တိုင်းပြည်ပြိုကွဲတယ်ဆိုတာဘာလဲ။ အများအားဖြင့်တော့ ဘော်လ်ကန်ဒေသမှာဖြစ်ခဲ့တဲ့ ယူဂိုဆလပ်ဖ် ကနေ နိုင်ငံ ၄ ခုလောက်ကွဲသွားတာကို ရည်ညွှန်းကြတာပါ။ အရင် နဝတ လက်ထက်ကတောင် ဘော်လ်ကန် နိုက်ဇေးရှင်း လိုဖြစ်မယ်။ စစ်တပ်လက်အောက်သာနေကြဆိုပြီး ကြွေးကြော်သံတွေထုတ် သီချင်းစပ်ဆိုကြ လုပ်ခဲ့ကြသေးတာပါပဲ။ တကယ်တော့ ဘော်လ်ကန်ဒေသက သူ့သမိုင်းကြောင်း ထူးခြားချက်အရ သူဖြစ်လာတာ၊ ဥရောပ သမိုင်းကြောင်းတွေ၊ အင်ပါယာအဟောင်းတွေပြိုကွဲပြီး အင်ပါယာအသစ်တွေ ဖြစ်ထွန်းလာကြတဲ့သမိုင်းတွေ ၊ ဒုတိယကမ္ဘာစစ်လို စစ်မီးကြီးတွေရဲ့ ရိုက်ခတ်ချက်တွေ၊ ကွန်မြူနစ်ဝါဒအားကောင်းလာမှုတွေ စစ်အေးခေတ်ပြီးဆုံးသွားမှုတွေ စတဲ့ သမိုင်းအဆက်အစပ်ပေါင်းများစွာကြောင့် ဖြစ်လာတာပါ၊ နဂိုက တစ်နိုင်ငံစီရှိလာကြတဲ့ လူမျိုးတွေဟာ ကွန်မြူနစ်ကော်ကြမ်းကြီး အားပြော့သွားချိန်မှာ နိုင်ငံငယ်တွေအဖြစ် ဖြစ်ပေါ်လာကြတာပဲဖြစ်ပါတယ်။
အဲဒီစကားရဲ့အဓိပ္ပါယ်က မြန်မာ့နိုင်ငံရေးမှာ စစ်တပ် ဆက်ရှိဖို့လိုနေတယ်ဆိုတာပါပဲ။ ခပ်ရိုင်းရိုင်းပြောရရင် မင်းတို့ စစ်ဖိနပ်အောက်ရှိနေမှ တည်ငြိမ်မယ် မပြိုကွဲမှာ ဆိုတဲ့သဘောပါပဲ။
စစ်တပ်ကတော့ အဲဒီဘော်လ်ကန်နိုက်ဇေးရှင်းဆိုတဲ့ ဒေဝေါကြီးနဲ့ ခြောက်ပြီး တိုင်းပြည်ကို စစ်ဖိနပ်အောက် ထာဝရရှိဖို့ ကြိုးစားခဲ့တာဖြစ်တယ်။ ခုတော့ စစ်တပ်က ဒီစကားမပြောပဲ ပြည်ပက အလွန်စိုးရိမ်တတ်တဲ့ အဖွဲ့အစည်းတချို့က တွင်တွင်ကြီးပြောလာကြတာဖြစ်နေတယ်။ အဲဒီစကားရဲ့အဓိပ္ပါယ်က မြန်မာ့နိုင်ငံရေးမှာ စစ်တပ် ဆက်ရှိဖို့လိုနေတယ်ဆိုတာပါပဲ။ ခပ်ရိုင်းရိုင်းပြောရရင် မင်းတို့ စစ်ဖိနပ်အောက်ရှိနေမှ တည်ငြိမ်မယ် မပြိုကွဲမှာ ဆိုတဲ့သဘောပါပဲ။ သူတို့က အဲသလို ရည်ရွယ်တာ ဟုတ်ချင်မှ ဟုတ်မှာပါ။ ဒါပေမယ့် လက်တွေ့ကတော့ အဲဒီအတိုင်းလို့ပဲ ယူဆနိုင်တာဖြစ်တယ်၊။မြန်မာပြည်သူတွေအဖို့ ဒီစကားတွေက ရိုးနေပြီးသားပါ။ ၆၂ ခုနှစ် စစ်တပ်အာဏာသိမ်းတုန်းကလဲ တိုင်းပြည်ချောက်ထဲကျဖို့ လက်တလုံးအလိုမှာ ကယ်တင်ခဲ့ရတာလို့ပြောခဲ့တာပဲမဟုတ်လား။ ၈၉ , ၉၀ ကျတော့လဲ ဖွဲ့စည်းပုံ ဥပဒေမရှိပဲ အုပ်ချုပ်ရင် ဘော်လ်ကန်နိုက်ဇေးရှင်းဖြစ်မယ်ဆိုပြီး မဲအပြတ်အသတ်နိုင်ထားတဲ့ပါတီကို အစိုးရဖွဲ့ခွင့်မပေးပဲ အာဏာသိမ်းခဲ့ကြတာပါပဲ။ ၂၀၂၁ ကတော့ သိကြတဲ့အတိုင်း အာဏာထိမ်းတာပါ။ မဲမသမာမှုရှိလို့ပါဆိုပြီး ကြောင်ချီးလို ပျော့ပျော့လေးနဲ့ နောက်နှစ် ၂၀ လောက် တိုင်းပြည်ကို စစ်ဖိနပ်အောက်ထဲ့ထားဖို့ လုပ်တာပါပဲ။ ပြည်သူလူထုက လက်မခံတော့ ဘီလူးဆိုင်းတီးတော့တာပဲမဟုတ်လား။ အခု ၃ နှစ်စွန်းလာတဲ့အခါမှာတော့ ဘီလူးဆိုင်းကနေ မသာဆိုင်းဖြစ်သွားပါပြီ၊ မအလတပ်တွေ သောက်သောက်လဲသေ။ စခန်းတွေအသားကုန်စွန့်ပြေးရနဲ့ဆိုတော့ တိုင်းပြည်ပြိုကွဲနိုင်တယ်ဆိုတဲ့လေသံတွေထွက်လာတော့တာပါပဲ။
မြန်မာနဲ့ သမိုင်းကြောင်းရော လူမျိုးအလိုက်ဖွဲ့တည်နေထိုင်ကြပုံတွေမှာပါ အနီးစပ်ဆုံးဖြစ်တဲ့ အိန္ဒိယလိုနိုင်ငံကိုတော့ လေ့လာဖူးသူ ခပ်ရှားရှားပါပဲ။ အများစု ဒိုနာတွေက ဥရောပက ဆိုတော့ သူတို့သန်ရာသန်ရာ လုပ်ကြတာပါပဲ။
တကယ်တော့မြန်မာဟာ အရှေ့တောင်အာရှ နိုင်ငံတခုဖြစ်တာနဲ့အညီ ဥရောပနဲ့မတူသလို အမေရိကန်ဖြစ်တည်လာပုံတွေနဲ့လဲမတူညီပါဘူး။ ဒါပေမယ့် ဦးသိန်းစိန်လက်ထက်ရော NLD လက်ထက်မှာပါ ဥရောပ ဒိုနာနောက်ခံ INGO တွေက မြန်မာက တက်ကြွသူတွေ နိုင်ငံရေးသမားတွေနဲ့ စစ်တပ်ကလူတွေကို ဆွစ်ဇာလန်ခေါ်သွားလိုက် ဂျာမနီဖက်ဒရယ်လေ့လာလိုက်၊ အီတလီက ဆိုးရော့စ်ရဲ့ ကျောက်သားနန်းတော်လို အဆောက်အုံကြီးမှာ ဆွေးနွေးခိုင်းလိုက်နဲ့ အတော်လေးပွဲစည်နေခဲ့တာပါ။ မြန်မာနဲ့ သမိုင်းကြောင်းရော လူမျိုးအလိုက်ဖွဲ့တည်နေထိုင်ကြပုံတွေမှာပါ အနီးစပ်ဆုံးဖြစ်တဲ့ အိန္ဒိယလိုနိုင်ငံကိုတော့ လေ့လာဖူးသူ ခပ်ရှားရှားပါပဲ။ အများစု ဒိုနာတွေက ဥရောပက ဆိုတော့ သူတို့သန်ရာသန်ရာ လုပ်ကြတာပါပဲ။ တကယ်တော့ မြန်မာဟာ အိန္ဒိယလို holding together နိုင်ငံမျိုးပါပဲ။ ခုတော့ မအလကောင်းမှုနဲ့ အသွင်ပြောင်းပြီး comming together ဖြစ်ရတော့မှာပါ။ အရပ်သားအစိုးရသာဆက်ရှိနေပြီး ရေရှည်ဆွေးနွေးနိုင်မယ်ဆိုရင် စစ်တပ်ကလဲ သဘောပေါက်လိုက်လျောခဲ့မယ်ဆိုရင် (သဘောပေါက် လိုက်လျောခဲ့မယ်ဆိုရင်) အိန္ဒိယပုံစံအတိုင်း မြန်မာပဋိပက္ခတွေပြေငြိမ်းသွားနိုင်ပါတယ်၊ ခုတော့ ဗမာလူမျိုးကြီးအပါအဝင် ကိုယ့်ပြည်နယ်ကိုယ်တိုက်ယူနေရမှတော့ အမေရိကန်ပုံစံပေါင်းစည်းမှုမျိုး ခပ်ဆန်ဆန်ဖြစ်ရတော့မှာပါ။
မည်သို့ ပေါင်းစည်းသည်ဖြစ်စေပေါ့လေ မြန်မာရဲ့ demography အရ ကွဲထွက်သွားဖို့ သို့မဟုတ် ခွဲထွက်နေကြဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ ဒါကို လူမျိုးတိုင်းက သဘောပေါက်ကြပြီးဖြစ်ပါတယ်။ တချို့ကလဲ အခု ရှမ်းမြောက်မှာ ဖြစ်နေကြတဲ့ ညီနောင်များကြား၊ kia နဲ့ကြား၊ ရှမ်းတပ်များနဲ့ကြားဖြစ်နေတဲ့ ပြသနာလေးတွေကိုကြည့်ပြီး မကောင်းမြင်ကြတာရှိတယ်။ အမှန်တော့ ဒီလိုကိစ္စတွေပေါ်တာမဆန်းပါဘူး။ ဒါတွေကို ဖြေရှင်းမယ့် ယန္တယားမျိုးထူထောင်ကြရမှာပါ။ အဲဒါက မအလမရှိတဲ့နောက် ညှိနှိုင်းမှုတွေနဲ့ လုပ်လို့ရတဲ့အရာတွေပါ။ သေနတ်သံမထွက်ပဲဖြေရှင်းဖို့ကြိုးစားရင်းနဲ့ နည်းလမ်းတွေ တွေ့လာမှာဖြစ်တယ်။
အဲတော့ ဆယ်တန်းမှာ အမှတ်မကောင်း အခြားအရည်အချင်း (အနုပညာ စာပေ အားကစား စသဖြင့်)ကလည်း ဘာမှမရှိဆိုတဲ့ ဥာဏ်ရည်နိမ့်တဲ့ သူတွေကို အဲဒီကျောင်းက ဘဝင်လေဟတ်သွားအောင် ဘယ်လိုများသင်ကြားပေးခဲ့တယ်ဆိုတာ သိအောင်လုပ်ပြီးမှ မြန်မာ့အရေး ပြောကြရင်ကောင်းမလိုပါပဲ။
အပေါ်ပိုဒ်မှာ စစ်တပ်ကသာ သဘောပေါက်လိုက်လျောခဲ့မယ်ဆိုရင် ဆိုတာကို ကွင်းစကွင်းပိတ်ထဲ့မှာထပ်ပီးဖော်ပြခဲ့တယ်။ အကြောင်းကတော့ စစ်တပ်ဟာ ဘယ်တော့မှ သဘောပေါက်မှာမဟုတ်ပဲ။ ပြည်သူ့ဆန္ဒကို ဘယ်တော့မှလိုက်လျောမှာမဟုတ်ဖူးဆိုတာပြောချင်လို့ပါ။ အနောက်က တွေးခေါ်မြော်မြင်ရေးအဖွဲ့များရော အရှေ့က တရုတ် ဂျပန်တို့ပါ မအလရဲ့ ဒေါ်စိန်အေးသင်ရိုးတွေကို လေ့လာကြဖို့ကောင်းပါတယ်။ စစ်တပ်ထဲမှာ ပေတေပြီး အရေးယူခံရလို့ ဘေးရောက်နေတဲ့ အဲဒီကျောင်းဆင်းမျိုးကတောင် ဒေါ်စိန်အေးကျောင်းကဆင်းရင် ဘယ်အလုပ်မဆိုလုပ်နိုင်ပါတယ်လို့ ပြောနေသေးတာဖြစ်တယ်။ မအလ ကိုယ်တိုင်တပ်ထဲမှာ ကြက်ကလေး ဝက်ကလေးလောက် ရဲဘော်တွေလုပ်အားနဲ့ အလကားမွေးပြီး တိုင်းပြည်စီးပွားရေးကြီးတခုလုံး သူကိုင်တွယ်နိုင်တယ်လို့ ထင်သလိုမျိုး အတူတူပါပဲ။ အဲတော့ ဆယ်တန်းမှာ အမှတ်မကောင်း အခြားအရည်အချင်း (အနုပညာ စာပေ အားကစား စသဖြင့်)ကလည်း ဘာမှမရှိဆိုတဲ့ ဥာဏ်ရည်နိမ့်တဲ့ သူတွေကို အဲဒီကျောင်းက ဘဝင်လေဟတ်သွားအောင် ဘယ်လိုများသင်ကြားပေးခဲ့တယ်ဆိုတာ သိအောင်လုပ်ပြီးမှ မြန်မာ့အရေး ပြောကြရင်ကောင်းမလိုပါပဲ။
တနေ့ကပဲ ရခိုင်က မောရဝတီဗျူဟာ မှူးအပါ စစ်သား ၂၀၀ ကျော် ချေမှုန်းခံလိုက်ရတယ်မဟုတ်လား။ တပ်ရင်းမှူးတယောက် cdm လုပ်တယ်သတင်းထွက်တုန်းက ဇော်မဲလုံးက သူတို့ဆီမှာ အဲဒီအဆင့်မျိုး ထောင်ချီရှိတယ်၊ ဘာမှဂရုစိုက်စရာမလိုသလို ပြောဖူးတယ်။ ခုတော့ မပြောရဲလောက်တော့ဘူး။
ခြုံပြောမယ်ဆိုရင်တော့ စစ်ရေးအရဖိအားပေးရေးဆိုတဲ့ အခုသွားနေတဲ့ လမ်းကြောင်းက အမှန်ဆုံးပါပဲ၊ တနေ့ကပဲ ရခိုင်က မောရဝတီဗျူဟာ မှူးအပါ စစ်သား ၂၀၀ကျော် ချေမှုန်းခံလိုက်ရတယ်မဟုတ်လား။ တပ်ရင်းမှူးတယောက် cdm လုပ်တယ်သတင်းထွက်တုန်းက ဇော်မဲလုံးက သူတို့ဆီမှာ အဲဒီအဆင့်မျိုး ထောင်ချီရှိတယ်၊ ဘာမှဂရုစိုက်စရာမလိုသလို ပြောဖူးတယ်။ ခုတော့ မပြောရဲလောက်တော့ဘူး။ အခုဟာက ဗမခအဆင့် တောင် အများကြီး ပြုတ်နေတာ ၊ ခုခေတ်က ဗျူဟာအဆင့် တပ်ရင်း အဆင့်လောက်ကတော့ ပြင်းတယ်ဆိုတာမျိုး ၊ ပြည်နယ်တွေ ကိစ္စပြီးသလောက်ဖြစ်ရင် ပြည်နယ်ပြည်မ တပြိုင်နက် ထိုးစစ်တွေ လာရတော့မှာပါ။ မအလတို့ မိုးအကုန်ထိ မခံရင် သူမျှော်နေတဲ့ ရွေးကောက်ပွဲကြီး မဖြစ်တော့ဘူးဆိုပြီး တရုတ်ကြီးလဲ လက်မှိုင်ချလောက်ပါပြီ။ ပတ်ဝန်းကျင်နိုင်ငံများ မည်သို့မျှအကူညီကောင်းကောင်းမရတဲ့တိုင် နွေဦးတော်လှန်ရေးကတော့ ရှေ့ကို အရှိန်အဟုန်နဲ့ချီတက်နေတာဖြစ်တယ်။ မကြာခင်အောင်ပွဲကိုမြင်ရတော့မယ်ဆိုတဲ့ အတွေးက လူတိုင်းမှာရိုက်ခတ်လာနေပါတယ်။ ဒါက လက်တွေ့ အမှန်တရားတွေက လာတဲ့ ရိုက်ခတ်ချက်တွေပဲ ဖြစ်လို့ မုချ ဖြစ်လာရမှာပဲ ဖြစ်ကြောင်းပါ။
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။