နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကောင်စီရဲ့ လက်အောက်မှာ လုပ်ငန်းတာဝန်ထမ်းဆောင်ခဲ့တဲ့ Non-CDM ဝန်ထမ်းတွေနဲ့ ပတ်သက်ပြီး အောက်ပါအတိုင်း ဆောင်ရွက်သွားမယ်လို့ ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLF)/ TNLA က ထုတ်ပြန်လိုက်ပါတယ်။
နမ့်ဆန်၊ နမ္မတူ၊ မန်တုံ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မိုင်းငေါ့၊ မိုင်းလုံမြို့များ အပါအဝင် တအာင်းပြည်အတွင်းမှာ Non-CDM ဝန်ထမ်းတွေ အားလုံး လက်ရှိအချိန်မှာ ဘာတာဝန်မှ မရှိတော့ဘဲ လုပ်ငန်းတာဝန်တွေ အားလုံး ရပ်ဆိုင်းလိုက်ပြီလို့ အသိပေးကြေညာလိုက်ပါတယ်။
ပြစ်မှုကျူးလွန်တယ်လို့ သံသယရှိတဲ့ Non-CDM ဝန်ထမ်းတွေကို အပြစ်ပေး အရေးယူနိုင်ဖို့အတွက် ဖမ်းဆီးအရေးယူခြင်း၊ တိုင်ကြားမှုအရ ဖမ်းဆီးပြီး အဆင့်ဆင့် စစ်ဆေးအရေးယူခြင်းနဲ့ စီမံချက်အရ အပြစ်ပေး အရေးယူခြင်းတွေ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။
တအာင်းပြည်အတွင်း ဆက်လက်နေထိုင်တဲ့ Non-CDM ဝန်ထမ်းတွေအနေနဲ့ စစ်ကောင်စီထံမှ လစာ/ငွေကြေး ထုတ်ယူခြင်း၊ လုပ်ငန်းပူးပေါင်းဆောင်ရွက်ခြင်း၊ လုပ်ငန်းအစီရင်ခံစာများ ပေးပို့ခြင်း စတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တွေ့ရှိရပါက အပြစ်ပေး အရေးယူသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
“၁၀၂၇ စစ်ဆင်ရေး” စတင်တဲ့ကာလကနေ ဒီကနေ့ အချိန်အထိ နမ့်ဆန်၊ နမ္မတူ၊ မန်တုံ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မိုင်းငေါ့၊ မိုင်းလုံမြို့များ အပါအဝင် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF) အုပ်ချုပ်ရေး နယ်မြေအတွင်းမှာ လူထုအကျိုးစီးပွါး ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်တဲ့ စီမံအုပ်ချုပ်ရေး လုပ်ငန်းတွေကို ဒေသခံပြည်သူတွေနဲ့အတူ ပူးပေါင်းကာ အရင်ကထက် ပိုမို လက်တွေ့ကျကျ အကောင်အထည်ဖော်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဓာတ်ပုံ - ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး ရဲ့ ထုတ်ပြန်ချက်(source: PSLF)
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။