Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

အသံတိတ် တော်လှန်နေတဲ့ အဖိနှိပ်ခံ ဘီလူးကျွန်း (Opinion)

အဓမ္မစစ်မှုထမ်းဥပဒေဆိုတာ စစ်ကောင်စီ သက်ဆိုးရှည်ရေးအတွက် မြန်မာလူငယ်တွေရဲ့ အသက်ကို ထိုးကျွေးပစ်လိုက်ရုံတင်မက စစ်အုပ်စုဝင်တွေအတွက် ခပ်လို့မကုန်နိုင်တဲ့ ငွေတွင်းကြီးလည်း ဖြစ်နေပြန်တယ်။

 

စစ်မှုမထမ်းလိုရင် ငွေသိန်းလေး၊ ငါးဆယ်ပေးဆိုတဲ့အသံက အဲဒီဥပဒေဆိုးကို အကြမ်းဖက်စစ် ကောင်စီ စတင်အတည်ပြုပြီး မကြာမီ မြန်မာနိုင်ငံတစ်ဝန်း အတောင်းအရမ်းကြမ်းတဲ့ စစ်အုပ်စုဝင်တွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားခဲ့တယ်။ ငွေကြေးအဆင်ပြေတဲ့ မိသားစုတွေက သူတို့သားတွေရဲ့ အသက်ကို ငွေပေးပြီး ရွေးနှုတ်လိုက်ကြပေမဲ့ သူတို့ပေးလိုက်တဲ့ငွေက သူတို့သားတွေ စစ်ထဲမဝင်ရဖို့ ခဏတဖြုတ်သာ အာမခံချက် ရှိကြောင်းလည်း ရင်နာနာနဲ့ သိနေပြန်တယ်။

 

သိန်းလေး၊ ငါးဆယ်ပေးလိုက်ခြင်းဟာ ရပ်ထဲရွာထဲ သေမင်းတမန်စစ်မှုထမ်းဆင့်ခေါ်ခြင်းကနေ ကာ လတစ်ခုကြာ ကင်းလွတ်ခွင့်ရသွားပေမဲ့ မြို့ထဲမှာ သွားရင်းလာရင်း ပေါ်တာဆွဲခံရတာ၊ ဟိုင်းဝေးခရီးသွားရင်း ပေါ်တာဆွဲခံရတာမျိုးနဲ့ မဆိုင်။ ပေါ်တာဆွဲခံရရင် ကိုယ့်ဘာသာရှင်းနိုင်ရင် ငွေပေးပြီးထပ်ရှင်း၊ မရှင်းနိုင်ရင်တော့ သေမင်းတမန်စစ်သင်တန်းတက်တော့။

 

အောင်ကြည်သိန်းက ဘီလူးကျွန်း၊ ကွမ်ရိုက်ရွာသား။ ၂၀၂၀ ရွေး ကောက်ပွဲတုန်းက ခွက်ခွက်လန်ရှုံးခဲ့တာကြောင့် ကိုယ့်ဇာတိကိုယ် အစာမကျေ။ မင်းအောင်လှိုင် အောက်ဆွဲ ဝန်ကြီးချုပ်လည်းဖြစ်ရော ဘီလူးကျွန်းမှာ လောင်းကစားဝိုင်းတွေလုပ်၊ အဂတိလိုက်စားမှုမျိုးစုံနဲ့ ပြည်သူကို ကောင်းကောင်းဒုက္ခပေး လက်စားချေ။

 

စစ်မှုထမ်းအပတ်စဉ် ၁ မခေါ်မီ အခုနှစ် မတ်လလောက်မှာ စစ်ကောင်စီဒေသဆိုင်ရာအာဏာပိုင်တွေ က သတင်းလွှင့်ခဲ့တယ်။ စစ်မှုထမ်းသင်တန်းဆင်းတွေကို ကိုယ့်ဇာတိမြို့ရွာနဲ့ အနီးဝန်းကျင်မှာသာ တာဝန်ပြန် ချပေးမယ်တဲ့။ တချို့နေရာမှာဆို ထပ်ပြီးတော့တောင် ကွန့်လိုက်သေး။ စစ်မှုထမ်းသင်တန်းဆင်းတွေက စစ်ရေးအတွေ့အကြုံ ဘာမှမရှိသေးတာကြောင့် မြို့စောင့်၊ ဂိတ်စောင့်၊ ကင်းစောင့်တဲ့အလုပ်တွေမှာသာ စတင် တာဝန်ချမှာဖြစ်ပြီး နောက်ပိုင်းကျမှသာ စစ်ဆင်ရေးထွက်ရမယ်တဲ့။ ဒါနဲ့၊ရပ်ကွက်တွေထဲက နိုင်ငံရေးအမြင်လည်း မရှိ၊ အလုပ်အကိုင်လည်း မရှိသေးသူတချို့က ငွေလေး သိန်းသုံး၊ လေးဆယ်ရ မနည်းဘူးဆိုပြီး အဌားလိုက်ကြ ပါလေရော။

 

မောင်လင်းတို့ မော်လမြိုင်မြို့နားက ရေပတ်လည်ဝိုင်းနေတဲ့ ချောင်းဆုံမြို့(ဘီလူးကျွန်း)ဆိုရင် အဲဒီ စစ်မှုထမ်းကိစ္စ အသံထွက်လိုက်တာမှ ပွက်ပွက်ကိုညံရော။ ဘီလူးကျွန်းဆိုတာက အခုစစ်ကောင်စီခန့် မွန်ဝန်ကြီးချုပ် ကြံ့ဖွတ် အောင်ကြည်သိန်းရဲ့ဇာတိ။ အောင်ကြည်သိန်းက ဘီလူးကျွန်း၊ ကွမ်ရိုက်ရွာသား။ ၂၀၂၀ ရွေး ကောက်ပွဲတုန်းက ခွက်ခွက်လန်ရှုံးခဲ့တာကြောင့် ကိုယ့်ဇာတိကိုယ် အစာမကျေ။ မင်းအောင်လှိုင် အောက်ဆွဲ ဝန်ကြီးချုပ်လည်းဖြစ်ရော ဘီလူးကျွန်းမှာ လောင်းကစားဝိုင်းတွေလုပ်၊ အဂတိလိုက်စားမှုမျိုးစုံနဲ့ ပြည်သူကို ကောင်းကောင်းဒုက္ခပေး လက်စားချေ။ စစ်မှုထမ်းရမယ်လည်းဆိုရော စစ်မှုထမ်းအပတ်စဉ် ၁ မှာတင် ဘီလူး ကျွန်းသား ၇၅ ယောက် စစ်မှုထမ်းရမယ်လို့ အဓမ္မခွဲတမ်းချ။ မွန်ပြည်နယ် ၁၀ မြို့နယ်မှာ ခွဲတမ်းအများဆုံး။

 

အဓမ္မခွဲတမ်းချခံရတဲ့ ၇၅ ဦးစလုံးကို ရပ်ရွာပြည်သူတွေက ဌားရမ်းကြရတယ်။ ဘီးလူးကျွန်းမှာရှိတဲ့ ရပ်ကွက်နဲ့ကျေးရွာအုပ်စု စုစုပေါင်း ၄၇ စုက ခွဲတမ်းကျ တာဝန်ယူကြရတယ်။ စစ်မှုထမ်းအဌားပေါက်ဈေးက တစ်ဦးကို သိန်း ၃၀ ကနေ သိန်း ၅၀ အထိ။ 

 

“အောင်ကြည်သိန်းက နေပြည်တော်ကို မျက်နှာလှမ်းလုပ်တာလေ။ ကျနော့်ဇာတိမြို့က စစ်မှုထမ်းချင် တဲ့သူ အများဆုံးဆိုပြီး။ ဗိုလ်ချုပ်တွေကို မျက်နှာလုပ်ပြီးသားလည်း ဖြစ်၊ ကိုယ့်ဇာတိကိုယ် နှိပ်စက်ပြီးသား လည်းဖြစ်၊ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပေါ့ ”လို့ ချောင်းဆုံမြို့သား မိတ်ဆွေတစ်ဦးက ဆိုတယ်။

 

အဓမ္မခွဲတမ်းချခံရတဲ့ ၇၅ ဦးစလုံးကို ရပ်ရွာပြည်သူတွေက ဌားရမ်းကြရတယ်။ ဘီးလူးကျွန်းမှာရှိတဲ့ ရပ်ကွက်နဲ့ကျေးရွာအုပ်စု စုစုပေါင်း ၄၇ စုက ခွဲတမ်းကျ တာဝန်ယူကြရတယ်။ စစ်မှုထမ်းအဌားပေါက်ဈေးက တစ်ဦးကို သိန်း ၃၀ ကနေ သိန်း ၅၀ အထိ။ ပြည်သူတွေ ခွဲတမ်းကျ ငွေထည့်ဝင်ဌားကြရတယ်။ အဲဒါကိုပဲ အောင်ကြည်သိန်းက အပတ်စဉ် ၁ သင်တန်းဖွင့်တော့ နေပြည်တော်လေသံကို သံယောင်လိုက်ကာ အခုစစ်မှုထမ်းသင်တန်းသားတွေဟာ ကိုယ့်သဘောကိုယ် တိုင်းပြည်ချစ်စိတ်နဲ့ စစ်ထဲဝင်ကြတာလို့ဆိုတော့ မွန်ပြည်နယ်တခွင် ပြည်သူတွေ ရယ်လိုက်ကြရတာ ဝက်ဝက်ကွဲ။

 

၂ လတောင်မကြာလိုက်ဘူး၊ သေစာရင်းတွေက တန်းစီးထွက်လာလိုက်တာ ဘီလူး ကျွန်းသား ၁၂ ဦးမှာ ၁၀ ဦးသေ၊ တစ်ဦး ပြင်းထန်ဒဏ်ရာရ၊ တစ်ဦး အဆက်အသွယ်မရ။

 

စစ်မှုထမ်းသင်တန်းတွေ စတင်ခါစမှာ အဌားလိုက်ကြတဲ့ ဘီလူးကျွန်းသား ၁၂ ယောက်ဝန်းကျင်၊ ကျန် တာတွေက ဘီလူးကျွန်းမှာ လာအလုပ်လုပ်တဲ့သူတွေနဲ့ ကျိုက္ခမီနဲ့ရေးမြို့နယ်ဘက်က ရေလုပ်သားတွေ။ စစ်မှုထမ်းအပတ်စဉ် ၁ နဲ့ ၂ သမားတွေ သင်တန်းဆင်းပြီးတော့ စစ်တပ်က အရင်တုန်းက ပြောခဲ့သလို ဇာတိရပ်ရွာ ပြန်ဖို့ ခွင့်တစ်ပတ် မရရုံတင်မက ချက်ချင်း နင်လားငါလား တိုက်နေရတဲ့ ရခိုင်၊ စစ်ကိုင်း၊ ထားဝယ်နဲ့ ရှမ်း-က ရင်နီနယ်စပ်ဆီ တန်းပို့။ ၂ လတောင်မကြာလိုက်ဘူး၊ သေစာရင်းတွေက တန်းစီးထွက်လာလိုက်တာ ဘီလူး ကျွန်းသား ၁၂ ဦးမှာ ၁၀ ဦးသေ၊ တစ်ဦး ပြင်းထန်ဒဏ်ရာရ၊ တစ်ဦး အဆက်အသွယ်မရ။ ဘီလူးကျွန်းကနေ အဌားလိုက်သွားတဲ့ တခြားဒေသကသူတွေရဲ့ သေစာရင်းကို မသိရပေမဲ့ မျက်လုံးစုံမှိတ်ပြီး နံကြားထောက်တွက် ကြည့်ရင်တောင် ပက်ပက်စက်စက်သေလိုက်မယ်ဖြစ်ခြင်း။

 

အဲဒီလို အသေတိုက်ရတဲ့ ရှေ့တန်းအပို့ခံရတာတွေနဲ့ သိပ်မကြာခင် သေစာရင်းထွက်လာတာတွေ ကြောင့် စစ်မှုထမ်းအပတ်စဉ် ၃ ကစလို့ ဘီလူးကျွန်းသားတွေ ဘယ်အဌားလိုက်ရဲတော့မလဲ။ ဘီလူးကျွန်းမှာ အလုပ်လာလုပ်တဲ့ တခြားဒေသကလူတွေလည်း အဌားလိုက်ဖို့ လက်ရှောင်လာကြတယ်။ ဒါနဲ့ အုပ်ကြီးတွေ၊ အုပ် လေးတွေ ခေါင်းနောက်နေအောင် အဌားလိုက်မယ့်သူ လိုက်ရှာကြရ။

 

အပတ်စဉ် ၅ ကစပြီး လူရှာရလွန်းလို့ ခေါင်းနောက်နေတဲ့ အုပ်ကြီးတွေ တာဝန်ပေါ့သွားရလေအောင် ချောင်းဆုံမြို့နယ်အုပ်ချုပ်ရေးမှူး(ဘီလူးကျွန်း) ဇော်နိုင်ဝင်းနဲ့ ချောင်းဆုံစစ်တပ်က လူဌားရရှိရေး တာဝန်ယူ လိုက်ကြသတဲ့။

 

စစ်တပ်က ပေါ်တာဆွဲထားတဲ့လူတွေနဲ့ တခြားဒေသက ပျူစောထီးတွေကို ချောင်းဆုံစစ်တပ်က လူဌားခေါ်။ ဘီလူးကျွန်းပြည်သူတွေက ခွဲတမ်းချခံရတဲ့အတိုင်း စစ်မှုထမ်းတစ်ဦးကို ကျပ် သိန်း၃၀ ပေးရ၊ စစ်အုပ်စုဝင်တွေက ကိုယ်စီကိုယ်ဌ အိတ်ကတ်ထဲ ထည့်လိုက်ကြ။

 

ပထမ၊ အဟုတ်မှတ်နေတဲ့ အုပ်ကြီးတွေက တယ်တော်တဲ့ ငါတို့ဆရာဇော်နိုင်ဝင်းကြီးဆိုပြီး ချီးကျူးကြ တယ်။ ပြီးတော့မှ ဘယ်ဟုတ်မလဲ။ စစ်တပ်က ပေါ်တာဆွဲထားတဲ့လူတွေနဲ့ တခြားဒေသက ပျူစောထီးတွေကို ချောင်းဆုံစစ်တပ်က လူဌားခေါ်။ ဘီလူးကျွန်းပြည်သူတွေက ခွဲတမ်းချခံရတဲ့အတိုင်း စစ်မှုထမ်းတစ်ဦးကို ကျပ် သိန်း၃၀ ပေးရ၊ စစ်အုပ်စုဝင်တွေက ကိုယ်စီကိုယ်ဌ အိတ်ကတ်ထဲ ထည့်လိုက်ကြ။

 

အခုနောက်ဆုံးပေါ် ရိုက်စားနည်းက စစ်မှုထမ်းအဖြစ် လူဌားခေါ်ထားတဲ့ ပျူစောထီးတွေ သင်တန်း ကျောင်းရောက်ပြီး တစ်ပတ်လောက်အကြာမှာ ပြန်လည်ထွက်ပြေးခွင့်ရကြသတဲ့။ ချောင်းဆုံစစ်တပ်မှမဟုတ်၊ မွန်ပြည်နယ်အတွင်းရှိ စစ်တပ်တွေက သက်ဆိုင်ရာမြို့နယ်အလိုက် လူဌားခေါ်ထားတဲ့ပျူစောထီးတွေ သင် တန်းကျောင်းရောက်ရင် ပြန်ပြေးနိုင်ဖို့ သင်တန်းကျောင်းတာဝန်ရှိသူတွေကို ငွေပေးထားသတဲ့။ ပြည်သူတွေ ပေးလိုက်ရတဲ့ စစ်မှုထမ်းလူဌားခငွေတွေကို စစ်တပ်၊ ပျူစောထီးနဲ့ သင်တန်းကျောင်း ဝေစားမျှစား ပေါင်းရိုက် ကြပုံများ ပြောပါတယ်။

 

ပြီးတော့ ရှိသေးတယ်။ ဥပမာ-ဘီလူးကျွန်း ရပ်ကွက်တစ်ခုအတွက် စစ်တပ်က ဌားထားတဲ့ လူဌား သင် တန်းကျောင်းကနေ ထွက်ပြေးသွားရင် အဲဒီရပ်ကွက်ပြည်သူတွေက နောက်တစ်ယောက် အစားထိုးဖို့ သိန်း ၃၀ ထပ်ပေး ရပြန်သတဲ့။ သူတို့စစ်တပ်က တာဝန်ယူဌားတဲ့လူဌား သူ့ဘာသာ ထွက်ပြေးသွားတာ ပြည်သူနဲ့ ဘာဆိုင်လို့တုန်းလို့ သွားမမေးနဲ့။ သိန်း ၃၀ ထပ်မပေးရင် တစ်ရပ်ကွက်လုံးကို ထောင်ထဲထည့်ပစ်လိုက်မယ်လို့ သေနတ်ထုတ်ခြိမ်းခြောက်ဖို့ရာ အဆင်သင့်ပဲ။

 

စစ်အုပ်စုထိန်းချုပ်နယ်မြေတွေက ပြည်သူတွေအနေနဲ့ အသံကုန်လွှင့် မတော်လှန်နိုင်သေးရင်တောင် ဘီလူးကျွန်းသားတွေလို အသံတိတ်တော်လှန်ကြဖို့ သိပ်အရေးကြီးတယ်။

 

မောင်လင်းတို့ မွန်ပြည်နယ်မှာ အဲဒီလို ရိုက်စားတွေချည်းပဲ။ အထူးသဖြင့် PDF ကင်းစင်ပြီး တော်လှန်ရေးနဲ့ ဝေးတဲ့ မော်လမြိုင်၊ ပေါင်၊ မုဒုံ၊ ချောင်းဆုံ။ အဲဒီထဲကမှ ချောင်းဆုံ(ဘီလူးကျွန်း)ဆိုရင် ပင်လယ်ဘက်ခြမ်း ကနေ PDF ပြောက်ကျား တစ်ခါလား ဝင်ဖူးတာကလွဲ PDF ကင်းစင်နယ်မြေ။ PDF ကင်းစင်တော့ ဒေသအာဏာပိုင်တွေက အဂတိလိုက်စားမှုမျိုးစုံနဲ့ ပြည်သူတွေ မော်မကြည့်ရဲအောင် ဖိနှိပ်မှုအစုံ။

 

ဘီလူးကျွန်းပြည်သူတွေက စစ်အုပ်စုရဲ့ ဖိနှိပ်မှုမျိုးစုံကို ခေါင်းငုံ့ခံနေရပေမဲ့ အသံတိတ် ရသလောက် တော်လှန်နေကြတာလည်း တွေ့ရတယ်။ အခုကျနော်ရေးနေတဲ့ စစ်မှုထမ်းဆိုင်ရာကိစ္စတွေက သတင်းမီဒီယာ ပလက်ဖောင်းပေါ်ရေးထားကြတဲ့ သတင်းတွေကို ပြန်စုစည်းထားတာ။ စစ်မှုထမ်းပြဿနာနဲ့ လောင်းကစားဝိုင်းတွေ အကြီးအကျယ်ဖွင့်နေတဲ့ကိစ္စ ဘီလူးကျွန်းသားတွေက ဓာတ်ပုံအထောက်အထားတွေနဲ့ အခိုင်အမာ သတင်းပေးနေလို့သာ မီဒီယာစာမျက်နှာထက် စစ်အုပ်စု အပုပ်နံ့ ထောင်းထောင်းထနေတာ သိရှိရတာ။ မွန်ပြည်နယ်တစ်ခုလုံးမှာ ဘီလူးကျွန်း စစ်အုပ်စုဝင်တွေရဲ့ အပုပ်နံ့ လှိုင်လှိုင်ထွက်နေတာ ဘီလူးကျွန်းသားတွေရဲ့ အသံတိတ်ဖွင့်ချ တော်လှန်နေခြင်းကြောင့်ဆိုတာ သိပ်သေချာတယ်။

 

ဘီလူးကျွန်းရဲ့ အဖြစ်အပျက်တွေဟာ တစ်နိုင်ငံလုံးက စစ်အုပ်စုထိန်းချုပ်နယ်မြေတွေမှာ ဖြစ်နေတဲ့ အဖြစ်အပျက်တွေပါ။ စစ်အုပ်စုထိန်းချုပ်နယ်မြေတွေက ပြည်သူတွေအနေနဲ့ အသံကုန်လွှင့် မတော်လှန်နိုင် သေးရင်တောင် ဘီလူးကျွန်းသားတွေလို အသံတိတ်တော်လှန်ကြဖို့ သိပ်အရေးကြီးတယ်။ မီဒီယာ စာမျက်နှာ ထက် ဘီလူးကျွန်းသားတွေ အသံတိတ်ဖွင့်ချနေတဲ့ အချက်အလက်တွေဟာ တစ်ချိန်မှာ အောင်ကြည်သိန်းနဲ့ လူတစ်ဆုပ်စာ အပေါင်းအပါတွေကို ကြိုးစင်ပေါ်တင်ဖို့ အရေးကြီးတဲ့ မှတ်တမ်းတွေပါပဲ။

~~~~                        

မောင်လင်း

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။