Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

မွန်ဝန်ကြီးချုပ် ခေါင်း လုပ်ဦးမှာလား (Opinion)

NLD အစိုးရလက်ထက်တုန်းက ညစဉ်မပျက် လျှပ်စီးမီး တထိန်ထိန်နဲ့ ကိုယ်ရှိန်ကိုယ်ဝါတောက်ပခဲ့တဲ့ ဘီလူးကျွန်းတံတားဟာ အခုအခါမှာတော့ အတိတ်မေ့နေတဲ့ တစ္ဆေတစ်ကောင်ပမာ အမှောင်ထဲ ခြောက် ခြောက်ခြားခြား မြင်လိုက်ရတယ်။

 

တံတားရဲ့ဒီဘက် မော်လမြိုင်ဘက်ခြမ်း၊ မုပွန်ရပ်မှာလည်း မီးတွေပျက်၊ တံတားရဲ့ဟိုဘက် ဘီလူးကျွန်း ဘက်ခြမ်းလည်း အမှောင်မှာ နစ်လို့။ ဘီလူးကျွန်းဘက်ခြမ်း တံတားအဆင်းမှာတော့ ငွေတောင်းရမ်းတဲ့နေရာမှာ တစ်ဖက်ကမ်းခတ်ကျွမ်းကျင်တဲ့ စစ်ဆေးရေးဂိတ်။ ဘတ္ထရီမီးရောင်မှိန်ဖျော့ဖျော့နဲ့ ည ၇ နာရီထိုးတဲ့အထိ ကားတွေလာရင် ပြစ်ချက်ရှာ ငွေတောင်းရမ်းဖို့ မျှော်တော်ယောင်ဖြစ်နေတဲ့ ရဲတွေကို တွေ့ရတယ်။

 

ဘာသာတရားကိုင်းရှိုင်းတဲ့ ဘီလူးကျွန်းမြေပေါ်မှာ လောင်းကစားဝိုင်းတွေ ဟီးထနေအောင်လုပ်။ အောင်ကြည်သိန်းရဲ့ အပေါင်းအပါတွေကလည်း ဘီလူးကျွန်းမြေမှာ ပြည်သူကို ဒုက္ခပေး အဂတိလိုက်စားမှုမျိုးစုံနဲ့ ထောလို့။

 

ဘီလူးကျွန်းဆိုတာ အာဏာသိမ်းစစ်ကောင်စီလက်ထက် ၂၀၂၃ ခုနှစ်လောက်ကစပြီး မီဒီယာစာမျက်နှာထက် အဆိုးနဲ့ ကျော်ကြားနေတဲ့နေရာ။ ၂၀၂၀ ရွေးကောက်ပွဲတုန်းက ခွေးကတက်နေရာကနေ မတက်၊ ခွက်ခွက်လန်မဲရှုံးခဲ့တဲ့ ကြံ့ဖွတ် အောင်ကြည်သိန်းက အခုတော့ မအောင်မြင်တဲ့အာဏာသိမ်းပွဲကြီးက မစလို့ စစ်ကောင်စီခန့် ဝန်ကြီးချုပ်တွေဘာတွေဖြစ်လို့။ မဲရှုံးခဲ့သမျှ ဘီလူးကျွန်းကို အငြိုးတကြီးနဲ့ ဖျက်ဆီး။ ဘာသာတရားကိုင်းရှိုင်းတဲ့ ဘီလူးကျွန်းမြေပေါ်မှာ လောင်းကစားဝိုင်းတွေ ဟီးထနေအောင်လုပ်။ အောင်ကြည်သိန်းရဲ့ အပေါင်းအပါတွေကလည်း ဘီလူးကျွန်းမြေမှာ ပြည်သူကို ဒုက္ခပေး အဂတိလိုက်စားမှုမျိုးစုံနဲ့ ထောလို့။ မွန်ပြည်နယ် ၁၀ မြို့နယ်မှာ ဘီလူးကျွန်းသည် လောင်းကစားမြို့အဖြစ် အကျော်ကြားဆုံးကို ဖြစ်လို့။

 

အခုလည်း ဘီလူးကျွန်းသားတစ်ဦးရဲ့ ဖိတ်ခေါ်ချက်။ သူတို့ကျွန်းပေါ်မှာ လောင်းကစားတွေ ဘယ်လို ပေါနေသလဲဆိုတာ လာလေ့လာလှည့်ဆိုတာနဲ့ စီးတော်ယာဉ်ဆိုင်ကယ်ကို ထုတ်ကာ ဘီလူးကျွန်းမြေဆီ ခြေ ဦးလှည့်။

 

အရင့်အရင် ၂၀၂၀ ပြည့်နှစ်မတိုင်မီ မော်လမြိုင်ဘက်ကနေ လှမ်းကြည့်လိုက်ရင် မီးရောင်တွေ ဝင်း တောက်ခဲ့တဲ့ ဘီလူးကျွန်းက အခုတော့ ခြောက်ခြားဖွယ် အမှောင်။ တံတားအဆင်း ပထမဆုံးတွေ့ရတဲ့ က ညှော်ရွာဆိုတာ ၂၀၁၄ သန်းခေါင်စာရင်းထုတ်ပြန်ချက်အရ အိမ်ခြေ ၁၆၀၀ ကျော်ရှိတဲ့ ကျေးရွာအုပ်စု အဆင့် ရွာကြီး။ NLD အစိုးရလက်ထက် အမျိုးသားစာပေဆုရ စာရေးဆရာမင်းချမ်းမွန်ရဲ့ ဇာတိရွာ။ ကညှော်ရွာသည်လည်း ဟိုတစ်ကွက်ဒီတစ်ကွက် ကိုယ့်ဘာသာ ထွန်းထားတဲ့ မီးရောင် ပြိုးပြက်နေတာကလွဲလို့ အမှောင်။

 

“ဒီထဲကနေ ဝင်သွားရင် အောင်ကြည်သိန်းညီမတည်ထားတဲ့ နာမည်ကျော်လောင်းကစားရုံရောက်မယ်”လို့ ဘီလူးကျွန်းသားမိတ်ဆွေက ပြောပြတယ်။

 

ကညှော်ရွာကနေ နည်းနည်းမောင်းလိုက်တော့ မွန်တို့ရဲ့ အထွတ်အမြတ်သင်္ကေတ ဟင်္သာအဝိုင်းသို့ ရောက်ရှိ။ ဟင်္သာအဝိုင်းသည်လည်း တစ်ချိန်က လျှပ်စစ်မီးရောင်အောက် ဝင်းပခဲ့သလောက် အခု မှောင်နဲ့ မည်းမည်း။ အရှေ့တည့်တည့်သွားရင် ကျောက်သင်ပုန်းထွက်တဲ့ နာမည်ကျော် မုဒွန်းရွာ။ ဘယ်ဘက်ကွေ့လိုက်တော့ ဘီလူးကျွန်းမြေပေါ်က ချောင်းဆုံမြို့တွင်းဘက်။ ကျနော်တို့က ချောင်းဆုံမြို့ထဲကို သွားမှာမို့ ဘယ်ချိုး ချလိုက်တယ်။

 

“ဒီထဲကနေ ဝင်သွားရင် အောင်ကြည်သိန်းညီမတည်ထားတဲ့ နာမည်ကျော်လောင်းကစားရုံရောက်မယ်”လို့ ဘီလူးကျွန်းသားမိတ်ဆွေက ပြောပြတယ်။

 

ဟင်္သာအဝိုင်းကနေ ဆိုင်ကယ်နဲ့ ၂ မိနစ်လောက်သွားပြီး ညာဘက်လမ်းလေးအတိုင်း ဝင်သွားရင် ရောက်ရှိမယ့် ကတောင်စိန်ရွာအပိုင်ထဲက လောင်းကစားရုံ။ အနီထောင်၊ ဂလုတ်ဂလုတ်၊ ဖဲဝိုင်းနဲ့ ကြက်ဝိုင်း။ အဲဒီလောင်းကစားရုံနဲ့ မော်လမြိုင်မြို့နဲ့က ဆိုင်ကယ် ၁၅ မိနစ်လောက်မောင်းရင် ရောက်တာမို့ နီးနီးလေး။ ဒါ့ကြောင့် အနီးမြို့တွေဖြစ်တဲ့ မော်လမြိုင်၊ ပေါင်၊ ကျိုက်မရောနဲ့ မုဒုံမြို့က ပရော်ဖယ်ရှင်နယ်လောင်းကစား သမားကြီးတွေလည်း နေ့စဉ်မပြတ်လာကြ။ အကြမ်းဖက်စစ်ကောင်စီလက်ထက် ဘီလူးကျွန်းသားများစွာ လည်း စီးပွားပျက်၊ များစွာသော အလုပ်လက်မဲ့တွေက လောင်းကစားရုံသို့လာ ထွက်ပေါက်ရှာရင်း စီးပွားတွေ ပျက်သထက်ပျက်ကာ မိသားစုဘဝတွေ ကျွမ်းထိုးမှောက်ခုံဖြစ်ကြရ။

 

“အဓိကကတော့ အောင်ကြည်သိန်းခွင့်ပြုလို့ပါ။ အောင်ကြည်သိန်းညီမဝမ်းကွဲခင်ပန်းက ဘီလူးကျွန်း အုပ်ချုပ်ရေးက အောင်ကြည်သိန်းတပည့်တွေနဲ့ပေါင်းပြီး လောင်းကစားရုံတည် လုပ်စားကြတာ”

 

“အဓိကကတော့ အောင်ကြည်သိန်းခွင့်ပြုလို့ပါ။ အောင်ကြည်သိန်းညီမဝမ်းကွဲခင်ပန်းက ဘီလူးကျွန်း အုပ်ချုပ်ရေးက အောင်ကြည်သိန်းတပည့်တွေနဲ့ပေါင်းပြီး လောင်းကစားရုံတည် လုပ်စားကြတာ”လို့ ဘီလူး ကျွန်းသားမိတ်ဆွေက ပြောပြတယ်။

 

ကတောင်စိန်ရွာကနေ ရှေ့ဆက်၊ ဘိုးနက်၊ သက္ကော၊ ကွမ်လမိုင်း၊ ပလိုင်ဝမ်းပြီးတော့ ချောင်းဆုံမြို့ထဲသို့ ရောက်ရှိ။ ချောင်းဆုံအရှေ့ပိုင်းရပ်ကွက်၊ ဘုရားကြီးကုန်းဟာ လမ်းသုံးခွဆုံရာ။ ထပ်ပြီး ရှေ့ဆက်တော့ ချောင်းဆုံအနောက်ပိုင်းရပ်ကွက်။ ချောင်းဆုံမြို့မရဲစခန်းနားရောက်တော့ ဘီလူးကျွန်းသားမိတ်ဆွေက လေသံတိုးတိုး နဲ့ ကပ်ပြောလိုက်သေးတယ်။

 

“ရဲစခန်းနဲ့ မျက်စောင်းထိုးမှာ အရင်က NLD ပါတီရုံးရှိတယ်လေ။ အဲဒါ တော်တော်အားပြင်းတဲ့မိုင်းနဲ့ စစ်တပ်က ခွဲပစ်ခဲ့တာ”တဲ့။

 

ဂူဂဲခေါက်ကြည့်လိုက်တော့ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၂ ရက်၊ သန်းခေါင်ယံ ၁၂ နာရီခွဲလောက်မှာ အမည်မ သိစစ်ကောင်စီလက်အောက်ခံလူတစ်စုရဲ့ လက်ချက်နဲ့ ချောင်းဆုံ NLD ရုံး တစ်စစီပျက်စီးခဲ့ရုံတင်မက မိုင်းပေါက်ကွဲအားက ပြင်းထန်လွန်းတာကြောင့် ဘေးဝန်းကျင်က အိမ် ၅ လုံးထက်မနည်း ပျက်စီးခဲ့သေးသတဲ့။ ရဲစခန်းရှေ့မှာ ဗြောင်အကျဆုံး အကြမ်းဖက်မှု။ အဲဒီကာလ မြန်မာနိုင်ငံအနှံ့က NLD ပါတီရုံးတွေကို မင်းအောင်လှိုင်တပ်တွေ သဲကြီးမဲကြီး ဖောက်ခွဲဖျက်ဆီးလိုက်တာမှ ပက်ပက်စက်စက်။

 

“အစ်ကို၊လောင်းကစားဝိုင်းတွေ ဓာတ်ပုံမရိုက်နဲ့နော်။ ဇိုးတွေ စောင့်ကြည့်နေတယ်”

 

ရဲစခန်းလွန်ပြီး တစ်မိနစ်ကျော်အကြာ ချောင်းဆုံမြို့ရဲ့ အထင်ကရ မဟာကန်တော်ကြီး။ ရုပ်ပျက်ဆင်းပျက်နဲ့ ကောနေပြီဖြစ်တဲ့ ကန်တော်ကြီးကို NLD အစိုးရလက်ထက်မှာ စက်ကြီး၊ စက်ငယ်တွေနဲ့ မြေတူးကာ ပြန်ဆယ်။ ကျန်းမာရေးလေ့ကျင့်ခန်းလုပ်ချင်စဖွယ် ကန်ရှေ့လမ်းတွေဘာတွေနဲ့ သပ်ရပ်လှပ။ ကန်ဆယ်ရာကနေ ထွက်လာတဲ့ မြေတွေကို ကန်တော်ကြီးနဲ့ မျက်နှာချင်းဆိုင်က လယ်ကွင်းတွေမှာ ပြန်ဖို့။ ချောင်းဆုံမြို့မဈေး က အခုအဲဒီနေရာမှာ။ ချောင်းဆုံဈေးအရှေ့ ကားလမ်းမနဲ့ကပ်လျက် ကွင်းပြင်ကျယ်မှာက အောင်ကြည်သိန်း တို့ မောင်နှမနဲ့ အပေါင်းအပါတစ်စုရဲ့ ရိုက်စားကွက် ဇာတ်ပွဲသွင်းပြီး လောင်းကစားဝိုင်းတည်တဲ့ အရှုပ်ထုပ်။ အခု ဘီလူးကျွန်းကို တစ်ညအိပ် ကျနော်ရောက်လာတာကလည်း ပွဲခင်းထဲက လောင်းကစားဝိုင်းတွေကို မြင်ချင်လွန်းလို့။

 

“အစ်ကို၊လောင်းကစားဝိုင်းတွေ ဓာတ်ပုံမရိုက်နဲ့နော်။ ဇိုးတွေ စောင့်ကြည့်နေတယ်”

            “ဘယ်ကဇိုးတွေလဲ”

            “အရပ်ထဲက ငမူး ငရူး စရိုက်တွေပါ။ ဖြိုးမင်းထွန်းတို့ ဇော်နိုင်ဝင်းတို့ ငါးပြား၊ ဆယ်ပြားပေးပြီး ခိုင်းစား နေတဲ့ကောင်တွေ”တဲ့။

 

ဖြိုးမင်းထွန်းဆိုတာက တပ်ကြပ်အဆင့် ချောင်းဆုံစရဖ(စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့)တာဝန်ခံ၊ ဇော်နိုင်ဝင်းဆိုတာက ချောင်းဆုံမြို့နယ်အုပ်ချုပ်ရေးမှူး။ နောက်တစ်ယောက်ရှိသေးတယ်၊ ချောင်းဆုံကြံ့ဖွတ် ဥက္ကဌ မျိုးဝင်း။ သူတို့ ၃ ဦးက မွန်ဝန်ကြီးချုပ်ရဲ့တပည့်၊ ချောင်းဆုံမှာ နည်းလမ်းမျိုးစုံနဲ့ လာဘ်စားနေတဲ့ကောင်တွေအဖြစ် မီဒီယာစာမျက်နှာထက် အပုပ်နံ့ထောင်းထောင်းထနေတဲ့ ရာဇဝတ်ကောင်တွေ။

 

ချောင်းဆုံအနောက်ပိုင်းရပ်ကွက်ရဲ့ ဆွမ်းကြီးလောင်းအောင် ပွဲ ခေါင်းစဉ်နဲ့ ဇာတ်ပွဲလုပ်ကာ လောင်းကစားဝိုင်းလည်း သွင်း။ ဘာသာရေးခေါင်းစဉ်နဲ့ လောင်းကစားဝိုင်း လုပ်နေတာကို ဘီလူးကျွန်းဘုန်းကြီးတွေကလည်း လက်ထိပ်ကြောက်တော့ ဘယ်ပြောရဲရှာမလဲ။

 

ရာဇဝတ်သားတွေရဲ့ ဂိုဏ်းချုပ်ကြီး အောင်ကြည်သိန်းက တရားမဝင်ငွေတွေ ရရှိရေးအတွက် ကိုယ့် ဒေသ ကိုယ်လောင်းကစားနွံထဲနစ်စေသူ။ ချောင်းဆုံအနောက်ပိုင်းရပ်ကွက်ရဲ့ ဆွမ်းကြီးလောင်းအောင် ပွဲ ခေါင်းစဉ်နဲ့ ဇာတ်ပွဲလုပ်ကာ လောင်းကစားဝိုင်းလည်း သွင်း။ ဘာသာရေးခေါင်းစဉ်နဲ့ လောင်းကစားဝိုင်း လုပ်နေတာကို ဘီလူးကျွန်းဘုန်းကြီးတွေကလည်း လက်ထိပ်ကြောက်တော့ ဘယ်ပြောရဲရှာမလဲ။

 

အခု ကိုယ့်မျက်စိရှေ့တင် မြင်နေရတဲ့ လောင်းကစားဝိုင်းတွေက အနီထောင်၊ ဂလုတ်ဂလုတ်၊ ဖဲနဲ့အရုပ် လှည့်ဝိုင်း စုစုပေါင်း ၅၀ ကျော်။ ချောင်းဆုံအနောက်မှာပဲလားဆိုတော့ ဘယ်ဟုတ်မလဲ။ သီတင်းကျွတ်လပြည့်၊ အောက်တိုဘာ ၁၇ ရက်ကစလို့ မုရစ်ကြီး၊ တောင်စွန်း၊ ကွမ်ရိုက်၊ ချောင်းဆုံအနောက်နဲ့ ဒုတိယအကြိမ်မြောက် မုရစ်ကြီးရွာ။ မုရစ်ကြီးပြီးရင်လည်း တောက်လျှောက် မိုးရာသီမရောက်မချင်း တစ်ရွာပြီးတစ်ရွာ။

 

ဆွမ်းလောင်းပွဲ၊ ဘုရားပွဲ၊ ကထိန်ပွဲ အဲဒီလိုဘာသာရေးခေါင်းစဉ်တပ်ပြီး ဇာတ်ပွဲသွင်းတယ်။ ဇာတ်ပွဲက ဟန်ပြ၊ တကယ်သွင်းတာက လောင်းကစားဝိုင်း။ 

 

“ဆွမ်းလောင်းပွဲ၊ ဘုရားပွဲ၊ ကထိန်ပွဲ အဲဒီလိုဘာသာရေးခေါင်းစဉ်တပ်ပြီး ဇာတ်ပွဲသွင်းတယ်။ ဇာတ်ပွဲက ဟန်ပြ၊ တကယ်သွင်းတာက လောင်းကစားဝိုင်း။ အခုက နေ့ဘက်ဆို ကတောင်စိန်လောင်းကစားရုံ။ ညဘက်ဆို ဇာတ်ပွဲသွင်းတဲ့ ရွာတွေမှာ။ ကွမ်ရိုက်ရွာဆိုတာ အောင်ကြည်သိန်းဇာတိရွာ။ အဲဒီရွာမှာလည်း လောင်းကစား ဝိုင်းရှိတာပဲ။ ဒီကောင်က ဘနဖူးသိုက်တူးမယ့်ကောင်”လို့ ဘီလူးကျွန်းသားမိတ်ဆွေက ဆိုတယ်။

 

မီးရောင်ထိန်ထိန်အောက်က လောင်းကစားဝိုင်းတွေကို တစ်ပတ်လှည့်ကြည့်ပြီးနောက် ခေါင်းတွေ လည်းနောက်၊ အာလည်းခြောက်ပြီမို့ လက်ဖက်ရည်ဆိုင်သို့ ချီလာကြ။ သက်ပြင်းပေါ် သက်ပြင်းဆင့်နေတာမို့ ဆက်ပြောစရာ စကားတွေ ခမ်းခြောက်လို့။

 

အောင်ကြည်သိန်း ဖျက်ဆီးနေတဲ့ ဘီလူးကျွန်းမှာ တစ်ညအိပ်ခဲ့တယ်။ မော်လမြိုင်ပြန်ရောက်ပြီး နောက် ၂ ရက်လောက်အကြာထင်တယ်။ မော်လမြိုင်နဲ့ ချောင်းဆုံဖေ့စ်ဘွတ်ခ်ဂရုဖ်တွေမှာ ဘီလူးကျွန်း လောင်းကစားသတင်း ရှဲထားတာတွေ့လို့ ဖတ်ကြည့်တော့ အသေးစိတ် ထပ်သိရပြန်တယ်။

 

တစ်ညကို ဇာတ်ပွဲဌားရမ်းခက ကျပ်သိန်း၂၀ ဝန်းကျင်၊ လောင်းကစားဝိုင်းတွေကနေ တစ်ညတာ အ ကောက်ရတာက သိန်း ၁၀၀ ကျော်မို့ အောင်ကြည်သိန်းဦးဆောင်တဲ့ ဘီလူးကျွန်းရာဇဝတ်ဂိုဏ်းကို ပျော်ပျော် ကြီး လိုင်းကြေးပေးကာ ဇာတ်ပွဲသွင်းနေကြတာတဲ့။

 

“ကျနော်တို့ဘီလူးကျွန်းမှာ လိုင်းကြေးပေးပြီး ရောင်းနေတဲ့ မူးယစ်ဆေးတွေကလည်း ပေါချင်း သောချင်းပဲဆိုတော့ တရားဝင်ဖာခန်းဖွင့်ဖို့ပဲကျန်တော့တယ်”

 

ဒီပွင့်လင်းရာသီကနေ ဧပြီလကုန်လောက်အထိ နေ့မပျက်ညဆက် လောင်းကစားဝိုင်းတွေကြောင့် မိ သားစုပေါင်းများစွာ ဘယ်လောက်ထိအောင် စီးပွားပျက်ကာ ဘဝပျက်ကြဦးမှာလဲ။ ပိုက်ဆံရ ပြီးရောဆိုတဲ့ ရာ ဇဝတ်ကောင်တွေက ဘယ်စဉ်းစားလိမ့်မလဲ။

 

“ကျနော်တို့ဘီလူးကျွန်းမှာ လိုင်းကြေးပေးပြီး ရောင်းနေတဲ့ မူးယစ်ဆေးတွေကလည်း ပေါချင်း သောချင်းပဲဆိုတော့ တရားဝင်ဖာခန်းဖွင့်ဖို့ပဲကျန်တော့တယ်”လို့ဆိုတဲ့ ဘီလူးကျွန်းသားမိတ်ဆွေရဲ့စကား ဘီလူးကျွန်းမှာ မြင်ခဲ့ရတဲ့ လောင်းကစားဝိုင်းတွေဆီ စိတ်ရောက်သွားတိုင်း ပြန်ကြားနေမိသလို မော်လမြိုင် ပြည်နယ်ရုံးပေါ်တက်၊ အောင်ကြည်သိန်းမျက်နှာ စေ့စေ့ကြည့်ကာ မေးခွန်းတစ်ခု မေးချင်စိတ်လည်း ဖြစ်နေမိ တယ်။

 

အောင်ကြည်သိန်း ဘီလူးကျွန်းမှာ ပြည့်တန်ဆာခန်းထောင်ကာ ခေါင်း လုပ်ဦးမလားဆိုတဲ့မေးခွန်း။ ကျင့်ဝတ်သိက္ခာပျက်ယွင်းလွန်းလှတဲ့ စစ်ကောင်စီခန့် ဝန်ကြီးချုပ်တွေ ခေါင်းမလုပ်ဘူးလို့ ဘယ်သူပြောနိုင် မလဲ။ အောင်ကြည်သိန်းဆိုတာ ငွေသာရမယ်ဆိုရင် ဘာမဆို လုပ်နိုင်တာမို့ မွန်ဝန်ကြီးချုပ်ဆိုတာ အချိန်မ ရွေး ခေါင်းဖြစ်သွားနိုင်တာပဲ။

 

အောင်ကြည်သိန်း ခေါင်းလုပ်ဦးမှာလားလို့ မေးရင် ဘာပြောမယ်ထင်သလဲ။

~~~~

မောင်လင်း

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။