Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ရဲဘော်ဝေမိုးကျော်ပြောတဲ့ အိမ်ပြန်လမ်း (Opinion)

အိမ်ဆိုတဲ့ အဓိပ္ပါယ်ကို အိမ်နဲ့ဝေးနေသူတွေက အလေးအနက် ခံစားမိကြမှာ သေချာတယ်။ အထူးသ ဖြင့် ကိုယ့်အိမ်ကိုယ် မစွန့်ခွာချင်ဘဲ စွန့်ခွာရ၊ ကိုယ့်အိမ်ကိုယ် ပြန်ချင်ပေမဲ့ ပြန်လို့မရတဲ့သူတွေအတွက် ကိုယ့် အိုးကိုယ်အိမ်ကို အတွေးနဲ့ လှမ်းငေးကြည့်လိုက်ရင်ကိုပါ ကိုယ့်ဒဏ်ရာကိုယ် ဆွဲခွာကြည့်မိသလို စူးခနဲ ရှရတယ်။

 

ကျနော်သည်လည်း အိမ်ကို စွန့်ခွာ၊ အိမ်ပြန်ချင်ပေမဲ့ ပြန်လို့မရတဲ့ မြောက်မြားစွာသော ပြည်သူတွေ ထဲက တစ်ယောက်။ ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီ ၁ ရက်နေ့ မနက် ၄ နာရီ၊ ရင်နှစ်မိတ်ဆွေတစ်ဦးက အာဏာသိမ်းလိုက်ပြီဖြစ်ကြောင်း ဖုန်းဆက် သတင်းပေး။ အိမ်ရှေ့အိပ်ခန်းက ပက်လက် ကုလားထိုင်ပေါ် ခြေပစ်လက်ပစ်၊ ကော်ဖီတစ်ခွက်နဲ့ အနာဂတ်နေ့တွေကို ဆဝါးရင်း ပြန်အိပ်လို့မရတော့တာက ကျနော့်ရဲ့ အိမ်နဲ့ ဝေးကွာခြင်း အစ။

 

ဂျာနယ်လစ်မှန်း သိနေတဲ့ ရပ်ကွက် တာဝန်ရှိသူက ‘အခု ဘယ်တိုက်မှာ လုပ်နေသလဲ’လို့ မေးလိုက်တဲ့အချိန် ဒီအိမ်လေးကနေ စွန့်ခွာဖို့ အချိန်ကျပြီလို့ နားလည်လိုက်ရတယ်။

 

အဲဒီတုန်းက ဒီလောက်ကြာလိမ့်မယ်လို့ ဘယ်ထင်လိမ့်မလဲ။ ပြည်သူတွေ လမ်းမပေါ်တက် လက်သုံး ချောင်းထောင် အကြမ်းဖက်စစ်ကောင်စီကို ငြင်းဆန်ကြတော့ ကျနော်က ကိုယ်လုပ်တတ်တဲ့ ကလောင်တစ်ချောင်းနဲ့ စစ်အာဏာရှင်ကို တော်လှန်။ ကိုယ်ပင်တိုင်ရေးနေတဲ့ သတင်းစာတိုက်ကို စစ်ကောင်စီကပိတ်တော့ ကျနော် တစ်ကိုယ်တော် သိပ်နွေးခဲ့တဲ့ ရန်ကုန်တိုက်ခန်းလေးကို သော့ခတ်။ နယ်မြို့လေးက မိသားစုဆီ ဆုတ်ခွာခဲ့ရ။

 

အလွန်ဆုံး လေး၊ ငါး၊ ခြောက်လကြာ ရန်ကုန်တိုက်ခန်း ပြန်နိုင်မလားလို့ စိတ်ကူးယဉ်ခဲ့ဖူးတယ်။ နယ်မြို့သေးသေးလေးမှာ မယားနဲ့သားက ရှိနေတော့ အိမ်ကိုစွန့်ခွာခဲ့တဲ့ အနာတရ ဘယ်ဖြစ်လိမ့်မလဲ။ အဲဒီနယ်မြို့ လေးမှာနေရင်း မနေနိုင်တော့လည်း ကိုယ့်ကလောင်ကိုယ် ဆက်ရွက်လွှင့်။ ဂျာနယ်လစ်မှန်း သိနေတဲ့ ရပ်ကွက် တာဝန်ရှိသူက ‘အခု ဘယ်တိုက်မှာ လုပ်နေသလဲ’လို့ မေးလိုက်တဲ့အချိန် ဒီအိမ်လေးကနေ စွန့်ခွာဖို့ အချိန်ကျပြီလို့ နားလည်လိုက်ရတယ်။

 

ကျနော့်တစ်သက်တာ စုဆောင်းခဲ့တဲ့ ထောင်နဲ့ချီ စာအုပ်စင်ကိုငေးမိတော့ မျက်ရည်တွေလိမ့်ကျလာခဲ့တယ်။ အဲဒီတိုက်ခန်းလေးထဲ ကျနော်နေထိုင်ခဲ့တာ အနှစ် ၂၀ နီးပါးကြာ။

 

နယ်မြို့လေးကနေ ထွက်ခွာတော့ ဒီမြို့လေးဆီ ဘယ်အချိန်ကျမှ ပြန်ရောက်နိုင်မလဲဆိုတဲ့ မေးခွန်းကို ကျနော် မဖြေနိုင်လို့ မိသားစုမျက်နှာကို စေ့စေ့မကြည့်ဝံ့ခဲ့ဘူး။ အဲဒီနောက် ရန်ကုန်တိုက်ခန်းလေးမှာ တစ်ည။ ကျနော့်တစ်သက်တာ စုဆောင်းခဲ့တဲ့ ထောင်နဲ့ချီ စာအုပ်စင်ကိုငေးမိတော့ မျက်ရည်တွေလိမ့်ကျလာခဲ့တယ်။ အဲဒီတိုက်ခန်းလေးထဲ ကျနော်နေထိုင်ခဲ့တာ အနှစ် ၂၀ နီးပါးကြာ။ တစ်ချိန်ချိန် ရောက်အောင်ပြန်လာမယ်ဆိုတဲ့ စိတ်နဲ့ လက်သီးကိုကျစ်ကျစ်ပါ ဆုပ်ရုံကလွဲ ဘာတတ်နိုင်မှာလဲ။

 

ကျနော်လို မခွာချင်ဘဲထွက်လာ၊ အိမ်ပြန်ချင်ပေမဲ့ အိမ်ပြန်မရောက်သေးသူတွေက ဟောဒီစစ်မက်ကာလမှာ ဖွေးလို့။ တချို့ ပြန်စရာအိမ်လည်း မရှိ၊ ပြန်တွေ့နိုင်စရာ မိသားစုဆိုတာလည်း မရှိတော့။ ရွာမီးရှို့ခံရ၊ အိမ် မီးရှို့ခံရ၊ လူပါ မီးရှို့ခံလိုက်ရ။ ကုန်းကောက်စရာ လူ့ဘဝ တည်းတည်းလေးကလွဲ ဘာမှမရှိ။ မနက်ဖြန်မှာ ဘာနဲ့ စားရမလဲ၊ ဆက်တွေးစရာတွေကို အခမဲ့တွေးနိုင်ပေမဲ့ တွေးစရာအတွေးတွေပင် မရှိ။

 

စမ်းရေတွေလို မအေးတဲ့ အဲဒီစမ်းချောင်းစခန်းမှာ တစ်လတောင်မပြည့်သေးတဲ့ စစ်ရှောင်ကလေးငယ်လေးကနေ အသက် ၉၀ ကျော်အရွယ် အဘွားအထိ စုစုပေါင်း လူ ၁၀၀၀ ကျော်၊ အိမ်သာက ၅ လုံး။ သန်းခေါင်ကျော်အချိန် လူချောင်မလားလို့ အိမ်သာသွားတက်ရင်တောင် ကိုယ့်ရှေ့မှာ အနည်းဆုံး အယာက် ၂၀ လောက်က အသင့်။

 

တစ်ခါက ဒေါနတောင်တန်းပေါ်က စမ်းချောင်းလို့တွင်တဲ့ စခန်းမှာ စစ်ဘေးရှောင်ခဲ့ဖူးတယ်။ စမ်းရေတွေလို မအေးတဲ့ အဲဒီစမ်းချောင်းစခန်းမှာ တစ်လတောင်မပြည့်သေးတဲ့ စစ်ရှောင်ကလေးငယ်လေးကနေ အသက် ၉၀ ကျော်အရွယ် အဘွားအထိ စုစုပေါင်း လူ ၁၀၀၀ ကျော်၊ အိမ်သာက ၅ လုံး။ သန်းခေါင်ကျော်အချိန် လူချောင်မလားလို့ အိမ်သာသွားတက်ရင်တောင် ကိုယ့်ရှေ့မှာ အနည်းဆုံး အယာက် ၂၀ လောက်က အသင့်။ အဲဒီ စစ်ရှောင်စခန်းမှာ ဘယ်လောက်ကြာကြာနေရမလဲ၊ ဒီစစ်ရှောင်စခန်းကနေ တခြားသွားစရာ ဘယ်နေရာရှိသလဲ။ ဖြေစရာ အဖြေမရှိလို့ တောင်တန်းတွေကိုသာ အကြောင်သား ငေးနေသူတွေလည်း ဖွေးလို့။ အဲဒီလို စစ်ရှောင်စခန်းတွေမှာ  အိမ်ပြန်ရမယ့်နေ့ကို မျှော်ရင်း နှစ်လရှည်ကြာ မျှော်လင့်ချက်တွေ မှုန်မှုန်ဝါးဝါး အရိုး ပေါ်အရေတင်။

 

အဓမ္မစစ်မှုထမ်းဥပဒေကို စစ်ကောင်စီက တရားမဝင်ပြဌာန်းပြီးနောက်မှာ အိမ်စွန့်မြို့စွန့်နိုင်ငံစွန့် လူငယ်တွေ ဒင်းကြမ်းပြည့်လာတယ်။ တချို့က ဘဝကို ပြတ်သားစွာ ချိုးချ၊ PDF ရဲဘော်အဖြစ် တိုင်းပြည်အနာဂတ်အတွက် ပုံအပ်လိုက်တယ်။ တချို့ကျတော့လည်း ဇာတိစွန့်ခွာ၊ အဝေးမြို့တွေမှာ အဆင်ပြေသလို ကြည့်နေ ကြည့်စားဘဝ။ တချို့ကတော့ နယ်စပ်တွေဘက် ထွက်၊ တချို့ နိုင်ငံရပ်ခြားသွား အလုပ်လုပ်ကိုင်ကြပေမဲ့ တော်လှန်ရေးမပြီးမချင်း အိမ်ပြန်ဖို့ မလွယ်မှန်း သိကြတယ်။

 

ကျနော်အိမ်ပြန်ချင်ပြီ ဗျာ။ အိမ်ပြန်ပြီးရင် ဒီကို တရားဝင်ပြန်လာဖို့ မလွယ်တော့ဘူး။ ရွာရောက်ရင် စစ်တပ်ထဲမရောက်ဘူးလို့လည်း မပြောနိုင်ဘူး။ 

 

အာဏာမသိမ်းခင်ကတည်းက ထိုင်းမှာ အလုပ်လုပ်နေသူ လူငယ်တစ်ဦးက “ကျနော်အိမ်ပြန်ချင်ပြီ ဗျာ။ အိမ်ပြန်ပြီးရင် ဒီကို တရားဝင်ပြန်လာဖို့ မလွယ်တော့ဘူး။ ရွာရောက်ရင် စစ်တပ်ထဲမရောက်ဘူးလို့လည်း မပြောနိုင်ဘူး။ ဘာမှ မဖြစ်တောင် ကိုယ့်မြို့ကိုယ့်ရွာမှာ လုပ်ကိုင်စားသောက်ဖို့မလွယ်တော့ ဒီမှာပဲ ကြိတ်မှိတ် နေနေရတော့တယ်”လို့ ညည်းရှာတယ်။

 

စစ်အာဏာရှင်ကို မတော်လှန်တဲ့သူတွေတောင် အိမ်ကထွက်လာပြီးရင် အိမ်ပြန်ဖို့ မလွယ်တဲ့ဘဝ များ မဟုတ်လား။ အခု လားရှိုးမြို့ကနေ မန္တလေးပြေးလာရတဲ့ အမျိုးသမီးငယ်တစ်ဦးကလည်း ဘယ်အချိန်ကျမှ ကိုယ့်မြို့ ကိုယ်ပြန်ရောက်မလဲ မသိနိုင်ဘူးလို့ မက်ဆင်ဂျာကနေ စာရိုက်ပြောပြတဲ့ သူ့စကားလုံးတွေမှာ မျက်ရည်တွေ ရွှဲနေမှန်း ကျနော်ခံစားမိတယ်။

 

အာဏာမသိမ်းခင်ကာလက စဉ့်ကူးမြို့မှာ အထက်တန်းပြဆရာ၊ ပြီးတော့ အမျိုးသမီးစိတ်ခံယူထားသူ LGBTတစ်ယောက်။ နိုင်ငံရေးနဲ့ ခပ်လှမ်းလှမ်းမှာ ရှိခဲ့သူတစ်ဦးဖြစ်ပေမဲ့ မအောင်မြင်တဲ့အာဏာသိမ်းပွဲစတင်တော့ စဉ့်ကူးမြို့ရဲ့ သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်လာသူ။

 

အဲဒီလို အိမ်ကနေ ထွက်လာကြသူတွေ အိမ်ပြန်လို့မရသေးခြင်းနေ့တွေမှာ ရုန်းကန်ပြေးလွှားနေကြ တဲ့အခိုက် သေနတ်မောင်းတင်ကာ အိမ်တံခါးပြန်ဖွင့်နိုင်သူတစ်ဦးကို မြင်ရတော့ သိပ်အားကျကြတယ်။သူက မိုးကုတ်ဗျူဟာစစ်ဦးစီးအဖွဲ့ရဲ့ စစ်ဆင်ရေးနဲ့ မဟာမိတ်ဆက်ဆံရေးတွဲဖက်တာဝန်ခံ ရဲဘော်ဝေမိုးကျော်။

 

အာဏာမသိမ်းခင်ကာလက စဉ့်ကူးမြို့မှာ အထက်တန်းပြဆရာ၊ ပြီးတော့ အမျိုးသမီးစိတ်ခံယူထားသူ LGBTတစ်ယောက်။ နိုင်ငံရေးနဲ့ ခပ်လှမ်းလှမ်းမှာ ရှိခဲ့သူတစ်ဦးဖြစ်ပေမဲ့ မအောင်မြင်တဲ့အာဏာသိမ်းပွဲစတင်တော့ စဉ့်ကူးမြို့ရဲ့ သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်လာသူ။ အဲဒီနောက် ကျောင်းဆရာဘဝရဲ့ ဟိုဘက် သေနတ်ကိုင်တဲ့ PDF ရဲဘော်အဖြစ်သို့ တစ်ဆစ်ချိုး။ ထုံးစံအတိုင်း စစ်တပ်က အိမ်ကိုလာချိပ်ပိတ်။

 

စစ်ကောင်စီ ချိပ်ပိတ်ခဲ့တဲ့ သူ့ရဲ့အိမ်ကို ရဲဘော်ဝေမိုးကျော် ရောက်အောင်ပြန်နိုင်ခဲ့တယ်။ နေသူကင်းမဲ့နေတဲ့ သူတို့မိသားစုရဲ့အိမ် ခြုံတွေနွယ်တွေ ဟောင်းနွမ်းဆွေးမြေ့မှုတွေနဲ့ အထီးကျန် ငေးငေးငေါင်ငေါင်။ သံချေးကိုက်နေတဲ့ သော့ခလောက်ကို တူနဲ့ ရိုက်ဖွင့်လိုက်တယ်။

 

စဉ့်ကူးစစ်ဆင်ရေးအတွင်း အသက်တွေရင်းထားတဲ့ အောင်ပွဲနဲ့အတူ ရဲဘော်ဝေမိုးကျော် အိမ်ပြန်ရောက်ခဲ့ခြင်း ဖြစ်တယ်။

 

၁၀၂၇ ဒုတိယပိုင်း စစ်ဆင်ရေး၊ ရှမ်းနဲ့ချိတ်ဆက် ရှမ်းမန်းစစ်ဆင်ရေးမှာ စစ်ကောင်စီတပ် မျက်ဖြူ လန်။ စဉ့်ကူးမြို့နယ်တစ်ခုလုံးကို MDY-PDF ပူးပေါင်းတပ်တွေက ဇူလိုင် ၁၇ ရက်မှာ သိမ်းပိုက်။ စဉ့်ကူးစစ်ဆင်ရေးအတွင်း အသက်တွေရင်းထားတဲ့ အောင်ပွဲနဲ့အတူ ရဲဘော်ဝေမိုးကျော် အိမ်ပြန်ရောက်ခဲ့ခြင်း ဖြစ်တယ်။

 

“Home- ၃ နှစ်‌ကျော်ကာလအတွင်း ရောက်ရှိခဲ့ပြီလေ။ ပျော်လွန်းလို့ ထိန်းမရတော့ဘူး”လို့ ဓာတ်ပုံနှစ်ပုံနဲ့အတူ ရဲဘော်ဝေ မိုးကျော် သူ့ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ် တင်လိုက်တော့ လိုက်ခ်ကြ၊ မန့်ကြ၊ ရှဲလိုက်ကြတာ အလုံးအရင်းနဲ့ ပြုံဆင်းလာတဲ့ မိုးစက်မိုးပေါက်တွေပမာ ပြည်သူတွေ အားတက်ကြရတယ်။

 

ရှမ်းမန်းစစ်ဆင်ရေးဟာ အပြီးသတ်အောင်ပွဲမဟုတ်ပေမဲ့ တော်လှန်ရေးဒီရေကို မန္တလေးကနေ လှမ်း မြင်ရပြီဖြစ်ကြောင်း လက်သီးလက်မောင်းတန်းပြောပြနိုင်ပြီဖြစ်တယ်။ ကျနော်တို့ရဲ့ လက်သီးကို ကျစ်ကျစ်ပါ ဆုပ်ထားကြဖို့ လိုတယ်။ နွေဦးတော်လှန်ရေးမှာ ကျနော်တို့နိုင်ရာတာဝန်ကို တတ်နိုင်သလောက် ထမ်းကြဖို့ လိုတယ်။ ကျနော်တို့ရှေ့က ဂျန်းဇီးလူငယ်များ သေနတ်ကို ကျစ်ကျစ်ပါဆုပ်ကာ ရှေ့သို့ချီမပျက်။

 

ကျနော်တို့ အိမ်ပြန်နိုင်မယ့်လမ်းကို ရဲဘော်ဝေမိုးကျော်က ပြောပြခဲ့တယ်။

~~~~

ထွန်းလင်း

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။