Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ငရဲမှာ အတူရုန်းလို့ ပြိုင်ချောကြရအောင် (Opinion)

ဒီခေတ်ကြီးထဲမှာ တန်ဖိုးကြီးပစ္စည်းတွေ ဝယ်သုံးရမှာကို ရှက်လာတယ်လို့ သူကဆိုတော့ ကျနော့်စိတ်ထဲ လှိုက်ခနဲ ဖြစ်ရတယ်။ အွန်လိုင်းမိတ်ဆွေတစ်ဦးရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်ရေးတဲ့ ပို့စ်။

 

သူနဲ့ကျနော်က အပြင်မှာ မမြင်ဖူးကြပေမဲ့ ဖေ့စ်ဘွတ်ခ်ဖရန့်ဖြစ်နေတာ တော်တော်ကြာပြီ။ သူက ရန်ကုန်မြို့မှာ ငွေကြေးပြည်စုံစွာနဲ့ ဖြတ်သန်းနေတဲ့ အမျိုးသမီးငယ်။ ကျနော့်စိတ်ထင် အသက် ၃၀ တောင် ကျော်ဦးမယ်မထင်။ စာနာစိတ်ရှိသူ၊ အမှန်ကိုချစ်သူ။

 

အမေဖြစ်သူက ပိုက်ဆံအိတ်ကလေး ဖွင့်ပြကာ ဒီဟာ ဝယ်ကျွေးလိုက်ရင် ပြန်စရာကားခ မလောက်တော့လို့ပါတဲ့။ ငိုသံစွက်ထားတဲ့ အဆူလေးနဲ့။ စားချင်တာ မစားရတဲ့ကလေးငယ်လေးခမျာ ငိုမဲ့မဲ့။

 

အခုဇူလိုင်လအတွင်း ညနေခင်းတစ်ခုမှာလည်း မြေနီကုန်းဘက် လမ်းလျှောက်လာရင်းနဲ့ ဒဂုံစင်တင် ရှေ့အရောက် အငွေ့တထောင်းထောင်းထ ပြောင်းဖူးပြုတ်နဲ့ ကန်ဇွန်းဉပြုတ်ရောင်းတဲ့ ဆိုင်ရှေ့အရောက် စားချင်လို့ပူဆာနေတဲ့ ကလေးလေးတစ်ယောက်ရဲ့အသံကို သူကြားမိတယ်။ အမေဖြစ်သူက ပိုက်ဆံအိတ်ကလေး ဖွင့်ပြကာ ဒီဟာ ဝယ်ကျွေးလိုက်ရင် ပြန်စရာကားခ မလောက်တော့လို့ပါတဲ့။ ငိုသံစွက်ထားတဲ့ အဆူလေးနဲ့။ စားချင်တာ မစားရတဲ့ကလေးငယ်လေးခမျာ ငိုမဲ့မဲ့။

 

ဒါနဲ့၊ သူ့စိတ်ထဲ ဖြတ်ခနဲပေါ်လာတဲ့အတိုင်း ကလေးငယ်လေးကို လက်တို့၊ သူတို့သားအမိ မျက်နှာမ ငယ်၊ အားလည်း မနာရလေအောင် “အစ်မလည်း စားချင်နေတာ တစ်ယောက်တစ်ဝက်စားကြမလား”လို့ဆို ကာ ကန်စွန်းဉနှစ်ဗူးနဲ့ ပြောင်းဖူးပြုတ်တစ်ဖူး ဝယ်ပေးလိုက်တယ်တဲ့။ သားအမိနှစ်ယောက် သိပ်ကို ပျော်လို့။

 

သူ့ဖို့ဆိုပြီး ဝယ်ခဲ့တာ ကန်စွန်းဉတစ်ဗူး၊ ရှေ့မှာ အလှူခံနေတဲ့ အဘွားတစ်ဦးကို တွေ့တာနဲ့ ပေး လိုက်တော့ အဲဒီအဘွားခမျာ ချမ်းလည်းချမ်း ဆာလည်းဆာနေတဲ့ပုံ၊ ချက်ချင်းကို ဖွင့်စားရှာသတဲ့။

 

ဒီခေတ်ကြီးထဲမှာ ကျနော်တို့ တစ်ဦး၊ တစ်ယောက်တည်း အဆင်ပြေနေရုံနဲ့ ပြီးမလား။ ကျနော်တို့လူဖြစ်ဖို့ရာ ကျနော်တို့တတ်နိုင်သလောက် မျှဝေရမယ်မဟုတ်လား။

 

အဲဒီနေ့က လိုးရှင်း(Lotion)ဝယ်မလို့ဆိုပြီး သူ့အိတ်ထဲထည့်လာတဲ့ ငွေ ၃ သောင်းက ၅၀၀၀ ကုန်သွား ပြီမို့ ဈေးတန်ပြီး များများပါတဲ့ လိုးရှင်းကိုပဲ ဝယ်ခဲ့လိုက်သတဲ့။ အဲဒီကောင်မလေး ရုပ်ကလည်း အချော၊ စိတ်ကလည်း အချောစား။

 

မပြည့်အိုးတွေက ပိုဖြည့်သင့်တယ်မဟုတ်လားလို့ သူက ဆိုတယ်။ ဒီခေတ်ကြီးထဲမှာ ဒီခေတ်ကြီးအနှံ့ ငရဲက ဟုန်းဟုန်းတောက်နေလေတော့ မပြည့်ရုံတင်မက အိုးထဲမှာ ရေလုံးဝခမ်းခြောက်နေသူတွေကလက် ညှိုးထိုးမလွဲ သိပ်ကိုများ။ ဒီခေတ်ကြီးထဲမှာ ကျနော်တို့ တစ်ဦး၊ တစ်ယောက်တည်း အဆင်ပြေနေရုံနဲ့ ပြီးမလား။ ကျနော်တို့လူဖြစ်ဖို့ရာ ကျနော်တို့တတ်နိုင်သလောက် မျှဝေရမယ်မဟုတ်လား။

 

ဒီကောင်မလေး မျှဝေလိုက်တဲ့ ငွေ ၅၀၀၀ ဆိုတာ ဒီကာလမှာ နည်းနည်းလေးဆိုပေမဲ့ ကျနော်တို့ပြည်သူတွေက ကောင်မလေးရဲ့တန်ဖိုးမဖြတ်နိုင်တဲ့ မျှဝေခြင်း လုပ်ရပ်ကို ဘယ်လောက်တောင် သဘောကျလိုက်လေသလဲ။

 

ကန်စွန်းဉလေး မျှဝေတဲ့ အဲဒီကောင်မလေးရဲ့ ဖေ့စ်ဘွတ်ခ်ပို့စ်တွေကို ကြည့်လိုက်။ ဖေ့စ်ဘွတ်ခ်ပေါ်မှာ တွင်တွင်ကျယ်ကျယ် ရှယ်လီဖြစ်အောင် ဖေ့စ်ဘွတ်ခ်ပေါ်အိပ် ဖေ့စ်ဘွတ်ခ်ပေါ်စား တွေ့ရာမြင်ရာ အာရုံကျရာ ဓာတ်ပုံတွေစာတွေ လျှောက်တင်နေသူတစ်ဦးမဟုတ်သလို like ၁၀၀ ရတယ် ဆိုတဲ့ပို့စ်တောင် အင်မတန် ရှား ရှားပါးပါး။ ဒါပေမဲ့၊ ကန်စွန်းဉမျှဝေခြင်းအကြောင်း ပိုစ့်ကျတော့ like 17k၊ comment 251 နဲ့ share က 520။  ဒီကောင်မလေး မျှဝေလိုက်တဲ့ ငွေ ၅၀၀၀ ဆိုတာ ဒီကာလမှာ နည်းနည်းလေးဆိုပေမဲ့ ကျနော်တို့ပြည်သူတွေက ကောင်မလေးရဲ့တန်ဖိုးမဖြတ်နိုင်တဲ့ မျှဝေခြင်း လုပ်ရပ်ကို ဘယ်လောက်တောင် သဘောကျလိုက်လေသလဲ။ ကျနော်တို့ပြည်သူတွေက အဲဒီလို မျှဝေတတ်တဲ့ အချောစားစိတ်ဓာတ်ကို ချစ်ကြကြောင်း လိုက်ခ်ကြ၊ မန့်ကြ၊ ရှဲကြနဲ့ သက်သေပြခြင်းလို့ဆိုရင် မမှား။

 

ကျနော့်မှာ အဲဒီလို အချောစား မိတ်ဆွေတွေက အများသားမို့ သူတို့နဲ့ မိတ်ဆွေဖြစ်ခွင့်ရတာ ဂုဏ်ယူ ရတယ်။ ဟိုး…ရှေးသရောအခါကတည်းက ကျနော်နဲ့  သတင်းဂျာနယ်တစ်ခုမှာ အတူရုန်းကန်ခဲ့တဲ့ အမျိုးသမီး ဂျာနယ်လစ်တစ်ဦး၊ နွေဦးတော်လှန်ရေးအစ စစ်တပ်ရဲ့ အဖမ်းအဆီးတွေကြောင့် ကလေးတစ်ဖက်နဲ့ အမော တွေ ဒီးဒီးကျ မြန်မာကျေးလက်တွေအထိ ပတ်ရှောင်ကာသတင်းအလုပ်လုပ်ခဲ့ရ။ မြန်မာနိုင်ငံထဲကနေ ချင်းမိုင် အရောက် တောလမ်းကနေ ဖြတ်ပြေးတော့လည်း ကိုယ့်အရိပ်ကိုယ်တောင် တထိတ်ထိတ်။ ချင်းမိုင်မှာ သင့် တင့် တဲ့ဝင်ငွေတစ်ခုနဲ့ ဂျာနယ်လစ်အဖြစ် ရှေ့ဆက်ပြန်တော့လည်း သူ မနား။ စီဒီအမ်တွေကိုကူဖို့၊ စစ်ဘေး ရှောင်တွေကို ကူဖို့နဲ့ တော်လှန်ရေးအတွက် အုတ်တစ်ချပ်။ သူ့ဝင်ငွေထဲကရော သူ့မိတ်ဆွေတွေကိုပါ အလှူ ပတ်ခံ ချွေးဒီးဒီးကျ။ ကျနော်တို့ အတူရုန်းခဲ့ကြတဲ့ သူ့သူငယ်ချင်း အမျိုးသမီးဂျာနယ်လစ်တစ်ဦးကလည်း သူနဲ့ အတူ နိုင်သလောက် ကူထမ်း လို့။ တော်လှန်ရေးအစ ကနဦးကာလ အရှိန်တက်နေတုန်းကလည်း သူတို့အတူ ကူ။ တော်လှန်ရေးကာလ ၃ နှစ်ခွဲကျော်တော့လည်း ဒါ့ထက်ပိုကူနိုင်အောင် ကြိုးစားကြမယ်ဆိုတဲ့စိတ်နဲ့။ အခု မြန်မာမှာ ရေကြီးလို့ ပြည်သူတွေ ဒုက္ခသွေး ဖြာကျလာပြန်တော့လည်း သူတို့အိတ်ကတ်ထဲက ရသလောက် ထပ်ဆွဲထုတ်ကာ ကူကြ။

 

ဒီလမှာပဲ မဲဆောက်က CDM အမျိုးသမီးတစ်ဦးနဲ့ စစ်ကြောရေးမှာ အရိုက်ခံရတဲ့ဒဏ်ကြောင့် နားစည်တစ်ဖက် ကန်းသလိုဖြစ်လာတဲ့ နိုင်ငံရေးအကျဉ်းသူတစ်ဦးအတွက် တစ်နှစ်စာ ကျန်းမာရေးအာမခံငွေ သွင်းပေးခဲ့။

 

ကျနော်တို့ရဲ့ တစ်ချိန်က ဒိုးတူဘောင်ဖက် နောက်တစ်ယောက်ရှိသေးတယ်။ သူတက်ခဲ့တဲ့ကျောင်းက CDM ဆရာမတွေ၊ သူ့မိတ်ဆွေ CDM တွေကို တနိုင်ကူ။ ဒီလမှာပဲ မဲဆောက်က CDM အမျိုးသမီးတစ်ဦးနဲ့ စစ်ကြောရေးမှာ အရိုက်ခံရတဲ့ဒဏ်ကြောင့် နားစည်တစ်ဖက် ကန်းသလိုဖြစ်လာတဲ့ နိုင်ငံရေးအကျဉ်းသူတစ်ဦးအတွက် တစ်နှစ်စာ ကျန်းမာရေးအာမခံငွေ သွင်းပေးခဲ့။ အဲဒီအမျိုးသမီး ၂ ဦးကို မြင်ဖူးဖို့ဝေးစွ၊ နာမည်တောင် မသိဘဲ သူတနိုင်မျှဝေမှုကလည်း တကယ့်ကို အချောစားစိတ်ဓာတ်။

 

၂၀၂၁ ခုနှစ်၊ စက်တင်ဘာမှာ မြဝတီမြို့နဲ့ မလှမ်းမကမ်းက KNU ထိန်းချုပ်နယ်မြေ လေးကေ့ကော်ဆီ ကျနော်ရောက်တော့ တကယ့်အရင်းအချာသူငယ်ချင်းတချို့က ဆက်ဆံရေးဖြတ်လိုက်ကြတယ်။ တချို့က စစ်ကောင်စီကို ကြောက်လို့၊ တချို့ကတော့ ငွေရေးကြေးရေး အကူအညီလာတောင်းမှာ ကြောက်လို့။ မက်ဆက်ဂျာကနေ အဆင်ပြေလား၊ နေကောင်းလား မေးဖို့မပြောနဲ့၊ တစ်ချက်တောင် မဟိုင်း။ ဒါပေမဲ့၊ သူငယ်ချင်းတချို့က တော့ ဘာကိုမှခေါင်းထဲမထည့် လက်သီးလက်မောင်းတန်းမပျက်။

 

လွန်ခဲ့တဲ့ ၆ လလောက်က စာ၊ ကဗျာ နိုင်ငံရေးအကျဉ်းသားတွေအတွက် ကူကြပါဦးလို့ ပြောလိုက် တော့ သိပ်ကြောက်တတ်တဲ့သူငယ်ချင်းတစ်ယောက်တောင် တစ်ခွန်းမမေး၊ ယုံကြည်စွာနဲ့ ချက်ချင်းငွေထုတ်ပေးခဲ့တဲ့ ကိုယ့်သူငယ်ချင်းတွေရဲ့ အချောစားစိတ်ဓာတ်ကို လေးစားရ။

 

CDM ဝန်ထမ်း လင်မယားက စားဖို့တောင် မနည်းရုန်းကန်နေရတာကြောင့် ဘယ်လိုမှ မတတ်နိုင်။ ဒီကျန်းမာရေးကတ်မှ မလုပ်နိုင်ရင် ခွဲမွေးလို့မရ။ ခွဲမွေးမှရမယ့်ကိုယ်ဝန်သည် ခွဲမမွေးရဘူးဆိုရင် သေလမ်းသာ ရှိတော့တယ်မဟုတ်လား။

 

ဒီလပိုင်းမှာပဲ မဲဆောက်အခြေစိုက် CDM ဝန်ထမ်းတစ်ဦးရဲ့ အမျိုးသမီး ဗိုက်ခွဲမွေးဖို့အတွက် ကျန်းမာ ရေးအာမခံကတ်ရှိဖို့ လိုနေတယ်။ အမျိုးသမီးလေးက အခုမှ အသက် ၁၈ နှစ်ဝန်းကျင်၊ မွေးမယ့်ကလေးက သားဦးဖြစ်တဲ့အပြင် သန္ဓေသားက မိခင်ဝမ်းထဲမှာ ဇောက်ထိုးလား၊ ကန့်လန့်လား ပုံမှန်မဟုတ်တဲ့အခြေအနေ။ အဲဒါကြောင့် ရိုးရိုးမွေးမယ်ဆို အခမဲ့မွေးပေးနေတဲ့ မယ်တော်ဆေးခန်းရဲ့ ဆရာဝန်က ခွဲမွေးရမယ့်အလားအလာ ရာခိုင်နှုန်း ၉၀ ကျော်ရှိသတဲ့။ မယ်တော်ဆေးခန်းက ရိုးရိုးသာမွေးပေးနိုင်ပြီး ခွဲမွေးရမယ့်လူတွေကို ဆေးရုံကြီးသို့သာ ပို့ဆောင်ပေးလေ့ရှိတယ်။

 

ဆေးရုံကြီးမှာ ခွဲမွေးဖို့ဆိုတာက ကိုယ်ဝန်သည်ဆိုင်ရာကျန်းမာရေးအာမခံကတ်ရှိမှ အခမဲ့။ ခြုံပြီးပြော ရရင် တစ်လချင်း ခွဲသွင်းရင်လည်းရတဲ့ စုစုပေါင်းအာမခံသွင်းရမယ့်ငွေက ဘတ် ၅၀၀၀ ကျော်။ CDM ဝန်ထမ်း လင်မယားက စားဖို့တောင် မနည်းရုန်းကန်နေရတာကြောင့် ဘယ်လိုမှ မတတ်နိုင်။ ဒီကျန်းမာရေးကတ်မှ မလုပ်နိုင်ရင် ခွဲမွေးလို့မရ။ ခွဲမွေးမှရမယ့်ကိုယ်ဝန်သည် ခွဲမမွေးရဘူးဆိုရင် သေလမ်းသာ ရှိတော့တယ်မဟုတ်လား။

 

မိတ်ဆွေတစ်ဦးရဲ့ အဆက်အစပ်နဲ့ ကျနော့်ဆီရောက်လာတယ်။ မိခင်ရော ကလေးပါ အသက်အန္တ ရာယ်ကျရောက်နိုင်တဲ့ အခြေအနေမှာ ကျနော် ဘယ်မျက်နှာလွှဲပစ်နိုင်ပါ့မလဲ။ ကိုယ်တိုင်ကလည်း ကဗျာဆရာ ရဲဘော်တွေ၊ စီဒီအမ်ဆရာ၊ ဆရာမတွေနဲ့ စစ်ဘေးရှောင်တွေကို တနိုင်ဝန်နည်းနည်းစီ ကူနေတာမို့ တလုံးတည်း မတတ်နိုင်။

 

“ငရဲမှာ လက်ပစ်ကူးနေရတာချင်းတူပေမဲ့ ကျနော်က ငွေကြေးအထိုက်အလျောက်အဆင်ပြေတော့  ကိုယ်ဖော့ပြီး လိုက်နိုင်သေးတယ်လေ။ ရေနစ်နေတဲ့လူတွေကို တတ်နိုင်သလောက် ကူကြရမှာပဲ”

 

ဒါနဲ့ ငွေကြေးအဆင်ပြေတဲ့ ကျနော့်သူငယ်ချင်းဆီကို လှမ်းချိတ်ကာ တစ်ဝက်စီကူကြမလားလို့ အ ကျိုးအကြောင်း ပြောပြပြီး ကမ်းလှမ်းကြည့်တော့ သူငယ်ချင်းက ချက်ချင်းဆိုသလို ငွေ ၅ သိန်းလှမ်းပို့တယ်။ အထောက်အထားတွေ၊ စာရင်းဇယားတွေ ပြဖို့မလို။ သူငယ်ချင်းချင်း ယုံကြည်မှုအပြည့်။ ကျနော့်သူငယ်ချင်းရဲ့ အချောစားစိတ်ဓာတ်က အဲဒီလို။

 

“ငရဲမှာ လက်ပစ်ကူးနေရတာချင်းတူပေမဲ့ ကျနော်က ငွေကြေးအထိုက်အလျောက်အဆင်ပြေတော့  ကိုယ်ဖော့ပြီး လိုက်နိုင်သေးတယ်လေ။ ရေနစ်နေတဲ့လူတွေကို တတ်နိုင်သလောက် ကူကြရမှာပဲ”လို့ သူငယ်ချင်း ကဆိုတော့ ကျနော် စိတ်လှုပ်ရှားရတယ်။

 

ကမ်းကုန်အောင်ဆိုးနေတဲ့ ဒီခေတ်ဆိုးကြီးထဲမှာ စာရေးဆရာ၊ ကဗျာဆရာနဲ့ ဂျာနယ်လစ်တွေက ဒီ ခေတ်ကြီးထဲက ကုတ်ခြစ်ထွက်လာတဲ့အသံတွေနဲ့ အနာအဆာတွေကို ဖော်ထုတ်နေရုံနဲ့ မလုံလောက်။ ဒီ တော်လှန်ရေးနဲ့ ဒီပြည်သူတွေအတွက် နိုင်ရာဝန်ထမ်းဖို့လည်း လိုအပ်တယ်လို့ ကျနော့်မိတ်ဆွေ အချောစား ဂျာနယ်လစ်က ဆိုတော့ ကျနော်တို့ ပြိုင်တူပြုံးဖြစ်ကြတယ်။

 

ဘာဆိုဘာမှပြန်မရနိုင်တဲ့ မျှဝေခြင်းစိတ်ဓာတ်ကို ကျနော်တို့  ကြဲပက်နိုင်ကြဖို့ လိုတယ်။ ကျနော်တို့ အားလုံးမှာ တာဝန်ရှိတယ်။ ကျနော်တို့ လိပ်ပြာလုံကြဖို့ လိုပါမယ်။

~~~~

ထွန်းလင်း

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။