Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

သမ္မတရူးအတွက် အားဆေးတစ်ခွက် (Opinion)

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ သမ္မတရူးအိပ်မက် အာဏာသိမ်းဖြစ်စဉ်ရဲ့ ရလဒ်အဖြစ် ပေါ်ပေါက်လာရတဲ့ မြန်မာနိုင်ငံရဲ့ ခေတ်ပြောင်းတော်လှန်ရေးဟာ “နွေဦးတော်လှန်ရေး” အမည်နဲ့ စတင်ခဲ့တယ်။ အခုဆိုရင် တော်လှန်ရေးဟာ ၃ နှစ်စွန်းလို့ ၄ နှစ်တွင်းတောင် ရောက်ခဲ့ပြီဖြစ်တယ်။

 

တိုင်းပြည်အနှံ့မှာ မအလရဲ့ ဖက်ဆစ်အကြမ်းဖက်သမားတွေ ခွက်ခွက်လန်အောင် ရှုံးနိမ့်လို့ တဖြုတ်ဖြုတ်နဲ့ ကြွေကုန်ပြီး အင်အားဟာ အတော် ချိနဲ့နေပြီဖြစ်တယ်။ အစပကတူးကနဦးတုန်းကတော့ မြန်မာ့တပ်မတော်ကြီးဟာ အရှေ့တောင်အာရှမှာ အဆင့် ဘယ်လောက်၊ ကမ္ဘာမှာ အဆင့် ဘယ်မျှ စသဖြင့် ကြွားလုံးတစ်ထောင်မျှ ထုတ်ခဲ့ကြသေးတာပဲ။ စစ်သည်အင်အား ၅ သိန်းလောက်ရှိမယ်၊ ဘာညာနဲ့ ကမ္ဘာ့ဦးနှောက် အတုံးအခဲ ဉာဏ်ကြီးရှင်များရဲ့ သုတေသနလေ့လာသုံးသပ်ချက်တွေ ထွက်ခဲ့ကြသေးတာကလား။

 

သူတို့ရဲ့ စတန်းဒတ်အာမီ တပ်မတော်ကြီးက အသုံးမတည့်တော့လို့ လားပင်စင်ပေးထားတဲ့ ချိုကျိုးနားရွက်ပဲ့တွေကိုတောင် စစ်မှုပြန်ထမ်းခိုင်းနေရတဲ့အဖြစ်ပါ ဆိုက်နေလေရဲ့။ 

 

ချင်း စစ်ကိုင်း စတဲ့နေရာတွေကနေ တူးမီးလုပ်သေနတ်လေးတွေနဲ့ မတရားမှုကို ငုံ့မခံကြဘဲ စတင်တုံ့ပြန်လိုက်တော့ တူးမီးလေးနဲ့ ပစ်တာလောက်တော့ ရယ်တာပေါ့လို့ ပြက်ရယ်ပြုခဲ့ကြတဲ့ ဖက်ဆစ်ခွေးတွေဟာ အခုတော့ တိုင်းပြည်နေရာအနှံ့အပြားမှာ မရှက်နိုင် မကြောက်နိုင်တော့ဘဲ တကိန်ကိန် အော်ဟစ်နေကြရပြီ မဟုတ်ပါလား။ 

 

ပတ်ရှောင် ထွက်ပြေး အလံဖြူပြတပ်မတော်ကြီးဟာ အင်အားတွေ တဖြုန်းဖြုန်းကြွေလွန်းလို့ အခုဆိုရင် နှစ်အတော်ကြာ ချောင်ထဲခွေနေခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကိုတောင် ဖုန်သုတ်ကာ ဇွတ်အတင်း အတည်ထပြုပြီး အကြမ်းပတမ်းစစ်မှုထမ်းခိုင်းနေရပြီ ဖြစ်တယ်။ ဒါတွင်မကပါ၊ သူတို့ရဲ့ စတန်းဒတ်အာမီ တပ်မတော်ကြီးက အသုံးမတည့်တော့လို့ လားပင်စင်ပေးထားတဲ့ ချိုကျိုးနားရွက်ပဲ့တွေကိုတောင် စစ်မှုပြန်ထမ်းခိုင်းနေရတဲ့အဖြစ်ပါ ဆိုက်နေလေရဲ့။ မအလဖက်ဆစ်တစ်သိုက်ဟာ တကယ့်ကို “အရူး မီးဝိုင်း”၊ “ဖာတန်း မီးလောင်” ကိန်းဆိုက်နေတာပါပဲ။

 

တိုင်းပြည်ပတ် စစ်တိုက်ပြီး ပိုက်ဆံဖြုန်းနေတာကြောင့် ကုန်ထုတ်လုပ်မှုတွေ ကျဆင်း၊ ဘာစီးပွားရေးမှ ဟုတ်ဟုတ်ဟတ်ဟတ် လုပ်မဖြစ်။ သည်တော့ တစ်တိုင်းပြည်လုံးမှာ အထွေထွေ အကျပ်အတည်းဟာ တစ်နေ့တခြား ကြီးထွားလို့လာနေပါတယ်။

 

တိုင်းပြည်ပတ် စစ်တိုက်ပြီး ပိုက်ဆံဖြုန်းနေတာကြောင့် ကုန်ထုတ်လုပ်မှုတွေ ကျဆင်း၊ ဘာစီးပွားရေးမှ ဟုတ်ဟုတ်ဟတ်ဟတ် လုပ်မဖြစ်။ သည်တော့ တစ်တိုင်းပြည်လုံးမှာ အထွေထွေ အကျပ်အတည်းဟာ တစ်နေ့တခြား ကြီးထွားလို့လာနေပါတယ်။ ဒဏ်ခံအား​တွေ ဂိတ်ဆုံးတဲ့တစ်​နေ့ ပြည်သူတစ်ရပ်လုံးဟာ မခံမရပ်နိုင်ဖြစ်ကာ လူလှိုင်းလုံးကြီးအဖြစ် တစ်ချိန်မှာ ထလာအုံးမယ်ဆိုတာ ဒက်ထိပါပဲ။ မအလဖက်ဆစ်အုပ်စုအဖို့ တွေးမိလေတိုင်း မျက်ရည်ဝိုင်းကာ ရင်လေးစရာချည်း ကြုံရမှာပါပဲ။

 

တိုင်းပြည် နစ်လေ မအလရဲ့ အ၀ီစိနက်လေ အကွက် ဖြစ်နေတယ်။ မအလဖက်ဆစ်အုပ်စုဟာ တိုင်းပြည်အပေါ်ဘယ်တုန်းကမှ စေတနာကောင်း မရှိခဲ့လေတော့ သူတို့ဆင်းမယ့် အဝီစိထိ တိုင်းပြည်ကိုပါ တဆုံးဆွဲနှစ်နေတော့တယ်။ သူတို့ဆီက အလျှော့အတင်း အပေးအယူ တစ်ခုခုကိုများ ယောင်လို့များတော့ သွားမ​မျှော်လင့်မိကြ​စေနဲ့လို့ အသိ​ပေးပါရ​စေ။ မျှော်လင့်မိရင်​တော့ မျှော်လင့်တဲ့သူဟာ အတော် ရူးနှမ်းသူလို့ပဲ သတ်မှတ်ရပေလိမ့်မယ်။ 

 

ရွှေဈေး၊ ငွေဈေးတွေ တရိပ်ရိပ် ထိုးတက်လာတော့ ရွှေကုန်သည်တွေကို ဖမ်း၊ ငွေကြေးရောင်းဝယ်သူတွေကို ဖမ်းနဲ့ တစ်တိုင်းပြည်လုံး ဗြောင်းဆန်ကုန်ပါတယ်။ ပြည်သူ့ဘဏ္ဍာအကုန်လုံးလောက်ကို စစ်အသုံးစရိတ် အတွက်ချည်း ပြုနေမှတော့ ဒီတိုင်းပြည်မှမမွဲရင် ဘယ်တိုင်းပြည်မွဲတော့မှာတုန်း။

 

ရွှေဈေး၊ ငွေဈေးတွေ တရိပ်ရိပ် ထိုးတက်လာတော့ ရွှေကုန်သည်တွေကို ဖမ်း၊ ငွေကြေးရောင်းဝယ်သူတွေကို ဖမ်းနဲ့ တစ်တိုင်းပြည်လုံး ဗြောင်းဆန်ကုန်ပါတယ်။ ပြည်သူ့ဘဏ္ဍာအကုန်လုံးလောက်ကို စစ်အသုံးစရိတ် အတွက်ချည်း ပြုနေမှတော့ ဒီတိုင်းပြည်မှမမွဲရင် ဘယ်တိုင်းပြည်မွဲတော့မှာတုန်း။ တစ်တိုင်းပြည်လုံးကို တစ်စစီဖြစ်အောင် ဆုပ်ချေနေတဲ့ မအလဖက်ဆစ်အုပ်စုဟာ သေတောင် ဝမ်းကျ မရပ်တဲ့ သူလိုမျိုး တဆုံးအထိ မိုက်တွင်းနက်ကြပေအုံးမယ်။

 

မအလဖက်ဆစ်အုပ်စုကို မီးဝိုင်းနေချိန်မှာ မကြာသေးခင် ရက်ပိုင်းလေးကမှ ထူးခြားတဲ့ သတင်းတစ်ပုဒ်ကိုအသံလွှင့်ဌာနတစ်ခုကနေ ကြားလိုက်ရတယ်။ အဲဒီသတင်းဟာ မအလဖက်ဆစ်အုပ်စုအတွက်တော့ သတင်းကောင်းလို့ ဆိုချင်ရင်လည်း ဆိုနိုင်ပါတယ်။ သတင်းက ဒီလိုပါ။ “တရုတ်နိုင်ငံက ရိုင်ဖယ်သေနတ်ပါတပ်ဆင်ထားတဲ့ စက်ရုပ်စစ်သား တီထွင်ထားတာကို ထုတ်ဖော်ပြသလိုက်ကြောင်း” ဆိုတဲ့ သတင်းဖြစ်ပါတယ်။ ပြည်ပကို ရောင်းပြီဆိုတာနဲ့ “ပထမဆုံး ဝယ်လက်" ဖြစ်မယ့်သူက မအလကလွဲလို့ ဘယ်သူမှမဖြစ်နိုင်။ အရွယ်ကောင်း ယောက်ျားလေးတွေ ပြည်တွင်းမှာ ရနိုင်ဖို့ ရှားပါးလာနေတဲ့ အခြေအနေမှာ မအလအတွက် အားဆေးတစ်ခွက် ဖြစ်စေအုံးမယ် ထင်ပါရဲ့။

 

စက်ရုပ်စစ်သား ဝယ်အဖို့ ရွှေကုန်သည်တွေကို ဖမ်းမယ်။ ဒေါ်လာကိုင်တဲ့သူတွေကို ဖမ်းမယ်။ မြန်မာငွေစက္ကူတွေကိုလည်း ထောင်မလဲ သဲကော်ဖြစ်အောင်ထိ ဘီလျံ ဘယ်လောက်ချီချီ ထင်သလို ရိုက်ထုတ်မယ်။ ဆန်တစ်ပြည်ဖိုးငွေကို ဆာလာအိတ်နဲ့ ထမ်းသွားရတော့ကော ဘာဖြစ်လိမ့်မတုံး

 

ရွှေတစ်ကျပ်သား သိန်း ၁၀၀၊ အမေရိကန်တစ်ဒေါ်လာ ကျပ်တစ်သောင်း ဖြစ်ရော မအလအဖို့ အရေးလား။ စီးပွားရေးပညာရှင် ပရောဟိတ်ကြီးတွေ ပြောပြောနေတဲ့ ဖေးစတိတ် (fail state) ဆိုတာကြီး ဖြစ်သွားတော့ရော မအလအဖို့ အရေးစိုက်စရာမှတ်လို့။ စက်ရုပ်စစ်သားသတင်းဟာ မအလအတွက် အားဆေးတစ်ခွက် ဖြစ်ခဲ့ပြီလေ။ စက်ရုပ်စစ်သား ဝယ်အဖို့ ရွှေကုန်သည်တွေကို ဖမ်းမယ်။ ဒေါ်လာကိုင်တဲ့သူတွေကို ဖမ်းမယ်။ မြန်မာငွေစက္ကူတွေကိုလည်း ထောင်မလဲ သဲကော်ဖြစ်အောင်ထိ ဘီလျံ ဘယ်လောက်ချီချီ ထင်သလို ရိုက်ထုတ်မယ်။ ဆန်တစ်ပြည်ဖိုးငွေကို ဆာလာအိတ်နဲ့ ထမ်းသွားရတော့ကော ဘာဖြစ်လိမ့်မတုံး။ ရှေးအစဥ်အဆက် အာဏာရူးတွေထက် တစ်မူပိုထူးနေတဲ့ သမ္မတရူးအမိန့် အဝီစိထိ တည်စေသောဝ်။

~~~~

နွေဦးစင်ရော်

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။