Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

စစ်ကောင်စီ ခလရ ၂၇၄ မှ တပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းများနှင့်တကွ CDF Mindat ထံအလင်း၀င်

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ရှိ အကြမ်းဖက် စစ်ကောင်စီ ခလရ ၂၇၄ တပ်ရင်းမှ တပ်ကြပ်တစ်ဦးဟာ CDF Mindat တပ်ဖွဲ့ထံ လက်နက်ခဲယမ်းများ ယူဆောင်လာကာ မေလ ၅ ရက်နေ့မှာ အလင်း၀င် ခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ တပ်ကြပ်မှာ ကျောက်ထုမြို့အခြေစိုက် အကြမ်းဖက် စစ်ကောင်စီ အမတ ၃၆၈ အမြောက်တပ်ရင်းမှ တပ်ကြပ်၀င်းလေး ဖြစ်ပြီး မင်းတပ်မြို့ရှိ ခလရ ၂၇၄ တပ်ရင်းမှာ တွဲဖက် တာ၀န်ထမ်းဆောင်နေသူ ဖြစ်ပါတယ်။


အလင်း၀င်လာတဲ့ တပ်ကြပ်ဝင်းလေးဟာ ၎င်းနဲ့အတူ MA3 (၁) လက်၊ ကျည်အိမ် (၃) ခု၊ ကျည်ဆံ (၂၅၆)တောင့် ယူဆောင်လာကာ အလင်း၀င် လာခဲ့တာကြောင့် CDF Mindat တပ်ဖွဲ့က ဆုငွေ ကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့တယ်လို့ ပြောပါတယ်။

~~~~

နှင်းမြ

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။