Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ကြောင်သူတော် တရုတ် (Opinion)

ကျင့်ဝတ်သိက္ခာကင်းမဲ့လွန်းလှတဲ့ တရုတ်အစိုးရရဲ့ ဘီလူးရုပ်သွင်ကို  Myanmar Now ရဲ့ သတင်း ပေးပို့ချက်က ဖော်ထုတ်လိုက်တယ်။

 

ဩဂုတ် ၂၇ ရက်၊ ယူနန်ပြည်နယ်တောင်ပိုင်း၊ ဖူးအာမြို့မှာ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ် တိန့်ရှီကျွင်း က ‘ဝ’UWSA ခေါင်းဆောင်တို့နဲ့တွေ့ဆုံကာ ခြိမ်းခြောက်အကျပ်ကိုင်ဖိအားပေးမှု အစည်းအဝေးမှတ်တမ်းကို Myanmar Now က ရရှိဖွင့်ချ။ လားရှိုးဟာ ကိုးကန့်တပ် MNDAA နဲ့ ဘာမှမဆိုင်၊ ချက်ချင်းဆုတ်ပေးဖို့ တရုတ်က ဖိအားပေးနေကြောင်း အဲဒီမှတ်တမ်းမှာ တွေ့ရတယ်။

 

MNDAA နဲ့ မဟာမိတ်တွေ လားရှိုးကို စတင်ထိုးစစ်ဆင်ချိန်ကနေ အခုအထိ MNDAA နဲ့ ကိုးကန့်ဒေသကို တရုတ်က လျှပ်စစ်မီး၊ ရေ၊ အင်တာနက်၊ လောင်စာဆီ၊ ဆေးဝါး စတဲ့ လူသုံးကုန်တွေနဲ့ လူအဝင်အထွက်ပိတ်ဆို့ခြင်းဆိုတဲ့ ဖြတ်ငါးဖြတ် ကျင့်သုံးကာ အင်အားချိနဲ့အောင် လုပ်ဆောင်နေတယ်လို့ ဆိုတယ်။

 

အခုဒုတိယအကျော့ ၁၀၂၇ စစ်ဆင်ရေးအတွင်း လားရှိုးကို MNDAA ထပ်မံသိမ်းပိုက်ခဲ့တာကြောင့် တရုတ်အကျိုးစီးပွား ထိခိုက်မှု ထပ်မံဆိုးရွားသွားတာမျိုးမရှိပေမဲ့ တရုတ်က MNDAA လားရှိုးကနေ မဆုတ်ပေးရင်  ဖြတ်ငါးဖြတ်တင်မက ဖုန်မိသားစုကိုပါ ချေမှုန်းသွားမှာဖြစ်ကြောင်း တိန့်ရှီကျွင်းက သဲကြီးမဲကြီး ခြိမ်းခြောက်ခဲ့သေးတယ်။

 

လားရှိုးမြို့ကနေ MNDAA မဆုတ်မချင်း ကိုးကန့်ဒေသ ဖြတ်ငါးဖြတ်ကို ရုပ်သိမ်းပေးမှာ မဟုတ်တဲ့အပြင် ပိုမိုပြင်းထန်တဲ့အရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ အာရှရေးရာ အထူးကိုယ်စားလှယ် တိန့်ရှီကျွင်း က ‘ဝ’UWSA ခေါင်းဆောင်တွေကနေတစ်ဆင့် ခြိမ်းခြောက်ခဲ့တယ်လို့လည်း သိရတယ်။

 

ပထမအကျော့ ၁၀၂၇ စစ်ဆင်ရေးကို ဟိုင်ဂင်သဘောတူညီချက်နဲ့ အဆုံးသတ်လိုက်စဉ်ကတည်းက တရုတ်အကျိုးစီးပွားကိုလည်း ထိခိုက်စေတဲ့ ရှမ်းမြောက်ဒေသ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေး နိဂုံးချုပ် ခဲ့ပြီးသား။ အခုဒုတိယအကျော့ ၁၀၂၇ စစ်ဆင်ရေးအတွင်း လားရှိုးကို MNDAA ထပ်မံသိမ်းပိုက်ခဲ့တာကြောင့် တရုတ်အကျိုးစီးပွား ထိခိုက်မှု ထပ်မံဆိုးရွားသွားတာမျိုးမရှိပေမဲ့ တရုတ်က MNDAA လားရှိုးကနေ မဆုတ်ပေးရင်  ဖြတ်ငါးဖြတ်တင်မက ဖုန်မိသားစုကိုပါ ချေမှုန်းသွားမှာဖြစ်ကြောင်း တိန့်ရှီကျွင်းက သဲကြီးမဲကြီး ခြိမ်းခြောက်ခဲ့သေးတယ်။

 

လားရှိုးကနေ MNDAA ဆုတ်ခွာသွားရေးဟာ တရုတ်အတွက် ဘာ့ကြောင့် အသဲအသန် အရေးကြီးနေရတာပါလဲ။ လားရှိုးပြီးတော့ ပြင်ဦးလွင်နဲ့ မန္တလေး ပြိုဖို့ရာ သိပ်မဝေးတော့တာကြောင့်နဲ့ မန္တလေး အလွန်မှာ စစ်ဗိုလ်ချုပ်တွေ ခွေးပြေးဝက်ပြေးခရီး သိပ်နီးသွားနိုင်တာကြောင့်လို့ ဆိုနိုင်မယ်ထင်တယ်။ ဒါကို တစ်ခွန်းတည်းချုပ်ရရင် စစ်ကောင်စီကို အပြိုမခံနိုင်တဲ့ တရုတ်က စစ်ကောင်စီပြိုတော့မယ်ဆိုတာ ကောင်းကောင်း သိနေတာကြောင့် လားရှိုးရောက်နေတဲ့ MNDAA ကို ကိုးကန့်အထိ ပြန်ဆုတ်ခိုင်းခြင်းဖြစ်တယ်။

 

၁၀၂၇ စစ်ဆင်ရေးက အကြမ်းဖက်စစ်တပ်ကို တိုက်တိုင်းရှုံးတပ်၊ အလံဖြူထောင်တပ်အဖြစ် ရှင်းလင်းပြတ်သားစွာ သက်သေပြနိုင်ခဲ့ပြီး မြန်မာနိုင်ငံအနှံ့ တော်လှန်ရေးတပ်တွေက စိတ်ဓာတ်ခွန်အားအသာစီးနဲ့ အပေါ်စီးကနေ တိုက်နိုင်ခဲ့ကြတယ်။

 

၁၀၂၇ စစ်ဆင်ရေးဟာ နွေဦးတော်လှန်ရေးအတွက် အရေးပါတဲ့ ဂငယ်ကွေ့။ ၁၀၂၇ စစ်ဆင်ရေးကနေ စစ်ကောင်စီရဲ့ နောက်ဆုံးနေ့တွေကို ကောင်းကောင်း လှမ်းမြင်ခဲ့ရတယ်။ ၁၀၂၇ စစ်ဆင်ရေးက အကြမ်းဖက်စစ်တပ်ကို တိုက်တိုင်းရှုံးတပ်၊ အလံဖြူထောင်တပ်အဖြစ် ရှင်းလင်းပြတ်သားစွာ သက်သေပြနိုင်ခဲ့ပြီး မြန်မာ နိုင်ငံအနှံ့ တော်လှန်ရေးတပ်တွေက စိတ်ဓာတ်ခွန်အားအသာစီးနဲ့ အပေါ်စီးကနေ တိုက်နိုင်ခဲ့ကြတယ်။

 

ပထမအကျော့ ၁၀၂၇ စစ်ဆင်ရေးက လားရှိုးကိုပါ သိမ်းဖို့ လှမ်းကြည့်လိုက်တဲ့အချိန်မှာ တရုတ်က ကပျာကရာဖိအားပေးကာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်မှာ ရှမ်းမြောက်အပစ်အခတ်ရပ်စဲရေးထွက်ပေါ်လာခဲ့ တယ်။

 

TNLA နဲ့ MNDAA က တရုတ်အမျက်သင့်မှာ မခံလိုသူတွေမို့ ကိုယ့်ဘက်က အပစ်ရပ်စာချုပ်ချိုးဖောက်ကာ ကျည်စပေါက်တာမျိုး အဖြစ်မခံခဲ့ဘူး။

 

မင်းအောင်လှိုင်သာ ကိုယ့်စစ်တပ်အကြောင်းကိုယ်သိခဲ့ရင် ဒုတိယအကျော့ ၁၀၂၇ စစ်ဆင်ရေးကို TNLA နဲ့ MNDAA တို့ အခုလောက်မြန်မြန် စတင်ဖို့ ခက်မှာ သေချာတယ်။ TNLA နဲ့ MNDAA က တရုတ်အမျက်သင့်မှာ မခံလိုသူတွေမို့ ကိုယ့်ဘက်က အပစ်ရပ်စာချုပ်ချိုးဖောက်ကာ ကျည်စပေါက်တာမျိုး အဖြစ်မခံခဲ့ဘူး။ မင်းအောင်လှိုင်ရဲ့ ကျပ်မပြည့်မှုက အပစ်ရပ်စာချုပ်ကို စတင်ချိုးဖောက်ခဲ့လေတော့ ဇွန် ၂၅ ရက်မှာ ဒုတိယအကျော့ ၁၀၂၇ စစ်ဆင်ရေးတင်မက PDF တွေနဲ့ တွဲဖက်ပြီး နောက်ဆက်တွဲ ရှမ်းမန်းစစ်ဆင်ရေးကိုပါ ဆင်နွှဲခဲ့ရာမှာ အစဉ်အလာမပျက် စစ်တပ်က မြို့တွေ ထိုးအပ်ရပြန်တော့တယ်။

 

မန္တလေးတိုင်းထဲက မိုးကုတ်၊ စဉ့်ကူးနဲ့ သပိတ်ကျင်းတို့ကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ခဲ့သလို မ န္တလေးမြို့ကနေ သေနတ်သံတွေ ကြားရတဲ့အထိ မန္တလေးမြို့နားက မတ္တရာမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်။ အခု TNLA တိုက်နေတဲ့ နောင်ချိုမြို့နယ်၊ တောင်ခမ်းရွာအခြေစိုက် အမြောက်တပ် ၂ တပ် ပြိုပြီဆိုရင် ပြင်ဦးလွင် ဆိုးအောက် ဆိုတဲ့အသံ ကြားရဖို့ သိပ်အားထုတ်ရတော့မယ် မထင်ပါဘူး။

 

အဆိုးဆုံးနဲ့ စစ်ကောင်စီအထိနာဆုံးက အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA နဲ့ မဟာမိတ်တွေ က တစ်လနဲ့ အပြတ် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းပါပဲ။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်လို အသေအချာခံစစ် ပြင်ထားတဲ့ ထုကြီးထည်ကြီးပင် ပြိုကျခဲ့ခြင်းဟာ စစ်တပ်အတွက် ရုပ်ပိုင်းဆိုင်ရာမက စိတ်ဓာတ်ရေးရာပါ ချေမှုန်းခံလိုက်ရခြင်းလည်းဖြစ်တယ်။

 

စစ်ကောင်စီရဲ့ မရဏခေါင်းလောင်းသံကို လှမ်းကြားလိုက်ရတဲ့ ဘေဂျင်းဟာ ဩဂုတ် ၁၄ ရက်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိကို နေပြည်တော်စေလွှတ်ကာ ကြားနေသူ အိမ်နီးချင်းပမာ၊ သမာသမတ်ကျတဲ့ နိုင်ငံကြီးတစ်နိုင်ငံပမာ အယောင်ဆောင်ထားတဲ့ မျက်နှာဖုံးကို ချွတ်ချ၊ စစ်ကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်ကို ထောက်ခံကြောင်း မျက်နှာပြောင်တိုက် ကြေညာရတော့တယ်။

 

ဒါ့အပြင်အခု Myanmar Now ဖွင့်ချလိုက်တဲ့ အစည်းအဝေးမှတ်တမ်းအရ တရုတ်အထူးကိုယ်စားလှယ်တိန့်ရှီကျွင်းက ‘ဝ’ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခြိမ်းခြောက်စဉ် စစ်တပ်ဟာ မြန်မာနိုင်ငံထူထောင်သူ၊ မြန်မာ့နိုင်ငံရေးရဲ့ အရေးပါဆုံး နိုင်ငံရေးအင်အားစု။ NUG ဖြစ်စေ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီဖြစ်စေ၊ မြန်မာ့နိုင်ငံရေးနယ်ပယ်အတွင်း စစ်တပ်ရဲ့ အရေးပါမှုနေရာမှာ အစားထိုးလို့မရဘူးလို့ ပြောကြားခဲ့တဲ့အပြင် စစ်တပ်ပြိုကျပြီး အနောက်နိုင်ငံတွေနဲ့ နီးစပ်တဲ့ NUG နဲ့ PDF အနိုင်ရသွားမှာကို တရုတ်က လုံးဝလက် ခံမှာမဟုတ်ဘူးလို့လည်း ဆိုကြောင်း သိရတယ်။

 

အဲဒါဟာ တိန့်ရှီကျွင်းက မြန်မာ့အရေးကို တရုတ်ရှုမြင်ချက်အတိုင်း ဝင်ရောက်စွက်ဖက်စီရင်ချက်ချမှာဖြစ်ကြောင်း မျက်နှာပြောင်တိုက်ပြောကြားခဲ့ခြင်းဖြစ်ပြီး တရုတ်အစိုးရတာဝန်ရှိသူတွေက အခွင့်ကြုံတိုင်း ပြောလေ့ရှိတဲ့ တရုတ်ဟာ မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှာမဟုတ်ကြောင်းနဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးစနစ်ကို မြန်မာပြည်သူတွေကသာ ရွေးချယ်ကြရမှာဖြစ်ကြောင်း ပြောကြားချက်တွေနဲ့ နှစ်ဘဝမက ဝေးနေတာ တွေ့ရတယ်။

 

အကြမ်းဖက်စစ်တပ်က အဲဒီကြေညာချက် ထွက်ပြီးနောက်ပိုင်းမှာလည်း ဆက်တိုက်ဆိုသလို လားရှိုးမြို့ပြည်သူတွေကို ပစ်မှတ်ထားကာ လေကြောင်း တိုက်ခိုက်နေတာကြောင့်ပါပဲ။ 

 

 

တရုတ်ရဲ့ ပိတ်ဆို့ခြိမ်းခြောက်ခံထားရတဲ့ MNDAA ဟာ NUG အစိုးရနဲ့မပေါင်း၊ မန္တလေးနဲ့တောင်ကြီးကို ထိုးစစ်ဆင်မှာမဟုတ်၊ ချက်ချင်း အပစ်ရပ်ပြီး တရုတ်နဲ့ တက်တက်ကြွကြွပူးပေါင်းကာ ပဋိပက္ခတွေကို တွေ့ဆုံဆွေးနွေးအဖြေရှာသွားမယ်ဆိုတဲ့ တရုတ်အမျက်ဖြေကြေညာချက် ‘ဝ’ခေါင်းဆောင်တွေကို တရုတ် ခေါ်ခြိမ်းခြောက်တဲ့ အစည်းအဝေးနောက်ပိုင်းမှာ ထုတ်ပြန်ခဲ့တယ်။ ဒါပေမဲ့၊ တရုတ်က အဲဒီကြေညာချက်ကိုတောင် လက်ခံဟန်မတူ။ လားရှိုးကနေ ခြွင်းချက်မရှိ MNDAA ဆုတ်ခွာရေးကနေ တရုတ်က တစ်ပြားမှ လျှော့ဟန်မတူပါဘူး။ ဘာ့ကြောင့်လို့လဲဆိုတော့ အကြမ်းဖက်စစ်တပ်က အဲဒီကြေညာချက် ထွက်ပြီးနောက်ပိုင်းမှာလည်း ဆက်တိုက်ဆိုသလို လားရှိုးမြို့ပြည်သူတွေကို ပစ်မှတ်ထားကာ လေကြောင်း တိုက်ခိုက်နေတာကြောင့်ပါပဲ။ 

 

စက်တင်ဘာလေးရက်၊ ရက်စွဲတပ်ထားတဲ့ တရုတ်အမျက်ဖြေကြေညာချက်ကို စက်တင်ဘာ ၁၈ ရက်မှာ MNDAA ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ် ဖော်ပြပြီးနောက် စက်တင်ဘာ ၂၁ ရက်၊  ၂၄ ရက်၊ ၂၅ ရက်၊ ၂၇ ရက်၊ ၂၈ ရက်၊ ၃၀ ရက်၊ အောက်တိုဘာ ၄ ရက်၊ ၅ ရက်နဲ့ ၆ ရက်တို့မှာ အကြမ်းဖက်စစ်တပ်က လားရှိုးမြို့ပေါ်ကို လေကြောင်းကနေ ဗုံးကြဲခဲ့တယ်။ ဒါဟာ  လားရှိုးကနေ MNDAA မဆုတ်မချင်း ဗုံးကြဲသွားမယ်လို့ ဖော်ပြချက်ဖြစ် ပြီး အခုလို ပြည်သူကို အကြမ်းဖက်ဗုံးကြဲခြင်းအပေါ် တရုတ်ကလည်း ဟန့်တားမှုမရှိဘူးလို့လည်း ယူဆနိုင် ပါတယ်။ နောက်တစ်မျိုး ထပ်ပြောရရင် လားရှိုးမြို့ပြည်သူတွေကို လေကြောင်းကနေ ဗုံးကြဲသတ်ဖြတ်ခြင်းမှာ တရုတ်အစိုးရကလည်း ကြံရာပါလို့ မှတ်ယူရပါမယ်။

 

အခုလို အရေးကြီးတဲ့ အစည်းအဝေးမှတ်တမ်း မြန်မာမီဒီယာ ပလက်ဖောင်းပေါ် ထွက်ပေါ်လာတာဟာ တရုတ်ရဲ့ လက်သီးပုန်းထိုးနှက်ချက်တွေကို မြန်မာပြည်သူတွေသိရှိ စေလိုတဲ့ တစ်ဦး၊ တစ်ဖွဲ့ရဲ့ စေတနာကြီးမှု သို့မဟုတ် တရုတ်ရဲ့ မြန်မာ့ပြည်တွင်းရေးဝင်စွက်ဖက်မှုတွေကို ခုခံကာကွယ်ကြဖို့ အရေးတကြီးလိုအပ်နေပြီဖြစ်ကြောင်း ထုတ်ဖော်ပြသချက်လို့လည်း ယူဆရပါမယ်။

 

ဒါပေမဲ့၊ အောက်တိုဘာ ၇ ရက်အထိ MNDAA က လားရှိုးမြို့ကနေ ဆုတ်ခွာခြင်းမရှိသလို TNLA နဲ့ KIA ကလည်း စစ်တပ်ကို ဆက်လက်ထိုးစစ်ဆင်တိုက်ပွဲဝင်နေခြင်းက တရုတ်ဖိအားကို စုစည်းမှုအားနဲ့ ကြံ့ကြံ့ခံကာ ကိုယ့်အလုပ်ကိုယ် ဆက်လုပ်နေခြင်းပါပဲ။ အခုလို အရေးကြီးတဲ့ အစည်းအဝေးမှတ်တမ်း မြန်မာမီဒီယာ ပလက်ဖောင်းပေါ် ထွက်ပေါ်လာတာဟာ တရုတ်ရဲ့ လက်သီးပုန်းထိုးနှက်ချက်တွေကို မြန်မာပြည်သူတွေသိရှိ စေလိုတဲ့ တစ်ဦး၊ တစ်ဖွဲ့ရဲ့ စေတနာကြီးမှု သို့မဟုတ် တရုတ်ရဲ့ မြန်မာ့ပြည်တွင်းရေးဝင်စွက်ဖက်မှုတွေကို ခုခံကာကွယ်ကြဖို့ အရေးတကြီးလိုအပ်နေပြီဖြစ်ကြောင်း ထုတ်ဖော်ပြသချက်လို့လည်း ယူဆရပါမယ်။

 

အကြမ်းဖက်စစ်ကောင်စီနဲ့ပေါင်းပြီး မြန်မာပြည်သူတို့ရဲ့ အသက်ကိုရော အနာဂတ်ကိုပါ သတ်နေတဲ့ တရုတ်ကို မြန်မာပြည်သူတွေရော တော်လှန်ရေးအင်အားစုအားလုံးပါ စုစည်းညီညာစွာနဲ့ ဆန့်ကျင်ခုခံကြဖို့ လိုပါမယ်။

~~~~

            

ထွန်းလင်း

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။