Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ခင်ဦးနဲ့ ရွှေဘိုရှိ အကြမ်းဖက် စစ်ကောင်စီ ရဲစခန်း၊ မြို့နယ်ထွေအုပ်ရုံးနဲ့ စစ်တပ် တပ်စွဲထားတဲ့ နေရာတွေကို တော်လှန်ရေး ပူးပေါင်းတပ်တွေက ဒရုန်းနဲ့ ဗုံးကြဲ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်နဲ့ ရွှေဘိုမြို့နယ်ရှိ အကြမ်းဖက် စစ်ကောင်စီ ရဲစခန်း၊ မြို့နယ် ထွေအုပ်ရုံးနဲ့ စစ်တပ် တပ်စွဲထားတဲ့ နေရာတွေကို ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။


ခင်ဦးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားတဲ့ ရဲစခန်းနဲ့ မြို့နယ်ထွေအုပ်ရုံးတွေကို Northern Tigers Drone Team က Shar Htoo Waw နည်းပညာသုံး Fixed Wing Drone တွေကို အသုံးပြုကာ ဧပြီလ ၂၈ ရက်နေ့မှာ ဗုံးသီး ၁၂ လုံး ကြဲချ တိုက်ခိုက်ခဲ့တာကြောင့်အကြမ်းဖက် စစ်ကောင်စီ စစ်သား ၃ ဦးကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။


အလားတူ ရွှေဘိုမြို့နယ်၊ ပလိုင်းကျေးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီ စစ်သားတွေကို တော်လှန်ရေး ပူးပေါင်း တပ်တွေက ဧပြီလ ၂၀ ရက်နေ့နဲ့ ၁၉ ရက်နေ့တွေမှာ ဒရုန်းနဲ့ ဗုံးသီး ၈ လုံး ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။


ယင်းတိုက်ခိုက်မှုတွေကို Northern Tigers Group (NTG)၊ ဂဠုန်ကြီး ပြည်သူ့ ကာကွယ်ရေး အဖွဲ့နဲ့ ဗိုလ်ကောက်ရိုး ရွှေဘိုခရိုင် တပ်ရင်းအမှတ် ၁၅ တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

ရုပ်သံ - Northern Tigers Drone Team

~~~~

နှင်းမြ

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။