Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

စစ်ကိုင်း စစ်ရေးပစ်မှတ် ၃ နေရာကို ဒရုန်းနဲ့ ဗုံးကြဲ၊ လက်နက်တိုက် မီးလောင်

စစ်ကိုင်းမြို့နယ်အတွင်းရှိ စစ်ရေးပစ်မှတ် (၃)နေရာကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လက်နက်တိုက် မီးလောင်ကျွမ်းသွားကြောင်း Federal Wings က သတင်းထုတ်ပြန်ပါတယ်။

စစ်ကိုင်းမြို့နယ်၊ ရဲတပ်ရင်း(၁၆)၊ အမှတ် (၃) ရဲလေ့ကျင့်ရေးကျောင်းနဲ့ ကံတလူတိုးဂိတ်တို့ကို အောက်တိုဘာ (၂၈)ရက်မှာ ဒရုန်းနဲ့ ဗုံးကြဲခဲ့ခြင်းဖြစ်ပြီး (၂၈)ရက်နေ့ခင်းပိုင်းမှာပဲ ရဲတပ်ရင်း (၁၆)အတွင်းရှိ လက်နက်တိုက်နဲ့ အရာရှိအဆောင်တို့ကို ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ကာ မဟာမိတ်အဖွဲ့တွေက ကံတလူတိုးဂိတ်နဲ့ လေ့ကျင့်ရေး(၃)တို့ကို  ဝင်ရောက်တိုက်ခိုက်ခဲ့ ကြောင်း သိရပါတယ်။

“Federal Wings ရဲ့ ဒရုန်းဆိုတာက ဂျန်ဘာတွေ ခံထားတာတောင် တိုက်နိုင်စွမ်းရှိပြီး ပစ်မှတ်ကို တိတိကျကျ ပစ်နိုင်တယ်လေ။ အဲနေ့မှာ လူနာတင်ကားတွေနဲ့ သယ်ထုတ်ခဲ့ရတယ်။ ဘယ်လောက်သေသလဲတော့ မသိရသေးဘူး”စစ်ကိုင်းမြို့ခံတက်ကြွလူငယ်က ပြောပါတယ်။

လက်နက်တိုက်အပြင် တခြားထိခိုက်မှုတွေ ရှိ၊ မရှိ စုံစမ်းနေဆဲဖြစ်ကြောင်း Federal Wings ကဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုတွေကို Federal Wings အမှတ်(၁၈၀၁) တပ်ရင်း၊ Ghost Team Ranger Myinmu၊ Phoenix Sgg၊ Unicorn LDF၊ Royal Falcon LPDF နဲ့ စစ်ကိုင်းခရိုင်/  မြို့နယ်ပကဖ ပူးပေါင်းတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါတယ်။

~~~~~~~~~~~ 

ကိုလင်း

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social

Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။