စစ်ကိုင်းမြို့နယ်၊ အုန်းတောရွာရှိ အကြမ်းဖက် စစ်ကောင်စီ စစ်ဆေးရေးဂိတ်နဲ့ ဆားတောင်နယ် ရဲစခန်းကို ဒေသခံ တော်လှန်ရေး ပူးပေါင်းတပ်တွေက ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကိုင်းမြို့နယ်၊ အုန်းတောရွာရှိ “ချစ်လေးစံ” ပရိဘောဂဆိုင်မှာ ဘန်ကာတွေ တည်ဆောက်ပြီး အခိုင်အမာ တပ်စွဲကာ လမ်းသွားလမ်းလာ ပြည်သူတွေကို ခြိမ်းခြောက် ဆက်ကြေး ကောက်ခံနေတဲ့ အကြမ်းဖက် စစ်ကောင်စီ စစ်သားတွေကို တော်လှန်ရေး ပူးပေါင်းတပ်တွေက မေလ ၉ ရက်နေ့မှာ ဒရုန်းနဲ့ ဗုံးသီး ၅ ကြဲချ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ဒီတိုက်ခိုက်မှုကို Phoenix _Sagaing ၊ Young Wolf (L.P.D.F) ၊ ဆရာကျောင်း _ဒေါင်းမျိုးဆက်(PGZ) ၊ ဗိုလ်ချုပ် (ဝက်လက်) ၊ Phoenix (ဝက်လက်) ၊ ကြောင်လက်သည်း (ဝက်လက်) ၊ Unicorn Guerrilla Force ၊ Royal Falcon Guerrilla Force ၊ စစ်ကိုင်းခရိုင် အမှတ် (၇) တပ်ရင်းနဲ့ နယ်မြေခံ ပကဖတွေ ပူးပေါင်း လုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။
အလားတူ စစ်ကိုင်းမြို့နယ်၊ ဆားတောင် နယ်မြေရဲစခန်းကို မေလ ၁၂ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်မှာ တော်လှန်ရေး ပူးပေါင်းတပ်တွေက ဒရုန်းနဲ့ ဗုံးသီး ၇ လုံး ကြဲချ တိုက်ခိုက်ခဲ့တာကြောင့် အကြမ်းဖက် စစ်ကောင်စီ ရဲစခန်းမှာ ထိခိုက် ပျက်စီးမှု ရှိနိုင်ပြီး အကြမ်းဖက် စစ်သားတွေ ထိခိုက် သေဆုံးမှု ရှိ မရှိကို အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။
ဗုံးသီးချ တိုက်ခိုက်နေစဉ်အတွင်း အကြမ်းဖက် စစ်တပ်က လက်နက်ငယ်တွေနဲ့ ပြန်လည် ရမ်းသမ်း ပစ်ခတ်ခဲ့ပေမယ့် တော်လှန်ရေး ရဲဘော်တွေ အထိအခိုက် မရှိဘဲ ပြန်လည် ဆုတ်ခွါနိုင်ခဲ့တယ်လို့ သိရပါတယ်။
ယင်းတိုက်ခိုက်မှုကို Phoenix _Sagaing ၊ စစ်ကိုင်းမြို့နယ် ပ.က.ဖ ၊ စစ်ကိုင်းခရိုင် အမှတ်(၇)တပ်ရင်း ၊ Royal Falcon Guerrilla Force၊ Unicorn Guerrilla Force နဲ့ ကြောင်လက်သည်း(ဝက်လက်)တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။
ရုပ်သံ -တော်လှန်ရေး ပူးပေါင်းတပ်များ စစ်ကောင်စီ စစ်ဆေးရေးဂိတ်နဲ့ ဆားတောင်ရဲစခန်းကို ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခြင်း
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။