Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

အိမ်နီးချင်းဆိုးတရုတ်နဲ့ သိမ်းလိုက်ပြန်တဲ့မြို့တွေ (Opinion)

အိမ်နီးချင်းဆိုး တရုတ်ရဲ့ မြန်မာတိုင်းရင်းသားဒေသတွေကို စီးပွားရေးပိတ်ဆို့ကာတိုင်းရင်းသား လက် နက်ကိုင် TNLA, MNDAA နဲ့ ‘ဝ’ UWSA တို့ကို ခြိမ်းခြောက် အကျပ်ကိုင်နေတဲ့ကြားကပင် တအောင်း တပ်မတော် TNLA ရဲ့ သီပေါမြို့ သိမ်းပိုက်လိုက်ခြင်းသတင်းက ဒုတိယ အကျော့ ၁၀၂၇ စစ်ဆင်ရေးရဲ့ ဆက်လက် ရှင်သန်နေတဲ့ အောင်စိတ်ကို ဖော်ပြနေပါတယ်။

 

အောက်တိုဘာ ၁၃ ရက်၊ သီပေါမြို့ရဲ့ နောက်ဆုံးလက်ကျန် ခလရ ၂၃ တပ်ရင်းကို အပြုတ်နှံခဲ့ကာ TNLA ရဲ့  ၁၂ မြို့မြောက် သိမ်းပိုက်ခြင်းအဖြစ် သီပေါမြို့ကို အလုံးစုံသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်တယ်။ သီပေါမြို့ သိမ်း တိုက်ပွဲကို TNLA ပူးပေါင်းတပ်က ဒုတိယအကျော့ ၁၀၂၇ စစ်ဆင်ရေးကာလ ဇူလိုင် ၂၀ ရက်မှာ စတင်ခဲ့ပြီး ၂ လ ကျော်အကြာ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်ဗုံးမိုးရွာနေတဲ့ကြားကနေ အလုံးစုံ သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်တယ်။ ဒုတိယအကျော့ ၁၀၂၇ စစ်ဆင်ရေးအတွင်း နောင်ချို၊ မိုးကုတ်၊ မိုးမိတ်၊ ကျောက်မဲနဲ့ အခု ပဥ္စမမြောက် သီပေါမြို့။ ပထမအကျော့ ၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA သိမ်းပိုက်ခဲ့တဲ့ မြို့ ၇ မြို့နဲ့ ထည့်ပေါင်းလိုက်ရင် စုစုပေါင်း ၁၂ မြို့။

 

စစ်ရေးအမြင်ကျယ်သူတွေက တောင်ခမ်းဆိုတာ စစ်ရေးအရ အချက်အချာကျတဲ့နေရာ။ ရှမ်းပြည်နယ်တောင်ပိုင်းသို့ ဝင်ရောက်ရာလမ်းကြောင်းဖြစ်တဲ့အပြင် ပြင်ဦးလွင်နဲ့လည်း မိုင် ၅၀ ကျော်သာ ဝေးတော့တာမို့ အကြမ်းဖက်စစ်တပ်က အသဲအသန်ခုခံနေရတယ်လို့ သိရတယ်။

 

လက်ရှိမှာ နောင်ချိုမြို့နဲ့ မိုင် ၂၀ လောက်အကွာမှာရှိတဲ့ တောင်ခမ်းရွာက အမြောက်တပ်တွေကို TNLA ပူးပေါင်းတပ်တွေက အပြင်းအထန် ထိုးစစ်ဆင်နေဆဲလို့ သတင်းတွေက ဆိုတယ်။ ဩဂုတ်လကုန်ပိုင်းမှာ တောင်ခမ်းက အမြောက်တပ်ရင်းနှစ်ခုကို TNLA က သိမ်းပိုက်လိုက်ပြီး အခုလက်ကျန် အမြောက်တပ် ၂ ခုကို ဆက်လက်တိုက်ခိုက်လျက်ရှိတယ်။ စစ်ရေးအမြင်ကျယ်သူတွေက တောင်ခမ်းဆိုတာ စစ်ရေးအရ အချက်အချာကျတဲ့နေရာ။ ရှမ်းပြည်နယ်တောင်ပိုင်းသို့ ဝင်ရောက်ရာလမ်းကြောင်းဖြစ်တဲ့အပြင် ပြင်ဦးလွင်နဲ့လည်း မိုင် ၅၀ ကျော်သာ ဝေးတော့တာမို့ အကြမ်းဖက်စစ်တပ်က အသဲအသန်ခုခံနေရတယ်လို့ သိရတယ်။

 

TNLA က အဲဒီလို တိုက်ပွဲတွေ၊ အောင်ပွဲတွေအလီလီနဲ့ ၁၀၂၇ စစ်ဆင်ရေးကို တလူလူလွှင့်ထူနေချိန် ဩဂုတ် ၂၉ ရက်မှာ သံတမန်စည်းမရှိတဲ့ တရုတ်အစိုးရရဲ့ ခြိမ်းခြောက်စာ ရောက်ခဲ့တယ်။ TNLA အနေနဲ့ တိုက် ပွဲတွေ ချက်ချင်းမရပ်ဘူးဆိုရင် တရုတ်က ကြောက်ရွံ့ကျိုးနွံအောင် ဆုံးမသွားမှာဖြစ်ပြီး ဖြစ်လာတဲ့ အကျိုးဆက် အားလုံးကို TNLA က တာဝန်ယူရမယ်လို့ ရင့်သီးရိုင်းစိုင်းထားတဲ့ ပစ်စာပုံစံ ခြိမ်းခြောက်စာ။ အဲဒီစာကို ခြုံကြည့်လိုက်ရင် မြန်မာ့အချုပ်အခြာ ပိုင်နက်နယ်မြေထဲ တရုတ်က စစ်ရေးအရ ကျူးကျော်ကာ TNLA ကို ဝင်တိုက်မယ်လို့ ကောက်ယူလို့ရတဲ့ အပြင်းထန်ဆုံး ခြိမ်းခြောက်မှု။ ဒါ့အပြင် တရုတ်က နယ်စပ်ဂိတ်တွေကိုလည်း ပိတ်ကာ လျှပ်စစ်မီး၊ ရေ၊ အင်တာနက်၊ လောင်စာဆီ၊ ဆေးဝါး၊ လူအဝင်အထွက် စတဲ့ ဖြတ်ငါးဖြတ်နဲ့ မြန်မာတိုင်းရင်းသားတွေကို ပိတ်ဆို့နေပါတယ်။

 

TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တာ့ဘုန်းကျော်က “၃ ဖွဲ့ ထဲကတစ်ဖွဲ့ကို သံတမန်စည်းမရှိတဲ့ စာနဲ့ ဖိအားပေးတာ၊ စိန(တရုတ်) သရုပ်မှန်ပြချင်လို့ အစည်းအဝေးမှတ်တမ်း လိုင်းပေါ်တင်လိုက်တာ အားလုံးအမှန်ပါပဲ”လို့ သူ့ရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ် ဖော်ပြထားတာ တွေ့ရပါတယ်။

 

TNLA ပြီးတော့ MNDAA နဲ့ ‘ဝ’ UWSA တို့ကို တရုတ်အစိုးရက အပြင်းထန်ဆုံး ထပ်မံခြိမ်းခြောက်။ ဩဂုတ် ၂၇ ရက်က ယူနန်ပြည်နယ်၊ ဖူအာမြို့မှာ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ် တိန့်ရှီကျွင်းက UWSA ခေါင်းဆောင်တွေနဲ့ တွေ့ဆုံကာ ခြိမ်းခြောက်ခဲ့တဲ့ အစည်းအဝေးမှတ်တမ်း မြန်မာမီဒီယာတွေပေါ် ရောက်ရှိ။

 

TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တာ့ဘုန်းကျော်က “၃ ဖွဲ့ ထဲကတစ်ဖွဲ့ကို သံတမန်စည်းမ ရှိတဲ့ စာနဲ့ ဖိအားပေးတာ၊ စိန(တရုတ်) သရုပ်မှန်ပြချင်လို့ အစည်းအဝေးမှတ်တမ်း လိုင်းပေါ်တင်လိုက်တာ အားလုံးအမှန်ပါပဲ”လို့ သူ့ရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ် ဖော်ပြထားတာ တွေ့ရပါတယ်။ ဆိုတော့ လတ်တ လောအဖြစ်အပျက် အဆက်အစပ်တွေနဲ့ ဗိုလ်ချုပ်တာ့ဘုန်းကျော်ရဲ့ ပြောကြားချက်ကို ပေါင်းဖြည့်စစ်ဆေး ကြည့်လိုက်ရင် တရုတ်က TNLA ကို ခြိမ်းခြောက်စာပို့တာနဲ့ ဖူအာအစည်းအဝေးမှတ်တမ်းတို့ဟာ အမှန် တွေဖြစ်ကြောင်း ကောက်ယူနိုင်ပါတယ်။

 

မြန်မာပြည်သူတွေ ပုံအောထောက်ခံနေတဲ့ NUG အစိုးရနဲ့ PDF တပ်တွေကို တရားမဝင် အာဏာလုယက်နေတဲ့ သရဲသဘက်တွေပမာ တရုတ်က သဘောထားပြီး NUG၊ PDF နဲ့ မပတ်သက်ဖို့ တရုတ်နယ်စပ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်တွေကို ကြိမ်းမောင်းနေပေမဲ့ TNLA က အေးဆေး။ 

 

တရုတ်ရဲ့ ဂိုဏ်းစတားဆန်တဲ့ ခြိမ်းခြောက်စာ ရောက်ရှိခဲ့ပေမဲ့ TNLA က သူ့အလုပ်သူ ဆက်လုပ်ကာ သီပေါမြို့ကိုပါ သိမ်းပိုက်ပြခဲ့တယ်။ မြန်မာပြည်သူတွေ ပုံအောထောက်ခံနေတဲ့ NUG အစိုးရနဲ့ PDF တပ်တွေကို တရားမဝင် အာဏာလုယက်နေတဲ့ သရဲသဘက်တွေပမာ တရုတ်က သဘောထားပြီး NUG၊ PDF နဲ့ မပတ်သက်ဖို့ တရုတ်နယ်စပ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်တွေကို ကြိမ်းမောင်းနေပေမဲ့ TNLA က အေးဆေး။ အောက်တိုဘာ ၈ ရက်မှာ NLD ပါတီဒုဥက္ကဌ၊ မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင် ကျဆုံးခြင်းကို TNLA က ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့၊ ဒေါက်တာဇော်မြင့်မောင်ဟာ အာဏာရှင်အဆက်ဆက်ရဲ့ ဖမ်းဆီးနှိပ်စက် အကျဉ်းချခြင်းတွေကို ဦးမညွှတ်ဘဲ ဒီမိုကရေစီတိုက်ပွဲအလံကို အသက်သေဆုံးတဲ့အထိ စွဲကိုင်လွှင့်ထူခဲ့သူဖြစ်တာကြောင့် ဒီမိုကရေစီသူရဲကောင်းအဖြစ် အစဉ်အမြဲဂုဏ်ပြုအမှတ်ရနေမယ်လို့လည်း TNLA ရဲ့ သဝဏ်လွှာမှာ ဖော်ပြထားတယ်။ ကျင့်ဝတ်သိက္ခာကင်းမဲ့တဲ့ နိုင်ငံကြီးတရုတ်ရဲ့ ဝင်ရောက်စွက်ဖက် ခြိမ်းခြောက်မှုအပေါ်  TNLA က တုံ့ပြန်ခြင်းမရှိပေမဲ့ ဦးညွှတ်မှာမဟုတ်ကြောင်း လက်တွေ့ သက်သေပြချက်။

 

တရုတ်နယ်စပ်နဲ့ကပ်လျက် ကိုးကန့်တပ် MNDAA ကတော့ ကိုးကန့်ဒေသကို တရုတ်က ဖြတ်ငါးဖြတ် လုပ်ကာ ပြင်းထန်တဲ့ဖိအားတွေပေးနေတာကြောင့် တရုတ်အလိုကျ ပြေရာပြေကြောင်း ကြေညာချက် စက်တင်ဘာ ၄ ရက်မှာ ထုတ်ပြန်ခဲ့တယ်။ ဩဂုတ် ၂၇ ရက်၊ ဖူအာမြို့မှာ၊ အာရှရေးရာအထူးကိုယ်စားလှယ် တိန့်ရှီကျွင်း က UWSA ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခြိမ်းခြောက်ပြီးနောက် ထွက်လာတဲ့ ကြေညာချက်။

 

MNDAA က NUG အစိုးရနဲ့ မပေါင်း၊ မန္တလေးနဲ့တောင်ကြီးကို ထိုးစစ်မဆင်၊ ချက်ချင်းအပစ်ရပ်ပြီး တရုတ်နဲ့တက်ကြွစွာ ပူးပေါင်းကာ ပဋိပက္ခတွေကို တွေ့ဆုံဆွေးနွေးအဖြေရှာသွားမှာဖြစ်ကြောင်း MNDAA ရဲ့ စစ်မှန်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး ရပ်တည်ချက် မပြောင်းလဲကြောင်းနဲ့ တရုတ် သို့မဟုတ် မြန်မာကို ဆန့်ကျင်တဲ့ နိုင်ငံခြားအသိုင်းအဝိုင်းတွေနဲ့ မပူးပေါင်း၊ မဆက်ဆံ၊ မဟာမိတ်ဖွဲ့မှာမဟုတ်ကြောင်း အဲဒီကြေညာချက်မှာ ဖော်ပြထားတယ်။

 

အဲဒီကြေညာချက်က MNDAA တပ်ဖွဲ့ဝင်တွေအနေနဲ့ အမေရိကန်အပါအဝင် အနောက်နိုင်ငံနဲ့ အာဆီယံနိုင်ငံတွေဆီ ခရီးသွားခြင်း ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာညီလာခံတွေမှာ ပါဝင်ခြင်း၊ အနောက်နိုင်ငံကသတင်းဌာနတွေနဲ့ တွေ့ဆုံခြင်းမပြုဖို့ ကန့်သတ်လိုက်ခြင်းဖြစ်တယ်။

 

MNDAA ရဲ့ အဲဒီကြေညာချက်ကို တရုတ်က လက်မခံ။ တရုတ်က MNDAA လားရှိုးမြို့ကနေ ခြွင်းချက်မရှိ ဆုတ်ကာ လောက်ကိုင်ပြန်ဖို့သာ အလိုရှိတာကြောင့် စစ်ကောင်စီရဲ့ လားရှိုးမြို့ပြည်သူတွေကို လေကြောင်းတိုက်ခိုက် ဗုံးကြဲသတ်ဖြတ်ခြင်းတွေ ဆက်လက်ဖြစ်ပွားခဲ့တယ်။ တရုတ်က ကိုးကန့်ဒေသပြည်သူတွေ ကိုဖြတ်ငါးဖြတ်နဲ့သတ်ပြီး စစ်ကောင်စီက လားရှိုးပြည်သူတွေကို ဗုံးကြဲသတ်ကာ MNDAA ကို  အပြင်းထန်ဆုံး ပူးပေါင်းဖိအားပေးခြင်း ဖြစ်တယ်။

 

ပြင်းထန်တဲ့ တရုတ်ဖိအားကို ရင်ဆိုင်နေရတဲ့ MNDAA ဟာ အောက်တိုဘာ ၉ ရက်မှာ နောက်ထပ်ကြေညာချက်တစ်စောင်ထပ်ထုတ်ပြန်တယ်။ အဲဒီကြေညာချက်က MNDAA တပ်ဖွဲ့ဝင်တွေအနေနဲ့ အမေရိကန်အပါအဝင် အနောက်နိုင်ငံနဲ့ အာဆီယံနိုင်ငံတွေဆီ ခရီးသွားခြင်း ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာညီလာခံတွေမှာ ပါဝင်ခြင်း၊ အနောက်နိုင်ငံကသတင်းဌာနတွေနဲ့ တွေ့ဆုံခြင်းမပြုဖို့ ကန့်သတ်လိုက်ခြင်းဖြစ်တယ်။

 

အကြမ်းဖက်စစ်ကောင်စီက လားရှိုးမြို့ကို ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်နေပေမဲ့ လားရှိုးမြို့အုပ်ချုပ်ရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်နေခြင်းဟာ MNDAA က ရှေ့တစ်လှမ်းမတိုးပေမဲ့ နောက်တစ်လှမ်း လည်း ဆုတ်မှာမဟုတ်ကြောင်း ဖော်ပြနေပါတယ်။ 

 

MNDAA က အဲဒီလို တရုတ်ဖိအားတွေ ပြေလျော့လာအောင် တရုတ်အကြိုက် ကြေညာချက်တွေ ထုတ်ပြန်နေပေမဲ့ လားရှိုးမြို့ကနေ တစ်လက်မမှ မဆုတ်ဘဲ ဆက်လက်တောင့်ခံနေတာတွေ့ရတယ်။ အကြမ်းဖက်စစ်ကောင်စီက လားရှိုးမြို့ကို ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်နေပေမဲ့ လားရှိုးမြို့အုပ်ချုပ်ရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်နေခြင်းဟာ MNDAA က ရှေ့တစ်လှမ်းမတိုးပေမဲ့ နောက်တစ်လှမ်း လည်း ဆုတ်မှာမဟုတ်ကြောင်း ဖော်ပြနေပါတယ်။ ဒါ့အပြင် MNDAA ရဲ့ စက်တင်ဘာ ၄ ရက်ထုတ်ပြန်ချက်ထဲမှာ မိမိကိုယ်မိမိ ခုခံကာကွယ်ခွင့်ကို ဆက်လက်စွဲကိုင်သွားမယ်လို့ ဆိုထားခြင်းနဲ့ လားရှိုးကို ကျစ်ကျစ်ပါဆုပ်ကိုင် ထားချက်အရ စစ်ကောင်စီအနေနဲ့ လားရှိုးကိုလာတိုက်ရင် MNDAA ဘာလဲဆိုတာကို ဆက်လက်ပြသသွားဖွယ်ရှိပါတယ်။

 

နွေဦးတော်လှန်ရေးကို အရွေ့ကြီးစေခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးရဲ့ပဲ့ကိုင် TNLA နဲ့ MNDAA တို့က အဲဒီလို ရပ်ခံနေကြတဲ့အချိန် ရခိုင်နဲ့ကချင်စစ်မျက်နှာမှာလည်း အောင်ပွဲဆက်ခံနေကြသလို အောက်တိုဘာ ၈  ရက်မှာ စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့ကို PDF တွေ သိမ်းပိုက်လိုက်နိုင်ခြင်းက အောင်ပွဲပေါ် အောင်ပွဲတွေ ထပ်ဆင့် လိုက်ခြင်းပဲဖြစ်ပါတယ်။

 

အောက်တိုဘာ ၁၆ ရက်အထိ စာရင်းအရ တော်လှန်ရေးတပ်တွေ သိမ်းပိုက်၊ ထိန်းချုပ်ထားတဲ့မြို့ ၈၃ မြို့ ရှိသွားပါပြီ။ NUG ကာကွယ်ရေးဝန်ကြီးဦးရည်မွန်ဟာ ပင်လည်ဘူးမြို့ကို PDF သိမ်းပိုက်ပြီး ၂ ရက်အကြာ အောက်တိုဘာ ၁၀ ရက်မှာ ပင်လည်ဘူးမြို့သို့ သွားရောက်ပြီး မြို့သိမ်းစစ်ဆင်ရေး အောင်ပွဲရရဲဘော်တွေဆီ သွားရောက်တွေ့ဆုံအားပေးခဲ့ပါတယ်။

 

မင်းအောင်လှိုင်ကတော့ တိုက်ပွဲတွေနဲ့ မိုင် ၅၀ ကျော်ဝေးတဲ့ ပြင်ဦးလွင်ကိုတောင် မလာရဲတော့တာ တော်တော်ကြာပါပြီ။

~~~~

ထွန်းလင်း

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။