တနေ့က နိုင်ငံတကာ အကြပ်အတည်းများလေ့လာရေးအဖွဲ့ ( ICG ) က မြန်မာပဋိပက္ခကို တာဝန်ခံရေးသားတဲ့ ပုဂ္ဂိုလ်ရဲ့ အင်တာဗျူးတစ်ခု နားထောင်ရပါတယ်။ သူပြောတဲ့ မြန်မာနိုင်ငံဟာ တစစီ ဖြစ်သွားနိုင်တယ်ဆိုတဲ့စကားက ဘော်လ်ကန်နိုက်ဇေးရှင်းလိုပုံစံကိုပြောတာမဟုတ်ဘူး။ နယ်မြေတခုမှာ ကိုယ်ပိုင်တပ်တခုစီနဲ့ ကိုယ်ပိုင်အုပ်ချုပ်ကြတော့မယ့် ပုံစံမျိုးကိုဆိုလိုတာပါလို့ သူ့ စကားကို သူပြန်ဖြေရှင်းသွားတာ တွေ့ရပါတယ်။ သူတို့အစီရင်ခံစာအရ မြန်မာဟာ နိုင်ငံအချို့အဖြစ် ကွဲထွက်သွားနိုင်တယ်လို့ ယူဆစရာဖြစ်လာပြီး ဒီအမြင်အပေါ် ဝေဖန်မှုတွေများလာလို့ ပြန်ပီးဖြေရှင်းတယ် ထင်ပါတယ်။ မြန်မာ့အရေးဟာ ပြင်ပပညာရှင်များ နိုင်ငံရေးအကဲခတ်များအတွက် အမယ်ဘုတ်ရဲ့သူ့ချည်ခင်လို ရှုပ်ထွေးလှပြီး ဖြေရှင်းလို့မရနိုင် သို့မဟုတ် ဖြေရှင်းရင်လဲတစစီဖြစ်သွားနိုင်တယ်လို့ အလွယ်ထင်ကြတာ ဖြစ်ပုံရပါတယ်။
အိန္ဒိယမှာ ဒီမိုကရေစီတည်တန့်နေတဲ့အချက်တွေထဲမှာ အရေးကြီးဆုံး အချက်ဖြစ်နိုင်ခြေက သူတို့ဆီမှာ အလွန် greedy ဖြစ်တဲ့ စစ်ခေါင်းဆောင်တွေ ရှိမနေတဲ့အချက်လို့ ဆိုရမှာပါ။
မြန်မာ့အရေးဟာ တကယ်ပဲရှုပ်ထွေးနေသလားလို့မေးရင် အခြားနိုင်ငံတွေ ရှုပ်သလောက်ပဲရှုပ်တာပါလို့ဖြေရမှာပါ။ မြန်မာနဲ့ သမိုင်းကြောင်းရော လူမျိုးဖွဲ့တည်ပုံတွေပါအလွန် နီးစပ်တဲ့ အိန္ဒိယလိုနိုင်ငံမှာ မြန်မာထက် အများကြီးပိုရှုပ်ပါတယ်။ ဒီမိုကရေစီစနစ်အောက်မှာ လူမျိုးရေးရာပြသနာတွေကို တဆင့်ချင်းမှန်မှန်ကန်ကန်ဖြေရှင်းတည်ဆောက်ခဲ့ကြလို့ မြန်မာလိုအသည်းအသန်ပြသနာမျိုး မကြုံကြရတာဖြစ်တယ်။ ဒါတောင်မှ လွန်ခဲ့တဲ့ နှစ်ဝက်လောက်က မဏိပူမှာ ကသည်းနဲ့ ကွတ်ကီးတွေကြား ပြသနာအတော်ဖြစ်လိုက်သေးတာပါ။ ဒါပေမယ့် သူတို့ဖြေရှင်းနိုင်ခဲ့ပါတယ်။ အိန္ဒိယမှာ ဒီမိုကရေစီတည်တန့်နေတဲ့အချက်တွေထဲမှာ အရေးကြီးဆုံး အချက်ဖြစ်နိုင်ခြေက သူတို့ဆီမှာ အလွန် greedy ဖြစ်တဲ့ စစ်ခေါင်းဆောင်တွေ ရှိမနေတဲ့အချက်လို့ ဆိုရမှာပါ။
မြန်မာ့နိုင်ငံရေးမှာ စစ်တပ်ဘယ်လိုနေရာရလာခဲ့သလဲဆိုတာကိုရေးမယ်ဆိုရင် လွတ်လပ်ရေးကြိုးပမ်းမှုကာလလောက်က စကြရမှာဖြစ်လို့ အလွန်ရှည်လျားသွားပါလိမ့်မယ်။ သေချာတဲ့အချက်ကိုပဲ ခပ်တိုတိုပြောကြမယ်ဆိုရင်တော့ စစ်တပ်နေရာရလာတဲ့ ၆၂ ခုနှစ်ကစလို့ မြန်မာနိုင်ငံဟာ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေးပါမကျန် နယ်ပယ်ပေါင်းစုံမှာ တစတစ ဆုတ်ယုတ်လာတာဖြစ်ပြီး အခုမအလ လက်ထက်မှာ အဆိုးဆုံးဖြစ်လာတာကတော့ ငြင်းလို့မရတဲ့အချက်ပဲ ဖြစ်တယ်။ ၆၂ ခုနှစ်ကနေ ၂၀၂၄ အထိ ကြားကာလမှာ ပြီးခဲ့တဲ့ အရပ်သားအစိုးရလက်ထက် ၅ နှစ်တာကလွဲလို့ စစ်တပ်ပဲကြီးစိုးလာတာပါ၊ ပြောမယ်ဆိုရင် ပြီးခဲ့တဲ့ အရပ်သားအစိုးရ ၅ နှစ်တာအတွင်းမှာတောင် စစ်တပ်ကဝင်ပြီး ထော်လော်ကန့်လန့်လုပ်တာတွေကြောင့် ပြသနာအတော် ဖြစ်ခဲ့တာပါ၊ ဥပမာ စစ်တပ်ရဲ့ မိုက်မဲစွာလုပ်ဆောင်မှုတွေကြောင့် ရိုဟင်ဂျာကိစ္စနဲ့ ကမ္ဘာ့ခုံရုံးအထိရောက်နေတဲ့ကိစ္စမျိုး၊ နောက်ပြီး တိုင်းရင်းသားများနဲ့ အရပ်သားအစိုးရကြား အထင်မြင်လွဲမှားအောင်လုပ်ခဲ့တဲ့ကိစ္စမျိုးတွေပါပဲ။ ဒါတွေက ခုထိရှင်းနေရတာဖြစ်ပြီး နောင်လည်း ဆက်ရှင်းကြရအုံးမှာ ဖြစ်တယ်။
ရှမ်းမြောက်က ကချင်တွေမှာ ဆိုရိုးတခုရှိပါတယ်။ အဲဒါက" ရှမ်းမြေပြန့်မှာနေ ကချင်တောင်ပေါ်မှာနေ ပလောင်တောင်ထိပ်မှာနေ " ဆိုတာဖြစ်တယ်။ ဆိုလိုတာတာက မြန်မာမှာရှိတဲ့ လူမျိုးအားလုံးဟာ နှစ်ထောင်ချီပြီး အတူ ရောထွေးနေထိုင်ခဲ့ကြတယ်ဆိုတာပါပဲ။
စစ်တပ်နေရာရလာပုံ မပြောတော့ပေမယ့် မြန်မာရဲ့ နှစ်ထောင်ချီတဲ့သမိုင်း ဘယ်လိုဖြစ်တည်လာလဲဆိုတာတော့ တီးမိခေါက်မိရှိဖို့လိုတဲ့အတွက် အနည်းငယ်လောက်ပြောချင်ပါတယ်။ ဒေါက်တာသန်းထွန်းရဲ့ မြန်မာမင်းများ အမိန့်တော်ပေါင်းချုပ် ဆယ်စောင်တွဲကြီးမှာ ရှေးဗမာဘုရင်တွေလက်ထက်က စော်ဘွား၊ စောဖြာများနဲ့ ဆက်ဆံရေးတွေ ပါဝင်ပါတယ်။ ကုန်းဘောင်မင်းဆက် အမိန့်တော်တွေရဲ့ ၆ ပုံတစ်ပုံလောက်ဟာ ရှမ်းပြည်နယ်အတွက် ထုတ်ပြန်တဲ့ အမိန့်တွေ ဖြစ်ပါတယ်။ အဲဒီထဲမှာ စစ်ရေးနဲ့ ပတ်သက်တဲ့အမိန့်တော် ၆၀ ကျော်ရှိတဲ့ထဲက ရှမ်းမြောက် ရှမ်းတောင်နဲ့ ရှမ်းအရှေ့ဆိုပြီးခွဲလိုက်ရင် ရှမ်းအရှေ့အတွက် ထုတ်ပြန်တဲ့စစ်ရေးအမိန့်က ပိုများတာ ဖြစ်တယ်။ ရှမ်းအရှေ့ဆိုတာ ကျိုင်းတုံပတ်လည်နဲ့ အရှေ့ဘက် ကျိုင်းရုံးကြီး( ရှစ်ဆောင်ပန်းနား) အထိကို ဆိုလိုတာပါ။ ဒီနေရာတွေဟာ ခုချိန်မှာ ရွှေတြိဂံလို့ ခေါ်တဲ့ နေရာတွေပါပဲ။ ဒေါ်ရသီဝုဒ်မင်းရဲ့ ခေတ်မြန်မာတည်ဟန်စာအုပ်မှာဖတ်ကြည့်ရင် တရုတ်မြန်မာနယ်ခြားသတ်မှတ်ရာမှာ အင်္ဂလိပ်အရာရှိတွေက နယ်စပ်တွေအထိသွားပြီး အဲဒီနေရာတွေဟာ တရုတ်သြဇာပိုရောက်ခဲ့သလား ဗမာဘုရင်သြဇာပိုရောက်ခဲ့သလားဆိုတာ လေ့လာပြီးမှ သံလွင်ရေဝေကြောကို နယ်နမိတ်သတ်မှတ်ခဲ့တာဖြစ်ကြောင်း တွေ့ရပါမယ်။ ဒေါက်တာသန်းထွန်းရဲ့ ပုဂံအကြောင်းရေးတဲ့ ဆောင်းပါးတွေမှာ ပုဂံအနီးနားမှာ လဝ(ဝ) ရွာတွေရှိခဲ့ကြောင်း ရေးခဲ့သလို ဝနယ် UWSA ကထုတ်တဲ့စာအုပ်မှာ ဝတွေ မြန်မာအလယ်ပိုင်းမှာနေခဲ့ကြောင်း အကိုးအကားများနဲ့ ဖော်ပြထားတာပါ။ ရှမ်းမြောက်က ကချင်တွေမှာ ဆိုရိုးတခုရှိပါတယ်။ အဲဒါက" ရှမ်းမြေပြန့်မှာနေ ကချင်တောင်ပေါ်မှာနေ ပလောင်တောင်ထိပ်မှာနေ " ဆိုတာဖြစ်တယ်။ ဆိုလိုတာတာက မြန်မာမှာရှိတဲ့ လူမျိုးအားလုံးဟာ နှစ်ထောင်ချီပြီး အတူ ရောထွေးနေထိုင်ခဲ့ကြတယ်ဆိုတာပါပဲ။ ဒါက ဥရောပမှာ လူမျိုးငယ်လေးတွေ နိုင်ငံငယ်လေးတွေနဲ့ နေခဲ့ကြပုံ၊ အဲဒီနိုင်ငံငယ်လေးတွေဟာ အားကောင်းလာတဲ့ အင်ပါယာကြီးတခုရဲ့ လက်အောက်ကိုကျသွားလိုက် အဲဒီအင်ပါယာပြိုကွဲတဲ့အခါ ပြန်လွတ်လပ်လာလိုက်ဆိုတဲ့ ပုံစံနဲ့ မတူသလို တရုတ်လို နှစ်ထောင်ချီကတည်းက ဟန်လူမျိုးကြီးက လွှမ်းမိုးပီး လူဦးရေပေါက်ကွဲလာတာမျိုးနဲ့လဲမတူပါဘူး။ အနီးစပ်ဆုံးတူတာက အိန္ဒိယပုံစံနဲ့ ပိုတူတာပါ။ အထူးသဖြင့် မြန်မာနဲ့ထိစပ်နေတဲ့ အာသံ၊ မဏိပူ၊ မီဇိုရမ်၊ နာဂလင်း၊ ထရီပူရ၊ အရူနာချာပရာဒက်ရ်၊ မဟာလာရာ စတဲ့ပြည်နယ်တွေပေါင်း စည်းထားတဲ့ ပုံစံမျိုးပါ။
အိန္ဒိယ အနောက်မြောက်ဒေသလို့ခေါ်တဲ့ ဒီ ညီအမ ၇ ဖော်ပြည်နယ်တွေရှိတဲ့နေရာဟာ အင်္ဂလိပ်အုပ်ချုပ်မှုအောက် ၁၉ ရာစုမှာ ပေါ်ပေါက်လာတာပါ။ ၁၈၃၉ ခု ကနေ ၁၈၇၃ အထိ ဘင်္ဂလားပြည်နယ်ထဲမှာ ထည့်ထားတာဖြစ်တယ်။ ၁၉၄၇ ခု လွတ်လပ်ရေးရမှ အာသံ ၊ မဏိပူ နဲ့ ထရီပူရတို့ကို စဖွဲ့တာဖြစ်တယ်။ မဟာလာရာက ၁၉၇၂ ခုနှစ်မှာစဖွဲ့တာဖြစ်ပြီး အရူနာချာပရာဒက်ရှ်ကတော့ နောက်ဆုံးမှဖွဲ့တာပါ။ အိန္ဒိယမှာ လူမျိုးတွေရဲ့ စီးပွားရေးမြင့်တက်မှု ကိုယ်ပိုင်အုပ်ချုပ်မှုစွမ်းရည်တွေနဲ့ သူတို့ကိုယ်တိုင်ရဲ့ တောင်းဆိုမှုတွေအရ ပြည်နယ်တွေကို တခုချင်း တဆင့်ချင်း တိုးမြှင့်ဖွဲ့စည်းလာတာ ဖြစ်ပါတယ်။ အိန္ဒိယတစ်နိုင်ငံလုံးအဖို့ပြောရင် ၂၀၁၄ လောက်မှာ နောက်ဆုံးပြည်နယ်တခု ထပ်ပြီး ဖွဲ့စည်းခဲ့တာတွေ့ရတာပါ။ မြန်မာမှာတော့ စစ်တပ်က နလပိန်းတုံးတွေ၊ တစောက်ကန်းတွေက ဒီလို ဖက်ဒရယ်သဘောဆောင်တဲ့ ဖွဲ့စည်းမှုတွေ၊ အခြေနေအကြောင်းအချက် ရင့်မှည့်လာတဲ့ အချိန်ဆောင်ရွက်ရမယ့်ကိစ္စတွေကို ဘယ်လိုမှ နားလည်နိုင်စွမ်းမရှိတဲ့အတွက် လက်နက်ကိုင်တောင်းဆိုမှရတဲ့ဘဝကို ရောက်ကုန်ကြတာ ဖြစ်ပါတယ်။
အိန္ဒိယက ညီအမ ၇ ဖော်ပြည်နယ်တွေ အကြောင်းကို ရေးရာမှာ သူတို့ဟာ အချင်းချင်း heighly dependent on each another လို့ရေးတာဖြစ်တယ်။ မြန်မာကလည်း ဒီအတိုင်းပါပဲ၊ နယ်စပ်ဒေသတလျောက်ရှိတဲ့ လူနည်းစုလူမျိုးတွေနဲ့မြေပြန့်က လူမျိုးတွေကြား အပြန်အလှန်မှီခိုမှုက အားကောင်းစွာရှိနေတာဖြစ်တယ်။
ဒါပေမယ့် ဒီလိုလက်နက်ကိုင်တောင်းဆိုကြတာကြောင့် တိုင်းပြည်တစစီဖြစ်နိုင်တယ်လို့ ICG ပုဂ္ဂိုလ် လိုရာဆွဲ သုံးသပ်သလိုလုပ်လို့ မရပါဘူး။ လတ်တလော အာရက္ခတပ်တော်က စစ်ဦးစီးချုပ်ရဲ့ အင်တာဗျူးကို နားထောင်ကြည့်ရင်ကို သိနိုင်ပါတယ်။ နယ်စပ်ဒေသတွေရဲ့အခြေအနေ အလွန်အကဲဆတ်တာကို သူတို့သိပါတယ်။ အိန္ဒိယက ညီအမ ၇ ဖော်ပြည်နယ်တွေ အကြောင်းကို ရေးရာမှာ သူတို့ဟာ အချင်းချင်း heighly dependent on each another လို့ရေးတာဖြစ်တယ်။ မြန်မာကလည်း ဒီအတိုင်းပါပဲ၊ နယ်စပ်ဒေသတလျောက်ရှိတဲ့ လူနည်းစုလူမျိုးတွေနဲ့မြေပြန့်က လူမျိုးတွေကြား အပြန်အလှန်မှီခိုမှုက အားကောင်းစွာရှိနေတာဖြစ်တယ်။ နှစ်ထောင်ချီပြီးတည်ရှိခဲ့တဲ့ ယဥ်ကျေးမှုနဲ့ စီးပွားရေးကူးလူးဆက်ဆံမှုတွေဟာ ဘယ်စစ်အင်အားကမှ တားဆီးလို့မရအောင် ခိုင်မြဲနေတာဖြစ်တယ်။ ဗိုလ်ချုပ်အောင်ဆန်းက အောင်ဆန်းအက်တလီစာချုပ်အတွက် ဗြိတိသျှ ကိုသွားတဲ့အချိန်က ပြောတာရှိပါတယ်။ "တောင်တန်းဒေသနဲ့ မြေပြန့်ကလူတွေကြားကွာခြားတာတခုပဲရှိတယ်။ အဲဒါက သူတို့ကတောင်တန်းတွေမှာနေကြတာဖြစ်ပြီး ဗမာတွေက မြေပြန့်မှာနေကြတာပဲဖြစ်တယ်" လို့ပြောခဲ့တာပါ။ ဆိုလိုတာက နေရာဒေသကွာတာကလွဲလို့ ကျန်တာအတူတူပဲလို့ပြောတာပါ။ အဲဒီအချိန်က ဗြိတိသျှတွေက တောင်တန်းပြည်မ အရမ်းခွဲခြားဖို့လုပ်နေလို့ ပြောတာဖြစ်တယ်။
ရှမ်းပြည်နယ်မှာ ၂၀၀၈ ဖွဲ့စည်းပုံအရ တိုင်းရင်းသားရေးရာဝန်ကြီး ၇ နေရာရှိတာကို ကြည့်ရင် လူမျိုးစုံဘယ်လောက်ရောထွေးနေထိုင်ကြတယ်ဆိုတာ သိနိုင်ပါတယ်။ ရှမ်းပြည်နယ်မှာ ရှမ်းလူမျိုးက ၃၆% ပဲရှိပြီး ပအို့ ၉% ပလောင် ၇% နဲ့အခြား ဝ၊ ကိုးကန့် ၊ ဓနု ၊အင်းသား၊ လားဟူ၊ လီဆူ ၊ ဂျင်းဖော၊ ကယန်း စသဖြင့် လူမျိုးစုံလင်စွာရှိနေတာပါ။ ဒါက ခုမှမဟုတ်ပဲ နှစ်ထောင်ချီကတည်းကအတူ ယှဥ်တွဲနေထိုင်လာတဲ့ သမိုင်း ကြောင်းရှိခဲ့တာပါ။
မြန်မာဟာ အခြားနိုင်ငံများလို စုစည်းတဲ့ ဖက်ဒရယ်ပုံစံမျိုးမတည်ဆောက်နိုင်ခဲ့တာက စစ်တပ်ရဲ့ အသိဉာဏ်နုံနဲမှု ၊ လူမျိုးကြီးဝါဒကျင့်သုံးမှုတွေကြောင့်သာဖြစ်ပါတယ်။ ဒါကိုခြေဖျက်ကြရာမှာ လူမျိုးတိုင်း လက်နက်ကိုင်ဖို့လိုလာလို့ မလွဲရှောင်သာတဲ့ လမ်းကြောင်းကို လိုက်ကြရတာပါ။
အဲတော့ မြန်မာဟာ အခြားနိုင်ငံများလို စုစည်းတဲ့ ဖက်ဒရယ်ပုံစံမျိုးမတည်ဆောက်နိုင်ခဲ့တာက စစ်တပ်ရဲ့ အသိဥာဏ်နုံနဲမှု ၊ လူမျိုးကြီးဝါဒကျင့်သုံးမှုတွေကြောင့်သာဖြစ်ပါတယ်။ ဒါကိုခြေဖျက်ကြရာမှာ လူမျိုးတိုင်း လက်နက်ကိုင်ဖို့လိုလာလို့ မလွဲရှောင်သာတဲ့ လမ်းကြောင်းကို လိုက်ကြရတာပါ။ ဒီလိုလက်နက်ကိုင်ကြတာနဲ့ပဲ တဗိုလ်တမင်း တတောတကြက်ဖဆိုသလို ဖြစ်ကုန်မယ်လို့ အလွယ်တကူ ယူဆတာဟာ အပေါ်မှာ အကြမ်းဖျင်းတင်ပြခဲ့တဲ့ မြန်မာနိုင်ငံဖြစ်တည်လာပုံကို နားမလည်လို့ပဲ ဖြစ်နိုင်ပါတယ်။ ဒီလိုပြောတာဟာ စစ်တပ်စိုးမိုးမှုမရှိတော့တာနဲ့ ပြဿနာအရပ်ရပ် ပြေလည်သွားမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ စစ်တပ်စိုးမိုးမှုမရှိတော့ဘူးဆိုတဲ့ အဓိပ္ပါယ်က မြန်မာဟာ မှန်ကန်တဲ့ လမ်းကြောင်းပေါ်ရောက်ဖို့ ဆွေးနွေး ညှိနှိုင်းအဖြေရှာတဲ့ ဖြစ်စဥ်ကြီးကို အေးဆေးစွာ အကြမ်းဖက်မှုမပါပဲ သွားလို့ရပြီဆိုတဲ့ အဓိပ္ပါယ်ပါ။ ဒီဖြစ်စဥ်ဟာ စစ်တပ်ကို နိုင်ငံရေးက ဖယ်ထုတ်ရတာထက် ဆယ်ဆလောက် ပိုလွယ်ကူမယ်ဆိုတာပြောလို့ရပါတယ်။ အခုလို အရမ်းကောက်ချက်ဆွဲမှုတွေဟာ မြန်မာ့အရေး ရိုးရိုးပဲစိတ်ပူကြတာလား။ အချွန်ကလေးတွေနဲ့မကြတာလား။ ဆရာကြီးပဲလုပ်လိုတာလားမသိနိုင်ပေမယ့် လက်ရှိတော်လှန်ရေးလုပ်ငန်းတွေအတွက် အကျိုးမများတာကတော့ သေချာနေကြောင်းပါဗျာ။
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။