ကျမက မြို့ပြမှာ ရှင်သန်နေထိုင်နေတဲ့ ဂျန်ဇီတစ်ယောက် ဖြစ်ပါတယ်။ ပုံမှန်အခြေအနေဖြစ်ခဲ့ရင်တော့ ရှေ့တစ်နှစ်လောက်ဆိုရင် ဘတ်ချ်လာတစ်ခုခု ရမယ့်အရွယ်ပေါ့။ ဒါပေမဲ့ ကျမတို့ဟာ ပုံမမှန်တဲ့ အခြေအနေထဲ တဆုံးထိအောင် ကျနေတဲ့သူတွေဖြစ်တယ်။
ပညာရေးနဲ့ ပတ်သက်တဲ့ ကျမကိုယ်တွေ့တချို့ကို ပြောပြချင်ပါတယ်။ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းလိုက်တော့ ကျမရဲ့ ကျောင်းပညာရေးက တက္ကသိုလ်ဝင်တန်းလို့ခေါ်တဲ့ ဆယ်တန်းပါ။ ၂၀၂၀ ခုနှစ်ကတည်းက ကိုဗစ်ကြောင့် ဆယ်တန်းစာမေးပွဲနဲ့ လွဲခဲ့ရတဲ့အဖြစ်ဟာ ၂၀၂၁ မှာလည်း ထပ်လွဲရပြန်ပါတယ်။ မိသားစုထဲမှာ ရှေ့ကနေ ဆယ်တန်းကို ထူးချွန်စွာအောင်မြင်ခဲ့တဲ့ မမလောက် ကျမက မတော်ပေမဲ့ ကျမလည်း အနည်းဆုံး ဒီသုံးလေးလုံးလောက်တော့ ရနိုင်မယ်လို့ မျှော်မှန်းထားခဲ့မိပါတယ်။ အာဏာသိမ်းလိုက်တော့ ကျမရဲ့အိပ်မက်တွေ ပျောက်ရှကုန်ပါတယ်။
အာဏာသိမ်းခါစကတော့ ကျောင်းက သူငယ်ချင်းတွေနဲ့အတူ ချိန်းချိန်းပြီး ဆန္ဒထွက်ပြပါတယ်။ နောက်ပိုင်း စစ်တပ်ကအကြမ်းဖက်ဖြိုခွဲကာ သတ်ဖြတ်ပြလာတော့ ကျမတို့လည်း လမ်းပေါ်မထွက်ရဲတော့ပါဘူး။ အဲဒီကာလအတွင်းပဲ ကျမရဲ့ဖေဖေလည်း မြို့ထဲမှာ ဆန္ဒပြရင်း ဖမ်းဆီးခံရပြီး အင်းစိန်ထောင်ထဲ ရောက်နေပါတယ်။ ၂၀၂၁ ဇွန်လ ကျောင်းတွေ ပြန်ဖွင့်တော့ အစိုးရကျောင်းမတက်တော့ဘဲ ကျမ cdm လုပ်ပါတယ်။ ကျမရဲ့ ရှေ့ဆက်လျှောက်ရမယ့် ကျောင်းပညာရေးနဲ့ ပတ်သက်ပြီး ဖေဖေ့ဆီကလည်း ဘာအကြံဉာဏ်မှ မရနိုင်တော့ပါဘူး။ မေမေကလည်း ဖေဖေ့သောကနဲ့ ထောင်ဝင်စာပို့ဖို့ လုံးပန်းရင်း အချိန်ကုန်တာ များပါတယ်။ ဖေဖေပြန်လွတ်လာတော့ ကျမ CDM လုပ်ပြီး ကျောင်းမတက်တာကို ကျေနပ်နေပုံရပါတယ်။
ဒီကြားထဲမှာ ကျမ တက်တဲ့ကျောင်းက ငွေကြေးမသမာမှု ဖြစ်လို့ ကျောင်းထောင်တဲ့အဖွဲ့နဲ့ ဆရာတွေနဲ့ ကွဲသွားပါတယ်။ ကျမက မြို့ပေါ်နေသူဖြစ်လို့သာ wifi ဘာညာရှိလို့ အခက်အခဲ မရှိ ဖြတ်သန်းလို့ရပါတယ်။
သည်လိုနဲ့ အာဏာစသိမ်းတဲ့ ၂၀၂၁-၂၂ ပညာသင်နှစ်ဟာ အဟောသိကံဖြစ်ပြီး ကျမလည်း အသက် ၁ နှစ် ကြီးသွားပါတယ်။ NUG MoE လည်း အဲဒီနှစ်က လူအများတက်နိုင်လောက်အောင် မစနိုင်သေးဘူး ထင်ပါတယ်။ ၂၀၂၂-၂၃ ပညာသင်နှစ်ကျမှ MoE အသိအမှတ်ပြု အွန်လိုင်းကျောင်းတစ်ကျောင်းမှာ တက်ဖြစ်ပါတယ်။ ဒီကြားထဲမှာ ကျမ တက်တဲ့ကျောင်းက ငွေကြေးမသမာမှု ဖြစ်လို့ ကျောင်းထောင်တဲ့အဖွဲ့နဲ့ ဆရာတွေနဲ့ ကွဲသွားပါတယ်။ ကျမက မြို့ပေါ်နေသူဖြစ်လို့သာ wifi ဘာညာရှိလို့ အခက်အခဲ မရှိ ဖြတ်သန်းလို့ရပါတယ်။ အိုးပစ်အိမ်ပစ်နဲ့ တောထဲတောင်ထဲ ပြေးလွှားပုန်းအောင်းနေကြရသူတွေအဖို့မှာတော့ ဘယ်လိုရှိပါ့မလဲ။
အွန်လိုင်းကနေ တစ်နှစ်တက်လိုက်တော့ ဆယ်တန်းပြီးသွားပါတယ်။ ဆယ်တန်းအောင်တဲ့ ဆာတီဖစ်ကိတ်ကို အွန်လိုင်းကျောင်းကကော၊ MoE ကပါ အသိအမှတ်ပြုထုတ်ပေးပါတယ်။ ခက်တာက အဲဒီ ဆာတီဖစ်ကိတ်ကို ကျမတို့ရဲ့ အိမ်နီးနားချင်း ထိုင်းအပါအဝင် ဘယ်နိုင်ငံကမှ အသိအမှတ်မပြုကြတဲ့ ပြဿနာပါပဲ။ အဲဒီကာလတွေအတွင်းမှာ ကျမဟာ အွန်လိုင်းကနေပဲ ကိုရီးယားစာ သင်ဖြစ်ပါတယ်။ ငွေကုန်ကြေးကျ သိပ်မများလှပဲ ၂ နှစ်သင်ပြီး topik ဝင်ဖြေတော့ level 5 နဲ့ အောင်ပါတယ်။ တောင်ကိုရီးယားမှာ တက္ကသိုလ်သွားတက်နိုင်ခွင့်ရရင် သေချာပေါက် စကောလားရှစ်ရနိုင်ပါတယ်။ ခက်တာက တောင်ကိုရီးယားမှာ တက္ကသိုလ်ကျောင်းတက်ဖို့ သက်ဆိုင်ရာအစိုးရရဲ့ အထက်တန်းအောင်လက်မှတ်နဲ့ အမှတ်စာရင်း အဓိက လိုအပ်ပါတယ်။ အတုလုပ်ပြီး သွားလို့လည်းမရနိုင်ပါဘူး။ GED အောင်လက်မှတ်နဲ့ ရနိုင်တဲ့ တက္ကသိုလ်ကလည်း တောင်ကိုရီးယားမှာ အနည်းငယ်မျှပဲ ရှိပါတယ်။
တကယ်ဆိုရင် အမေရိကတို့ ဂျပန်တို့ကို လွှားလွှားသွားနေတဲ့ NUG ပညာရေးဝန်ကြီးဟာ ဒီလိုကိစ္စမျိုးတွေကို နိုင်ငံတကာက အသိအမှတ်ပြုအောင် စွမ်းဆောင်သင့်တယ်လို့ ကျမ ထင်ပါတယ်။
မြန်မာနိုင်ငံရဲ့ အစိုးရအဆက်ဆက်က အသိအမှတ်ပြုခြင်း မခံရတဲ့ မြန်မာနိုင်ငံထဲက တစ်ခုတည်းသော တက္ကသိုလ်မှာ ဝင်ခွင့်ဝင်ဖြေပြီး အောင်လို့ တက္ကသိုလ်တက်ခွင့် ရလိုက်ပါတယ်။ အဲဒီတက္ကသိုလ်ဝင်ခွင့်အတွက် အင်္ဂလိပ်စာကောင်းအောင် သင်ကြားလေ့ကျင့်ထားဖို့တော့ လိုအပ်ပါတယ်။
သည်တော့ ကျမဟာ မူလက မက်ခဲ့တဲ့ တောင်ကိုရီးယားမှာ တက္ကသိုလ်သွားတက်ချင်တဲ့ အိပ်မက်ကို လောလောဆယ် လက်လျှော့လိုက်ရပါတယ်။ ကံအားလျော်စွာနဲ့ တက္ကသိုလ်တက်ခွင့်ကိုတော့ ပြည်တွင်းမှာပဲ ရလိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ အစိုးရအဆက်ဆက်က အသိအမှတ်ပြုခြင်း မခံရတဲ့ မြန်မာနိုင်ငံထဲက တစ်ခုတည်းသော တက္ကသိုလ်မှာ ဝင်ခွင့်ဝင်ဖြေပြီး အောင်လို့ တက္ကသိုလ်တက်ခွင့် ရလိုက်ပါတယ်။ အဲဒီတက္ကသိုလ်ဝင်ခွင့်အတွက် အင်္ဂလိပ်စာကောင်းအောင် သင်ကြားလေ့ကျင့်ထားဖို့တော့ လိုအပ်ပါတယ်။ အခုဆို မိသားစုအတွက် တစ်ဖက်တစ်လမ်းကနေ ဝင်ငွေရအောင်လည်း ကိုရီးယားဘာသာစကားကို အွန်လိုင်းက သင်ပေးဖြစ်နေပါတယ်။
ဒီနေရာမှာ ပညာရေးပတ်သက်ပြီး CDMတွေ non CDM တွေစသဖြင့် ငြင်းခုံနေကြတာတွေကို ကျမ နည်းနည်း ဖြည့်ပြောချင်ပါသေးတယ်။ ပညာရေးမှာ အဓိကအရေးကြီးတာက ခရစ်တစ်ကယ် သင်းကင်းကို ဖော်ဆောင်နိုင်တဲ့ စနစ်ဖြစ်ရမယ်လို့ ယူဆပါတယ်။ လက်ရှိအခြေအနေမှာ CDM တွေကော non CDM တွေကော ရမယ့် ပညာရေးက ပိန်မသာလိန်မသာပဲ ရှိပါတယ်။ NUG ရဲ့ပညာရေးလည်း မြေပြင်နဲ့ဝေဟင် 'အဟ' ကွာလွန်းကာ သိပ်မစွံလှသေးပါဘူး။ CDM ဆရာမတွေဆိုလည်း ဟိုဘက်က တန်းလန်းကြီးပါလာတဲ့ ချိန်းမရသေးတဲ့ mindset တွေ တစ်ပုံကြီးနဲ့။ ဖက်ဆစ်အစိုးရရဲ့ ပညာရေးကတော့ သမိုင်းဦးဘုံမြေခေတ်ကို ချက်ချင်း ပြန်ရောက်သွားတာပါပဲ။ မြို့နီးချုပ်စပ်က ကျောင်းတွေမှာတောင် ဆရာ မပြည့်စုံ၊ တစ်တန်းကို ဆရာတစ်ယောက်လောက်နဲ့ ဟိုအခန်းပြေးသင် ဒီအခန်းပြေးဟန့် လုပ်နေရရှာတယ်။ စကားအရာမှာ ထည့်ပြောဖို့တောင် မတင့်တယ်တော့ပါဘူး။
မြန်မာနိုင်ငံမှာ ရှင်သန်ခဲ့ရတဲ့ ပညာရေးစနစ်ဆိုတာဟာ အစိုးရတွေ သူတို့ ပုံဖော်လိုတဲ့ ပုံစံခွက်တစ်ခုထက် မပိုခဲ့ပါဘူး။ ဒါကို ကျမတို့လို ဂျန်ဇီတွေအပါအဝင် ခေတ်ပြောင်းတော်လှန်ရေးကို သွားနေတဲ့သူတိုင်းဟာ သေသေချာချာ သိထားသင့်တယ်လို့ ထင်ပါတယ်။
မြန်မာနိုင်ငံမှာ ရှင်သန်ခဲ့ရတဲ့ ပညာရေးစနစ်ဆိုတာဟာ အစိုးရတွေ သူတို့ ပုံဖော်လိုတဲ့ ပုံစံခွက်တစ်ခုထက် မပိုခဲ့ပါဘူး။ ဒါကို ကျမတို့လို ဂျန်ဇီတွေအပါအဝင် ခေတ်ပြောင်းတော်လှန်ရေးကို သွားနေတဲ့သူတိုင်းဟာ သေသေချာချာ သိထားသင့်တယ်လို့ ထင်ပါတယ်။ အထူးသဖြင့်တော့ ဒါကျက်ဒါဖြေ ပုံစံခွက်နဲ့ အသားတကျဖြစ်ခဲ့တဲ့ မိဘနေရာကသူတွေပေါ့။ ကျမကတော့ လွတ်လပ်ခွင့်အပြည့်ပေးထားတဲ့ မိဘရှိလို့ သိပ်ပြဿနာမရှိပါဘူး။ အထူးသဖြင့် သူနေထိုင်နေတဲ့ တိုင်းပြည်ကြီးကို ပညာနဲ့တည်ဆောက်ပြီး ကောင်းမွန်တဲ့ လူ့အဖွဲ့အစည်း ဖြစ်ဖို့ တတ်နိုင်သရွေ့ အားထုတ်နေတဲ့ ဖေဖေကြောင့်ပေါ့။
သို့ပေမဲ့လည်း ပြည်သူ့စစ်မှုထမ်းဥပဒေကို အတိအလင်း အသုံးပြုပြီးတဲ့ နောက်ပိုင်း ကျားကျား မမ ဘယ်လူငယ်မှ မလုံခြုံတော့ဘဲ စိုးတထိတ်ထိတ်နဲ့ နေရတဲ့ ဘဝ ရောက်နေရတာပါပဲ။ တစ်ရက်က သတင်းတစ်ပုဒ်ထဲ "လာမယ့် ဇူလိုင်လမှာ စစ်သင်တန်းတက်ဖို့ မိန်းကလေးတွေကို ခေါ်မယ်" ဆိုတာ တွေ့လိုက်ရတယ်။
အခြေအနေအရ တော်လှန်ရေးအတွက် အထောက်အပံ့ပြုနိုင်အောင် တောထဲသွားဖို့ဖြစ်ဖြစ်၊ ပြည်ပကို ဖြစ်သလိုပုံစံနဲ့သွားဖို့ဖြစ်ဖြစ် ပြင်ဆင်ထားရအုံးမယ် မဟုတ်လား။ မိဘတွေက သင့်သလို လမ်းကြောင်းပေးပေမဲ့ တကယ် ဆုံးဖြတ်ပြီး လုပ်ရမှာက ကျမလေ။
NUG က လူကြီးတွေလည်း ၆၀ ရာခိုင်နှုန်း ၇၀ ရာခိုင်နှုန်း နယ်မြေစိုးမိုးထားနိုင်ပြီ စသဖြင့် ပြောနေပေမဲ့ အရင်နှစ်တွေတုန်းကလို ၂၃ ဘာဖြစ်မယ်၊ ၂၄ ညာဖြစ်မယ် ဆိုတာမျိုးတွေ သိပ်မကြားရတော့ ရင်ထိတ်နေမိသားပဲ။ အခြေအနေအရ တော်လှန်ရေးအတွက် အထောက်အပံ့ပြုနိုင်အောင် တောထဲသွားဖို့ဖြစ်ဖြစ်၊ ပြည်ပကို ဖြစ်သလိုပုံစံနဲ့သွားဖို့ဖြစ်ဖြစ် ပြင်ဆင်ထားရအုံးမယ် မဟုတ်လား။ မိဘတွေက သင့်သလို လမ်းကြောင်းပေးပေမဲ့ တကယ် ဆုံးဖြတ်ပြီး လုပ်ရမှာက ကျမလေ။ ခေတ်ပြောင်းအောင် တကယ်လုပ်ကြမယ့် ဂျန်ဇီတွေထဲမှာ ကျမလည်း တစ်ယောက်အပါအဝင် ဖြစ်ချင်သေးတာပါပဲ။
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။