တော်လှန်ရေးတပ်တွေရဲ့ စစ်ဆင်ရေး ပြင်ဦးလွင်၊ မန္တလေး နဲ့ သိပ်မဝေးတော့တဲ့အချိန်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ နေပြည်တော်လာမယ်ဆိုတဲ့သတင်းက ဆိုင်းမဆင့်ဗုံမပါ မီဒီယာပလက် ဖောင်းပေါ် ခုန်တက်လာခဲ့တယ်။
ဩဂုတ် ၁၃ ရက်မှာ ဝမ်ယိနေပြည်တော်လာမယ့်အကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ခြင်းနဲ့အတူ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ ဝမ်ယိ တွေ့ခွင့်ရမယ်ဆိုတဲ့ ခန့်မှန်း သတင်းပါ ထွက်ပေါ်လာခဲ့တယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဟာ ထိုင်းနိုင်ငံမှာ ကျင်းပမယ့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး မတိုင်မီ နေပြည်တော်ကို လာရောက်ခြင်းဖြစ်ပြီး အရင့်အရင်ကတည်းက နေပြည်တော်လာဖို့ ကြိုတင်စီစဉ်ထားတာမျိုးမဟုတ်ဘဲ အရေးပေါ် ထွက်လာတဲ့ ခရီးစဉ်လို့ ထင်ရတယ်။
မြန်မာ့နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍ ကြီးကြီးမားမားရှိနေသေးတယ်ဆိုတာကို အခိုင်အမာယုံကြည်နေတဲ့ တရုတ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် တောင်းခဲ့မှာတော့ သေချာတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်မတိုင်မီ တရုတ်အထူးကိုယ်စားလှယ်မစ္စတာ တိန့်ရှီကျွင်း ဩ ဂုတ် ၈ ရက်မှာ နေပြည်တော် ရောက်လာပြီး မင်းအောင်လှိုင်နဲ့ တွေ့ခဲ့။ ဩဂုတ် ၅ ရက်၊ တရားမဝင် မင်းအောင်လှိုင်ပြောတဲ့ တရားမဝင်မိန့်ခွန်းမှာ ရှမ်းမြောက်တခွင် စစ်တပ်အရေးနိမ့်နေတာ တရုတ်ပယောဂမကင်းဘူးလို့ ဆိုထားသလို ဩဂုတ် ၆ ရက်၊ စစ်ကျွန်မျိုးချစ်တို့ရဲ့ တရုတ်ဆန့်ကျင်ရေးဆန္ဒပြပွဲမှာ စစ်ကျွန်မျိုးချစ်တစ်သိုက်က MNDAA နဲ့ မဟာမိတ်တွေကို တရုတ်က နောက်ကွယ်ကနေ လက်နက်ထောက်ပံ့နေကြောင်း အတင်းအလင်း စွပ်စွဲချက်။ ပြီးတော့ ဩဂုတ် ၃ ရက်တုန်းကလည်း အင်မတန်မာကျောလှပါတယ်ဆိုတဲ့ လားရှိုးမြို့၊ အရှေ့မြောက် တိုင်းစစ်ဌာနချုပ် MNDAA နဲ့ မဟာမိတ်တပ်များအောက် ပြားပြားမှောက်ခဲ့ခြင်းက တရုတ်နိုင်ငံခြားရေးဝန်ကြီး နေပြည်တော်ကို အရေးပေါ်ရောက်လာခြင်းရဲ့ နောက်ခံအကြောင်းရင်းတွေလို့ ထင်ရတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိ နေပြည်တော်မရောက်ခင်မှာပဲ ခန့်မှန်းသတင်း ဒေါ်အောင်ဆန်းစု ကြည်နဲ့ တွေ့ဆုံခွင့်ရမယ်ဆိုတာ မဟုတ်ကြောင်း မီဒီယာတွေပေါ် တက်လာခဲ့သလို အမှန်တကယ်လည်းတွေ့ ခွင့်မရခဲ့ဘူး။ မြန်မာ့နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍ ကြီးကြီးမားမားရှိနေသေးတယ်ဆိုတာကို အခိုင်အမာယုံကြည်နေတဲ့ တရုတ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် တောင်းခဲ့မှာတော့ သေချာတယ်။
စစ်ကောင်စီ အရေးပေါ်ခန်းထဲ ရောက်နေတဲ့အချိန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိ နေပြည်တော်ကို ကောက်ကာငင်ကာ ရောက်လာရတဲ့ အကြောင်းရင်းကဘာလဲ။ နိုင်ငံရေးအကဲခတ်တွေရော မြန်မာပြည်သူတွေကပါ အာရုံစိုက်ကြတယ်။
အာဃာတလည်းကြီး၊ မနာလိုစိတ်လည်းကြီးတဲ့ မင်းအောင်လှိုင်က ဒေါ်အောင်ဆန်းစုကြည်ဆိုရင် အရင်ကလည်း နိုး(No)၊ အခုလည်း နိုး။ မင်းအောင်လှိုင်ရဲ့ မဟာရည်မှန်းချက်တစ်ရပ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ့နိုင်ငံရေးပလက်ဖောင်းပေါ်ကနေ အပြီးအပြတ်ဖယ်ရှားရေးဆိုတာ ဒီနေ့ထိတိုင် မပြောင်းလဲကြောင်း တရုတ်ကို ထပ်လောင်း အသိပေးလိုက်ခြင်းလည်း ဖြစ်တယ်။
စစ်ကောင်စီ အရေးပေါ်ခန်းထဲ ရောက်နေတဲ့အချိန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိ နေပြည်တော် ကို ကောက်ကာငင်ကာ ရောက်လာရတဲ့ အကြောင်းရင်းကဘာလဲ။ နိုင်ငံရေးအကဲခတ်တွေရော မြန်မာပြည်သူတွေကပါ အာရုံစိုက်ကြတယ်။
နှစ်ဖက်ဆွေးနွေးချက်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီထုတ်ပြန်ချက်နဲ့ တရုတ်အစိုးရပိုင် ဆင်ဟွာ သတင်းဌာနရဲ့ ဖော်ပြချက်တွေကို တိုက်ဆိုင်ဖတ်ကြည့်တော့ တရုတ်ကို ဆန့်ကျင်နေတဲ့ စစ်ကောင်စီအပေါ် ဒါ့ထက်ပိုမဝေးသွားအောင် အချိုလာသတ်ခြင်းနဲ့ တရုတ်ကို မဆန့်ကျင်ဖို့ လာသတိပေးတာလို့ အကြမ်းဖျင်း ကောက်ချက်ချနိုင်တယ်။
မြန်မာမှာ မတည်မငြိမ်ဖြစ်နေတာ၊ စစ်ဖြစ်နေတာ၊ မြန်မာ့ ပြည်တွင်းရေးကို ပြည်ပအင်အားစုတွေ ဝင်ရောက်စွက်ဖက်နေတာ၊ တရုတ်-မြန်မာဆက်ဆံရေးကို သွေးကွဲအောင် လုပ်ဆောင်နေတာနဲ့ တရုတ်နိုင်ငံအပေါ် အိုးမဲသုတ်အပုပ်ချနေတာတွေကို ဆန့်ကျင်ကြောင်း တရုတ်နိုင်ငံခြားရေး ဝမ်ယိက မင်းအောင်လှိုင်နဲ့တွေ့ဆုံစဉ် ပြောကြားခဲ့တယ်လို့ ဆိုတယ်။
ဆင်ဟွာသတင်းဖော်ပြချက်ထဲမှာ စစ်ကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်ကို ထောက်ခံတယ်။ နိုင်ငံရေး ရင်ကြားစေ့ရေး၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ် ပြန်လည်စတင်ရေးကို ဆောလျင်စွာ ဖော် ဆောင်ကာ ရေရှည်တည်ငြိမ်တဲ့လမ်းကို ရှာရမယ်။ မြန်မာမှာ မတည်မငြိမ်ဖြစ်နေတာ၊ စစ်ဖြစ်နေတာ၊ မြန်မာ့ ပြည်တွင်းရေးကို ပြည်ပအင်အားစုတွေ ဝင်ရောက်စွက်ဖက်နေတာ၊ တရုတ်-မြန်မာဆက်ဆံရေးကို သွေးကွဲအောင် လုပ်ဆောင်နေတာနဲ့ တရုတ်နိုင်ငံအပေါ် အိုးမဲသုတ်အပုပ်ချနေတာတွေကို ဆန့်ကျင်ကြောင်း တရုတ်နိုင်ငံခြားရေး ဝမ်ယိက မင်းအောင်လှိုင်နဲ့တွေ့ဆုံစဉ် ပြောကြားခဲ့တယ်လို့ ဆိုတယ်။
ဆင်ဟွာသတင်းက မြန်မာမှာ စစ်ဖြစ်နေတာကို တရုတ်က ဆန့်ကျင်တယ်လို့ ဖော်ပြထားပေမဲ့ စစ် ကောင်စီသတင်းတွေရဲ့ ဖော်ပြချက်မှာတော့ “ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် EAO အဖွဲ့များ၏ မြို့ရွာများအပေါ် တိုက်ခိုက်မှု ဖြစ်စဉ်များနှင့် ပတ်သက်၍လည်း တရုတ်နိုင်ငံအနေဖြင့် ဆန့်ကျင်ပါကြောင်း” တရုတ်နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားခဲ့တယ်လို့ ဆိုတယ်။
တရုတ်က မြန်မာမှာ တိုက်ပွဲတွေရပ်၊ စစ်ကောင်စီလည်း ရွေးကောက်ပွဲလုပ်၊ သက်ဆိုင်သူအားလုံးကိုလည်း ရွေးကောက်ပွဲဝင်ခွင့်ပေး။ မင်းအောင်လှိုင်ကို မကြိုက်ပေမဲ့ စစ်ကောင်စီမပြုတ်ကျရေး၊ အများ လက်ခံနိုင်တဲ့ အရပ်သားအသွင် အစိုးရတစ်ရပ်အဖြစ် စစ်ကောင်စီကို ပြန်လည်မြင်တွေ့ရရေးသည် တရုတ် အရေးဆိုတာမျိုး။
ဆက်လက်ပြီး ၂ နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲမှာ တရုတ်နိုင်ငံအနေနဲ့ စစ်ကောင်စီပြုလုပ်မယ့် ရွေး ကောက်ပွဲနဲ့ ပတ်သက်ပြီး လိုအပ်တာတွေ ကူညီပေးမယ်၊ သက်ဆိုင်သူအားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲဖြစ်စေရေး တိုက်တွန်းတယ်လို့ ဆိုကြောင်း စစ်ကောင်စီသတင်းမှာ ဖော်ပြထားတယ်။
ပြောရရင် တရုတ်က မြန်မာမှာ တိုက်ပွဲတွေရပ်၊ စစ်ကောင်စီလည်း ရွေးကောက်ပွဲလုပ်၊ သက်ဆိုင် သူအားလုံးကိုလည်း ရွေးကောက်ပွဲဝင်ခွင့်ပေး။ မင်းအောင်လှိုင်ကို မကြိုက်ပေမဲ့ စစ်ကောင်စီမပြုတ်ကျရေး၊ အများ လက်ခံနိုင်တဲ့ အရပ်သားအသွင် အစိုးရတစ်ရပ်အဖြစ် စစ်ကောင်စီကို ပြန်လည်မြင်တွေ့ရရေးသည် တရုတ် အရေးဆိုတာမျိုး။
စစ်ကောင်စီကလည်း တရုတ်အနေနဲ့ တိုက်ပွဲတွေရပ်အောင် တိုင်းရင်းသားလက်နက်ကိုင်တွေ ကိုဖိ အားပေး ပေး၊ စစ်ကောင်စီ သစ္စာခံ နိုင်ငံရေးပါတီ အမည်ခံတွေနဲ့ လုပ်မယ့်ရွေးကောက်ပွဲကို ခြွင်းချက်မရှိ ထောက်ခံပေးဆိုတဲ့ လမ်းကြောင်းပေါ်မှာ အခိုင်အမာရပ်နေဆဲပဲဖြစ်တယ်။
ဝမ်ယိရဲ့ နေပြည်တော်ခရီးစဉ်မှာ နောက်ထပ်စိတ်ဝင်စားစရာကောင်းတာက ဒုတိယအာဏာရှင် ဟောင်းသန်းရွှေနဲ့ သွားရောက်တွေ့ဆုံမှုပဲဖြစ်တယ်။ သန်းရွှေနဲ့ တွေ့ဆုံမှုက မင်းအောင်လှိုင်နဲ့တင် မလုံ လောက်ဘူးဆိုတဲ့သဘော။ သန်းရွှေမှာ အာဏာမရှိတော့ပေမဲ့ သူ့ရဲ့ဩဇာက စစ်အုပ်စုကြား ကျန်နေသေးတယ်လို့ တရုတ်က ယူဆတဲ့သဘော။ ပြီးတော့ ဆွေးနွေးအဖြေရှာခြင်းကို ပြတ်ပြတ်ငြင်းနေတဲ့ မင်းအောင်လှိုင်ကို နားချပေးစေလိုတဲ့သဘောလည်း ပါမယ်လို့ထင်တယ်။
သန်းရွှေရဲ့ အဲဒီအကူအညီတောင်းမှုကို တည့်တည့်ဘာသာပြန်ရရင် စစ်ကောင်စီ အသက်ဆက်နိုင်ရေးအတွက် တရုတ်အကူအညီပေးဖို့ တောင်းဆိုလိုက်ခြင်းဖြစ်ပြီး တစ်ချိန် နွေဦးတော်လှန်ရေး အောင်ပွဲခံတဲ့အခါ သန်းရွှေမသေသေးဘူးဆိုရင် သန်းရွှေကို ထောင်ထဲပို့ဖို့ သက်သေခံလက်မှတ်လို့လည်း ဆိုနိုင်တယ်။
ဝမ်ယိနဲ့ သန်းရွှေရဲ့ တွေ့ဆုံမှုမှာ သန်းရွှေက တရုတ်အနေနဲ့ မြန်မာနိုင်ငံအပေါ် ပြည်ပကဝင်ရောက် စွက်ဖက်နေတာကို ကာကွယ်ပေးဖို့နဲ့ ပြည်တွင်းတည်ငြိမ်ရေးကို ထိန်းသိမ်းကာကွယ်ဖို့ တန်ဖိုးရှိတဲ့ အထောက်အပံ့တွေ ဆက်လက်ပံ့ပိုးပေးဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့တယ်လို့ ဆင်ဟွာသတင်းက ဖော်ပြတယ်။
သန်းရွှေရဲ့ အဲဒီအကူအညီတောင်းမှုကို တည့်တည့်ဘာသာပြန်ရရင် စစ်ကောင်စီ အသက်ဆက်နိုင်ရေးအတွက် တရုတ်အကူအညီပေးဖို့ တောင်းဆိုလိုက်ခြင်းဖြစ်ပြီး တစ်ချိန် နွေဦးတော်လှန်ရေး အောင်ပွဲခံတဲ့အခါ သန်းရွှေမသေသေးဘူးဆိုရင် သန်းရွှေကို ထောင်ထဲပို့ဖို့ သက်သေခံလက်မှတ်လို့လည်း ဆိုနိုင်တယ်။
တရုတ်အနေနဲ့ လတ်တလောအရူးမီးဝိုင်းဖြစ်နေတဲ့ မင်းအောင်လှိုင်ကို ကျောသပ်ရင်သပ်လုပ်ဖို့ ရှမ်းမြောက်မှာ တိုက်ပွဲရပ်ရေးနဲ့ မန္တလေးမကျအောင် တိုင်းရင်းသားလက်နက်ကိုင်တွေအပေါ် ဖိအားတွေ ပေးမယ့်ပုံရှိတယ်။
မြန်မာ့ပြည်တွင်းရေးအပေါ် ပြည်ပအင်အားစုတွေ ဝင်စွက်ဖက်တာကို တရုတ်က လုံးဝလက်မခံဘဲ မြန်မာ့အရေးကို တရုတ်တစ်နိုင်ငံတည်းကသာ ဝင်စွက်ဖက်ခွင့်ရှိတယ်လို့ ရှုမြင်ထားပုံလည်းရတယ်။
မြန်မာ့နွေဦးတော်လှန်ရေးဆိုတာ တရုတ်ဖြစ်စေချင်သလို ဖြစ်လာမှာ မဟုတ်တာလည်း သိပ်သေချာ နေပါတယ်။
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။