Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

မုံရွာမှာ ထောက်ပို့လမ်းကြောင်းအတွက် တံတားလာပြင်တဲ့ စစ်ကောင်စီ စစ်သားတွေကို PDF တွေ ကြားဖြတ် တိုက်ခိုက် ၊ အကြမ်းဖက် စစ်ကောင်စီ စစ်သားနဲ့ ပျူ ၃ ဦးသေဆုံး (ရုပ်သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြိုနယ်၊ တောပုကျေးရွာ အဝင်ရှိ အကြမ်းဖက် စစ်ကောင်စီ ထောက်ပို့လမ်းကြောင်းပေါ်မှ တံတားကို ပြုပြင်ဖို့လာတဲ့ အကြမ်းဖက် စစ်သားတွေကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တွေက ဧပြီလ ၂၇ ရက်နေ့ မနက် ၉ နာရီဝန်းကျင်မှာ ကြားဖြတ် တိုက်ခိုက်ခဲ့ပါတယ်။


အကြမ်းဖက် စစ်ကောင်စီ စစ်သားတွေနဲ့ ပျူစောထီးတွေရဲ့ ထောက်ပို့ လမ်းကြောင်းဖြစ်တဲ့ မုံရွာမြို့နယ်၊ တောပုကျေးရွာ အဝင်လမ်းကို ပြုပြင်ဖို့အတွက် ခရီးသွား ပြည်သူတွေနဲ့ အနီးဝန်းကျင် ကျေးရွာတွေမှ ပြည်သူတွေကို လူသားဒိုင်း ဓားစားခံအဖြစ် အသုံးပြုကာ စစ်သားအင်အား ၃၀ ဝန်းကျင်နဲ့ စစ်ကြောင်းထွက်လာခဲ့တာ ဖြစ်ပါတယ်။


ယင်းစစ်ကြောင်းကို ကြေးမုံရွာအရောက်မှာ ဒေသခံ တောင်လှန်ရေး ပူးပေါင်းတပ်တွေက ဝိုင်းဝန်း တိုက်ခိုက်တာကြောင့် အကြမ်းဖက် စစ်ကောင်စီ စစ်သား ၃ ဦး သေဆုံးခဲ့တယ်လို့ တိုက်ခိုက်မှုမှာ ပါဝင်ခဲ့တဲ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက အတည်ပြုပါတယ်။


“အဲ့ဒီတံတားက စစ်တပ်နဲ့ ပျူတွေရဲ့ ထောက်ပို့လမ်းကြောင်းပေါ်မှာ ရှိနေတာပါ။ အဲ့ဒါကြောင့် ဒီထောက်ပို့ လမ်းကြောင်းကို ဖြတ်တောက်ဖို့ PDF တွေက အဲ့တံတားကို မိုင်းဆွဲ ဖျက်ဆီးထားတာ။ ဒါကို လာပြန်ပြင်တာပဲ။ လာတာ ရိုးရိုးမလာဘဲ၊ ခရီးသည်တွေနဲ့ အနီးအနားက ရွာသား ၁၅ - ၂၀ လောက်ကို လူသားဒိုင်းလုပ်ပြီး ခေါ်လာတာ”လို့ ဒေသခံ ရွာသားတစ်ဦးက ပြောပြပါတယ်။


ဒီတိုက်ခိုက်မှုကြောင့် စစ်သားနဲ့ ပျူစောထီး ၃ ဦး သေဆုံးကာ တံတားကို ပြုပြင်နိုင်ခြင်း မရှိဘဲကစဉ့်ကလျား ပြန်လည် ဆုတ်ခွါထွက်ပြေးခဲ့ကြပြီး ကာဘိုင် ကျည် ၈၆ တောင့် သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။


ယင်းတိုက်ခိုက်မှုကို မုံရွာမြိုနယ်၊ တိုက်နယ် ၁ ပကဖ၊ တိုက်နယ် ၁ ပလဖ၊ တိုက်နယ် ၄ တပ်ရင်း ၂၂ ၊ အမှတ် ၂၄ တပ်ရင်း၊ Area 71 People Defense Force၊ Monywa Special ဒိတ်ဒိတ်ကြဲ၊ Special Force 11၊ အညာ Defences Force တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

ရုပ်သံ - စစ်ကောင်စီ စစ်ကြောင်းအား ကြားဖြတ်တိုက်ခိုက်မှု(source- Area 71 Peoples Defense Force)

~~~~

နှင်းမြ

<iframe width="715" height="402" src="https://www.youtube.com/embed/gZH8p0L3lRM" title="မုံရွာမှာ ထောက်ပို့လမ်းကြောင်းအတွက် တံတားလာပြင်တဲ့ စစ်သားနဲ့ ပျူတွေကို PDF တွေ ကြားဖြတ် တိုက်ခိုက်" frameborder="0" allow="accelerometer; autoplay; clipboard-write; encrypted-media; gyroscope; picture-in-picture; web-share" referrerpolicy="strict-origin-when-cross-origin" allowfullscreen></iframe>


About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။