Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

နိုင်ငံတကာ မသိချင်ယောင်ဆောင်နေတဲ့ မြန်မာငရဲ (Opinion)

လက်ဖက်ရည်ဆိုင်တွေမှာ လူငယ်တွေ ပျောက်ဆုံးနေတာ တော်တော်တောင် ကြာပြီလို့ ရန်ကုန်တိုင်း အတွင်းမြို့ငယ်လေးတစ်မြို့နေ ဆိုင်ပိုင်ရှင် ကိုထွန်းက ပြောတယ်။

 

လက်ဖက်ရည်ဆိုင်ထဲမှာ အိုကြီးအိုမ ငေးငေးငေါင်ငေါင်တွေချည်း။ သူတို့အများစုဟာလည်း အလုပ် အကိုင်အဆင်မပြေ၊ဘာလုပ်လို့ လုပ်ရမယ်မှန်းမသိ၊ ပုံမှန်ဝင်ငွေလည်း မရှိတော့ တချို့ဆို လက်ဖက်ရည်ဆိုင် လာ၊ ရေနွေးကြမ်းသောက်ပြီး ပြန်၊ သောက်တယ်ဆိုတဲ့သူတွေကလည်း အလွန်ဆုံး လက်ဖက်ရည်တစ်ခွက် သောက်တာထက်မပို၊ မုန့်တွေဘာတွေ စားတယ်ဆိုတဲ့ခေတ်ကကုန်သွားပြီလို့လည်း ကိုထွန်းက ဆိုတယ်။

 

 “ကျနော့်ဆိုင်မှာ အရင်တုန်းက မနက်ခင်း အီကြကွေးလေး၊ ဆမူဆာလေး လုပ်သေးတယ်။ အခုကတော့ စားဆီကဈေးကြီးလာတော့ ဘာမုန့်မှ မလုပ်နိုင်တော့ဘူး။ အခုလက်ဖက်ရည်ဆိုင်ကလည်း ဒါမှမဖွင့်ရင် ဘာမှလုပ်စရာမရှိလို့ ဖွင့်နေတာ။  

 

 “ကျနော့်ဆိုင်မှာ အရင်တုန်းက မနက်ခင်း အီကြကွေးလေး၊ ဆမူဆာလေး လုပ်သေးတယ်။ အခုက တော့စားဆီကဈေးကြီးလာတော့ ဘာမုန့်မှ မလုပ်နိုင်တော့ဘူး။ အခုလက်ဖက်ရည်ဆိုင်ကလည်း ဒါမှမဖွင့်ရင် ဘာမှလုပ်စရာမရှိလို့ ဖွင့်နေတာ။ မိသားစု ၃ ယောက် ခြစ်ခြုပ်စားလို့ရရုံပဲရတာ”လို့ ကိုထွန်းတစ်ယောက် ချူသံပါအောင် ညည်းပြတယ်။

 

သူတစ်ယောက်တည်းမဟုတ်၊ ညည်းနေကြတာက စစ်အုပ်စုအသိုင်းအဝိုင်းက ရပေါက်ရလမ်းနည်းတဲ့ ကိုင်ဖျားကိုင်းနားတွေတောင် ညည်းညူနေကြတာဆိုတော့ မြန်မာနိုင်ငံတွင်းနေ မြန်မာမှန်သမျှ မညည်းရင် မြန်မာနိုင်ငံသားမဟုတ်ဘူးလို့ ဆိုရမယ့်ပုံ။ ကမ္ဘာ့ဘဏ်ရဲ့မကြာသေးမီထုတ်ပြန်ချက်က မြန်မာလူဦးရေ ၁၇ သန်းခွဲ ဆင်းရဲတွင်းထဲ ရောက်သွားပြီလို့ဆိုတယ်။

 

သတင်းတွေမှာ ဖတ်လိုက်ရတယ်။ ကမ္ဘာ့ဘဏ်ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေက မှန်နိုင်ပါတယ်။ ဒါပေမဲ့၊ အခုအခြေအနေဟာ သိန်းစိန်လက်ထက်အခြေအနေကို ပြန်ရောက်သွားပြီဆိုတာကိုတော့ လုံးဝလက်ခံလို့မရဘူး။ 

 

 

မအောင်မြင်တဲ့အာဏာသိမ်းပွဲ စတင်ပြီးနောက် သူတို့စစ်ဗိုလ်ချုပ်တွေရဲ့ ဉာဏ်အမျှော်အမြင်ကြီးစွာနဲ့ လုံ့လစိုက်ထုတ်မှုကြောင့် စီးပွားရေးပြန်ဦးမော့လာပြီလို့ မင်းအောင်လှိုင် အရှက်မဲ့ကြွေးကြော်ခဲ့တာမှ မကြာသေး၊ ကမ္ဘာ့ဘဏ်ရဲ့ ထုတ်ပြန်ချက်က ပြည်သူတွေ ဆင်းရဲတွင်းနက်မှုဟာ NLD အစိုးရမတိုင်မီ(၂၀၁၅ ခုနှစ်မ တိုင်ခင်ကာလ)ကအနေအထားကို ပြန်ရောက်သွားပြီလို့ ဆိုရဲ့။

 

ဒါပေမဲ့၊ ကမ္ဘာ့ဘဏ်ရဲ့ အဲဒီထုတ်ပြန်ချက်ကို မှားယွင်းနေတယ်လို့ ရန်ကုန်မြို့၊ လှိုင်မြို့နယ်ထဲမှာနေ ထိုင်တဲ့ အိမ်ရှင်မတစ်ယောက်က ငြင်းချက်ထုတ်လိုက်တယ်။

 

“သတင်းတွေမှာ ဖတ်လိုက်ရတယ်။ ကမ္ဘာ့ဘဏ်ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေက မှန်နိုင်ပါတယ်။ ဒါပေမဲ့၊ အခုအခြေအနေဟာ သိန်းစိန်လက်ထက်အခြေအနေကို ပြန်ရောက်သွားပြီဆိုတာကိုတော့ လုံးဝလက်ခံလို့မရဘူး။ ဘာလို့လဲဆိုတော့ သိန်းစိန်လက်ထက်တောင်မဟုတ်ဘူး။ သန်းရွှေ နောက်ပိုင်းကာလတောင် အခုအခြေအနေထက် သာသေးတယ်”လို့ သူက ဆိုတယ်။

 

“ကျမ ၂၀၀၅ ခုနှစ်လောက်ကစပြီး ဈေးစသွားခဲ့တာ၊ အခုလောက်ဆိုးတဲ့အခြေအနေမျိုး တစ်ခါမှ ရင်မဆိုင်ခဲ့ရဖူးဘူး။ ငွေတစ်သောင်းအိတ်ထဲထည့်ပြီး ဈေးသွားတဲ့ အိမ်ရှင်မရဲ့ ဈေးခြင်းတောင်းမှာ ဘာမှ မယ်မယ်ရရ မပါလာဘူးဆိုတာ အိမ်ရှင်မတွေ အသိဆုံးပဲ”

 

ဆင်းရဲတွင်းနက်မှုအခြေအနေ အညွှန်းကိန်းနဲ့ တိုင်းတာမှုသီအိုရီတွေကို နားမလည်ပေမဲ့ စီးပွားရေး ကျပ်တည်းလာမှုအခြေအနေကို အိမ်ရှင်မတွေက ပိုသိတယ်လို့လည်း သူက ဆက်ပြောတယ်။ မအောင်မြင်တဲ့ အာဏာသိမ်းပွဲနောက်ပိုင်း ၂၀၂၂ ခုနှစ်ကစလို့ အလုံးအရင်းနဲ့ ဖြစ်ပေါ်လာတဲ့ အလုပ်လက်မဲ့ပြဿနာတွေ၊ ငွေကြေးဖောင်းပွမှုနဲ့ ထိုးတက်နေတဲ့ ကုန်ဈေးနှုန်း ကြီးမြင့်မှုပြဿနာတွေဟာ အရင့်အရင်ကာလတွေထက် ပိုကြောက်စရာကောင်းလာတယ်လို့လည်း ဆိုတယ်။

 

“ကျမ ၂၀၀၅ ခုနှစ်လောက်ကစပြီး ဈေးစသွားခဲ့တာ၊ အခုလောက်ဆိုးတဲ့အခြေအနေမျိုး တစ်ခါမှ ရင် မဆိုင်ခဲ့ရဖူးဘူး။ ငွေတစ်သောင်းအိတ်ထဲထည့်ပြီး ဈေးသွားတဲ့ အိမ်ရှင်မရဲ့ ဈေးခြင်းတောင်းမှာ ဘာမှ မယ်မယ် ရရ မပါလာဘူးဆိုတာ အိမ်ရှင်မတွေ အသိဆုံးပဲ”လို့ သူက ဆက်ပြောတယ်။

 

ဘူးသီးတစ်စိတ် ၁၀၀၀ ခေတ်၊ ပဲပြုတ် ၅၀၀ ဖိုးဝယ်ရင် ပဲပြုတ်သည် မဲ့ရွဲ့တာ ခံရတဲ့ ခေတ်၊ ဂေါ်ဖီထုပ် တစ်ထုပ် ၅၀၀၀ ခေတ်၊ ခရမ်းချဉ်သီး ၁၀ သား ၇၀၀ ခေတ်၊ သခွားသီးတစ်လုံး ၅၀၀ ခေတ်…….။ လှိုင်အိမ်ရှင်မ ဒေါသတကြီး တန်းစီရေရွတ်ပြလိုက်တာများ မထစ်မငေါ့။

 

ဆိုးရွာလှတဲ့ စီးပွားရေးအဆင်မပြေမှုတွေကြားထဲ အပြင်ထွက်သွားတဲ့ ကိုယ့်လင်ကိုယ့်သား အိမ်အ ပြန်နည်းနည်းနောက်ကျရင်ကို အိမ်မှာကျန်ခဲ့တဲ့ မိသားစုဝင်တိုင်း စိုးရိမ်ပူပန်နေရတယ်လို့လည်း သူကထပ် ပြောတယ်။

 

“အခု ကျနော်ဆံပင်ဆေးမဆိုးတော့တာ ကြာပြီ။ ဘာလို့လဲဆိုတော့ ကိုယ်ကို စခ တွေက ငယ်တယ် ထင်ပြီး ဖမ်းသွားမှာစိုးလို့ မဆိုးရဲတော့တာ။ နုနေလို့မရတဲ့ခေတ်”

 

ရန်ကုန်မြို့ပေါ်က ကွန်ကရစ်တောအုပ်ထဲ ထွက်သွားတယ်ဆိုတာ သားရဲပေါတဲ့ တောနက်ကြီးထဲ  သားကောင်အရှာထွက်တဲ့ မုဆိုးတွေလိုပဲ အန္တရာယ်များလွန်းလှတယ်လို့ ရန်ကုန်မြို့၊ တောင်ဥက္ကလာ၊ ခုနှစ်ဆူ ဘုရားအနီးနေ အသက် ၅၀ အရွယ်ရှိ အမျိုးသားတစ်ဦးကလည်း ဆိုတယ်။

 

“အခု ကျနော်ဆံပင်ဆေးမဆိုးတော့တာ ကြာပြီ။ ဘာလို့လဲဆိုတော့ ကိုယ်ကို စခ တွေက ငယ်တယ် ထင်ပြီး ဖမ်းသွားမှာစိုးလို့ မဆိုးရဲတော့တာ။ နုနေလို့မရတဲ့ခေတ်”လို့ သူက လေသံပြင်းပြင်းနဲ့ ဆိုတယ်။

 

သူ့ရဲ့အလုပ်က ရန်ကုန်မြို့တွင်း သွင်းကုန်ထုတ်ကုန် ဝန်ဆောင်မှုလုပ်ငန်း ကုမ္ပဏီမန်နေဂျာ။ သက္က ရာဇ် ၂၀၀၀ ဒီဘက်ကတည်းက ဒီအလုပ်လုပ်လာခဲ့တာ အခုကတော့ ကုမ္ပဏီပျက်လုပျက်ခင်အခြေအနေ။ ကုမ္ပဏီပိုင်ရှင်က မရှိမဖြစ်ဝန်ထမ်း ၅ ယောက်လောက်ပဲချန်ထားပြီး ကုမ္ပဏီမပျက်ရင်ပြီးရော ဖြစ်ညှစ်လည် ပတ်နေရတဲ့ဘဝ။

 

ည ၆ နာရီကျော် မီးမလာတဲ့အချိန်တွေမှာ မှတ်တိုင်မှာ ကားစောင့်နေရင်း မျက်လုံးကို အစွမ်းကုန်အလုပ်ခိုင်း နေရ။ ကားမှတ်တိုင်ရှေ့ စစ်ကား ရောက်လာခဲ့ရင် ဘယ်သူမဆို ဘဝပျက်သွားနိုင်တယ်လို့ သူက ဆိုတယ်။

 

“၂၀၁၀ လောက်ကနေ NLD အစိုးရလက်ထက်အထိ ကျနော် တစ်ပတ်မှာ လေး၊ ငါးရက် Red Label သောက်နိုင်တယ်။ အခု ဂရန်းအပြာပဲသောက်နိုင်တော့တယ်။ အဲဒါ ရန်ကုန်မြို့က လူလတ်တန်းစားမိသားစု တွေရဲ့ စီးပွားရေးအခြေအနေလို့ ပြောရင် မမှားဘူး”လို့ သူက ပြောတယ်။

 

အလုပ်အကိုင်တွေ အဆင်မပြေရတဲ့ကြားထဲ အပြင်ထွက်တဲ့အခါ ကိုယ့်ကိုယ်ကိုယ်ပူရ၊ ကိုယ့်သားကို ပူရ။ ည ၆ နာရီကျော် မီးမလာတဲ့အချိန်တွေမှာ မှတ်တိုင်မှာ ကားစောင့်နေရင်း မျက်လုံးကို အစွမ်းကုန်အလုပ်ခိုင်း နေရ။ ကားမှတ်တိုင်ရှေ့ စစ်ကား ရောက်လာခဲ့ရင် ဘယ်သူမဆို ဘဝပျက်သွားနိုင်တယ်လို့ သူက ဆိုတယ်။

 

 

“ကိုယ်တွေ ၅၀ အရွယ်ကို စစ်တပ်ထဲမထည့်ရင်တောင် ပျူစောထီးထဲ ထည့်နိုင်တယ်ဆိုတာ ကျနော့် ခေါင်းထဲ အမြဲတမ်းထည့်ထားတယ်။ ကျနော့်သားက အခု ၂၀ ဆိုတော့ ဘယ်နေ့အိမ်မှာလာဖမ်းပြီး စစ်တပ်ထဲ ထည့်မလဲလို့ ကျနော်တို့ တွေးကြောက်နေရတယ်။ သားကို ညဘက် အိမ်မှာမအိပ်ခိုင်းတာ ဧပြီလကတည်းက” လို့ သူက ဆက်ပြောတယ်။

 

  “ကျနော်တို့လက်ဖက်ရည်ဆိုင်တွေက ဝိုင်ဖိုင်ဖရီးလွှင့်ပေးပြီး စားသုံးသူလာအောင် ပရိုမိုးရှင်းလုပ်ရတာ။ အခု VPN ကို ပြဿနာရှာတော့ ကျနော်ဘယ်နေ့ထောင်ထဲရောက်မလဲ တထိတ်ထိတ်ဖြစ်နေရတယ်”

 

စစ်ကောင်စီရဲ့ ကမ်းကုန်အောင် ဆိုးရွားလွန်းလှတဲ့ ဒုက္ခပေးချက်။ အလုပ်တွေပြုတ်ကြ၊ ဘဝတွေပျက်ကြ၊ လူငယ်တွေ ထွက်ပြေးကြရ၊ အခုနောက်ဆုံးပေါ် ဒုက္ခပေးချက်ကတော့ VPN ။ စစ်ကောင်စီရဲ့ထုံးစံအတိုင်း အမိန့်တစ်ခု ထုတ်ပြန်လိုက်ခြင်းဟာ လက်တစ်ဆုံး နှိုက်လို့ရမယ့်ငွေတွင်းကြီးဖော်ပေးလိုက်တာမျိုးဆိုတော့ သောက်သောက်လဲငွေ ရှာချက်တွေက ဝုန်းဒိုင်းကြဲ။ VPN တွေ့ရင် ငွေညှစ်ချက်က ကျပ်သိန်းနဲ့ချီ။ VPN တွေ့လို့ဆိုပြီး ဖမ်းဆီးခံရရင် ထောင်ကျတာထက်ဆိုးတဲ့ စစ်တပ်ထဲ ရောက်သွားနိုင်တာကြောင့် ရုံးသွားခါနီးဆို VPN ဖျက်၊ ရုံးရောက်ရင် VPN ပြန်ထည့်၊ ရုံးကနေအိမ်ပြန်ခါနီးဆို VPN ပြန်ဖျက် အဲဒီလိုမပျက်မကွက်လုပ်နေရတယ်လို့လည်း ကုမ္ပဏီမန်နေဂျာက ဆိုတယ်။

 

“ကျနော်တို့လက်ဖက်ရည်ဆိုင်တွေက ဝိုင်ဖိုင်ဖရီးလွှင့်ပေးပြီး စားသုံးသူလာအောင် ပရိုမိုးရှင်းလုပ်ရတာ။ အခု VPN ကို ပြဿနာရှာတော့ ကျနော်ဘယ်နေ့ထောင်ထဲရောက်မလဲ တထိတ်ထိတ်ဖြစ်နေရတယ်”လို့ လက်ဖက်ရည်ဆိုင်ပိုင်ရှင် ကိုထွန်းက ပြောတယ်။

 

“အခုဖေ့စ်ဘွတ်ခ်လာသုံးတဲ့သူတွေကိုလည်း သတိပေးနေရတယ်။ သူတို့လည်း တောင်ကြည့်မြောက် ကြည့်နဲ့သုံး၊ကို ယ်လည်းပဲ တထိတ်ထိတ်နဲ့ ကြည့်နေရတယ်”

 

လက်ဖက်ရည်ဆိုင်လာသူတွေက ဆိုင်ထဲရောက်ရင် ဝိုင်ဖိုင်သုံးပြီး ဖေ့စ်ဘွတ်ခ်သုံးကြတဲ့သူတွေချည်း။ စစ်တပ်က ဝင်ဖမ်းလို့ ဖေ့စ်ဘွတ်ခ်သုံးသူ တစ်ယောက်လောက်မိရင်ကို VPN သုံးတဲ့အမှုနဲ့ သူ့ကိုဖမ်းရုံတင်မက ဝိုင်ဖိုင်လွှင့်ပေးတဲ့ ဆိုင်ပိုင်ရှင်ကိုလည်း အမှုတွဲမှာ သေချာနေတာကြောင့် ဝိုင်ဖိုင်ဆက်ပေးမလား၊ မပေးတော့ရင် ကောင်းမလား ဘာလုပ်ရမယ်မှန်းမသိ။

 

“အခုဖေ့စ်ဘွတ်ခ်လာသုံးတဲ့သူတွေကိုလည်း သတိပေးနေရတယ်။ သူတို့လည်း တောင်ကြည့်မြောက် ကြည့်နဲ့သုံး၊ကို ယ်လည်းပဲ တထိတ်ထိတ်နဲ့ ကြည့်နေရတယ်”လို့ ကိုထွန်းက ဆက်ပြောတယ်။

 

ကိုထွန်းတို့မြို့မှာ VPN ဖမ်းတာမျိုးမရှိသေးပေမဲ့ ပြည်သူတွေရဲ့ငွေ အလကားလိုချင်တဲ့နေရာမှာ ထိပ် ဆုံးကဖြစ်တဲ့ စစ်သားတွေက အချိန်မရွေး ဖမ်းနိုင်တယ်မဟုတ်လား။အခု လက်ဖက်ရည်ဆိုင်လာထိုင်သူ တစ်ဝက်လောက်ကလည်း ဖုန်းတောင် ယူမလာရဲတော့ဘူးလို့ ကိုထွန်းက ဆိုတယ်။

 

“မင်းအောင်လှိုင်ဘာလုပ်လုပ် နိုင်ငံတကာက မသိချင်ယောင်ဆောင်နေလို့ ဒီကောင် လုပ်ချင်တိုင်း လုပ်ရဲနေတာ”တဲ့။

 

မြန်မာဟာ ဒုက္ခမျိုးစုံနဲ့ ငရဲပဲ။ ဒီငရဲကို ဖန်တီးနေသူဟာ မင်းအောင်လှိုင်နဲ့ စစ်ဗိုလ်ချုပ် လက်တစ်ဆုပ်တွေပဲ။ မင်းအောင်လှိုင်အတွက် ပြည်သူဆိုတာ ရန်သူပဲ။ အခုလို တစ်မျိုးပြီး တစ်မျိုး ဒုက္ခမျိုးစုံ ဘာ့ကြောင့်ပေး ရဲရတာလဲ။ ကုမ္ပဏီမန်နေဂျာရဲ့ ရှုမြင်ချက်က သိပ်ထိမိလွန်းလှတယ်။

 

“မင်းအောင်လှိုင်ဘာလုပ်လုပ် နိုင်ငံတကာက မသိချင်ယောင်ဆောင်နေလို့ ဒီကောင် လုပ်ချင်တိုင်း လုပ်ရဲနေတာ”တဲ့။

မြန်မာပြည်သူတွေ အဆိုးရွားဆုံး လူ့အခွင့်အရေး ချိုးဖောက်ခံနေရတယ်။ ကဲ၊ ဘယ်သူ ဘာပြောချင်ပါသလဲ။

~~~~

ထွန်းလင်း

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။