မဲခေါင်လန်ချန်းအစည်းဝေးမတိုင်ခင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ မြန်မာနိုင်ငံကို လာရောက်ပြီး မအလနဲ့ရော ဗိုလ်သန်းရွှေနဲ့ပါ တွေ့ဆုံခဲ့တယ်။ ဒီလိုတွေ့ဆုံရာမှာ ပြောရိုးပြောစဥ် သံတမန်စကားအများစုပြောပြီး စိတ်ဝင်စားစရာစကားတွေလဲပါတာတွေ့ရတယ်။ သူက ဒါနဲ့မပြီးပါဘူး၊ ချင်းမိုင်ရောက်တော့ လာအိုနိုင်ငံခြားရေးဝန်ကြီး၊ ထိုင်းအတွင်းဝန်နဲ့ မြန်မာက သန်းဆွေတို့နဲ့တွေ့ဆုံပြီး ထပ်ပြောတာတွေရှိပါတယ်၊ အဲဒီမှာတော့ မြန်မာ့အရေးဟာ စိတ်ပူပန်စရာကောင်းတဲ့ အခြေအနေကို ရောက်လာပြီလို့တောင်ပြောသွားတာပါ။
နောက်အရေးကြီးတာကတော့ တရုတ်မြန်မာဆက်ဆံရေးသွေးကွဲအောင်လုပ်နေမှုနဲ့တရုတ်နိုင်ငံအပေါ် မဟုတ်မမှန်ပြောဆိုလုပ်ကြံတိုက်ခိုက်နေမှုမှန်သမျှကို ဆန့်ကျင်ကြောင်း ပြောတာပါ။ ဒါကတော့ အဲလိုလုပ်နေသူကို ရှေ့တည့်တည့်မှာ ထားပြီး ပြောလိုက်တာပါပဲ။
ဝမ်ယိဘာတွေများပူပန်နေပါသလဲ။ သူပြောတဲ့အထဲမှာ အခြားနိုင်ငံများထက် မြန်မာအခြေအနေကို ပိုနားလည်တယ်လို့လဲဆိုထားတော့ အဲဒါကြောင့်ပဲလို့ယူဆရမှာပါ၊ မြန်မာမှာရော ချင်းမိုင်မှာပါ သူပြောခဲ့တာတွေကို အသေးစိတ်ပြန်လေ့လာကြည့်ဖို့လိုပါတယ်။ မြန်မာမှာ သူပြောတဲ့အထဲမှာ ရင်ကြားစေ့ရေးနဲ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး( တရုတ်ဘက်က ဒီမိုကရေစီကူးပြောင်းရေးပြောတယ်ဆိုတာ နည်းနည်းတော့ ဂွကျနေပေမယ့်၊တဘက်မှာလဲဖက်ဆစ် စစ်တပ်ကလဲ ပြောနေတာဆိုတော့)ကို ဆောလျင်စွာအကောင်အထည်ဖော်ကာ ရေရှည်တည်ငြိမ်အေးချမ်းသော လမ်းကိုရှာရမှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံအတွင်း မတည်မငြိမ်ဖြစ်ခြင်း၊ စစ်မက်ဖြစ်ပွားခြင်းတို့ကို ဆန့်ကျင်သလို(ဒီအချက်ကို မအလဘက်က ဆန့်ထုတ်ပြီး အရှေ့မြောက်တိုက်ပွဲတွေကို တရုတ်ဘက်ကဆန့်ကျင်တယ်လို့ ဆွဲပြောလိုက်တာ၊ တကယ်တော့ တရုတ်က သူ့လက်ရာမပါဘူးဆိုတာလောက်ပဲ ပြောချင်တဲ့ပုံပါ) မြန်မာပြည်တွင်းရေးအပေါ် ပြင်ပအင်အားစု ဝင်ရောက်စွက်ဖက်ခြင်းကို ဆန့်ကျင်ကြောင်း ( ဒါကတော့ သူပဲစွက်ဖက်လို့ရမယ် အခြားသူ အထူးသဖြင့် အမေရိကန် မရဘူးလို့ပြောတာ)လဲပြောတယ်။ နောက်အရေးကြီးတာကတော့ တရုတ်မြန်မာဆက်ဆံရေးသွေးကွဲအောင်လုပ်နေမှုနဲ့တရုတ်နိုင်ငံအပေါ် မဟုတ်မမှန်ပြောဆိုလုပ်ကြံတိုက်ခိုက်နေမှုမှန်သမျှကို ဆန့်ကျင်ကြောင်း ပြောတာပါ။ ဒါကတော့ အဲလိုလုပ်နေသူကို ရှေ့တည့်တည့်မှာ ထားပြီး ပြောလိုက်တာပါပဲ။ သံတမန်အရေးမှာ ဒီလိုပြောတာရှားပါတယ်။ ဝမ်ယိလာရတဲ့အကြောင်းရင်းထဲမှာ ဒီအချက်ကအတော်အဓိကကျတဲ့ထဲမှာပါနိုင်ပါတယ်။ ဒါကြောင့်မလုပ်စဖူး တရုတ်နိုင်ငံသားတွေ ပြသနာဖြစ်နေတဲ့ ရှမ်းမြောက် စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ချင်း စတဲ့ပြည်နယ်တွေမှာမနေပဲ ကိုယ့်တိုင်းပြည်ပြန်ကြဖို့ သံရုံးက စာထုတ်တာပါ။ ဒါပေမယ့်ပေါ့လေ ဒါမျိုးတော့ မအလတို့က အရေထူပြီးသား၊ သူမဟုတ်ဖူး အမျိုးသားရေးအစွန်းရောက်တွေလုပ်တာဆိုတဲ့ပုံမျိုးနဲ့ ငါးခူပြုံး ပြုံးနေတာပေါ့။
သူတို့ ချင်းမိုင်မှာတွေ့တဲ့ နေ့ကပဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက တွမ်ဆူလီဗန်ဆိုသူ နဲ့ USIP ကတယောက်တို့ ယာယီသမတလရှီးလ၊ တိုင်းရင်းသားခေါင်းဆောင်အချို့၊ NUCC စတာတွေနဲ့ လေထဲမှာတွေ့ခဲ့ကြပါတယ်။
၏ဝမ်ယိကဆက်ပြီး မြန်မာ့အရေးမှာ ကျော်လို့မရတဲ့ စည်းသုံးစည်းရှိကြောင်း အဲဒါတွေကတော့ (၁) မြန်မာနိုင်ငံတွင် ပြည်တွင်းမတည်မငြိမ်ဖြစ်မှုနှင့် ပြည်တွင်း စစ်ဖြစ်ပွား၍မရခြင်း၊ (၂) အာဆီယမ်မိသားစု၏လမ်းကြောင်းမှ ကင်းကွာ၍မရခြင်း (၃) ပြင်ပအင်အားစုများထင်သလိုစိမ့်ဝင်၍ ဝင်ရောက်စွက်ဖက်မှုကို ခွင့်မပြုခြင်း စတာတွေဖြစ်တယ်။ ဝမ်ယိဟာ အခုမှအိပ်ယာနိုးလာသလားအောင့်မေ့ရပါတယ်။ အကြောင်းကတော့ ဒီသုံးချက်လုံးက ဖြစ်နေပြီးသားတွေမို့ပါပဲ။ ပြည်တွင်းစစ်နဲ့ ပြည်တွင်းမတည်ငြိမ်မှုဆိုတာက လွတ်လပ်ရေးရ ကတည်းကရှိနေတာ၊ အာဆီယံကလည်း မူ ၅ ချက် အကောင်ထည်မဖော်လို့ နိုင်ငံရေးကိုယ်စားပြုခွင့် ပိတ်ထားတာ ၂၀၂၁ ကတည်းက၊ ပြင်ပအင်အားစိမ့်ဝင်မှုဆိုတာကတော့ ကိုမင်တန်တရုတ်ဖြူတို့၊ ၁၉၆၈ မှာ ဗကပကို ထိုးသွင်းခဲ့တာတို့ အခု ၁၀၂၇ ပထမအကြော့လို ကိစ္စတွေတို့ အားလုံးက သူတို့ပဲလုပ်ခဲ့တာဆိုတော့ ဦးဝမ်ယိကို ဘာပြန်ပြောရမှန်းတောင်မသိတော့ပါဘူး။ ဒါတောင် ဆင်ဖြူရှင်လက်ထက်က ကျူးကျော်ခဲ့တာတွေ ထဲ့မပြောသေးဘူးနော်။
သူတို့ ချင်းမိုင်မှာတွေ့တဲ့ နေ့ကပဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက တွမ်ဆူလီဗန်ဆိုသူ နဲ့ USIP ကတယောက်တို့ ယာယီသမတလရှီးလ၊ တိုင်းရင်းသားခေါင်းဆောင်အချို့၊ NUCC စတာတွေနဲ့ လေထဲမှာတွေ့ခဲ့ကြပါတယ်။ အဓိကပြောကြတဲ့ဟာက အရင်ကသဘောတူထားတဲ့ အကြောင်းအရာတွေအတိုင်း ဆက်လက်ကူညီသွားမယ်ဆိုတာပါ။ ဒေသအုပ်ချုပ်မှုတွေ ပိုမိုခိုင်မာအောင်လုပ်ဖို့ ၊ အချင်းချင်းကြား ဖက်ဒရယ်တည်တည်ဆောက်တဲ့အပိုင်းမှာ ပိုပြီးစည်းစည်းလုံးလုံးရှိဖို့ အားပေးထောက်ခံသွားမယ်ဆိုတဲ့ကိစ္စတွေပါပဲ။ ဒါကတော့ အရင်ကပြဌာန်းခဲ့တဲ့ NDAA ဥပဒေကို ကျဥ်းမြောင်းစွာ အဓိပ္ပါယ်ဖွင့်ဆိုမှုတွေအပေါ် ပါတီနှစ်ရပ်လုံးက လွှတ်တော်အမတ်တွေက နိုင်ငံခြားရေးဝန်ကြီးဌာနကို စာပို့ တောင်းဆိုခဲ့တာရဲ့ သက်ရောက်မှုကြောင့်ဖြစ်နိုင်ပါတယ်။ ဝမ်ယိပြောတာကတော့ ဒါတွေသိထားလို့ပြောတာမဟုတ်ပါဘူး။ အာဏာသိမ်းမှုစကတည်းက ပြင်ပစွက်ဖက်မှုတွေဆန့်ကျင်ကြောင်း အာပေါက်အောင်ပြောနေခဲ့တာပါ။ တိရိစ္ဆာန်ကမ္ဘာဗီဒီယိုတွေထဲမှာ ကြောင်ကလေးတကောင်က အစာကိုခဲထားပြီး ပိုကြီးတဲ့ကြောင်တကောင်ကို အနားမကပ်နိုင်အောင် လက်တဘက်နဲ့တွန်းကာ မာန်ဖီနေတဲ့ ဗီဒီယိုကလေးကို အမှတ်ရမိစေပါတယ်။ တကယ်တော့ USIP ရဲ့အကူအညီရဖို့က လိုပါသေးတယ်။ ရရင်လည်း non lethal ပဲဖြစ်မှာပါ။
တကယ်တော့ တရုတ်ဘက်က အတိုက်အခံအင်အားတွေ မနိုင်နိုင်ဘူးလို့ တထစ်ချယူဆထားကြရာက အခြေအနေတွေပြောင်းလာလို့ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေသလိုပါပဲ။ ဝမ်ယိအဲသလို နှစ်နေရာဆက်တိုက်သွားပြီး မြန်မာ့အရေး စကားတွေအများကြီး ပြောတာမရှိခဲ့ဖူးသေးပါဘူး။
နွေဦးတော်လှန်ရေးက ခြေဗလာ လက်ဗလာကနေ ကိုယ့်အားကိုယ်ကိုးပြီးစလာတာပါ။ ဘာအကူအညီမှမရပဲ မအလပြုတ်ကျလုနီးပါး စွမ်းဆောင်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ တကယ်တော့ တရုတ်ဘက်က အတိုက်အခံအင်အားတွေ မနိုင်နိုင်ဘူးလို့ တထစ်ချယူဆထားကြရာက အခြေအနေတွေပြောင်းလာလို့ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေသလိုပါပဲ။ ဝမ်ယိအဲသလို နှစ်နေရာဆက်တိုက်သွားပြီး မြန်မာ့အရေး စကားတွေအများကြီး ပြောတာမရှိခဲ့ဖူးသေးပါဘူး။ နောက်တစ်လ နှစ်လဆိုရင် စည်းသုံးစည်းကနေ NUG ၊ PDF နဲ့ တိုင်းရင်းသားတို့ကိုပါ ကန့်သတ်ချင်လာတဲ့ စည်း ၄ စည်း ၅ စည်းတွေများဖြစ်လာမလား မပြောနိုင်ပါဘူး။ မည်သို့ဆိုစေ တော်လှန်ရေးက end game ကို ရောက်နေပါပြီ။ အောင်ပွဲက လက်တကမ်းမှာရှိနေပါပြီ။ အခုမြို့တစ်မြို့ လွတ်မြောက်လာရင် ပြည်သူတွေ ဝမ်းမြောက်ဝမ်းသာကြိုဆိုကြသလို တစ်နိုင်ငံလုံးက အဲသလို ကြိုဆိုကြမယ့်အချိန်ရောက်လာတော့မှာဖြစ်ကြောင်း အိမ်နီးချင်းများ သိထားဖို့လိုနေတာပါ။ ။
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။