မြန်မာ့အရေး ခြံစည်းရိုးပေါ် အကျအနထိုင်ကာ လိုသလို စောင့်ကြည့် ကိုယ်ကျိုးရှာကစားနေတဲ့ တရုတ်မှာ အခုအခါ မြန်မာပြည်သူတွေ လုံးဝလက်မခံတဲ့ စစ်ကောင်စီဘက်သို့ ခြေတစ်ဖက်ချ ရပ်ပြခဲ့ပြီ ဖြစ်တယ်။
တရုတ်ရဲ့ မူလပထမရပ်တည်ရာလိုင်းက သက်ဆိုင်သူတွေအားလုံး တွေ့ဆုံဆွေးနွေးအဖြေရှာရေးဆို တဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်။ ၂၀၂၁ ခုနှစ်၊ ဧပြီ ၂၄ ရက်၊ အာဆီယံဘုံသဘောတူညီချက် ၅ ရပ် ထုတ်ပြန်ပြီးပြီးချင်းမှာပဲ တရုတ်က မူ ၅ ရပ်ကို လက်သီးလက်မောင်းတန်း ထောက်ခံပြခဲ့တယ်။
မင်းအောင်လှိုင် ဂျကာတာမှာ လက်မှတ်ထိုးပြီး နောက်တစ်ရက်ကစလို့ အာဆီယံမူ ၅ ရပ်ကို ဆွဲဆုတ် လုံးချေကာ အမှိုက်ခြင်းထဲ ထည့်ပစ်လိုက်ရုံတင်မက အမှိုက်ခြင်းထဲရောက်နေတဲ့ မူ ၅ ရပ်ကို တံတွေးနဲ့ထွေးပြလိုက်တဲ့အခါမှာတော့ မင်းအောင်လှိုင်ရဲ့ကတိကဝတ်ဆိုတာ ဖာခေါင်းလောက်တောင် တည်ကြည်မှုမရှိမှန်း တရုတ် ကောင်းကောင်း သဘောပေါက်ခဲ့ပုံရတယ်။
ပြောရရင် ဧပြီ ၂၄ ရက်၊ ဂျကာတာမှာ အာဆီယံခေါင်းဆောင်များ ရှေ့မှောက်မူ ၅ ရပ်ကို လက်ခံသဘောတူပါကြောင်း မျက်နှာငယ်လေးနဲ့ လက်မှတ်ထိုးခဲ့တဲ့ မင်းအောင်လှိုင်ကို တရုတ်က လျှော့တွက်ခဲ့ပုံရတယ်။ အာဆီယံမူ ၅ ရပ်ကို နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ပုံအောထောက်ခံနေလေတော့ မင်းအောင်လှိုင် လှုပ်ဝံ့မယ့် ပုံမပေါ်။ တရုတ်နိုင်ငံက အိမ်နီးချင်း ကမ္ဘာ့အင်အားကြီးနိုင်ငံအဖြစ် မိန့်မိန့်ကြီး ပုဏ္ဏားထိုင်လုပ်ကာ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ဆီ ပြန်သွားဖို့ ဆရာကြီးဝင်လုပ် အမြတ်ထုတ်လိုက်မယ်လို့ စိတ်ကူးယဉ်ခဲ့ပုံပါပဲ။
မင်းအောင်လှိုင် ဂျကာတာမှာ လက်မှတ်ထိုးပြီး နောက်တစ်ရက်ကစလို့ အာဆီယံမူ ၅ ရပ်ကို ဆွဲဆုတ် လုံးချေကာ အမှိုက်ခြင်းထဲ ထည့်ပစ်လိုက်ရုံတင်မက အမှိုက်ခြင်းထဲရောက်နေတဲ့ မူ ၅ ရပ်ကို တံတွေးနဲ့ထွေးပြလိုက်တဲ့အခါမှာတော့ မင်းအောင်လှိုင်ရဲ့ကတိကဝတ်ဆိုတာ ဖာခေါင်းလောက်တောင် တည်ကြည်မှုမရှိမှန်း တရုတ် ကောင်းကောင်း သဘောပေါက်ခဲ့ပုံရတယ်။
တရုတ်က မလျှော့သော ဇွဲလုံ့လနဲ့ မြန်မာ့အရေး နောက်ထပ်ဆေးမြီးတိုတစ်ခု ထပ်ဖော် စပ်ပြန်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်၊ စစ်ကောင်စီလည်း ရွေးကောက်ပွဲလုပ်၊ NLD ပါတီကိုလည်း ရွေးကောက်ပွဲပေးဝင်။
ဒါနဲ့ တရုတ်က တစ်ထစ်ပြန်လျှော့တယ်။ ၂၀၂၂ ခုနှစ်၊ဇန်နဝါရီလအတွင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် နေပြည်တော်ကနေပြန်လာပြီးနောက် ပြောကြားခဲ့တဲ့ အာဆီယံမူ ၅ ရပ်နဲ့ စစ်ကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ် ဆက်စပ်ဖော်ဆောင်ရေးလိုင်းကို တရုတ် သံယောင်လိုက်ကြည့်တယ်။ အဲဒီဆက်စပ်ဖော်ဆောင်ရေး လိုင်းဆိုတာ ရမလားလို့ မင်းအောင်လှိုင် အကြောင်ရိုက်ကြည့်တဲ့ အကွက်။ ဒါကိုပဲ စစ်ကောင်စီလိုလားသူ ဟွန်ဆန်က ရမလားလို့ နိုင်ငံတကာကို သွေးတိုးစမ်းဖြန့်ချိကြည့်လိုက်ရာမှာ အာဆီယံရောနိုင်ငံတကာ အသိုင်းအဝိုင်းကပါ ချက်ချင်းပယ်ချလိုက်လေတော့ ကမ္ဘောဒီးယားရော တရုတ်ကြီးပါ ငြိမ်ကျသွားခဲ့ဖူးတယ်။
အဲဒီနောက် တရုတ်က မလျှော့သော ဇွဲလုံ့လနဲ့ မြန်မာ့အရေး နောက်ထပ်ဆေးမြီးတိုတစ်ခု ထပ်ဖော် စပ်ပြန်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်၊ စစ်ကောင်စီလည်း ရွေးကောက်ပွဲလုပ်၊ NLD ပါတီကိုလည်း ရွေးကောက်ပွဲပေးဝင်။
မင်းအောင်လှိုင်တပ်က ရပ်ကျေးအဆင့် NLD ပါတီဝင်တွေကိုတောင် ထောင်ထဲထည့်၊ ပစ်သတ်၊ တစ်နိုင်ငံလုံးက NLDပါတီရုံးတွေကို ဗုံးခွဲ မီးရှို့ အကြမ်းဖက်မှုမျိုးစုံ ကျူးလွန်ခဲ့ပြီးနောက် ပါတီအဖြစ် ဆက် လက်တည်ရှိလိုရင် ပါတီမှတ်ပုံပြန်တင်ရမယ်လို့ဆိုတယ်။ အဲဒီအချိန် NLD ပါတီထဲက စစ်အာဏာရှင်အောက် စိတ်ပါလက်ပါ ရင်ကော့ဒူးထောက်နေတဲ့ စန္ဒာမင်းနဲ့လက်တစ်ဆုပ်စာအပေါင်းအပါတွေက စစ်ကောင်စီ စေ စားရာအတိုင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားတွေ့ကာ ပါတီမှတ်ပုံတင်ရေး စကားလမ်းကြောင်းပေးပေမဲ့ ဒေါ်အောင်ဆန်းစုကြည်က ပြတ် ပြတ်သားသား ပယ်ချခဲ့ပုံပါပဲ။
၂၀၂၃ ခုနှစ်၊ မတ်လ ၂၈ ရက်မှာ မှတ်ပုံပြန်မတင်လို့ဆိုပြီး NLD ပါတီ အပါအဝင် ပါတီပေါင်း ၄၀ ကို စစ်ကောင်စီက ပယ်ဖျက်လိုက်တဲ့အချိန်မှာ မြန်မာ့အရေး တရုတ်ဆေးမြီးတိုလည်း ပွဲပြီးသွားရပြန်တယ်။
မင်းအောင်လှိုင်ဆိုတာ အာဏာရရှိရေးအတွက် ဘာမဆိုလုပ်ဝံ့တဲ့ သားသတ်သမားသာဖြစ်ပြီး နိုင်ငံရေးဉာဏ် ရည် ဇီးရိုးမှန်း တရုတ် သိလာရပြန်တယ်။
၂၀၂၃ ခုနှစ်ဆိုတာ PDF တွေရဲ့ ပြောက်ကျားစစ်ကိုတောင် မင်းအောင်လှိုင်တပ်တွေ မရှူနိုင်မကယ်နိုင် ပြာခါလာတဲ့အချိန်။ မင်းအောင်လှိုင်တပ်ရဲ့ တန်ပြန်တိုက်ခိုက်နိုင်စွမ်းက ပြည်သူတွေကို ပစ်မှတ်ထား၊ ပြည်သူ့နေအိမ်တွေကို အစွမ်းကုန်မီးရှို့။ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအတွင်း ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာ စာသင်ကျောင်းက ကလေးငယ်တွေကို လေကြောင်းတိုက်ခိုက်သတ်ဖြတ်မှု။ ၂၀၂၂ ခုနှစ်၊အော က်တိုဘာ ၂၃ ရက် ည၊ ဖားကန့်မြို့နယ်၊ အနန့်ပါရွာ လူသတ်ပွဲ။ ၂၀၂၃ ခုနှစ်၊ ဧပြီ ၁၁ ရက်၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာ လူသတ်ပွဲ… ။ မင်းအောင်လှိုင်ဆိုတာ အာဏာရရှိရေးအတွက် ဘာမဆိုလုပ်ဝံ့တဲ့ သားသတ်သမားသာဖြစ်ပြီး နိုင်ငံရေးဉာဏ် ရည် ဇီးရိုးမှန်း တရုတ် သိလာရပြန်တယ်။
တရုတ်က ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ညှိဆိုတဲ့လိုင်းကို ဆက်ကိုင်စွဲတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရရေး တောင်းဆိုမှုတွေလည်း ရှိခဲ့ပုံရပြီး စစ်ကောင်စီကလည်း အကြိမ်ကြိမ်ပယ်ချခဲ့တဲ့ပုံ။ ဘယ်လိုညှိနှိုင်းမှုမျိုးကိုမှ လက်မခံဘဲ ကိုယ့်လမ်းသာကိုယ်လျှောက်မယ်ဆိုတဲ့ မင်းအောင်လှိုင်ကို တရုတ်က တော်တော်ခံတွင်းပျက်လာပုံလည်း ရတယ်။
မင်းအောင်လှိုင်ခန့် နိုင်ငံခြားရေးဝန်ကြီး သန်းဆွေကို ဘေဂျင်းလွှတ်ပြီး ကြောက်ပါပြီဗျ လို့ဆိုကာ ခြေသလုံးဖက်တောင်းပန်ခိုင်းတော့မှ TNLA နဲ့ MNDAA ကို တရုတ်အကျပ်ကိုင်ကာ ယာယီအပစ်ရပ်ရေး ဟိုင်ဂင်သဘောတူညီချက် ထွက်ပေါ်လာခဲ့တယ်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ၊ ဘေဂျင်းမှာကျင်းပတဲ့ တတိယအကြိမ် ပိုးလမ်းမညီလာခံတက်ဖို့ မြထွန်းဦးကိုသာဖိတ်ပြီး တရုတ်ရဲ့ လိုလားမှုကို ဖော်ပြခဲ့တယ်။ မင်းအောင်လှိုင်က လောက်ကိုင်အခြေစိုက် ကျားဖြန့်ဂိုဏ်းကို ဖြိုခွင်းဖို့ အရူးကွက်နင်းနေလေတော့ ညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ တရုတ်လက်တွေ ပါတယ်လို့ အပြောအဆိုတွေ ရှိခဲ့တယ်။
မင်းအောင်လှိုင်ခန့် နိုင်ငံခြားရေးဝန်ကြီး သန်းဆွေကို ဘေဂျင်းလွှတ်ပြီး ကြောက်ပါပြီဗျ လို့ဆိုကာ ခြေသလုံးဖက်တောင်းပန်ခိုင်းတော့မှ TNLA နဲ့ MNDAA ကို တရုတ်အကျပ်ကိုင်ကာ ယာယီအပစ်ရပ်ရေး ဟိုင်ဂင်သဘောတူညီချက် ထွက်ပေါ်လာခဲ့တယ်။
တရုတ်က မင်းအောင်လှိုင်ကို လက်မခံနိုင်ပေမဲ့ စစ်ကောင်စီမပြိုလဲရေးကိုလည်း တရုတ်အရေးအနေနဲ့ ဆုပ်ကိုင်ထားတယ်။ မင်းအောင်လှိုင်ကိုဖယ်၊ တက်လာတဲ့ ဗိုလ်ချုပ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ညှိ၊ ၂၀၀၈ ခြေဥအောက် ပြန်သွားကြ၊ NUG အစိုးရနဲ့တော့ ဆက်ဆံမှာမဟုတ်ဘူးဆိုတဲ့ အချိုးမျိုး။
သမ္မတဟောင်းသိန်းစိန်ကို ဘေဂျင်းဖိတ်ကာ မင်းအောင်လှိုင်အာဏာစွန့်ဖို့ တရုတ်က ဖျောင်းဖျခိုင်း တယ်။ ဒုချုပ်စိုးဝင်းကို တရုတ်မြေ ခြေချခွင့်ပြုကာ မျက်စပစ်ပြတယ်။ ဒါပေမဲ့၊ ဓားထက်တဲ့ မင်းအောင်လှိုင်ကို အကျိုးစီးပွားပြုတ်မှာကြောက်ကြတဲ့ ဘယ်စစ်ဗိုလ်ချုပ်က ရှင်းဝံ့မှာလဲ။
အကြမ်းဖက်စစ်တပ် တိုက်တိုင်းရှုံးနေတာ တရုတ်စနက်မကင်းကြောင်း တရုတ်ဆိုတဲ့ နာမည်မတပ်ရုံတမယ် မင်းအောင်လှိုင် ထုတ်ပြောလာတယ်။ ပြီးတော့ အားမရသေးတဲ့ မင်းအောင်လှိုင်က စစ်ကျွန်မျိုးချစ်တွေကို တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲ ထပ်လုပ်ခိုင်းပြန်တယ်။
စစ်အာဏာရှင်စနစ်တစ်ခုလုံးကို အပြတ်ရှင်းနေတဲ့ တော်လှန်ရေးအင်အားစုတွေက ဒုတိယအ ကျော့ ၁၀၂၇ စစ်ဆင်ရေး စတင်လိုက်ပြီးမကြာခင် မင်းအောင်လှိုင်တပ်တွေ ငယ်သံပါပြန်တော့ မင်းအောင်လှိုင်က တလောကလုံးကို ရန်လုပ်ပြန်တယ်။ အကြမ်းဖက်စစ်တပ် တိုက်တိုင်းရှုံးနေတာ တရုတ်စနက်မကင်းကြောင်း တရုတ်ဆိုတဲ့ နာမည်မတပ်ရုံတမယ် မင်းအောင်လှိုင် ထုတ်ပြောလာတယ်။ ပြီးတော့ အားမရသေးတဲ့ မင်းအောင်လှိုင်က စစ်ကျွန်မျိုးချစ်တွေကို တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲ ထပ်လုပ်ခိုင်းပြန်တယ်။
မင်းအောင်လှိုင် လက်ညှိုးထိုးရန်လို ဆန္ဒပြပြီး ဘယ်ကြာလိမ့်မလဲ။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ နေပြည်တော် ရောက်လာတော့တယ်။
ဝမ်ယိက နောက်တစ်ခါ တရုတ်ကို မဆန့်ကျင်ဖို့ ခပ်ပြင်းပြင်းသတိပေးခဲ့ပေမဲ့ စစ်ကောင်စီရှေ့လုပ် ငန်းစဉ် ၅ ရပ်ကို ထောက်ခံတယ်။ စစ်ကောင်စီ ရွေးကောက်ပွဲအတွက် အကူအညီပေးမယ်လို့ဆိုကာ တရုတ်ဗားရှင်းကို ချိန်းချလိုက်တယ်။ ဒါ့အပြင် ထိုင်းမှာ ပြုလုပ်တဲ့ ထိုင်း၊ မြန်မာ၊ လာအို၊ တရုတ် နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အလွတ်သဘောတွေ့ဆုံပွဲမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက မြန်မာ့အရေး ကျော်လွန်လို့မရတဲ့ စည်း ၃ ချက်ရှိတယ်လို့ ဆိုပြန်တယ်။ ပထမစည်းက မြန်မာမှာ ပြည်တွင်းစစ်ဖြစ်ပွားလို့မရ၊ ဒုတိယစည်းက အာဆီယံမိသားစုနဲ့ ကင်းကွာသွားလို့မရ၊ တတိယစည်းက ပြင်ပ အင်အားစုတွေက ထင်သလို စိမ့်ဝင်စွက်ဖက်မှုကို ခွင့်ပြုလို့မရ။
တရုတ်စည်း ၃ ချက်ကို တည့်တည့်ပြန်ဆိုရရင် မြန်မာမှာ စစ်ဖြစ်နေတာတွေ ရပ်အောင်လုပ်ရမယ်။ အာဆီယံအနေနဲ့ စစ်ကောင်စီကို အသိအမှတ်ပြုစေလိုတယ်။ မြန်မာ့အရေးကို တရုတ်တစ်နိုင်ငံတည်းကသာ ဝင်ရောက်စွက်ဖက်ခွင့်ရှိတယ်ဆိုတာပါပဲ။
ပြောရရင်စစ်ကောင်စီကို တိုက်နေတဲ့ မြန်မာပြည်သူတစ်ရပ်လုံးကိုပါ တရုတ် အလိုအတိုင်း မလုပ်ရင် မြန်မာ့အချုပ်အခြာကို ကျူးကျော်နယ်ချဲ့မယ်လို့ ခြိမ်းခြောက်လိုက်ခြင်းလည်း ဖြစ်တယ်။
ဝမ်ယိက စည်း ၃ ချက်ပြောပြီးမကြာ တအောင်းတပ်မတော် TNLA ကို ရွှေလီမြို့ နိုင်ငံတော်လုံခြုံရေး ကော်မတီက ပေးပို့လိုက်တဲ့ ခြိမ်းခြောက်စာထွက်ပေါ်လာတယ်။ အဲဒီခြိမ်းခြောက်စာက TNLA တိုက်ပွဲတွေ ချက်ချင်းမရပ်ရင် တရုတ်တပ်တွေ မြန်မာ့ပိုင်နက်နယ်မြေထဲ ကျူးကျော်ဝင်ရောက်ကာ TNLA ကို ချေမှုန်းမယ်လို့ အဓိပ္ပါယ်ထွက်တယ်။ ပြောရရင်စစ်ကောင်စီကို တိုက်နေတဲ့ မြန်မာပြည်သူတစ်ရပ်လုံးကိုပါ တရုတ် အလိုအတိုင်း မလုပ်ရင် မြန်မာ့အချုပ်အခြာကို ကျူးကျော်နယ်ချဲ့မယ်လို့ ခြိမ်းခြောက်လိုက်ခြင်းလည်း ဖြစ်တယ်။
အဲဒီခြိမ်းခြောက်စာမှာ ဘာစည်းတံဆိပ်တုံးမှ ရိုက်နှိပ်ထားခြင်းမရှိဘဲ ပစ်စာလို ဖြစ်နေတာကြောင့် စာအတုကြီးပါဆိုတဲ့ အပြောအဆိုတွေ ထွက်ပေါ်လာပေမဲ့ တရုတ်ဘက်က တစ်စုံတစ်ရာ ဖြေရှင်းခြင်းမရှိပါဘူး။ ဆိုတော့ အဲဒီခြိမ်းခြောက်စာဟာ တရုတ်အစိုးရဌာနက ပေးပို့ခြင်းဖြစ်ပေမဲ့ မြန်မာပြည်သူတွေဘက်က ပြင်းထန်တဲ့ ကန့်ကွက်မှုတွေရှိလာရင် ငြင်းနိုင်ဆုတ်နိုင်အောင် တရားမဝင်ပုံစံမျိုး ပေးပို့ခြင်းလားလို့ တွေးထားရပါမယ်။
မင်းအောင်လှိုင်ကိုလည်း ဖြုတ်မရ၊ မင်းအောင်လှိုင်ရဲ့ ထင်ရာစိုင်းမှုတွေကိုလည်း ထိန်းမရ၊ စစ်ကောင်စီ ပြုတ်သွားမှာလည်း မလိုလား၊ တရုတ်ထီးရိပ်အောက်ကနေ စစ်ကောင်စီလုံးဝ လွတ်ထွက်သွားမှာလည်း စိုးရိမ်နေပြန်တော့ တရုတ်က လောလောဆယ် စစ်ကောင်စီမပြုတ်ရေးသာ အဓိက ဆိုပြီး စစ်ကောင်စီ ဘက်ရပ်ကာ မြန်မာပြည်သူတွေကို ဆန့်ကျင်လိုက်ခြင်းပါပဲ။
အဲဒါကို နောက်တစ်မျိုးဆိုရရင် မင်းအောင်လှိုင်ကို မကြိုက်တဲ့ တရုတ်ဟာ မင်းအောင်လှိုင်ဆွဲခေါ်ရာ နောက် တရွတ်ဆွဲလိုက်နေရခြင်းပါပဲ။
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။