Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

သီတဂူဘုန်းကြီး ဘယ်လို ပွဲပြီးခဲ့သလဲ (Opinion)

ဗုဒ္ဓဘာသာကို စတင်သက်ဝင်ခဲ့တဲ့ ပထမပြည်ထောင်စု ပျူခေတ်ကစလို့ ဒီနေ့ထိတိုင် မြန်မာအဆက်ဆက် သူမတူအောင် ပြည်သူတို့ ရွံရှာမုန်းတီးခြင်းခံရသူမှာ သီတဂူဘုန်းကြီးတစ်ပါးတည်းသာရှိမှာ သေချာတယ်။

 

မြန်မာ့လူ့အဖွဲ့အစည်းက ဗုဒ္ဓဘာသာအပေါ် ပြားပြားဝပ် ကျိုးနွံကြတယ်။ ဘုန်းကြီးဆိုရင် သူ့ဘာသာ ဘာဖြစ်ဖြစ် သူ့ကိစ္စသူခံရမယ်၊ သွား အပြစ်မပြောမိစေနဲ့ဆိုတဲ့ တုပ်တုပ်မျှမလှုပ်ရဲတဲ့ အတွေးအခေါ်အောက်မှာ ခေတ်အဆက်ဆက် မြန်မာတွေ ငြိမ်ဝပ်ပိပြားခဲ့ကြတယ်။ ဘုန်းကြီးကို ဝေဖန်ထောက်ပြမိရင်ပဲ ငရဲကျတော့မှာ လိုလို ခေတ်အဆက်ဆက် အဲဒီလို မာန်မဲခံရတဲ့ လူ့အဖွဲ့အစည်းအောက်မှာ ဘုန်းကြီးဆိုရင် ကြီးကြီး၊ ငယ်ငယ် ရိုသေလေးမြတ်ခြင်းမပျက်ခဲ့ပေမဲ့ သီတဂူဘုန်းကြီးကတော့ ခြွင်းချက်လို့ ဆိုရမယ်။

 

သာသနာပိုင်ဘုန်းကြီးတစ်ပါးက ပြည်သူတို့ရဲ့ ရွံရှာမုန်းတီးခြင်းခံရတာမျိုး ခေတ်အဆက်ဆက် ဘယ်တုန်းကမှ မရှိခဲ့ဘူးတာကြောင့်လည်း သမိုင်းမှတ်တမ်းဝင် ဖြစ်ရပ်လို့ ဆိုနိုင်တယ်။

 

သီတဂူဘုန်းကြီးဆိုတာ မြန်မာမှာ အင်မတန်ဩဇာကြီးတဲ့ ရွှေကျင်ဂိုဏ်းရဲ့ သာသနာပိုင်ဖြစ်ပြီး မကြာသေးခင်နှစ်များကအထိ ထင်ရှားကျော်ကြားခဲ့တဲ့ ဘုန်းကြီးတစ်ပါးဟာ အခုတော့ ဇောက်ထိုးဆိုသလို ပြည်သူတို့ရဲ့ ရွံရှာမုန်းတီးခြင်း ခံနေရတော့တယ်။ သာသနာပိုင်ဘုန်းကြီးတစ်ပါးက ပြည်သူတို့ရဲ့ ရွံရှာမုန်းတီးခြင်းခံရတာမျိုး ခေတ်အဆက်ဆက် ဘယ်တုန်းကမှ မရှိခဲ့ဘူးတာကြောင့်လည်း သမိုင်းမှတ်တမ်းဝင် ဖြစ်ရပ်လို့ ဆိုနိုင်တယ်။

 

ခေတ်အဆက်ဆက် ရွှေကျင်ဆရာတော်တွေဟာ ကိန်းကြီးခန်းကြီး ကျောင်းတိုက်ကြီးထည်ထည်ဝါဝါ နဲ့ သီတင်းသုံးရတာမျိုးကို မနှစ်သက်ကြဘူး။ ရိုးရိုးကုပ်ကုပ်နဲ့ ဇိမ်ခံခြင်းကိစ္စတွေကို ရှောင်လေ့ရှိတယ်။ ဝိနည်းကို လေးစားတယ်။ ကိုယ့်တရားကိုယ်အားထုတ်ပြီး တောရဆောက်တည်တာကို အားပေးတယ်။ ပြီးတော့ နိုင်ငံ‌ရေးနဲ့လည်း ကင်းကင်းနေလေ့ရှိတယ်။

 

၁၉၈၈ မှာ သီတဂူဘုန်းကြီးဟော ကြားခဲ့တဲ့ “မင်းကျင့်တရား ၁၀ ပါး”တရားဟာ လူထုကြား ကျော်ကြားခဲ့သလို ၂၀၀၇ ခုနှစ်မှာ ဟောကြားခဲ့တဲ့ “ဧကရာဇ်မင်းကြီးရဲ့ ဘဝနိဂုံး” နဲ့ “လူမိုက်တို့ သွားရာလမ်း” တရားဟာလည်း  ပြည်သူတို့ အထူးတလည် ကြိုက်နှစ်သက်ခဲ့ကြတယ်။

 

ဒါပေမဲ့၊ ရွှေကျင်ဂိုဏ်းကနေ ထင်ရှားလာတဲ့ သီတဂူဘုန်းကြီးကတော့ ၁၉၈၈ ခုနှစ်ကစလို့ ပြည်သူ ဘက်က ရပ်တည်တဲ့ နိုင်ငံရေးဆရာတော်အဖြစ် ထင်ရှားလာခဲ့တယ်။ ၁၉၈၈ မှာ သီတဂူဘုန်းကြီးဟော ကြားခဲ့တဲ့ “မင်းကျင့်တရား ၁၀ ပါး”တရားဟာ လူထုကြား ကျော်ကြားခဲ့သလို ၂၀၀၇ ခုနှစ်မှာ ဟောကြားခဲ့တဲ့ “ဧကရာဇ်မင်းကြီးရဲ့ ဘဝနိဂုံး” နဲ့ “လူမိုက်တို့ သွားရာလမ်း” တရားဟာလည်း  ပြည်သူတို့ အထူးတလည် ကြိုက်နှစ်သက်ခဲ့ကြတယ်။

 

ပြောရရင် သီတဂူဘုန်းကြီးဟာ စစ်အာဏာရှင်ကိုမကြောက် မှန်ရာကို ရဲရဲဝံ့ဝံ့ဟောကြားရဲတဲ့ ဆရာ တော်အဖြစ် မြန်မာပြည်သူတို့ အလေးအမြတ်ပြုခဲ့တယ်။ ဆက်လက်ပြီး သီတဂူဘုန်းကြီးဟာ ဗုဒ္ဓတက္ကသိုလ် တွေ တည်၊ ဆေးရုံတွေတည်နဲ့ လူမှုရေးလုပ်ငန်းတွေမှာလည်း အလုံးအထည်ကြီးကြီးမားမား စွမ်းဆောင်ရည် ကောင်းများစွာ တွေ့ခဲ့ရတာကြောင့် သီတဂူဆိုရင် ပြည်သူအများ လက်ဆယ်ဖြာမိုး ဦးညွှတ်ကြပြီးသားဖြစ်တယ်။ ပြည်သူတွေကြား ထင်ရှားတဲ့ ဆရာတော်တစ်ပါးဖြစ်တာကြောင့်လည်း ကိုယ့်မြို့ကိုယ့်ရွာတရားပွဲတွေ မှာ သီတဂူဘုန်းကြီးဟောပေးဖို့ ဖိတ်လိုက်ကြတာလည်း အလုအယက်။

 

အဲဒီလို ပြည်သူဘက်က ရပ်ခဲ့တဲ့ဘုန်းကြီး၊ ပရဟိတလုပ်ငန်းတွေမှာ ရှေ့ဆုံးတန်းကနေ လုပ်ဆောင် နိုင်ခဲ့တဲ့ ဘုန်းကြီး၊ ဗုဒ္ဓဘာသာကို ပြည်တွင်းတင်မက ပြည်ပနိုင်ငံတွေအထိ ပြန့်ပွားစေခဲ့တဲ့ ဘုန်းကြီး။ ပြီးတော့ သီတဂူဘုန်းကြီးဆိုတာက ဘာသာရေးတင်မက ထိုးထွင်းသိမြင်နှံ့စပ်လွန်းတဲ့ ပညာတတ်၊ အင်္ဂလိပ်စာဆိုရင်လည်း ဂျောင်းဂျောင်းပြေး။

 

သီတဂူဘုန်းကြီးရဲ့ ထင်ရှားတဲ့ စကားတစ်ခွန်းက မဘသအစည်းအဝေးတစ်ခုမှာ သမ္မတသိန်းစိန်ကို နောက်ထပ် ၅ နှစ်သက်တမ်းတစ်ခု တာဝန်ယူစေချင်တယ်လို့ ပြောကြားချက်ပဲဖြစ်တယ်။

 

ဒါပေမဲ့၊ သိန်းစိန်အစိုးရလက်ထက်ရောက်တော့ ဒါဟာ သီတဂူဘုန်းကြီးရဲ့ ဇာတ်မြစ်အမှန်လားလို့ ပြည်သူတွေကြား မေးခွန်းထုတ်လာတဲ့ ဖြစ်ရပ်တွေ တွေ့လာရတော့တယ်။ သီတဂူဘုန်းကြီးရဲ့ ထင်ရှားတဲ့ စကားတစ်ခွန်းက မဘသအစည်းအဝေးတစ်ခုမှာ သမ္မတသိန်းစိန်ကို နောက်ထပ် ၅ နှစ်သက်တမ်းတစ်ခု တာဝန်ယူစေချင်တယ်လို့ ပြောကြားချက်ပဲဖြစ်တယ်။ သိန်းစိန်ဟာ အခု ၅ နှစ်သက်တမ်းအတွင်း သူလုပ်စရာရှိတာတွေ လုပ်လို့ ပြီးဦးမှာမဟုတ်တာကြောင့်လို့ သီတဂူဘုန်းကြီးက ဆိုတယ်။ ပြောရရင် သီတဂူဘုန်းကြီးဟာ စစ်အုပ်စု ဘက်ကနေ မဲဆွယ်ပေးလိုက်ခြင်းဖြစ်တာကြောင့် သီတဂူဘုန်းကြီးဘာလဲဆိုတဲ့ မေးခွန်းထုတ်သံ ကျယ်လောင်စွာ ထွက်ပေါ်ခဲ့တယ်။

 

နောက်တစ်ကြိမ်မှာတော့ သီတဂူဘုန်းကြီးဟာ ဘုန်းကြီးဖြစ်ပေမဲ့ နိုင်ငံရေးလောဘလည်း ရှိနေပါ လားလို့ ပြည်သူတွေ သိရှိလာတော့တယ်။ အဲဒါကတော့ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၄ ရက်၊ ရန်ကုန်မြို့၊ သုဝဏ္ဏ အားကစားရုံမှာ ပြုလုပ်တဲ့ အမျိုးစောင့်ဥပဒေအောင်ပွဲ အထိမ်းအမှတ် အခမ်းအနားမှာ သီတဂူဘုန်းကြီးက အီရန်နိုင်ငံရဲ့အမြင့်ဆုံးမှာရှိတဲ့ ပုဂ္ဂိုလ်ဟာ ဘာသာရေးခေါင်းဆောင်ဖြစ်ကြောင်း မိန့်တယ်။

 

“တပည့်တော်တို့ ပြည်ထောင်စု မြန်မာနိုင်ငံမှာ နိုင်ငံတော် သံဃာ့နာယကအဖွဲ့ကြီးက ဘယ်အခြေအနေမှာ ရှိတယ်ဆိုတာ ဆရာတော်များ အကုန်လုံးသိပါတယ်။ အီရန်မှာ အစ္စလာမ် ဘာသာရေး ခေါင်းဆောင်က ထိပ်ဆုံးမှာ ။ နိုင်ငံရေးမှာလည်း သူ အာဏာပိုင်ပဲ ။ ကျန်းမာရေး၊ ပညာရေး၊ ဘာသာရေးမှာလည်း သူတို့က အာဏာပိုင်ပဲ ဖြစ်မယ်။ အဲဒါကြောင့် မတူတာတွေ အဲလို ရှိတယ် ဆိုတာကို တပည့်တော်တို့ တိုင်းသူပြည်သား ပြည်သူတွေ၊ သံဃာတော်တွေ သိရရင် နောက်တက်စရာ အဆင့်တွေ အများကြီး ရှိနေဦးမယ်လို့ တပည့်တော် ဒီလိုပဲ ယူဆတယ်”လို့ သီတဂူဘုန်းကြီးက မိန့်ခဲ့တယ်။

 

သီတဂူဘုန်းကြီးရဲ့ ဆိုလိုမှုက အစ္စလမ်မစ်နိုင်ငံ အီရန်ရဲ့ ပြဌာန်းချက် ဘာသာရေးခေါင်းဆောင်က နိုင်ငံရဲ့ ထိပ်ဆုံးအာဏာပိုင်ဖြစ်သလို မြန်မာမှာလည်း ဖြစ်အောင် ကြိုးစားကြဖို့၊ သမ္မတရဲ့ အထက်မှာ ဘုန်းကြီးရှိရအောင်လုပ်ကြဖို့ လှုံ့ဆော်လိုက်ခြင်းပဲဖြစ်တယ်။

 

သီတဂူဘုန်းကြီးရဲ့ ဆိုလိုမှုက အစ္စလမ်မစ်နိုင်ငံ အီရန်ရဲ့ ပြဌာန်းချက် ဘာသာရေးခေါင်းဆောင်က နိုင်ငံရဲ့ ထိပ်ဆုံးအာဏာပိုင်ဖြစ်သလို မြန်မာမှာလည်း ဖြစ်အောင် ကြိုးစားကြဖို့၊ သမ္မတရဲ့ အထက်မှာ ဘုန်းကြီးရှိရအောင်လုပ်ကြဖို့ လှုံ့ဆော်လိုက်ခြင်းပဲဖြစ်တယ်။ ဒါကို နောက်တစ်မျိုးဆိုရရင် သီတဂူဘုန်းကြီးဟာ ဘုန်းကြီးတစ်ပါးရရှိနေတဲ့ အခွင့်ဩဇာနဲ့ မတင်းတိမ်နိုင်ဘဲ နိုင်ငံရေးအာဏာအထိ တောင်းဆိုလိုက်ခြင်းဖြစ် တယ်။

 

တကယ်တော့ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့လို့ဆိုတဲ့ မဘသ ဟာ ၂၀၁၂ ခုနှစ်အ တွင်း ဖြစ်ပွားခဲ့တဲ့ လူမျိုးဘာသာအခြေပြု အစွန်းရောက် အကြမ်းဖက်လုပ်ငန်းတွေကနေ သန္ဓေတည်ခဲ့ခြင်းဖြစ်ပြီး မဘသ အကြိုက် အမျိုးစောင့်ဥပဒေကို ပြည်ခိုင်ဖြိုးလွှတ်တော်နဲ့အစိုးရက ပြဌာန်းပေးခဲ့တဲ့အပေါ် အကြောင်းပြုကာ သီတဂူဘုန်းကြီးလည်း မျှော်လင့်ချက်ကြီးစွာနဲ့ သူ့နိုင်ငံရေးလောဘတွေ ထွက်ကျလာပုံရတယ်။

 

ဘုန်းကြီးနဲ့ နိုင်ငံရေးအာဏာ တစ်ကြိမ်တစ်ခါမှတောင် ဆက်စပ်ဖူးခြင်းမရှိတဲ့ မြန်မာပြည်သူတို့က အဲဒီမှာ သီတဂူဘုန်းကြီးကို ခါသွားတော့တယ်။ သီတဂူဘုန်းကြီးဟာ မဘသအဖွဲ့မှာ တာဝန်ယူထားသူမဟုတ်ပေမဲ့ မဘသဖြစ်မြောက်ရေးအတွက် ကူညီခဲ့သူဖြစ်တယ်။ ပြီးတော့ သိန်းစိန်ကို နောက်တစ်ဆက်အာဏာပေးဖို့ ပြောကြားချက်နဲ့  ၂၀၁၅ ရွေးကောက်ပွဲမှာ မဘသ က ပြည်ခိုင်ဖြိုးပါတီအတွက် ဗြောင်ကျကျ မဲဆွယ်ပေးမှုတွေအရ သီတဂူဘုန်းကြီးနဲ့ မဘသဟာ စစ်အုပ်စုအာဏာရရှိရေးအတွက် ရပ်တည်ပေးနေသူဖြစ်ကြောင်း ပေါ်လွင်စေခဲ့တယ်။

 

သီတဂူနဲ့ ပြည်သူကြား ပြဒါးတစ်လမ်းသံတစ်လမ်းဖြစ်သွားကြပေမဲ့ သီတဂူဘုန်းကြီးကလည်း နည်းနည်းလေးမှမလျှော့၊ စစ်အုပ်စုဘက်က ရပ်တည်ကာ NLD အစိုးရကို မဟုတ်မမှန် အချက်အလက်တွေ ကိုးကားကာ ရန်လုပ်ခဲ့ပြန်တယ်။

 

ဒါပေမဲ့၊ ၂၀၁၅ ရွေးကောက်ပွဲမှာ မြန်မာပြည်သူတွေက သီတဂူဘုန်းကြီးနဲ့တကွ မဘသတို့ရဲ့ ဆန္ဒနဲ့ ဆန့်ကျင်ဘက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ကို ပုံအောကာ အာဏာအပ်နှင်းခဲ့တယ်။သီတဂူနဲ့ ပြည်သူကြား ပြဒါးတစ်လမ်းသံတစ်လမ်းဖြစ်သွားကြပေမဲ့ သီတဂူဘုန်းကြီးကလည်း နည်းနည်းလေးမှမလျှော့၊ စစ်အုပ်စုဘက်က ရပ်တည်ကာ NLD အစိုးရကို မဟုတ်မမှန် အချက်အလက်တွေ ကိုးကားကာ ရန်လုပ်ခဲ့ပြန်တယ်။

 

အထင်ရှားဆုံး မဟုတ်မမှန် ရန်လုပ်ခြင်းကတော့ ပုဂံကို ယူနက်စကိုက ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းထဲ ထည့်သွင်းမှုအပေါ် သီတဂူဘုန်းကြီးက မဟုတ်မမှန် အချက်အလက်တွေနဲ့ ကန့်ကွက်ခြင်းပဲဖြစ်တယ်။

 

ပြောရရင် ပုဂံ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်သွားခြင်းဟာ ပုဂံကို အစ္စလာမ်မစ်နိုင်ငံတွေ လက်ထဲ ထိုးအပ်လိုက်သယောင် လိမ်ညာဝါဒဖြန့်ကာ အမျိုးယောင်ယောင်၊ ဘာသာယောင်ယောင်နဲ့ အဓိက ရုဏ်းတွေ ဖန်တီးနေတဲ့ မဘသတွေကို တပ်လှန့်လိုက်ခြင်းပါပဲ။

 

ပုဂံဟာ ယူနက်စကို အသိအမှတ်ပြု ကမ္ဘာ့ယဉ်ကျေးမှူအမွေအနှစ်စာရင်းထဲဝင်သွားလို့ ပြည်သူတွေ ဂုဏ်ယူနေကြတဲ့အချိန်မှာ သီတဂူဘုန်းကြီးက ယူနက်စကိုဆိုတာ အစ္စလာမ်မစ်နိုင်ငံတွေ စုစည်းထားတဲ့ OIC အဖွဲ့နဲ့ အာရပ်သူဌေးတွေ ထောက်ပံ့တဲ့ငွေနဲ့ လည်ပတ်နေတာဖြစ်တယ်။ အဲဒါကြောင့် စေတီပုထိုးများစွာနဲ့ အထင်ကရ မြန်မာ့ယဉ်ကျေးမှုဒေသကို ထိန်းသိမ်းစောင့်ရှောက်မယ့်ငွေဟာ OIC ဆီက ငွေဖြစ်သယောင် ပညာမဲ့ မဘသတစ်ဦးရဲ့ မဟုတ်မမှန် လိမ်လည်ဝါဒဖြန့်မှုမျိုး သီတဂူဘုန်းကြီးက အပြစ်ကျူးခဲ့ပြန်တယ်။

 

ပြောရရင် ပုဂံ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်သွားခြင်းဟာ ပုဂံကို အစ္စလာမ်မစ်နိုင်ငံတွေ လက်ထဲ ထိုးအပ်လိုက်သယောင် လိမ်ညာဝါဒဖြန့်ကာ အမျိုးယောင်ယောင်၊ ဘာသာယောင်ယောင်နဲ့ အဓိက ရုဏ်းတွေ ဖန်တီးနေတဲ့ မဘသတွေကို တပ်လှန့်လိုက်ခြင်းပါပဲ။

 

အရာရာကို နှံ့စပ်ပါတယ်ဆိုတဲ့ ဒေါက်တာဘွဲ့ရ သီတဂူဘုန်းကြီးဟာ ဘာ့ကြောင့် အချက်အလက်အ မှားတွေနဲ့ လိမ်ညာဝါဒဖြန့် တိုက်ခိုက်ခဲ့ရတာပါလဲ။ ကိုယ်မြင်တာသိတာတွေ့တာမှန်သမျှဟာ အမှန်တရားဖြစ်တယ်ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုလွန်ကဲခြင်းကြောင့် ကိုယ်သိတာမှန်၊ မမှန် ဘယ်သူ့ကိုမှ တိုင်ပင်နှီးနှောမှုမရှိခြင်းနဲ့ NLD အစိုးရအပေါ် တိုက်ခိုက်လိုစိတ် လွန်ကဲနေခြင်းကြောင့်လို့ နားလည်ရတယ်။

 

အဓိပတိဆရာတော်ကြီးတစ်ပါးဟာ အခြေခံသီလ မလုံခြုံစွာနဲ့ လိမ်ညာဝါဒဖြန့်ရဲတာကို ပြည်သူတွေ အံ့အားသင့်ကြရတယ်။

 

အဓိပတိဆရာတော်ကြီးတစ်ပါးဟာ အခြေခံသီလ မလုံခြုံစွာနဲ့ လိမ်ညာဝါဒဖြန့်ရဲတာကို ပြည်သူတွေ အံ့အားသင့်ကြရတယ်။ ၂၀၂၁ ခုနှစ်၊ စစ်တပ်က မအောင်မြင်တဲ့ အာဏာသိမ်းပွဲ စတင်ပြီးနောက် သီတဂူဘုန်းကြီးက သွေးစွန်းနေတဲ့ မင်းအောင်လှိုင်ကို သဒ္ဓါ၊ ပညာနဲ့ ပြည့်စုံတဲ့မင်းလို့ လူသိရှင်ကြား ထုတ်ဖော်ချီးကျူးလိုက်ချိန်မှာ ပညာကြီးပါတယ်ဆိုတဲ့ ဘုန်းကြီး ဓမ္မနဲ့အဓမ္မကိုတောင် ခွဲခြားနိုင်ခြင်းမရှိတာကြောင့် ပြည်သူတွေ အံ့အားသင့်ကြရတယ်။

 

ပြည်သူကို ကျောခိုင်းရုံတင်မက ပြည်သူသတ် မင်းအောင်လှိုင်ဘက် ပြတ်သားစွာ ရပ်တည်ခဲ့လေ တော့ ပြည်သူတွေ ရွံရှာကြတာ ဘယ်ဆန်းမလဲ။အဲဒီမှာ သီတဂူဘုန်းကြီး ပွဲပြီးသွားတယ်။

~~~~

            

ထွန်းလင်း

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။