Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

စစ်ရှုံးကာချုပ် ဘာပြောလိုက်သလဲ (Opinion)

ရှုံးပေမဲ့ ဂရုမစိုက်ဘူးလို့ ကိုယ်တိုင်ခန့်ယာယီသမ္မတ မင်းအောင်လှိုင်က အရှုံးကို ရင်ဝယ်ပိုက်ကာ အံတင်းတင်းကြိတ်ပြလိုက်ပြန်တယ်။ ရှုံးပေမဲ့ အဲဒီအရှုံးတွေကို ပြန်အနိုင်ယူပြမယ်လို့လည်း မြို့ပေါင်း ၇၀ ကျော်ကို တော်လှန်ရေးတပ်တို့ သိမ်းပိုက်ပြီးနောက်၊ အစဉ်အလာကြီးပြီး မာကျောလှပါတယ်ဆိုတဲ့ လားရှိုး မြို့ အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကိုးကန့်တပ် MNDAA နဲ့ မဟာမိတ်တပ်တို့ရဲ့ ခြေဖဝါးအောက် ရောက်ရှိခဲ့ပြီးနောက် မင်းအောင်လှိုင် လက်သီးလက်မောင်းတန်းပြခဲ့တယ်။

 

လွတ်လပ်ရေးရပြီးချိန်ကစလို့ ကာကွယ်ရေးဦးစီးချုပ်အဆက်ဆက် တိုင်းစစ်ဌာနချုပ်တစ်ခုလုံး ထိုး အပ်ခဲ့ရတာမျိုး မရှိခဲ့ဖူးတာကြောင့် ရာဇဝင်တွင် စစ်ရှုံးကာချုပ် မင်းအောင်လှိုင်ဟာ ရှုံးပေမဲ့ ခေါင်းငိုက် စိုက် မချ၊ မာမာပဲဆိုတာမျိုး မျက်နှာကြောတင်းတင်းနဲ့ တလောကလုံးကို ပတ်ရန်ရှာတော့တယ်။

 

နိုင်ငံတော်ရဲ့ လုံခြုံရေးအခြေအနေ ပြောကြားချက်လို့ ဆိုတယ်။ ဩဂုတ် ၅ ရက်ညမှာ တရားမဝင် မင်းအောင်လှိုင်က တရားမဝင်မိန့်ခွန်းပြောကြားခဲ့တယ်။ ယာယီသမ္မတအဖြစ် သူ့ကိုယ်သူ ခန့်အပ်ထားတာ ဘာမှ မကြာသေးပေမဲ့ ယာယီသမ္မတစတိုင် ခေါင်းပေါင်းတွေ ဘာတွေမဆောင်း။ စစ်ရှုံးကာချုပ်ကြီးက စစ်သွေး စစ်မာန်အပြည့် အကြမ်းဖက်စစ်ဝတ်စုံကြီးနဲ့ သရုပ်ဆောင်ခဲ့တယ်။

 

လွတ်လပ်ရေးရပြီးချိန်ကစလို့ ကာကွယ်ရေးဦးစီးချုပ်အဆက်ဆက် တိုင်းစစ်ဌာနချုပ်တစ်ခုလုံး ထိုး အပ်ခဲ့ရတာမျိုး မရှိခဲ့ဖူးတာကြောင့် ရာဇဝင်တွင် စစ်ရှုံးကာချုပ် မင်းအောင်လှိုင်ဟာ ရှုံးပေမဲ့ ခေါင်းငိုက် စိုက် မချ၊ မာမာပဲဆိုတာမျိုး မျက်နှာကြောတင်းတင်းနဲ့ တလောကလုံးကို ပတ်ရန်ရှာတော့တယ်။

 

ထုံးစံအတိုင်း NLD ပါတီ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲလိမ်မဲခိုးခဲ့ပါသည် ဆိုတာနဲ့ စဖွင့်တယ်။ အဲဒါကြောင့် တပ်မတော်ကြီးက သမိုင်းပေးတာဝန် ကျေပွန်ချင်တာကြောင့် နိုင်ငံတော်တာဝန်ကို အခြေခံဥပဒေနဲ့အညီ ရယူ။ ကျွန်ုပ်တို့ ရွေးကောက်ပွဲ ပြန်လုပ်ပေးပါမယ်လို့ အတန်တန် ပြောနေပါလျက် တိုင်းဖျက်ပြည်ဖျက်စိတ် မွှန်နေသူတွေက လက်နက်ကိုင်။ တိုင်းရင်းသားလက်နက်ကိုင်တချို့က သင်တန်းတွေပေး။

 

ရှမ်းမြောက်မှာ ကိုးကန့်တပ် MNDAA နဲ့ တအောင်းတပ် TNLA ၊ ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် AA၊ ကချင်မှာ KIA ၊ ချင်းမှာ CNF ၊ ကရင်မှာ KNU ၊ ကရင်နီမှာ KNPP/KNDF ဒေသခံပြည်သူတွေကို မငဲ့၊ ကိုယ့်ဒေသကိုယ် စစ်မီးတောက်အောင် လုပ်နေကြတဲ့ သောင်းကျန်းသူတွေလို့ မင်းအောင်လှိုင်က စွပ်စွဲလိုက်တယ်။

ပြီးတော့ ဇူလိုင် ၃၁ ရက်၊ ကာလုံအစည်းအဝေးမှာ ရွတ်ဖတ်ခဲ့တဲ့ စာသားကိုပဲ စကားပြောအဖြစ်ပြင်ကာ မင်းအောင်လှိုင် အခုလို ဆက်ပြောပြန်တယ်။

 

ပထမအကျော့ ၁၀၂၇ စစ်ဆင်ရေးစတင်ပြီး တစ်လမကြာ စစ်တပ်စခန်းတွေ ပြုတ်ပြုတ်ပြုန်းခဲ့ပြီး နောက် စစ်ကောင်စီဟာ သူ့အရုပ်လေးတွေဖြစ်တဲ့ အစွန်းရောက်မျိုးချစ်တွေကို ရန်ကုန်မှာ ဆန္ဒပြစေကာ ညီ နောင် ၃ ဖွဲ့အပေါ် တရုတ်ထောက်ပံ့နေတယ်လို့ စွပ်စွဲ ကန့်ကွက်ခဲ့ဖူးသလိုပါပဲ။

 

 “လက်နက်ကိုင်ပဋိပက္ခသက်ဆိုးရှည်ရေးနှင့် မြန်မာနိုင်ငံအပေါ်မှာ သူတို့လိုချင်တဲ့ လက္ခဏာမျိုး ရရှိစေလိုတဲ့ ပြည်ပနိုင်ငံအချို့ဟာ လက်နက်ကိုင် သောင်းကျန်းသူတွေ၊ နိုင်ငံရေး သဘောထားကွဲလွဲသူတွေက  အကြမ်းဖက်လမ်းစဉ်ဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်းတွေကို ငွေကြေးရရှိအောင်၊ အစားအသောက်ရရှိအောင်၊ ဆေးဝါးရရှိအောင်၊ လက်နက်ခဲယမ်းမီးကျောက်ရရှိအောင် ၊နည်းပညာများရရှိအောင်၊ အုပ်ချုပ် ထောက်ပံ့မှု အခွင့်အလမ်းများ ရရှိအောင် လုပ်ဆောင်လျက်ရှိပြီး ပြည်ဖျက်မီဒီယာများကိုလည်း စိတ်ဓာတ် စစ်ဆင်ရေးလုပ်နိုင်အောင် ကူညီပေးလျက်ရှိတာကိုလည်း တွေ့ရပါတယ်”

 

ပထမအကျော့ ၁၀၂၇ စစ်ဆင်ရေးစတင်ပြီး တစ်လမကြာ စစ်တပ်စခန်းတွေ ပြုတ်ပြုတ်ပြုန်းခဲ့ပြီး နောက် စစ်ကောင်စီဟာ သူ့အရုပ်လေးတွေဖြစ်တဲ့ အစွန်းရောက်မျိုးချစ်တွေကို ရန်ကုန်မှာ ဆန္ဒပြစေကာ ညီ နောင် ၃ ဖွဲ့အပေါ် တရုတ်ထောက်ပံ့နေတယ်လို့ စွပ်စွဲ ကန့်ကွက်ခဲ့ဖူးသလိုပါပဲ။

 

အခုဒုတိယအကျော့ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက်မှာတော့ မင်းအောင်လှိုင်ကိုယ်တိုင် တရုတ်ကို ကန့်ကွက်တဲ့စကားတွေ ပြောလာတော့တယ်။ မင်းအောင်လှိုင် အာဏာစွန့်ရေး ဖျောင်းဖျပေးဖို့ သမ္မတဟောင်း သိန်းစိန်ကို တရုတ်က တိုက်တွန်းလိုက်တယ်ဆိုတဲ့သတင်း ဇူလိုင်လအတွင်း ထွက်ပေါ်ခဲ့တဲ့အပေါ် မင်းအောင် လှိုင်အနေနဲ့ ခံတွင်းပျက်ခဲ့တာလည်း ပါမယ်လို့ ထင်တယ်။ 

 

၁၀၂၇ စစ်ဆင်ရေးတွေ အောင်မြင်ဖို့ တရုတ်က MNDAA နဲ့ TNLA တို့ကို ပံ့ပိုးပေးနေတယ်လို့ မင်းအောင်လှိုင် တည့်တည့်မဆိုရုံတမယ်။ ဒီအတိုင်းဆို ငါတို့တပ်မတော်က မရှုံးဘူး၊ အင်အားကြီး တရုတ်က ပံ့ပိုးနေလို့သာ  ရှုံးရတာပါလို့ ဂုဏ်ထူးဆောင် စစ်ရှုံးကာချုပ် သူ့အပြစ်လွတ်အောင် တွေ့ရာမြင်ရာ လက်ညှိုးထိုး ရှုံးမဲမဲ ပြလိုက်ခြင်းလို့လည်း ဆိုနိုင်တယ်။

 

ဇူလိုင် ၃၁ ရက်၊ ကာလုံအစည်းအဝေးမှာ မင်းအောင်လှိုင်က တရုတ်ဆိုတဲ့ နာမည်မတပ်တာတစ်ခု တည်း လက်ညှိုးငေါက်ငေါက်ထိုးခဲ့သလို ဩဂုတ် ၅ ရက်နေ့ညမှာလည်း မင်းအောင်လှိုင် ဆက်ပြောပြန်တယ်။ တရုတ်-မြန်မာနယ်စပ်က EAO နယ်မြေတချို့မှာ လက်နက်ခဲယမ်းစက်ရုံ တည်ထောင်ထားတဲ့ကိစ္စ။ အဲဒီစက်ရုံတွေလည်ပတ်ဖို့ ငွေကြေးနဲ့ နည်းပညာ ဘယ်ကရနေတာလဲဆိုတာ ဆန်းစစ်သွားမယ်လို့လည်း မင်းအောင်လှိုင်က ဆိုတယ်။ ပြောရရင် ၁၀၂၇ စစ်ဆင်ရေးတွေ အောင်မြင်ဖို့ တရုတ်က MNDAA နဲ့ TNLA တို့ကို ပံ့ပိုးပေးနေတယ်လို့ မင်းအောင်လှိုင် တည့်တည့်မဆိုရုံတမယ်။ ဒီအတိုင်းဆို ငါတို့တပ်မတော်က မရှုံးဘူး၊ အင်အားကြီး တရုတ်က ပံ့ပိုးနေလို့သာ  ရှုံးရတာပါလို့ ဂုဏ်ထူးဆောင် စစ်ရှုံးကာချုပ် သူ့အပြစ်လွတ်အောင် တွေ့ရာမြင်ရာ လက်ညှိုးထိုး ရှုံးမဲမဲ ပြလိုက်ခြင်းလို့လည်း ဆိုနိုင်တယ်။

 

တကယ်တော့ ရှမ်းမြောက်ဒေသမှာ တစ်ကျော့ပြန် ကျည်စဖောက်ခဲ့တာ အကြမ်းဖက်စစ်ကောင်စီ သာဖြစ်ကြောင်း ဇွန် ၂၅ ရက်မတိုင်မီ တအောင်းတပ်မတော် TNLA ရဲ့ ထုတ်ပြန်ချက်တွေက သက်သေခံနေ ပါတယ်။ TNLA တပ်တွေနဲ့ TNLA ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို အကြမ်းဖက်စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်တာတွေ လုပ်ကာ ရှမ်းမြောက်ဒေသ ယာယီအပစ်အခတ်ရပ်စဲရေး ဟိုင်ဂင် သဘောတူညီချက်ကို တစ်ဖက်သတ်ချိုးဖောက်ကြောင်း TNLAက အကြိမ်ကြိမ်သက်သေပြခဲ့တယ်။ ဘာ့ ကြောင့် TNLA က သက်သေပြခဲ့တာလဲဆိုတော့ စစ်ပွဲကို စတင်သူဟာ အကြမ်းဖက်စစ်ကောင်စီသာဖြစ်ကြောင်း တရုတ် သိစေဖို့ပဲ ဖြစ်တယ်။

 

ပထမအကျော့ ၁၀၂၇ စစ်ဆင်ရေးအပြီး ခေါင်းမဖော်ဝံ့အောင် အရှုံးကြီး ရှုံးခဲ့တဲ့ စစ်တပ်ဟာ မကျေပွဲ ပြန်ဆင်နွှဲဖို့ အသေအချာပြင်ဆင်ခဲ့တယ်လို့ သတင်းတွေက ဆိုတယ်။ အထူးသဖြင့် လားရှိုးမြို့၊ အရှေ့မြောက် တိုင်းစစ်ဌာနချုပ်ကို သံမဏိသားလို မာကျောစေဖို့ လူသူလက်နက် ထုနဲ့ထည်နဲ့ ခိုင်သထက်ခိုင်အောင် ပြင်ဆင်ခဲ့တယ်လို့ သိရတယ်။

 

ကာလုံအစည်းအဝေးမှာ မင်းအောင်လှိုင်က TNLA နဲ့ MNDAA တို့ဟာ အပစ်ရပ်သဘောတူညီချက်ကို ချိုးဖောက်ကာ တိုက်ပွဲတွေ ဖော်ဆောင်လာခဲ့တယ်လို့ ပြောင်ပြောင်တင်းတင်း လိမ်လည်ပြောကြားခဲ့ပြန်တယ်။

 

နေပြည်တော်စစ်ဗိုလ်ချုပ်တွေက ရှမ်းမြောက်မှာ စစ်ပွဲ ပြန်စဖို့ သူတို့ကိုယ်သူတို့ ယုံကြည်မှုရှိလာတဲ့ အချိန်မှာ တစ်ဖက်သတ်ရန်စ တိုက်ခိုက်ရာကနေ ဇွန် ၂၅ ရက်မှာ TNLAတပ်တွေနဲ့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားကာ ဒုတိယအကျော့ ၁၀၂၇ စစ်ဆင်ရေးတင်မက မန္တလေးကို ပစ်မှတ်ထားတဲ့ PDF တို့ရဲ့ ရှမ်းမန်းစစ်ဆင်ရေးကိုပါ အရှိန်ပြင်းပြင်းနဲ့ စတင်ခဲ့တယ်။

 

အစဉ်အလာမပျက် အကြမ်းဖက်စစ်တပ်တွေ အထိနာ၊ မြို့တချို့ အသိမ်းခံရပြီးနောက် ဇူလိုင် ၃၁ ရက်၊ ကာလုံအစည်းအဝေးမှာ မင်းအောင်လှိုင်က TNLA နဲ့ MNDAA တို့ဟာ အပစ်ရပ်သဘောတူညီချက်ကို ချိုးဖောက်ကာ တိုက်ပွဲတွေ ဖော်ဆောင်လာခဲ့တယ်လို့ ပြောင်ပြောင်တင်းတင်း လိမ်လည်ပြောကြားခဲ့ပြန်တယ်။

 

လားရှိုးမြို့၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် MNDAA လက်အောက် ကျရောက်သွားတဲ့အချိန်မှာတော့ စစ်တပ်လော်ဘီတွေရဲ့ကြား မျက်ရည်ဖြိုင်ဖြိုင်ကျရကြောင်း လူသိရှင်ကြား ထုတ်ဖော်ငိုကြွေးတဲ့အထိ ပြဿနာကြီးကာ စိတ်ဓာတ်လည်း အကြီးအကျယ်ကျဆင်းကြတော့တယ်။

 

ဒုတိယအကျော့ ၁၀၂၇ နဲ့ ရှမ်းမန်းစစ်ဆင်ရေး ဇူလိုင် ၃၁ ရက် မတိုင်မီ မိုးကုတ်နဲ့ နောင်ချိုမြို့ကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ခဲ့တဲ့အထိက ပြဿနာမကြီးသေးဘူး။ ဘယ်ဗိုလ်ချုပ်ကိုမှ အာဏာခွဲမပေးရုံ တင်မက ကိုယ့်ကိုယ်ကိုယ် ယာယီသမ္မတ ထပ်ခန့်ခဲ့တာရော၊ အရေးပေါ်ကာလ နောက်ထပ် ၆ လ သက်တမ်း တိုးလိုက်တာလည်း ရသေး။ ဩဂုတ် ၃ ရက်၊ လားရှိုးမြို့၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် MNDAA လက်အောက် ကျရောက်သွားတဲ့အချိန်မှာတော့ စစ်တပ်လော်ဘီတွေရဲ့ကြား မျက်ရည်ဖြိုင်ဖြိုင်ကျရကြောင်း လူသိရှင်ကြား ထုတ်ဖော်ငိုကြွေးတဲ့အထိ ပြဿနာကြီးကာ စိတ်ဓာတ်လည်း အကြီးအကျယ်ကျဆင်းကြတော့တယ်။

 

ဩဂုတ် ၅ ရက်ည၊ မင်းအောင်လှိုင်ရဲ့ တရားမဝင်မိန့်ခွန်းက အဲဒီအရှုံးကြီးမှုကို အပြစ်ရှာရုံတင်မက စစ်အုပ်စုတွင်းက ရင်ထုမနာဇာတ်ကို ဖြေလျှော့ပေးနိုင်ဖို့လည်း ရည်ရွယ်ဟန်တူတယ်။ ကာကွယ်ရေးတာဝန်ထမ်းဆောင်ရင်း သေ၊ ပျောက်၊ ဒဏ်ရာရ စစ်အုပ်စုဝင်တွေကို ဘယ်တော့မှ မမေ့၊ ရရှိရမယ့်အခွင့်အရေးတွေနဲ့ ကူညီ စောင့်ရှောက်မှုတွေ ပေးမယ်လို့ မင်းအောင်လှိုင် ပြောကြားခဲ့တယ်။(တကယ် လက်တွေ့မြေပြင်မှာကျတော့ ယောကျာ်းသေသွားတာ ရက်လည်ပြီးမကြာ သေဆုံးစစ်သားရဲ့ မိသားစုဝင်တွေကို စစ်တပ်လိုင်းခန်းကနေ မောင်းချခံနေရတာ မကြားချင်မှအဆုံးပါပဲ။)

 

နိုင်ငံတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းမှု ပြန်လည်ရရှိတဲ့အထိ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ဆိုတယ်။ ဒါကို နောက်တစ်မျိုးဖွင့်ဆိုရသော် မြေပြင်မှာ တကယ်တိုက်နေရတဲ့စစ်သားတွေ ဆက်လက်သေပွဲဝင်ကြလို့ နေပြည်တော်ကျည်လုံမှန်ခန်းထဲကနေ မင်း အောင်လှိုင် ရဲရဲတောက် လှုံ့ဆော်လိုက်ခြင်းပဲဖြစ်တယ်။

 

ဘာပဲဖြစ်ဖြစ် မင်းအောင်လှိုင်ကတော့ အာဏာရှင်တွေရဲ့ ထုံးစံအတိုင်း ကိုယ့်အရှုံးကိုယ် ဝန်မခံ၊ ကိုယ့် အားနည်းချက် ဘာ့ကြောင့်ရှုံးရသလဲဆိုတာ ထုတ်ဖော်တာဝန်ခံမှုမရှိ။ နိုင်ငံတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းမှု ပြန်လည်ရရှိတဲ့အထိ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ဆိုတယ်။ ဒါကို နောက်တစ်မျိုးဖွင့်ဆိုရသော် မြေပြင်မှာ တကယ်တိုက်နေရတဲ့စစ်သားတွေ ဆက်လက်သေပွဲဝင်ကြလို့ နေပြည်တော်ကျည်လုံမှန်ခန်းထဲကနေ မင်း အောင်လှိုင် ရဲရဲတောက် လှုံ့ဆော်လိုက်ခြင်းပဲဖြစ်တယ်။

 

တိုင်းပြည်ဘယ်လောက်ပျက်ပျက်၊ အသက်တွေ ဘယ်လောက်သေသေ၊ အရှုံးပင်လယ် ဘယ်လောက် ဝေဝေ သူ့အာဏာတည်မြဲရေးအတွက် ဆက်လက်မိုက်လုံးကြီးဦးမှာဖြစ်ကြောင်း ဩဂုတ် ၅ ရက်ညမှာ မင်းအောင်လှိုင် အသိပေးခဲ့တယ်။

~~~~

ထွန်းလင်း

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။