြံ့ကြံ့ခံရပ်နေသလို TNLA၊ AA နဲ့ ကေအိုင်အေတို့ကလည်း ကိုယ့်အလုပ်ကိုယ် ဆက်လုပ်နေပါတယ်။ လက်ရှိအခြေအနေကို ဆက်ထိန်းထားနိုင်ပြီး တော်လှန်ရေးအင်အားစုတွေနဲ့ ထိတွေ့ဆက်ဆံလာပြီဖြစ်တဲ့ အိန္ဒိယနဲ့ ရှေ့တစ်လှမ်းတိုး ဆက်ဆံလာနိုင်ရင် တရုတ် ဘယ်လို ရှေ့ဆက်မလဲဆိုတာ စိတ်ဝင်စားစရာပါ။

 

တရုတ်က စစ်ကောင်စီကို အတိအလင်းထောက်ခံလိုက်ပြီဆိုပေမဲ့ မြန်မာဘာသာနဲ့ ဝါဒဖြန့်နေတဲ့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ် မင်းအောင်လှိုင်ရဲ့ ကူမင်းခရီးစဉ်နဲ့ ပတ်သက်ပြီး လုံးဝဖော်ပြခြင်းမရှိတာ မှတ်သားစရာပါ။

 

တရုတ်က စစ်ကောင်စီကို အတိအလင်းထောက်ခံလိုက်ပြီဆိုပေမဲ့ မြန်မာဘာသာနဲ့ ဝါဒဖြန့်နေတဲ့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ် မင်းအောင်လှိုင်ရဲ့ ကူမင်းခရီးစဉ်နဲ့ ပတ်သက်ပြီး လုံးဝဖော်ပြခြင်းမရှိတာ မှတ်သားစရာပါ။ အဲဒါဟာ မြန်မာပြည်သူတွေရဲ့ ဒေါသကို ကောင်းကောင်းသိနေတဲ့ တရုတ်ရဲ့ မဝံ့မရဲဖြစ်မှုလို့ တွေးနိုင်ပါတယ်။

 

ပြောရရင် မြန်မာပြည်တွင်းရေးကို ဝင်စွက်ဖက်ကာ စစ်ကောင်စီ အသက်မထွက်ရေးအတွက် ဖိအားတွေ စွတ်ပေးနေပေမဲ့ စစ်ကောင်စီဘက်က ကိုယ့်ခွန်ကိုယ့်အားနဲ့ မြို့တစ်မြို့ကိုတောင် ပြန်မသိမ်းနိုင်ရုံတင်မက အစဉ်အလာမပျက် တိုက်တိုင်းရှုံးနေဦးမယ်ဆိုရင်တော့ တရုတ်ကလည်း ခြံစည်းရိုးပေါ် ပြန်ခွထိုင်ဖို့ ပြင်ဆင်ထားပုံပါပဲ။

~~~~        

ထွန်းလင်း

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။