Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

မီးပင်လယ်ထဲက လက်ဖက်ရည်ဆိုင် (Essay)

ခေတ်ဆိုးကြီးထဲမှာ လက်ဖက်ရည်ဆိုင်ကိုတောင် နောက်ကျောလုံလုံနဲ့ ထိုင်လို့မရတော့ဘူး လို့ ဆို လိုက်တဲ့ လူငယ်လေးတစ်ဦးရဲ့ စကားသံဟာ သူ့ရဲ့ နားထဲ စူးခနဲ ဝင်ရောက်လာတယ်။

 

ကြည့်လိုက်တော့ လူငယ်လေး ၄ ယောက်၊ အခြေခံပညာအထက်တန်းအဆင့်အရွယ်တွေ။ သူတို့ရဲ့ မျက်နှာတွေက လူငယ်တစ်ယောက်လို ရွှင်လန်းတက်ကြွမှု မရှိ။ သူတို့ရဲ့ စကားဝိုင်းမှာ ရယ်သံတွေမရှိ။သူတို့မှာ လူငယ်နဲ့တူတာဆိုလို့ ဝတ်စားဆင်ယင်မှုတစ်ခုတည်း။

 

“လက်ဖက်ရည်ဆိုင်ထိုင်တာတောင် ပြေးပေါက်ကို အရင်ကြည့်ထားပြီး ပြေးပေါက်နဲ့ နီးတဲ့နေရာ ထိုင် ရတဲ့ဘဝကွာ”လို့ လူငယ်လေးတစ်ဦးက တောက်ခတ်သံနဲ့အတူ ဆိုလိုက်ပြန်တယ်။

 

“လက်ဖက်ရည်ဆိုင်ထိုင်တာတောင် ပြေးပေါက်ကို အရင်ကြည့်ထားပြီး ပြေးပေါက်နဲ့ နီးတဲ့နေရာ ထိုင် ရတဲ့ဘဝကွာ”လို့ လူငယ်လေးတစ်ဦးက တောက်ခတ်သံနဲ့အတူ ဆိုလိုက်ပြန်တယ်။

 

အမှန်ပဲ၊ သူတို့ထိုင်နေတဲ့နေရာက လူငယ်လေးတွေအကြိုက် လက်ဖက်ရည်ဆိုင်ရဲ့ ထိပ်ဆုံးစားပွဲ မ ဟုတ်။ လက်ဖက်ရည်ဆိုင်ရဲ့ အတွင်းကျကျ၊ လက်ဖက်ရည်ဆိုင်ရဲ့ နောက်ဖေးပေါက်နဲ့ နီးတဲ့ ချောင်ကျကျနေရာ။ လူငယ်လေးတွေဟာ ဒီလိုချောင်ကျတဲ့နေရာမျိုး ဘယ်တုန်းက ထိုင်ခဲ့ဖူးလို့လဲ။ ကျနော်တို့ လူငယ်ဘဝတုန်းကလည်း အခုလည်း မိုးလေကင်းတဲ့ ညနေခင်းနဲ့ ညတွေမှာ လမ်းမနဲ့အနီးဆုံးစားပွဲဟာ ကျနော်တို့ရဲ့ နေရာ။ လမ်းမဘေးဖြတ်လျှောက်သွားတဲ့ ကောင်မလေးတွေကို ငေးမလား။ ဖြတ်သွားဖြတ်လာ ကားတွေသာမြင်ရတဲ့ လမ်းမကြီးကို ငေးနေရတာလည်း ဘာမှန်းမသိတဲ့ လူငယ်သဘာဝ လွတ်လပ်မှုအရသာ မဟုတ်လား။

 

လက်ဖက်ရည်ဆိုင်ရဲ့ ချောင်ကျကျနေရာဆိုတာ သတင်းစာဖတ်မယ်၊ စာအုပ်ဖတ်မယ်၊ ဘာမှန်းမသိ တဲ့ တော်ကီတွေ စွတ်လွှတ်မယ်ဆိုတဲ့ ဘဲကြီးတွေရဲ အချက်အချာ။ အခုတော့ သူတို့လူငယ်လေးတွေက ချောင်ကျကျနေရာကိုသာ ရွေးချယ်ထိုင်လာကြ။ ခေတ်ဆိုးကြီးက အဲဒီလို သူတို့ကို သင်ပေးခဲ့တယ်။

 

 သူတို့ဝိုင်းထဲ လူငယ်လေး နောက်တစ်ယောက်ဝင်လာတယ်။ ဒီစားပွဲဝိုင်းကျဉ်းကျဉ်းထဲ  ၂ ယောက် လောက်က လမ်းမကို ကျောပေးထိုင်မှ ထိုင်ရပြုရ အဆင်ပြေမယ်ဆိုပေမဲ့ သူတို့ ၅ ယောက်စလုံးက တိုးတိုးဝှေ့ ဝှေ့ပဲ လမ်းမဘက် မျက်နှာမူကာ လမ်းမကို မျက်ခြေမပြတ်ကြည့်ရင်းသာ ထိုင်ကြတယ်။ လမ်းမကို မျက်ခြေမပြတ်ကြည့်နေဖို့လည်း ခေတ်ဆိုးကြီးက သူတို့ကို သင်ပေးခဲ့ပုံပါပဲ။

 

စစ်သားတွေရောက်လာတာနဲ့ လက်ဖက်ရည်ဆိုင်နောက်ဖေးဘက်ကနေ လွတ်အောင်ပြေးကြဖို့ ချောင်ကျကျစားပွဲဝိုင်းမှာသာ သူတို့ ဝိုင်းဖွဲ့ကြတယ်။ အကြမ်းဖက်စစ်ကောင်စီ အဓမ္မပြဌာန်းခဲ့တဲ့ စစ်မှုထမ်းဥပဒေက သူတို့လူငယ်လေးတွေကို အကြီးအကျယ်ခြောက်လှန့်နေတယ်။

 

လမ်းမကနေ စစ်သားတွေ အချိန်မရွေး ရောက်လာနိုင်တယ်လို့ သူတို့တွက်ဆထားကြတယ်။ စစ်သားတွေရောက်လာတာနဲ့ လက်ဖက်ရည်ဆိုင်နောက်ဖေးဘက်ကနေ လွတ်အောင်ပြေးကြဖို့ ချောင်ကျကျစားပွဲဝိုင်းမှာသာ သူတို့ ဝိုင်းဖွဲ့ကြတယ်။ အကြမ်းဖက်စစ်ကောင်စီ အဓမ္မပြဌာန်းခဲ့တဲ့ စစ်မှုထမ်းဥပဒေက သူတို့လူငယ်လေးတွေကို အကြီးအကျယ်ခြောက်လှန့်နေတယ်။ စစ်မှုထမ်းဥပဒေကို ဆန့်ကျင် စစ်မှုထမ်းဖို့ရာ အကျုံးဝင်တဲ့ လူငယ်များစွာ ထွက်ပြေးတိမ်းရှောင်ကြလေတော့ စစ်တပ်ဟာ စစ်တပ်ထုံးစံအတိုင်း တွေ့ရာမြင်ရာနဲ့ ခရီးသွား လူငယ်တွေကို အဓမ္မဖမ်းကာ စစ်သင်တန်းပို့ဆောင်။ သတင်းအချက်အလက်ခိုင်မာတဲ့ မီဒီယာပလက်ဖောင်းတွေမှာ အဲဒီလိုသတင်းမျိုးတွေကို သူတို့ မကြာခဏ ဖတ်ရှုနေရတာဆိုတော့ အလစ်အငိုက်တစ်ချက်ကြောင့် စစ်တပ်ထဲရောက်ကာ ငယ်ငယ်ရွယ်ရွယ်နဲ့ မသေရင်တောင် ဘဝပျက်သွားတာမျိုး သူတို့ အဖြစ်မခံ။ မနေနိုင်လို့ လက်ဖက်ရည်ဆိုင်လာထိုင်တာတောင် သတိကြီးကြီးထားလို့။

 

ခွေး(စစ်သား)တွေက လူမမိလည်း ဆိုင်ကယ်သိမ်းသွားရင် ကိုယ်ပါနေရင်းထိုင်ရင်း ခွေးဖြစ်သွားမှာဆိုတော့ လက်ဖက်ရည်ဆိုင်ရှေ့မှာ မထားရဲဘူး

 

“မင်းဆိုင်ကယ် ပါမလာဘူးလား”

“ပါလာတယ်လေ။ ဒီနားက ငါတို့အမျိုးအိမ်ထဲ ဝင်ထားထားတာ။ ဆိုင်ကယ်က ၂၆ သိန်းလေ။ ဝယ်ထားတာ မကြာသေးဘူး။ ခွေး(စစ်သား)တွေက လူမမိလည်း ဆိုင်ကယ်သိမ်းသွားရင် ကိုယ်ပါနေရင်းထိုင်ရင်း ခွေးဖြစ်သွားမှာဆိုတော့ လက်ဖက်ရည်ဆိုင်ရှေ့မှာ မထားရဲဘူး”လို့ သူတို့လူငယ်လေးတွေရဲ့ အပြန်အလှန်ပြောကြားချက်ကို ထပ်ကြားရပြန်တယ်။

 

၂၆ သိန်းတန်ဆိုင်ကယ်ဆိုတာက လျှပ်စစ်အားသွင်းပြီး မောင်းရတဲ့ဆိုင်ကယ်။ ကျနော်တို့မြို့ငယ်လေးမှာ ဆိုင်ကယ်မစီးရ အမိန့်ထုတ်ထားတာ ၂ နှစ်တောင် ကျော်ပြီ။ နယ်မြို့တွေရဲ့ ထုံးစံအတိုင်း တစ်အိမ်မှာ အနည်းဆုံး ဆိုင်ကယ်တစ်စီးရှိကြပြီး ဆိုင်ကယ်ကို အားပြုသွားလာနေရာကနေ ဆိုင်ကယ်မစီးရလို့ စစ်တပ်က အမိန့်ထုတ်လိုက်တော့ ဒေသခံတွေအားလုံး ခြေထောက်ရိုက်ချိုးခံရသလိုမျိုး။ PDF တွေက ဆိုင်ကယ်စီးပြီး ဝင်ပစ်လို့ဆိုပြီး PDF ကို ကြောက်တာနဲ့ တလောကလုံး ဆိုင်ကယ်မစီးရ။ စစ်တပ်က သူတို့သေမှာကြောက်တော့ ပြည်သူကို ဒုက္ခပေးချက်က အဲဒီလို ပြတ်ပြတ်သားသား။

 

“ငါကတော့ ရှေ့လဆို ၁၈ နှစ်ပြည့်ပြီကွာ။ ၁၈ နှစ်ပြည့်တာ သေမိန့်ကျသွားသလိုပဲ”လို့ဆိုလိုက်တဲ့ လူငယ်လေးတစ်ဦးရဲ့ မျက်နှာဟာ မှောင်နဲ့မည်းမည်း အုံ့ဆိုင်းနေတာ တွေ့ရပြန်တယ်။

 

ဆိုင်ကယ်မစီးရ စတင်တော့ ရှိတဲ့စက်ဘီး ဖုန်သုတ်ကြရတယ်။ ၆ လလောက်အကြာ ဒီအတိုင်းထား ထားရင် ဆိုင်ကယ်ပျက်ပြီဆိုတော့ အောက်ဈေးနဲ့ ရောင်းထုတ်ခဲ့ကြရတယ်။ ပြီးတော့ စက်ဘီးပုံစံ ဘတ္ထရီဘီးတွေ ပေါ်လာ။ ပြီးတော့ ဘယ်လိုမှ စတိုင်မကျ၊ စက်ဘီးနဲ့လည်း မတူတဲ့ ဘတ္ထရီဘီး။ အခုတော့ ဆိုင်ကယ်ပုံစံ မကျတကျ လျှပ်စစ်ဘီးဆိုလား။ ဈေးနှုန်းက သိန်း ၃၀ ကျော်တန်အထိ။ ပြောရရင် ဒီဘီးတွေကို ဘယ်တော့ ထပ်ပိတ်ဦးမလဲမသိ၊ တထိတ်ထိတ်နဲ့ စီးနေရခြင်းများ။ ကားလည်း မစီးရ၊ စက်ဘီးတောင်မစီးရလို့ ကန့်သတ်လိုက်ရင်လည်း အသေခံပြီး ဘယ်သူစီးဝံ့ပါ့။ အညာမှာ အကြောင်းမဲ့ ပြည်သူ့နေအိမ်တွေ မီးရှို့ခြင်းနဲ့ အိမ်ပေါ်က ပစ္စည်းတွေကို အဓမ္မလုယက်နေသေးတာ။ လူမမိလို့ ဆိုင်ကယ်သိမ်းလိုက်ရင်ရော ဘယ်သူက ဘာများတတ်နိုင်ဦးမှာလဲ။ ဆိုင်ကယ်ကို လက်ဖက်ရည်ဆိုင်ရှေ့ မထားရဲတာလည်း ခေတ်ဆိုးကြီးရဲ့ သင်ကြားချက်တစ်ရပ်မဟုတ်လား။ အစစအရာရာ ထောင့်စေ့အောင် တွေးထားတာတောင် တစ်ချက်ကံဆိုးတာနဲ့ တစ်သက်တာဘဝ ပျက်သွားနိုင်တဲ့ အန္တရာယ်ပတ်လည် နေ့စွဲများ။

 

“ငါကတော့ ရှေ့လဆို ၁၈ နှစ်ပြည့်ပြီကွာ။ ၁၈ နှစ်ပြည့်တာ သေမိန့်ကျသွားသလိုပဲ”လို့ဆိုလိုက်တဲ့ လူငယ်လေးတစ်ဦးရဲ့ မျက်နှာဟာ မှောင်နဲ့မည်းမည်း အုံ့ဆိုင်းနေတာ တွေ့ရပြန်တယ်။

 

“၁၈ နှစ်မပြည့်လည်း ဖမ်းတာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့၊ ၁၈ နှစ်ပြည့်တဲ့သူကျတော့ သေကိုသေရတော့မယ်ဆိုပြီး တရားဝင် သေမိန့်ကျသလို ဖြစ်နေတယ်”

 

“အခုဟာက ၁၈ နှစ်မပြည့်လည်း ဖမ်းပြီး စစ်သင်တန်းပို့နေတာပဲ။ ၁၈ နှစ်မပြည့်သေးလို့လည်း ဘာမှ မထူးဘူး။ အခု ငါ့အသက်က ၁၇ နှစ်ပြည့်ရုံလေးဆိုပေမဲ့ ငါလည်း ကြောက်နေရတာပဲ”လို့ သူတို့ဝိုင်းထဲက နောက်ထပ်လူငယ်လေးတစ်ဦးက ထပ်ပြောတယ်။

 

“၁၈ နှစ်မပြည့်လည်း ဖမ်းတာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့၊ ၁၈ နှစ်ပြည့်တဲ့သူကျတော့ သေကိုသေရတော့မယ်ဆိုပြီး တရားဝင် သေမိန့်ကျသလို ဖြစ်နေတယ်”တဲ့။

 

သူတို့ရဲ့လက်ဖက်ရည်ဝိုင်းက လူငယ်တွေဝိုင်းနဲ့ လုံးဝမတူ။ အငွေ့တလူလူတက်နေတဲ့ မီးခိုးခေါင်း တိုင်ပမာ သက်ပြင်းတွေသာ ထူထူထဲထဲ တလူလူ တလွင့်လွင့်။

 

“အတွင်းထဲမှာပဲ ရှောင်လို့ရသလောက်ရှောင်နေပေါ့ကွာ။ ရှောင်လို့မရတော့ရင် ပြေးပေါ့။ PDF ထဲ ဝင်မလား၊ ထိုင်းဘက်ဝင်ပြေးပြီး အလုပ်တစ်ခု လုပ်မလား။ ကိုယ့်ဘာသာ ကြိုက်တာလုပ်ပေါ့။ 

 

“မင်းမိဘတွေရော ဘယ်လိုစဉ်းစားထားသလဲ”

“အတွင်းထဲမှာပဲ ရှောင်လို့ရသလောက်ရှောင်နေပေါ့ကွာ။ ရှောင်လို့မရတော့ရင် ပြေးပေါ့။ PDF ထဲ ဝင်မလား၊ ထိုင်းဘက်ဝင်ပြေးပြီး အလုပ်တစ်ခု လုပ်မလား။ ကိုယ့်ဘာသာ ကြိုက်တာလုပ်ပေါ့။ ၁၈ နှစ် ပြည့်ပြီဆိုတာနဲ့ စစ်မှုထမ်းဖို့ခေါ်ခေါ်၊ မခေါ်ခေါ် တစ်ခုခုတော့ ဖြစ်အောင်လုပ်ရတော့မယ်။ စစ်တပ်ထဲတော့ မဝင်နိုင်ဘူး”လို့ ၁၈ နှစ်ပြည့်တော့မယ့်လူငယ်လေးက ဆိုတယ်။

 

 အဲဒီနောက် သူတို့ရဲ့စကားဝိုင်း ပြန်ငြိမ်ကျသွားတယ်။ သူတို့အားလုံး အတွေးကိုယ်စီနဲ့ ငေးငေးငေါင် ငေါင် ထူထဲလေးလံလွန်းလှတဲ့ သက်ပြင်းတွေလည်း ကိုယ်စီနဲ့ မီးခိုးခေါင်းတိုင်များ ပမာ။ ၁၀ မိနစ်ကျော်ကြာ သူတို့ဝိုင်း အပ်ကျသံပင်မကြားရ တိတ်ဆိတ်သွားတယ်။

 

ပြီးတော့ ည ၇ နာရီထိုးရုံရှိသေး။ တစ်ယောက်က ပြန်ကြရအောင်လို့ဆိုတော့ အားလုံးသည် တညီတ ညွတ်တည်း။ စောစောစီးစီး အိမ်ပြန်ကြရတယ်ဆိုတာလည်း ခေတ်ဆိုးကြီးကပေးတဲ့ အသိမဟုတ်လား။ ကျနော်တို့ လူငယ်ဘဝ ည ၉ နာရီခွဲ၊ ၁၀ နာရီ ခင်မောင်တိုး၊ စိုင်းထီးဆိုင် တို့လို အငြိမ်လိုင်းနဲ့ ငြိမ့်ငြိမ့်လေးလွမ်းရတာမျိုး သူတို့လူငယ်လေးတွေ ခံစားခွင့် ဘယ်ရမလဲ။

 

“ဒီလကုန်ရင် မင်းတို့ငါ့ကို မြင်ရတော့မှာ မဟုတ်ဘူး”ဆိုတဲ့အသံက ကျနော့်ရင်ဘတ်ထဲ လှုပ်လှုပ်ခတ်ခတ် ကျန်ခဲ့တယ်။

 

သူတို့ လက်ဖက်ရည်ဆိုင်မြင်ကွင်းရှေ့ကနေ ပျောက်ကွယ်သွားကြတယ်။ သူတို့ လက်ဖက်ရည်ဝိုင်းက နေမထွက်ခွာမီ ၁၈ နှစ်ပြည့်တော့မယ့်လူငယ်လေးပြောသွားတဲ့စကား “ဒီလကုန်ရင် မင်းတို့ငါ့ကို မြင်ရတော့မှာ မဟုတ်ဘူး”ဆိုတဲ့အသံက ကျနော့်ရင်ဘတ်ထဲ လှုပ်လှုပ်ခတ်ခတ် ကျန်ခဲ့တယ်။

 

ဘယ်လောက် ဝမ်းနည်းစရာကောင်းလိုက်လေသလဲ။ ကျနော်တို့မြို့လေးက လူငယ်လေးတွေ ကျနော်တို့ မျက်စိရှေ့ကနေပဲ တစစ ပျောက်ကွယ်သွားကြတယ်။ သူတို့ ဘယ်တော့များမှ ဒီမြို့လေးဆီ ပြန်ရောက်ကြမှာလဲ။ နွေဦးတော်လှန်ရေး မပြီးခင် လူငယ်လေးတွေ ဘယ်လောက်များများ ဒီကမ္ဘာမြေပေါ်ကနေ လုံးဝ ပျောက်ကွယ်သွားကြမှာလဲ။

 

ဒီလက်ဖက်ရည်ဆိုင်ထဲ လူငယ်လေးတွေ လျော့သထက် လျော့ပါးလာပြီး အလုပ်လက်မဲ့ဖြစ်သွားတဲ့ ကျနော်တို့ ဂျန်လီးတွေသာ တဖြည်းဖြည်း တိုးလာတယ်။ ဂျန်လီးတွေလည်း ငေးငေးငေါင်ငေါင် ဂျန်လီးတို့ထုံးစံအတိုင်း ဘာလုပ်လို့ လုပ်ရမယ်မှန်းမသိ။ လက်ဖက်ရည်ဆိုင်မှာ စကားမပြောတတ်ကြသူများပမာ တိတ်တိတ် ဆိတ်ဆိတ်။

 

အတိတ်၊ပစ္စပ္ပုန်၊အနာဂတ် မေ့နိုင်အောင် မေ့ထားကြတယ်။ ကိုယ့်ဘာသာ တစ်ကိုယ်တော် ဆူပွက် ကာ မျက်မှောက်ကြုတ်နေကြတယ်။ အာဏာသိမ်းစစ်တပ်ကို တိုးတိုးတိတ်တိတ် ပယ်ပယ်နယ်နယ် ကြိတ်ဆဲကာ တထိတ်ထိတ်နဲ့ပဲ အိမ်ပြန်ခဲ့ကြတယ်။

 

ဘဝဆိုတာ ဒါ့ထက်ပိုဖြစ်သင့်တယ်ဆိုပေမဲ့ ဘဝဆိုတာ ဒါပါပဲ။

~~~~          

ထွန်းလင်း

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။