ဖာပွန်စစ်ဆင်ရေးကို တောင်ပိုင်းစစ်ဒေသ (JOC)၊ အမှတ် (၂) စစ်ဒေသခွဲ ကွပ်ကဲမှုနဲ့ ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)၊ ပြည်သူ့ ကာကွယ်ရေးတပ်မတော် (PDF)၊ Force For Federal Democracy (FFD)၊ ဗမာ ပြည်သူ့ လွတ်မြောက်ရေးတပ်တော် (BPLA) မဟာမိတ် ပူးပေါင်း တပ်ဖွဲ့တွေက လုပ်ဆောင်နေတယ်လို့ NUG/MOD က သတင်းထုတ်ပြန်ပါတယ်။
တော်လှန်ရေး မဟာမိတ်တပ်တွေ ပူးပေါင်းကာ ဧပြီ ၂၅ ရက်နေ့ မနက်က အကြမ်းဖက် စစ်ကောင်စီရဲ့ခမရ (၄၃၄) တပ်ရင်းကို တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့ပြီး လက်နက်ခဲယမ်း အမြောက်အများ သိမ်းပိုက်ရရှိခဲ့တယ်လို့ သိရပါတယ်။
ဖာပွန်စစ်ဆင်ရေးကို မတ်လ ၁၉ ရက်နေ့က စတင်ခဲ့ပြီး မတ်လ ၂၄ ရက်နေ့မှာ ဖာပွန်မြို့ရှိ အကြမ်းဖက် စစ်ကောင်စီ ရဲစခန်းနဲ့ ကင်းစခန်တွေကို တိုက်ခိုက်သိမ်းပိုက် ရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဖာပွန်မြို့ကို ပြီးခဲ့တဲ့ မတ်လ ၂၆ ရက်နေ့မှာ တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့တွေက သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အကြမ်းဖက် စစ်ကောင်စီရဲ့ ဖာပွန်မြို့အခြေစိုက် ခလရ (၁၉) တပ်ရင်းကိုလည်း ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်နေ့မှာ တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်၊ ခဲယမ်း အမြောက်အများ သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။
တောင်ပိုင်း စစ်ဒေသ (JOC)ရဲ့ ကွပ်ကဲမှုနဲ့ ဖာပွန်စစ်ဆင်ရေးကို ဆက်လက် ဆောင်ရွက်နေတယ်လို့ NUG/MOD ပြည်သူ့ ကာကွယ်ရေး တပ်မတော် (PDF)၊ စစ်ရုံးချုပ်က သတင်းထုတ်ပြန်ပါတယ်။
ဓာတ်ပုံ- သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းများ (source- BPLA)
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။